< ၁ ဓမ္မရာဇဝင် 23 >
1 ၁ ဖိလိတ္တိအမျိုးသားတို့သည်ကိလမြို့ကို တိုက်ခိုက်၍ ရိတ်သိမ်းပြီးစကောက်သစ်များ ကိုလုယူသောသတင်းကိုဒါဝိဒ်ကြား လျှင်၊-
၁ဖိလိတ္တိ လူတို့သည် ကိလ မြို့ကို တိုက် ၍ ကောက်နယ် တလင်းတို့ကို လုယူ ကြောင်းကို ဒါဝိဒ် သည် ကြား သောအခါ၊
2 ၂ ထာဝရဘုရားအား``ကျွန်တော်မျိုးသည် ဖိလိတ္တိအမျိုးသားတို့ကိုသွားရောက်တိုက် ခိုက်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့။ သူတို့ကို တိုက်ခိုက်၍ ကိလမြို့ကိုကယ်တင်လော့'' ဟုမိန့်တော်မူ၏။
၂အကျွန်ုပ်သည် ထို ဖိလိတ္တိ လူတို့ကို သွား ၍ လုပ်ကြံ ရပါမည်လော ဟု ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ ကိလ မြို့ကို ကယ်တင် လော့ဟု ဒါဝိဒ် အား မိန့် တော်မူ၏။
3 ၃ သို့ရာတွင်ဒါဝိဒ်၏အပေါင်းပါတို့က``ဤ ယုဒပြည်တွင်ပင်လျှင်အကျွန်ုပ်တို့ကြောက် လန့်လျက်နေရကြပါ၏။ ဖိလိတ္တိအမျိုးသား တို့ကိုသွားရောက်တိုက်ခိုက်ပါမူ ပို၍ပင်အခြေ အနေဆိုးရွားပါလိမ့်မည်'' ဟုဆိုကြသဖြင့်၊-
၃ဒါဝိဒ် ၏လူ တို့ကလည်း ၊ ငါ တို့သည် ယုဒ ပြည်၌ ပင် ကြောက် ကြ၏။ ထိုမျှမက ကိလ မြို့သို့ရောက်၍ ဖိလိတ္တိ ဗိုလ်ခြေ တို့နှင့် စစ်ပြိုင်သောအခါသာ၍ကြောက်စရာရှိပါသည်တကားဟု ဆို ကြ၏။
4 ၄ ဒါဝိဒ်သည်ထာဝရဘုရားအားတစ်ဖန် လျှောက်ထားမေးမြန်းပြန်၏။ ထာဝရဘုရား က``ကိလမြို့သို့သွားရောက်တိုက်ခိုက်လော့။ ငါ သည်သင့်အားဖိလိတ္တိအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံစေမည်'' ဟုမိန့်တော်မူ၏။-
၄တဖန် ဒါဝိဒ် သည် ထပ်၍ ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ထ ၍ ကိလ မြို့သို့ သွား လော့။ ဖိလိတ္တိ လူတို့ကို သင့် လက် ၌ ငါ အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
5 ၅ ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။
၅ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ကိလ မြို့သို့သွား ၍ ဖိလိတ္တိ လူတို့နှင့် တိုက် သဖြင့် ၊ ထိုသူ တို့၏ တိရစ္ဆာန် များကို ယူ ၍ သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ကြ၏။ ထိုသို့ဒါဝိဒ် သည် ကိလ မြို့ကို ကယ်တင် လေ၏။
6 ၆ အဟိမလက်၏သားအဗျာသာသည်ထွက် ပြေးလွတ်မြာက်ပြီးနောက် ကိလမြို့ရှိဒါဝိဒ် ထံသို့ဝင်ရောက်လာသောအခါ သူသည်မိမိ နှင့်အတူယဇ်ပုရောဟိတ်သင်တိုင်းကိုယူ ဆောင်လာခဲ့၏။
၆အဟိမလက် ၏သား အဗျာသာ သည်၊ ဒါဝိဒ် ရှိရာ ကိလ မြို့သို့ ပြေး လာသောအခါ သင်တိုင်း တော် ပါလျက်ရောက် လာသတည်း။
7 ၇ ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။-
