< ၁ ဓမ္မရာဇဝင် 22 >

1 ဒါ​ဝိဒ်​သည်​ဂါ​သ​မြို့​မှ​ထွက်​ပြေး​ပြီး​လျှင် အ​ဒု​လံ​မြို့​အ​နီး​ရှိ​ဂူ​သို့​သွား​၏။ ဤ​အ​ကြောင်း ကို​သူ​၏​အစ်​ကို​များ​နှင့်​အ​ခြား​ဆွေ​မျိုး​တို့ သိ​ကြ​သော​အ​ခါ​သူ​နှင့်​အ​တူ​လာ​၍​နေ ကြ​၏။-
David je torej odpotoval od tam in pobegnil v votlino Adulám. Ko so njegovi bratje in vsa hiša njegovega očeta to slišali, so odšli dol, tja k njemu.
2 ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​ကြ​သူ၊ ကြွေး​မြီ တင်​သူ၊ စိတ်​မ​ကျေ​မ​နပ်​ဖြစ်​သူ​မှ​စ​၍​စု​စု ပေါင်း​လူ​လေး​ရာ​ခန့်​တို့​သည် သူ​၏​ထံ​သို့ ဝင်​ရောက်​လာ​ကြ​သ​ဖြင့် ဒါ​ဝိဒ်​သည်​သူ​တို့ ၏​ခေါင်း​ဆောင်​ဖြစ်​လာ​လေ​သည်။
K njemu so se zbrali skupaj vsak, kdor je bil v stiski in vsak, kdor je bil v dolgu in vsak, kdor je bil nezadovoljen; in postal je poveljnik nad njimi in tam je bilo z njim okoli štiristo mož.
3 ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​မှ​မော​ဘ​ပြည်​မိ​ဇ​ပါ မြို့​သို့​သွား​၍​မော​ဘ​ဘု​ရင်​အား``အ​ကျွန်ုပ် အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​စီ​မံ​တော် မူ​မည်​ကို​မ​သိ​ရ​မီ​အ​တော​အ​တွင်း အ​ကျွန်ုပ် ၏​မိ​ဘ​နှစ်​ပါး​ကို​အ​ရှင်​၏​ထံ​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​လေ​၏။-
David je od tam odšel v moábsko Micpo in moabskemu kralju rekel: »Naj moj oče in moja mati, prosim te, prideta naprej in bosta s teboj, dokler ne izvem kaj bo Bog storil zame.«
4 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​ဘ​နှစ်​ပါး​ကို​မော​ဘ ဘု​ရင်​၏​ထံ​တွင်​ထား​ခဲ့​၏။ မိ​ဘ​နှစ်​ပါး​သည် ဂူ​ထဲ​တွင် ဒါ​ဝိဒ်​ပုန်း​အောင်း​၍​နေ​ရ​သ​မျှ ကာ​လ​ပတ်​လုံး​မော​ဘ​ဘုရင်​၏​ထံ​တွင်​နေ ထိုင်​ကြ​၏။
In privedel ju je pred moábskega kralja in prebivala sta z njim ves čas, ko je bil David v utrjenem kraju.
5 ထို​နောက်​ပ​ရော​ဖက်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့ လာ​၍``သင်​သည်​ဤ​အ​ရပ်​တွင်​မ​နေ​နှင့်။ ယု​ဒ​ပြည်​သို့​ချက်​ချင်း​ထွက်​၍​သွား​လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဟာ​ရက် တော​သို့​ထွက်​သွား​လေ​သည်။
Prerok Gad je rekel Davidu: »Ne prebivaj v utrjenem kraju. Odidi in pojdi v Judovo deželo.« Potem je David odrinil in prišel v gozd Heret.
