< ၁ ဓမ္မရာဇဝင် 24 >

1 ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ် တိုက်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ အင်္ဂေ​ဒိ​မြို့​အ​နီး​ရှိ​တော​ကန္တာ​ရ​တွင်​ဒါ​ဝိဒ် ရှိ​နေ​ကြောင်း​ကြား​လျှင်၊-
וַיְהִ֗י כַּֽאֲשֶׁר֙ שָׁ֣ב שָׁא֔וּל מֵאַחֲרֵ֖י פְּלִשְׁתִּ֑ים וַיַּגִּ֤דוּ לֹו֙ לֵאמֹ֔ר הִנֵּ֣ה דָוִ֔ד בְּמִדְבַּ֖ר עֵ֥ין גֶּֽדִי׃ ס
2 ဣ​သ​ရေ​လ​လက်​ရွေး​စင်​စစ်​သည်​တော်​သုံး ထောင်​ကို​ခေါ်​၍ ဆိတ်​ရိုင်း​များ​နေ​ရာ​ကျောက် ဆောင်​များ​တွင် ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့ အား​ရှာ​ဖွေ​ရန်​ထွက်​ခွာ​သွား​တော်​မူ​သည်။-
וַיִּקַּ֣ח שָׁא֗וּל שְׁלֹ֧שֶׁת אֲלָפִ֛ים אִ֥ישׁ בָּח֖וּר מִכָּל־יִשְׂרָאֵ֑ל וַיֵּ֗לֶךְ לְבַקֵּ֤שׁ אֶת־דָּוִד֙ וַֽאֲנָשָׁ֔יו עַל־פְּנֵ֖י צוּרֵ֥י הַיְּעֵלִֽים׃
3 မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။
וַ֠יָּבֹא אֶל־גִּדְרֹ֨ות הַצֹּ֤אן עַל־הַדֶּ֙רֶךְ֙ וְשָׁ֣ם מְעָרָ֔ה וַיָּבֹ֥א שָׁא֖וּל לְהָסֵ֣ךְ אֶת־רַגְלָ֑יו וְדָוִד֙ וַאֲנָשָׁ֔יו בְּיַרְכְּתֵ֥י הַמְּעָרָ֖ה יֹשְׁבִֽים׃
4 ဒါ​ဝိဒ်​၏​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန် သူ​အား အ​ရှင်​၏​လက်​သို့​ပေး​အပ်​တော်​မူ​မည် ဟူ​၍​လည်း​ကောင်း၊ သူ့​အား​အ​ရှင်​အ​လို​ရှိ သ​လို​ပြု​နိုင်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မိန့် တော်​မူ​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ရှင်​အ​ခွင့် ကောင်း​ကြုံ​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ ဒါ​ဝိဒ်​သည် ရှော​လု​ရှိ​ရာ​သို့​သွား​ကာ ရှော​လု​၏​ဝတ်​လုံ ကို​တိတ်​တ​ဆိတ်​လှီး​ဖြတ်​လိုက်​၏။-
וַיֹּאמְרוּ֩ אַנְשֵׁ֨י דָוִ֜ד אֵלָ֗יו הִנֵּ֨ה הַיֹּ֜ום אֲ‍ֽשֶׁר־אָמַ֧ר יְהוָ֣ה אֵלֶ֗יךָ הִנֵּ֨ה אָנֹכִ֜י נֹתֵ֤ן אֶת־אֹיְבֵיךָ (אֹֽיִבְךָ֙) בְּיָדֶ֔ךָ וְעָשִׂ֣יתָ לֹּ֔ו כַּאֲשֶׁ֖ר יִטַ֣ב בְּעֵינֶ֑יךָ וַיָּ֣קָם דָּוִ֗ד וַיִּכְרֹ֛ת אֶת־כְּנַֽף־הַמְּעִ֥יל אֲשֶׁר־לְשָׁא֖וּל בַּלָּֽט׃
5 သို့​ရာ​တွင်​ယင်း​သို့​ပြု​မိ​သည့်​အ​တွက် ဒါ​ဝိဒ် လိပ်​ပြာ​မ​သန့်​ဖြစ်​လာ​၏။-
וַֽיְהִי֙ אַֽחֲרֵי־כֵ֔ן וַיַּ֥ךְ לֵב־דָּוִ֖ד אֹתֹ֑ו עַ֚ל אֲשֶׁ֣ר כָּרַ֔ת אֶת־כָּנָ֖ף אֲשֶׁ֥ר לְשָׁאֽוּל׃ ס
