< ၁ ဓမ္မရာဇဝင် 22 >
1 ၁ ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
Davut Gat'tan ayrılıp Adullam Mağarası'na kaçtı. Bunu duyan kardeşleri ve ailesinin öteki bireyleri yanına gittiler.
2 ၂ ညှင်းပန်းနှိပ်စက်ခြင်းခံရကြသူ၊ ကြွေးမြီ တင်သူ၊ စိတ်မကျေမနပ်ဖြစ်သူမှစ၍စုစု ပေါင်းလူလေးရာခန့်တို့သည် သူ၏ထံသို့ ဝင်ရောက်လာကြသဖြင့် ဒါဝိဒ်သည်သူတို့ ၏ခေါင်းဆောင်ဖြစ်လာလေသည်။
Sıkıntısı, borcu, hoşnutsuzluğu olan herkes Davut'un çevresinde toplandı. Davut sayısı dört yüze varan bu adamlara önderlik yaptı.
3 ၃ ဒါဝိဒ်သည်ထိုအရပ်မှမောဘပြည်မိဇပါ မြို့သို့သွား၍မောဘဘုရင်အား``အကျွန်ုပ် အဖို့ထာဝရဘုရားအဘယ်သို့စီမံတော် မူမည်ကိုမသိရမီအတောအတွင်း အကျွန်ုပ် ၏မိဘနှစ်ပါးကိုအရှင်၏ထံတွင်နေထိုင် ခွင့်ပြုတော်မူပါ'' ဟုလျှောက်လေ၏။-
Davut oradan Moav'daki Mispa Kenti'ne gitti. Moav Kralı'ndan, “Tanrı'nın bana ne yapacağı belli oluncaya dek annemle babamın gelip yanınızda kalmasına izin verir misin?” diye bir istekte bulundu.
4 ၄ သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။
Böylece Davut annesiyle babasını Moav Kralı'nın yanına bıraktı. Davut sığınakta kaldığı sürece onlar da Moav Kralı'nın yanında kaldılar.
5 ၅ ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
Ne var ki, Peygamber Gad Davut'a, “Sığınakta kalma. Yahuda ülkesine git” dedi. Bunun üzerine Davut oradan ayrılıp Heret Ormanı'na gitti.
6 ၆ တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။-
Bu sırada Saul Davut'la yanındakilerin nerede olduklarını öğrendi. Saul elinde mızrağıyla Giva'da bir tepedeki ılgın ağacının altında oturuyordu. Askerleri de çevresinde duruyordu.
7 ၇ မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
Saul onlara şöyle dedi: “Ey Benyaminliler, şimdi dinleyin! İşay'ın oğlu her birinize tarlalar, bağlar mı verecek? Her birinizi binbaşı, yüzbaşı mı yapacak?
8 ၈ ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။
Hepiniz bana karşı düzen kurdunuz. Çünkü oğlum İşay'ın oğluyla antlaşma yaptığında bana haber veren olmadı. İçinizden bana acıyan tek kişi çıkmadı. Bugün olduğu gibi, bana pusu kurması için oğlumun kulum Davut'u kışkırttığını bana bildiren olmadı.”
9 ၉ ထိုအခါ၌ဧဒုံမြို့သားဒေါဂသည်ရှောလု ၏အရာရှိများနှင့်အတူရပ်လျက် မင်းကြီး အား``ဒါဝိဒ်သည်အဟိတုပ်၏သားအဟိ မလက်ရှိရာနောဗမြို့သို့သွားရောက်သည် ကိုအကျွန်ုပ်တွေ့မြင်ခဲ့ပါ၏။-
Bunun üzerine Saul'un askerlerinin yanında duran Edomlu Doek, “İşay oğlu Davut'un Nov Kenti'ne, Ahituv oğlu Kâhin Ahimelek'in yanına geldiğini gördüm” dedi,
10 ၁၀ အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။
“Ahimelek Davut için RAB'be danıştı. Ona hem yiyecek sağladı, hem de Filistli Golyat'ın kılıcını verdi.”
11 ၁၁ သို့ဖြစ်၍ရှောလုမင်းသည်နောဗမြို့နေ ယဇ်ပုရောဟိတ်များဖြစ်သော အဟိမလက် နှင့်သူ၏ဆွေမျိုးအပေါင်းတို့အားဆင့် ခေါ်သဖြင့်သူတို့သည်အထံတော်သို့ လာကြ၏။-
Kral Saul, Ahituv oğlu Kâhin Ahimelek'i ve babasının ailesinden Nov'da yaşayan bütün kâhinleri çağırmak için ulaklar gönderdi. Hepsi kralın yanına geldi.
12 ၁၂ ရှောလုကအဟိမလက်အား``အချင်း အဟိမလက်နားထောင်လော့'' ဟုဆိုလျှင်၊ အဟိမလက်က``အမိန့်တော်ကိုနာခံလျက် ပါ'' ဟုဆို၏။
Saul Ahimelek'e, “Ey Ahituv oğlu, beni dinle!” dedi. Ahimelek, “Buyur, efendim” diye yanıtladı.