6 တစ်​နေ့​သ​၌​ရှော​လု​သည်​ဂိ​ဗာ​မြို့​သို့​ရောက် ရှိ​လာ​၏။ မင်း​ကြီး​သည်​လှံ​ကို​ကိုင်​လျက်​တောင် ကုန်း​ပေါ်​ရှိ​အင်​ကြင်း​ပင်​အောက်​တွင် အ​ရာ​ရှိ များ​ခြံ​ရံ​ကာ​ထိုင်​လျက်​နေ​တော်​မူ​၏။-
Ko je Savel slišal, da so odkrili Davida in može, ki so bili z njim (torej Savel je prebival v Gíbei, pod drevesom v Rami, s svojo sulico v svoji roki in vsi njegovi služabniki so stali okoli njega),
7 မင်း​ကြီး​သည်​ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​တွေ့​ရှိ ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ အ​ရာ​ရှိ တို့​အား``အ​ချင်း​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့၊ နား ထောင်​ကြ​လော့။ ဒါ​ဝိဒ်​သည်​သင်​တို့​အား​လယ် ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပေး​၍ တပ်​မ​တော်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ် လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။-
je potem Savel rekel svojim služabnikom, ki so stali okoli njega: »Poslušajte torej, vi Benjaminovci, ali bo Jesejev sin vsakemu izmed vas dal polja in vinograde in vas vse postavil za poveljnike nad tisočimi in poveljnike nad stotimi,
8 ယင်း​သို့​ထင်​မှတ်​သ​ဖြင့်​သင်​တို့​သည် ငါ့ အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက် နေ​ကြ​သ​လော။ ငါ​၏​သား​တော်​ကိုယ်​တိုင် ပင်​လျှင် ဒါ​ဝိဒ်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​ထား​သည့် အ​ကြောင်း​ကို သင်​တို့​တစ်​စုံ​တစ်​ယောက်​မျှ ငါ့​အား​မ​ပြော​ကြ။ ငါ့​အား​ကြင်​နာ​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ ငါ​၏​ငယ်​သား တစ်​ဦး​ဖြစ်​သူ​ဒါ​ဝိဒ်​သည်​ငါ့​အား​လုပ် ကြံ​ရန်​အ​ခွင့်​ကောင်း​ကို ယ​ခု​ပင်​ရှာ​လျက် နေ​ကြောင်း​ကို​သော်​လည်း​ကောင်း၊ သူ့​အား ငါ​၏​သား​တော်​က​အား​ပေး​အား​မြှောက် ပြု​ခဲ့​ကြောင်း​ကို​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ငါ့​အား​မ​ပြော​ကြ'' ဟု​မိန့်​တော် မူ​၏။
da ste se vsi izmed vas zarotili zoper mene in tam ni nikogar, ki mi kaže, da je moj sin sklenil dogovor z Jesejevim sinom in tam ni nikogar izmed vas, ki mu je žal zame ali mi kaže, da je moj sin zoper mene razvnel mojega služabnika, da preži v zasedi, kakor ta dan?«
9 ထို​အ​ခါ​၌​ဧ​ဒုံ​မြို့​သား​ဒေါ​ဂ​သည်​ရှော​လု ၏​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ရပ်​လျက် မင်း​ကြီး အား``ဒါ​ဝိဒ်​သည်​အ​ဟိ​တုပ်​၏​သား​အ​ဟိ မ​လက်​ရှိ​ရာ​နော​ဗ​မြို့​သို့​သွား​ရောက်​သည် ကို​အ​ကျွန်ုပ်​တွေ့​မြင်​ခဲ့​ပါ​၏။-
Potem je odgovoril Edómec Doég, ki je bil postavljen nad Savlove služabnike in rekel: »Videl sem Jesejevega sina prihajati v Nob, k Ahitúbovemu sinu Ahimélehu.
10 ၁၀ အ​ဟိ​မ​လက်​သည်​ဒါ​ဝိဒ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​တွင်​စုံ​စမ်း​လျှောက်​ထား​ပြီး​လျှင် အ​စား​အ​စာ​ကို​လည်း​ကောင်း၊ ဖိ​လိတ္တိ​အ​မျိုး သား​ဂေါ​လျတ်​၏​ဋ္ဌား​ကို​လည်း​ကောင်း​ပေး အပ်​လိုက်​ပါ​၏'' ဟု​လျှောက်​လေ​၏။
Ta je od Gospoda povprašal zanj in dal mu je živež in dal mu je meč Filistejca Goljata.«
11 ၁၁ သို့​ဖြစ်​၍​ရှော​လု​မင်း​သည်​နော​ဗ​မြို့​နေ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​သော အ​ဟိ​မ​လက် နှင့်​သူ​၏​ဆွေ​မျိုး​အ​ပေါင်း​တို့​အား​ဆင့် ခေါ်​သ​ဖြင့်​သူ​တို့​သည်​အ​ထံ​တော်​သို့ လာ​ကြ​၏။-
Potem je kralj poslal, da pokliče duhovnika Ahiméleha, Ahitúbovega sina in vso hišo njegovega očeta, duhovnike, ki so bili v Nobu in vsi izmed njih so prišli h kralju.