6 ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-
וַיֹּ֨אמֶר לַאֲנָשָׁ֜יו חָלִ֧ילָה לִּ֣י מֵֽיהוָ֗ה אִם־אֶעֱשֶׂה֩ אֶת־הַדָּבָ֨ר הַזֶּ֤ה לַֽאדֹנִי֙ לִמְשִׁ֣יחַ יְהוָ֔ה לִשְׁלֹ֥חַ יָדִ֖י בֹּ֑ו כִּֽי־מְשִׁ֥יחַ יְהוָ֖ה הֽוּא׃
7 သို့​ဖြစ်​၍​ရှော​လု​အား​တိုက်​ခိုက်​ရန်​မ​သင့် ကြောင်း မိ​မိ​၏​လူ​တို့​ကို​ဒါ​ဝိဒ်​က​ကောင်း စွာ​နား​လည်​သ​ဘော​ပေါက်​စေ​လေ​သည်။ ရှော​လု​သည်​ထ​၍​ဂူ​မှ​ထွက်​သွား​လေ​၏။-
וַיְשַׁסַּ֨ע דָּוִ֤ד אֶת־אֲנָשָׁיו֙ בַּדְּבָרִ֔ים וְלֹ֥א נְתָנָ֖ם לָק֣וּם אֶל־שָׁא֑וּל וְשָׁא֛וּל קָ֥ם מֵהַמְּעָרָ֖ה וַיֵּ֥לֶךְ בַּדָּֽרֶךְ׃ ס
8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
וַיָּ֨קָם דָּוִ֜ד אַחֲרֵי־כֵ֗ן וַיֵּצֵא֙ מִן־הַמְּעָרָה (מֵֽהַמְּעָרָ֔ה) וַיִּקְרָ֧א אַֽחֲרֵי־שָׁא֛וּל לֵאמֹ֖ר אֲדֹנִ֣י הַמֶּ֑לֶךְ וַיַּבֵּ֤ט שָׁאוּל֙ אַֽחֲרָ֔יו וַיִּקֹּ֨ד דָּוִ֥ד אַפַּ֛יִם אַ֖רְצָה וַיִּשְׁתָּֽחוּ׃ ס
9 ဤ​သို့​လျှောက်​တင်​၏။ ``အ​ကျွန်ုပ်​သည်​အ​ရှင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြိုး​စား​နေ​သည် ဟု လူ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို​အ​ရှင် အ​ဘယ်​ကြောင့်​ယုံ​တော်​မူ​ပါ​သ​နည်း။-
וַיֹּ֤אמֶר דָּוִד֙ לְשָׁא֔וּל לָ֧מָּה תִשְׁמַ֛ע אֶת־דִּבְרֵ֥י אָדָ֖ם לֵאמֹ֑ר הִנֵּ֣ה דָוִ֔ד מְבַקֵּ֖שׁ רָעָתֶֽךָ׃
10 ၁၀ ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့် အား အ​ကျွန်ုပ်​၏​လက်​သို့​အပ်​တော်​မူ​ခဲ့​ကြောင်း အ​ရှင်​ကိုယ်​တိုင်​သိ​မြင်​နိုင်​ပါ​၏။ အ​ကျွန်ုပ်​၏ လူ​အ​ချို့​တို့​က​အ​ရှင့်​အား​အ​သတ်​ခိုင်း ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ရှင် ၏​အ​တွက်​စိတ်​မ​ကောင်း​ဖြစ်​သ​ဖြင့် အ​ရှင့် ကို​စိုး​စဉ်း​မျှ​ဘေး​အန္တ​ရာယ်​မ​ပြု​လို​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် အ​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင် ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။-