၇ဒါဝိဒ် သည် ကိလ မြို့သို့ ရောက် ကြောင်း ကို ရှောလု သည်ကြား လျှင် ၊ ဘုရား သခင်သည် သူ့ ကို ငါ့ လက် သို့ အပ် တော်မူပြီ။ တံခါး နှင့် ကန့်လန့်ကျင် ရှိသောမြို့ ထဲသို့ ဝင် သဖြင့်၊ အချုပ် ခံလျက် နေရသည်ဟု ဆို လျက်၊
8 ၈ ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
၈ကိလ မြို့သို့ စစ် ချီ ၍ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ထားခြင်းငှါ မိမိလူ အပေါင်း တို့ကို စုဝေး စေ၏။
9 ၉ ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။-
၉ရှောလု သည် မ ကောင်းသော အကြံနှင့် ကြိုးစား သည်ကို ဒါဝိဒ် သည် သိ ၍ ၊ ယဇ်ပုရောဟိတ် အဗျာသာ အား ၊ သင်တိုင်း တော်ကို ယူ ခဲ့ပါဟု ဆို ၏။
10 ၁၀ ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။-
၁၀ထိုအခါ ဒါဝိဒ် က၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ရှောလု သည် ကိလ မြို့သို့ လာ ၍ ကိုယ်တော် ၏ကျွန် အတွက် ဖျက်ဆီး မည်ဟု အကြံ ရှိသည်ကို ဆက်ဆက်ကြား ပါ၏။
11 ၁၁ ကိလမြို့သားတို့သည်ကျွန်တော်မျိုးအား ရှောလုလက်သို့ပေးအပ်ကြပါမည်လော။ ကျွန် တော်မျိုးကြားရသည့်အတိုင်း ရှောလုသည် အကယ်ပင်လာရောက်ပါမည်လော။ အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကျွန်တော်မျိုးအားဗျာ ဒိတ်ပေးသနားတော်မူပါ'' ဟုလျှောက်၏။ ထာဝရဘုရားက``ရှောလုလာလိမ့်မည်'' ဟု ဖြေကြားတော်မူလျှင်၊
၁၁ကိလ မြို့သား တို့သည် အကျွန်ုပ် ကို သူ ၏လက် ၌ အပ် ကြပါလိမ့်မည်လော။ ကိုယ်တော် ၏ ကျွန် ကြား သည်အတိုင်း ရှောလု သည် လာ ပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ၏ကျွန် အား အမိန့် ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက် သော်၊ ထာဝရဘုရား က၊ ရှောလုသည် လာ လိမ့်မည်ဟု မိန့် တော်မူ၏။
12 ၁၂ ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။ ထာဝရဘုရားက``ပေးအပ်ကြလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။
၁၂တဖန် ဒါဝိဒ် က၊ ကိလ မြို့သား တို့သည် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့ကို ရှောလု လက် သို့ အပ် ကြပါလိမ့်မည်လော ဟု မေးလျှောက် သော် ၊ ထာဝရဘုရား က၊ အပ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
13 ၁၃ ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
၁၃ထိုအခါ ဒါဝိဒ် သည် ခြောက် ရာ ခန့် ရှိသောမိမိ လူ တို့နှင့် ထ ၍ ကိလ မြို့မှ ထွက် ပြီးလျှင် ၊ သွား နိုင် ရာအရပ်ရပ်သို့ သွား ကြ၏။ ဒါဝိဒ် သည် ကိလ မြို့မှ အလွတ် ပြေးကြောင်း ကို ရှောလု သည်ကြား ၍ ကိုယ်တိုင်မသွား ဘဲ နေ၏။
14 ၁၄ ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-
၁၄ဒါဝိဒ် သည် ဇိဖ တောင်အစရှိသော တော ကြိုတောင် ကြားတို့၌ နေ ၍ ၊ ရှောလု သည် နေ့ တိုင်း ရှာ သော်လည်း သူ ၏လက် ၌ ဒါဝိဒ်ကို ဘုရား သခင်အပ် တော်မ မူ။