12 ၁၂ ရှော​လု​က​အ​ဟိ​မ​လက်​အား``အ​ချင်း အ​ဟိ​မ​လက်​နား​ထောင်​လော့'' ဟု​ဆို​လျှင်၊ အ​ဟိ​မ​လက်​က``အ​မိန့်​တော်​ကို​နာ​ခံ​လျက် ပါ'' ဟု​ဆို​၏။
Savel je rekel: »Poslušaj sedaj ti, Ahitúbov sin.« Ta je odgovoril: »Tukaj sem, moj gospod.«
13 ၁၃ ရှော​လု​က``သင်​နှင့်​ဒါ​ဝိဒ်​သည်​အ​ဘယ်​ကြောင့် ငါ့​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ့​အား​ရိက္ခာ​နှင့်​ဋ္ဌား ကို​ပေး​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​၏​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လျှောက်​ထား​ပေး​ပါ သနည်း။ ယ​ခု​သူ​သည်​ငါ့​ကို​တော်​လှန်​လျက် နေ​လေ​ပြီ။ ငါ့​အား​သတ်​ရန်​အ​ခွင့်​ကောင်း ကို​စောင့်​ဆိုင်း​လျက်​နေ​ပါ​သည်​တ​ကား'' ဟု မိန့်​တော်​မူ​၏။
Savel mu je rekel: »Zakaj sta se zarotila zoper mene, ti in Jesejev sin, v tem, da si mu dal kruha in meč in si od Boga poizvedel zanj, da bi on vstal zoper mene, da preži v zasedi kakor na ta dan?«
14 ၁၄ အ​ဟိ​မ​လက်​က``ဒါ​ဝိဒ်​သည်​အ​ရှင်​၏​အ​ပေါ် တွင် သစ္စာ​အ​ရှိ​ဆုံး​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​ပါ​၏။ သူ​သည်​အ​ရှင့်​သ​မက်​တော်​ဖြစ်​သည့်​အ​ပြင် အ​ရှင့်​ကိုယ်​ရံ​တော်​တပ်​မှူး​လည်း​ဖြစ်​သ​ဖြင့် နန်း​တွင်း​သူ​နန်း​တွင်း​သား​အ​ပေါင်း​တို့​၏ ကြည်​ညို​လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။-
Potem je Ahiméleh odgovoril kralju in rekel: »Kdo je tako zvest med vsemi tvojimi služabniki kakor David, ki je kraljev zet in gre ob tvojem ukazu in je častitljiv v tvoji hiši?
15 ၁၅ သူ​၏​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ကျွန်ုပ်​လျှောက်​ထား​ပေး​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​ယ​ခင်​က​လည်း​ဤ​သို့​လျှောက်​ထား ပေး​ခဲ့​ဖူး​ပါ​သည်။ အ​ရှင်​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​နှင့်​ပတ်​သက်​၍​မူ​ကား အ​ရှင်​မင်း​ကြီး​သည်​အ​ကျွန်ုပ်​ကို​သော်​လည်း ကောင်း၊ အ​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တစ်​ဦး တစ်​ယောက်​ကို​သော်​လည်း​စွပ်​စွဲ​တော်​မ​မူ ပါ​နှင့်။ ဤ​ကိစ္စ​ကို​အ​ကျွန်ုပ်​အလျှင်း​မ​သိ​ပါ'' ဟု​ပြန်​၍​လျှောက်​ထား​၏။
Ali sem takrat začel poizvedovati od Boga zanj? To bodi daleč od mene. Naj kralj ne pripiše kakršnekoli stvari svojemu služabniku niti vsej hiši mojega očeta, kajti tvoj služabnik ni vedel nič od vsega tega, manj ali več.«
16 ၁၆ မင်း​ကြီး​သည်``အ​ဟိ​မ​လက်၊ သင်​နှင့်​သင်​၏ ဆွေ​မျိုး​အ​ပေါင်း​တို့​သည်​သေ​ရ​ကြ​မည်'' ဟု​ဆို​ပြီး​လျှင်၊-
Kralj je rekel: »Zagotovo boš umrl, Ahiméleh, ti in vsa hiša tvojega očeta.«
17 ၁၇ မိ​မိ​အ​နီး​တွင်​ရပ်​လျက်​နေ​သော​အ​စောင့် တပ်​သား​များ​အား``ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​တို့​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ကြံ​ရာ ပါ​များ​ဖြစ်​သ​ဖြင့် ဒါ​ဝိဒ်​ထွက်​ပြေး​ကြောင်း ကို​သိ​သော်​လည်း ငါ့​အား​မ​ပြော​သော​ကြောင့် သတ်​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ရာ​တွင်​အ​စောင့်​တပ်​သား​တစ်​စုံ​တစ်​ယောက် က​မျှ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​ကို​သတ်​ရန်​လက်​ကို​မျှ​မ​ဆန့်​ဝံ့​ကြ ချေ။
Kralj je rekel pešcem, ki so stali okoli njega: »Obrnite se in ubijte Gospodove duhovnike, ker je tudi njihova roka z Davidom in ker so vedeli, ko je on pobegnil, pa mi tega niso pokazali.« Toda kraljevi služabniki niso hoteli iztegniti svoje roke, da pade na Gospodove duhovnike.