הִנֵּה֩ הַיֹּ֨ום הַזֶּ֜ה רָא֣וּ עֵינֶ֗יךָ אֵ֣ת אֲשֶׁר־נְתָנְךָ֩ יְהוָ֨ה ׀ הַיֹּ֤ום ׀ בְּיָדִי֙ בַּמְּעָרָ֔ה וְאָמַ֥ר לַהֲרָגֲךָ֖ וַתָּ֣חָס עָלֶ֑יךָ וָאֹמַ֗ר לֹא־אֶשְׁלַ֤ח יָדִי֙ בַּֽאדֹנִ֔י כִּי־מְשִׁ֥יחַ יְהוָ֖ה הֽוּא׃
11 ၁၁ အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-
וְאָבִ֣י רְאֵ֔ה גַּ֗ם רְאֵ֛ה אֶת־כְּנַ֥ף מְעִילְךָ֖ בְּיָדִ֑י כִּ֡י בְּכָרְתִי֩ אֶת־כְּנַ֨ף מְעִֽילְךָ֜ וְלֹ֣א הֲרַגְתִּ֗יךָ דַּ֤ע וּרְאֵה֙ כִּי֩ אֵ֨ין בְּיָדִ֜י רָעָ֤ה וָפֶ֙שַׁע֙ וְלֹא־חָטָ֣אתִי לָ֔ךְ וְאַתָּ֛ה צֹדֶ֥ה אֶת־נַפְשִׁ֖י לְקַחְתָּֽהּ׃
12 ၁၂ အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​ဆုံး​ဖြတ်​တော်​မူ ပါ​စေ​သော။ အ​ရှင်​အ​ကျွန်ုပ်​အား​ပြု​ခဲ့​သည့် အ​မှု​အ​ရာ​အ​တွက် ကိုယ်​တော်​သည်​အ​ရှင့် အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​အ​ရှင်​အား​စိုး​စဉ်း​မျှ ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။-
יִשְׁפֹּ֤ט יְהוָה֙ בֵּינִ֣י וּבֵינֶ֔ךָ וּנְקָמַ֥נִי יְהוָ֖ה מִמֶּ֑ךָּ וְיָדִ֖י לֹ֥א תִֽהְיֶה־בָּֽךְ׃
13 ၁၃ `ယုတ်​မာ​မှု​ကို​ယုတ်​မာ​သူ​တို့​သာ​လျှင်​ပြု ကျင့်​တတ်​၏' ဟူ​သော​ရှေး​စ​ကား​ပုံ​ကို​အ​ရှင် သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည် အ​ရှင့်​အား​ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည် မ​ဟုတ်​ပါ။-
כַּאֲשֶׁ֣ר יֹאמַ֗ר מְשַׁל֙ הַקַּדְמֹנִ֔י מֵרְשָׁעִ֖ים יֵ֣צֵא רֶ֑שַׁע וְיָדִ֖י לֹ֥א תִֽהְיֶה־בָּֽךְ׃
14 ၁၄ ဣ​သ​ရေ​လ​ဘုရင်​သည်​မည်​သူ့​ကို​သတ်​ဖြတ် ရန် လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ​သ​နည်း။ ခွေး​သေ ကောင်​ခွေး​လှေး​တို့​ကို​လော။-
אַחֲרֵ֨י מִ֤י יָצָא֙ מֶ֣לֶךְ יִשְׂרָאֵ֔ל אַחֲרֵ֥י מִ֖י אַתָּ֣ה רֹדֵ֑ף אַֽחֲרֵי֙ כֶּ֣לֶב מֵ֔ת אַחֲרֵ֖י פַּרְעֹ֥שׁ אֶחָֽד׃
15 ၁၅ အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား သည်​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ဆုံး​ဖြတ်​တော် မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဤ​အ​မှု​ကို ကြည့်​ရှု​စစ်​ဆေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ် ၏​ဘက်​မှ​ချေ​ပ​တော်​မူ​၍​အ​ကျွန်ုပ်​အား အ​ရှင်​၏​လက်​မှ​ကယ်​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။