13 ၁၃ ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
Saul, “Neden sen ve İşay oğlu bana karşı düzen kurdunuz?” dedi, “Çünkü ona ekmek, kılıç verdin ve onun için Tanrı'ya danıştın. O da bana karşı ayaklandı ve bugün yaptığı gibi pusu kurdu.”
14 ၁၄ အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
Ahimelek, “Bütün görevlilerin arasında Davut kadar sana bağlı biri var mı?” diye karşılık verdi, “Davut senin damadın, muhafız birliği komutanın ve ailende saygın biridir.
15 ၁၅ သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
Ben Davut için Tanrı'ya danışmaya o gün mü başladım? Kesinlikle hayır! Kral ben kulunu ve babasının ailesini suçlamasın. Çünkü kulun bu konuda hiçbir şey bilmiyor.”
16 ၁၆ မင်းကြီးသည်``အဟိမလက်၊ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းတို့သည်သေရကြမည်'' ဟုဆိုပြီးလျှင်၊-
Ama Saul, “Ey Ahimelek, sen de bütün ailen de kesinlikle öleceksiniz” dedi.
17 ၁၇ မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။
Sonra yanında duran nöbetçi askerlere, “Gidin ve Davut'u destekleyen RAB'bin kâhinlerini öldürün!” dedi, “Çünkü onun kaçtığını bildikleri halde bana haber vermediler.” Ne var ki, kralın görevlileri el kaldırıp RAB'bin kâhinlerini öldürmek istemediler.
18 ၁၈ ထို့ကြောင့်ရှောလုသည်ဒေါဂအား``သင်သည် သူတို့ကိုသတ်လော့'' ဟုမိန့်တော်မူလျှင် ဒေါဂသည်ယဇ်ပုရောဟိတ်အပေါင်းကို သတ်လေ၏။ ထိုနေ့၌ဒေါဂသည်သင်တိုင်း ကိုဝတ်သောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ရှစ်ဆယ့်ငါးပါးတို့ကိုသတ်လိုက် သတည်း။-
Bunun üzerine kral, Doek'e, “Sen git, kâhinleri öldür” diye buyurdu. Edomlu Doek de gidip kâhinleri öldürdü. O gün Doek keten efod giymiş seksen beş kişi öldürdü.
19 ၁၉ ရှောလုသည်ယဇ်ပုရောဟိတ်မြို့တည်းဟူ သောနောဗမြို့တွင်နေထိုင်သည့် ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့အရွယ်မှစ၍လူအပေါင်း တို့ကိုလည်းကောင်း၊ နွား၊ မြည်း၊ သိုးတို့ကိုလည်း ကောင်းသတ်စေတော်မူ၏။
Kadın erkek, çoluk çocuk demeden kâhinler kenti Nov'un halkını kılıçtan geçirdi. Sığırları, eşekleri, koyunları da öldürdü.
20 ၂၀ သို့ရာတွင်အဟိမလက်၏သားတစ်ဦးဖြစ် သူအဗျာသာသည် ထွက်ပြေးလွတ်မြောက် သွားကာဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
Yalnız Ahituv oğlu Kâhin Ahimelek'in oğullarından Aviyatar adında biri kurtulup Davut'a kaçtı.
21 ၂၁ သူသည်ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့အား ရှောလုသတ်ဖြတ်ပုံကိုဒါဝိဒ်အား ပြောပြလေသည်။-
Aviyatar Saul'un RAB'bin kâhinlerini öldürttüğünü Davut'a söyledi.
22 ၂၂ ဒါဝိဒ်က``ဒေါဂသည်ရှောလုအားဤသို့ပြန် ကြားမည်ကို သူ့အားထိုအရပ်တွင်တွေ့ရသည့် နေ့ကပင်လျှင်ငါသိ၏။ သို့ဖြစ်၍သင်၏ဆွေ မျိုးသားချင်းအပေါင်းသေရကြသည်မှာ ငါ့ကြောင့်ပါတကား။ သင်သည်ငါနှင့်အတူ နေလော့။ မကြောက်နှင့်။-
Davut Aviyatar'a, “O gün orada bulunan Edomlu Doek'in olup biteni Saul'a bildireceğini anlamıştım zaten” dedi, “Babanın bütün aile bireylerinin ölümüne ben neden oldum.
23 ၂၃ သင်၏အသက်အန္တရာယ်ကိုရှာကြံသောသူ သည် ငါ၏အသက်အန္တရာယ်ကိုလည်းရှာကြံ ၏။ သို့ရာတွင်သင်သည်ငါနှင့်အတူနေလျှင် လုံခြုံလိမ့်မည်'' ဟုဆို၏။
Yanımda kal ve korkma! Seni öldürmek isteyen beni de öldürmek istiyor. Yanımda güvenlikte olursun.”