18 ၁၈ ထို့​ကြောင့်​ရှော​လု​သည်​ဒေါ​ဂ​အား``သင်​သည် သူ​တို့​ကို​သတ်​လော့'' ဟု​မိန့်​တော်​မူ​လျှင် ဒေါ​ဂ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​ကို သတ်​လေ​၏။ ထို​နေ့​၌​ဒေါ​ဂ​သည်​သင်​တိုင်း ကို​ဝတ်​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို​သတ်​လိုက် သ​တည်း။-
Kralj je rekel Doégu: »Ti se obrni in padi nad duhovnike.« In Edómec Doég se je obrnil in padel nad duhovnike in jih na ta dan usmrtil petinosemdeset oseb, ki so nosili lanen efód.
19 ၁၉ ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​မြို့​တည်း​ဟူ သော​နော​ဗ​မြို့​တွင်​နေ​ထိုင်​သည့် ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​အ​ရွယ်​မှ​စ​၍​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ နွား၊ မြည်း၊ သိုး​တို့​ကို​လည်း ကောင်း​သတ်​စေ​တော်​မူ​၏။
Nob, mesto duhovnikov, je udaril z ostrino meča, tako moške kakor ženske, otroke in dojenčke, vole, osle in ovce, z ostrino meča.
20 ၂၀ သို့​ရာ​တွင်​အ​ဟိ​မ​လက်​၏​သား​တစ်​ဦး​ဖြစ် သူ​အ​ဗျာ​သာ​သည် ထွက်​ပြေး​လွတ်​မြောက် သွား​ကာ​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
Eden izmed Ahimélehovih sinov, Ahitúbov sin, imenovan Abjatár, pa je ušel in pobegnil za Davidom.
21 ၂၁ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​အား ရှော​လု​သတ်​ဖြတ်​ပုံ​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​လေ​သည်။-
Abjatár je pokazal Davidu, da je Savel umoril Gospodove duhovnike.
22 ၂၂ ဒါ​ဝိဒ်​က``ဒေါ​ဂ​သည်​ရှော​လု​အား​ဤ​သို့​ပြန် ကြား​မည်​ကို သူ့​အား​ထို​အ​ရပ်​တွင်​တွေ့​ရ​သည့် နေ့​က​ပင်​လျှင်​ငါ​သိ​၏။ သို့​ဖြစ်​၍​သင်​၏​ဆွေ မျိုး​သား​ချင်း​အ​ပေါင်း​သေ​ရ​ကြ​သည်​မှာ ငါ့​ကြောင့်​ပါ​တ​ကား။ သင်​သည်​ငါ​နှင့်​အ​တူ နေ​လော့။ မ​ကြောက်​နှင့်။-
David je rekel Abjatárju: »Vedel sem to ta dan, ko je bil tam Edómec Doég, da bo zagotovo povedal Savlu. Povzročil sem smrt vseh oseb hiše tvojega očeta.
23 ၂၃ သင်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​သူ သည် ငါ​၏​အ​သက်​အန္တ​ရာယ်​ကို​လည်း​ရှာ​ကြံ ၏။ သို့​ရာ​တွင်​သင်​သည်​ငါ​နှင့်​အ​တူ​နေ​လျှင် လုံ​ခြုံ​လိမ့်​မည်'' ဟု​ဆို​၏။
Ostani z menoj, ne boj se, kajti kdor streže po mojem življenju, streže po tvojem življenju. Toda z menoj boš na varnem.«

< ၁ ဓမ္မရာဇဝင် 22 >