15 ၁၅ ဒါဝိဒ်သည်မိမိ၏အသက်အန္တရာယ်ကို ရှောလုရှာကြံကြောင်းသိမြင်၏။ ဒါဝိဒ်သည်ဇိဖတောကန္တာရရှိဟောရေရှ အရပ်သို့ရောက်ရှိနေစဉ်၊-
၁၅တရံရောအခါဒါဝိဒ် သည် ဇိဖ တောအုပ် ၌ ရှိ၍၊ သူ ၏ အသက် ကိုသတ် မည်ဟု ရှောလု လာ သည်ကို သိ သောအခါ၊
16 ၁၆ ယောနသန်သည်ဒါဝိဒ်ထံသို့လာ၍ ဘုရားသခင်၏ကွယ်ကာစောင့်ထိန်းမှုကိုစိတ်ချ ယုံကြည်ရန်အားပေးလျက်၊-
၁၆ရှောလု ၏ သား ယောနသန် သည် ထ ၍ ဒါဝိဒ် ရှိရာ တောအုပ် သို့ သွား ပြီးလျှင် ၊ ဘုရား သခင်၌ ခိုလှုံအားကြီး စေခြင်းငှါထောက်မလျက်၊
17 ၁၇ ``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။-
၁၇မ စိုးရိမ် နှင့်။ သင် သည် ကျွန်ုပ် အဘ ရှောလု ၏ လက် မှလွတ်၍ ဣသရေလ ရှင် ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ် သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ် အဘ ရှောလု သိ သည်ဟု ဆို သဖြင့်၊
18 ၁၈ ထိုနောက်သူတို့သည်အပြန်အလှန်ကတိသစ္စာ ပြုကြပြီးလျှင် ဒါဝိဒ်သည်ဟောရေရှအရပ် တွင်နေရစ်၍ယောနသန်မူကားမိမိ၏အိမ် သို့ပြန်လေ၏။
၁၈ထိုသူ နှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပဋိညာဉ် ဖွဲ့ ကြပြီးမှ ၊ ဒါဝိဒ် သည် တောအုပ် ၌ နေ ၍ ယောနသန် သည် မိမိ အိမ် သို့ သွား ၏။
19 ၁၉ ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
၁၉တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ကျွန်တော် တို့နေရာ ယေရှိမုန် မြို့ တောင် ဘက်မှာ ၊ ဟခိလ တော ကြို တောင် ကြား၌ ပုန်း လျက်နေသည်ဖြစ်၍၊
20 ၂၀ အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
၂၀အရှင်မင်းကြီး ကြွ ချင်သောစိတ် အားကြီးသည် အတိုင်းကြွ တော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက် တော်သို့ အပ် သော အမှုသည် ကျွန်တော် တို့တာရှိပါစေဟု လျှောက်လျှင်၊
21 ၂၁ ရှောလုက``ဤသို့ငါ့အပေါ်တွင်ကရုဏာ ထားကြသည့်အတွက် သင်တို့အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။-
၂၁ရှောလု က၊ သင် တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါစေသော။ သင်တို့သည် ငါ့ ကိုသနား ကြပြီ။
22 ၂၂ သင်တို့သည်သွား၍တစ်ဖန်သေချာအောင် ပြုကြလော့။ သူသည်အဘယ်အရပ်တွင်ရှိ သည်ကိုလည်းကောင်း၊ ထိုအရပ်တွင်သူ့အား အဘယ်သူတွေ့ရှိခဲ့သည်ကိုလည်းကောင်း အသေအချာစုံစမ်းကြလော့။ သူသည် အလွန်ပါးနပ်လိမ္မာသည်ဟုငါကြားသိ ရသည်။-
၂၂ယခု သွား ၍ ပြင်ဆင် ကြလော့။ သူ ပုန်းရှောင်၍ နေရာ ကို၎င်း၊ အဘယ်သူ မြင် ပြီးသည်ကို၎င်း စူးစမ်း ကြလော့။ သူ သည် အလွန်လိမ္မာ သည်ကို ငါကြား၏။