וְהָיָ֤ה יְהוָה֙ לְדַיָּ֔ן וְשָׁפַ֖ט בֵּינִ֣י וּבֵינֶ֑ךָ וְיֵ֙רֶא֙ וְיָרֵ֣ב אֶת־רִיבִ֔י וְיִשְׁפְּטֵ֖נִי מִיָּדֶֽךָ׃ פ
16 ၁၆ ဤ​သို့​ဒါ​ဝိဒ်​လျှောက်​ထား​ပြီး​သော​အ​ခါ ရှော​လု​က``သင်​သည်​အ​ကယ်​ပင်​ငါ​၏​သား ဒါ​ဝိဒ်​ပေ​လော'' ဟု​ဆို​၍​ငို​ကြွေး​တော်​မူ​၏။-
וַיְהִ֣י ׀ כְּכַלֹּ֣ות דָּוִ֗ד לְדַבֵּ֞ר אֶת־הַדְּבָרִ֤ים הָאֵ֙לֶּה֙ אֶל־שָׁא֔וּל וַיֹּ֣אמֶר שָׁא֔וּל הֲקֹלְךָ֥ זֶ֖ה בְּנִ֣י דָוִ֑ד וַיִּשָּׂ֥א שָׁא֛וּל קֹלֹ֖ו וַיֵּֽבְךְּ׃
17 ၁၇ ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-
וַיֹּ֙אמֶר֙ אֶל־דָּוִ֔ד צַדִּ֥יק אַתָּ֖ה מִמֶּ֑נִּי כִּ֤י אַתָּה֙ גְּמַלְתַּ֣נִי הַטֹּובָ֔ה וַאֲנִ֖י גְּמַלְתִּ֥יךָ הָרָעָֽה׃
18 ၁၈ ယ​နေ့​ငါ့​အား​သင်​ပြု​သော​ကျေး​ဇူး​သည် ကြီး​လှ​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား​သင့်​လက်​သို့​ပေး​အပ်​တော်​မူ​သော် လည်း​သင်​သည်​ငါ့​ကို​မ​သတ်​ခဲ့​ပါ။-
וְאַתְּ (וְאַתָּה֙) הִגַּ֣דְתָּ הַיֹּ֔ום אֵ֛ת אֲשֶׁר־עָשִׂ֥יתָה אִתִּ֖י טֹובָ֑ה אֵת֩ אֲשֶׁ֨ר סִגְּרַ֧נִי יְהוָ֛ה בְּיָדְךָ֖ וְלֹ֥א הֲרַגְתָּֽנִי׃
19 ၁၉ လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-
וְכִֽי־יִמְצָ֥א אִישׁ֙ אֶת־אֹ֣יְבֹ֔ו וְשִׁלְּחֹ֖ו בְּדֶ֣רֶךְ טֹובָ֑ה וַֽיהוָה֙ יְשַׁלֶּמְךָ֣ טֹובָ֔ה תַּ֚חַת הַיֹּ֣ום הַזֶּ֔ה אֲשֶׁ֥ר עָשִׂ֖יתָה לִֽי׃
20 ၂၀ သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။-
וְעַתָּה֙ הִנֵּ֣ה יָדַ֔עְתִּי כִּ֥י מָלֹ֖ךְ תִּמְלֹ֑וךְ וְקָ֙מָה֙ בְּיָ֣דְךָ֔ מַמְלֶ֖כֶת יִשְׂרָאֵֽל׃
21 ၂၁ သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊-
וְעַתָּ֗ה הִשָּׁ֤בְעָה לִּי֙ בַּֽיהוָ֔ה אִם־תַּכְרִ֥ית אֶת־זַרְעִ֖י אַֽחֲרָ֑י וְאִם־תַּשְׁמִ֥יד אֶת־שְׁמִ֖י מִבֵּ֥ית אָבִֽי׃
22 ၂၂ ဒါ​ဝိဒ်​သည်​က​တိ​ပြု​လေ​၏။ ထို​နောက်​ရှော​လု​သည်​မိ​မိ​၏​နန်း​တော်​သို့ ပြန်​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​မိ​မိ တို့​ပုန်း​အောင်း​ရာ​အ​ရပ်​သို့​ထွက်​သွား​ကြ​၏။
וַיִּשָּׁבַ֥ע דָּוִ֖ד לְשָׁא֑וּל וַיֵּ֤לֶךְ שָׁאוּל֙ אֶל־בֵּיתֹ֔ו וְדָוִד֙ וַֽאֲנָשָׁ֔יו עָל֖וּ עַל־הַמְּצוּדָֽה׃ פ

< ၁ ဓမ္မရာဇဝင် 24 >