23 ၂၃ သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
၂၃ထိုကြောင့် သူပုန်းရှောင် ခိုလှုံရာ အရပ်ရပ် တို့ကို သေချာ စွာကြည့်ရှု သိမှတ် ပြီးမှ ၊ ငါ့ ထံသို့ တဖန် လာကြလျှင် ၊ သင် တို့နှင့်အတူ ငါလိုက် မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒ အမျိုးသားအထောင် အသောင်းတို့တွင် ငါရှာ ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
24 ၂၄ သို့ဖြစ်၍ထိုသူတို့သည်ရှောလု၏အလျင် ဇိဖအရပ်သို့ပြန်လည်ထွက်ခွာလာခဲ့ကြ ၏။ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်ယေရှိမုန် မြို့တောင်ဘက်၊ အာရဗာချိုင့်ဝှမ်းရှိမောန တောကန္တာရတွင်ရှိနေကြ၏။-
၂၄သူတို့သည် ထ ၍ ရှောလု အရင် ဇိဖ တောသို့ သွား ကြ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မောန တော ၊ ယေရှိမုန် မြို့ တောင် ဘက်လွင်ပြင် ၌ ရှိကြ၏။
25 ၂၅ ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။-
၂၅ရှောလု သည်လည်း လူ များနှင့်တကွလာ၍ ရှာ သည်ကို ဒါဝိဒ် သည် ကြား ပြန်လျှင် ၊ ကျောက် ကြားမှ ထွက်သွား ၍ မောန တော ၌ နေ ၏။ ရှောလု ကြား ပြန်သော် ၊ မောန တော ၌ ဒါဝိဒ် ကို လိုက် ၍ ရှာ၏။
26 ၂၆ ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
၂၆ရှောလု သည် တောင် တစ်ဘက် ၌ ၎င်း ၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက် ၌ ၎င်း၊ သွား ကြ၍ ရှောလု ကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလု နှင့် သူ ၏လူ တို့သည် ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ၍ ဘမ်းမိ လုကြပြီ။
27 ၂၇ ခြေလျင်တော်သည်ရှောလုထံသို့ရောက်ရှိ လာ၍``ဖိလိတ္တိအမျိုးသားတို့သည်အကျွန်ုပ် တို့၏ပြည်ကိုချင်းနင်းဝင်ရောက်လျက်နေ ပါပြီ။ ချက်ချင်းပြန်၍ကြွတော်မူပါ'' ဟုမင်းကြီးအားလျှောက်ထားသဖြင့်၊-
၂၇ထိုအခါ တမန် ရောက် လာ၍၊ အလျင်အမြန် ကြွ လာတော်မူပါ။ ဖိလိတ္တိ လူတို့သည် ပြည် တော်ကို တိုက် လာကြပါပြီဟု ရှောလု အား ကြားလျှောက် သောကြောင့်၊
28 ၂၈ ရှောလုသည်ဒါဝိဒ်ကိုဆက်၍လိုက်လံဖမ်း ဆီးမှုမပြုတော့ဘဲ ဖိလိတ္တိအမျိုးသား တို့အားတိုက်ခိုက်ရန်ချီသွားတော်မူ၏။ ထို အရပ်တွင်သူတို့နှစ်စုအားခွဲခြားထား သည်ကိုအကြောင်းပြု၍ ထိုအရပ်ကို``ခွဲ ခြားထားသောတောင်'' ဟုခေါ်ဝေါ်သမုတ် ကြသတည်း။-
၂၈ရှောလု သည် ဒါဝိဒ် ကို လိုက် ရှာရာမှ ပြန် ၍ ဖိလိတ္တိ လူတို့ရှိရာသို့ ချီ သွားလေ၏။ သို့ဖြစ်၍ ထို အရပ် ကို သေလဟမ္မလေကုပ် အမည်ဖြင့် သမုတ် သတည်း။
29 ၂၉ ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။
၂၉ဒါဝိဒ် သည် ထို အရပ်မှ သွား ၍ အင်္ဂေဒိ မြို့နယ်၊ ခိုင်ခံ့ သော အရပ်တို့၌ နေ လေ၏။