< ၁ ဓမ္မရာဇဝင် 21 >
1 ၁ ဒါဝိဒ်သည်ယဇ်ပုရောဟိတ်အဟိမလက်ရှိ ရာ နောဗမြို့သို့သွား၏။ အဟိမလက်သည် ကြောက်လန့်တုန်လှုပ်လျက် ဒါဝိဒ်အားလာ ရောက်တွေ့ဆုံပြီးလျှင်``သင်သည်အဘယ် ကြောင့်တစ်ကိုယ်တည်းဤအရပ်သို့လာ ပါသနည်း'' ဟုမေး၏။
Kisha Daudi akafika Nobu kumuona Ahimeleki kuhani. Ahimeleki akaja akutane na Daudi huku akitetemeka na kumwambia, “Kwa nini uko peke yako huna mtu wa kuambatana na wewe?”
2 ၂ ဒါဝိဒ်က``အကျွန်ုပ်သည်ဘုရင့်အမှုတော်ကို ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်။ မင်းကြီးက မိမိစေခိုင်းသည့်အမှုကိစ္စကို အဘယ်သူ့အားမျှမပြောရန်မှာကြား လိုက်ပါသည်။-
Daudi akamjibu Ahimeleki kuhani, “Mfalme amenituma kwa jambo maalum na ameniambia hivi, 'Asiwepo hata mtu mmoja anayejua chochote kuhusu shughuli niliyokutuma, na kile nilichokuagiza.' Nimewaelekeza vijana kwenda sehemu fulani.
3 ၃ ယခုကိုယ်တော်၏ထံတွင်ရိက္ခာမည်မျှရှိ ပါသနည်း။ အကျွန်ုပ်အားမုန့်ငါးလုံးသို့ မဟုတ်ကိုယ်တော့်ထံ၌ရှိသောအစား အစာတစ်စုံတစ်ခုကိုပေးပါ'' ဟုတောင်း၏။
Sasa basi chakula gani kinapatikana hapa? Nipatie mikate mitano, au chochote kilichopo hapa.”
4 ၄ ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။
Huyo Kuhani alimjibu Daudi na kusema, “Hakuna mkate wa kawaida mkononi, lakini ipo mikate takatifu- kama vijana hawajatembea na wanawake.”
5 ၅ ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။
Daudi akamjibu kuhani, “Hakika hatujatembea na wanawake kwa siku hizi tatu. Nilipoanza safari, miili ya vijana iliwekwa wakfu kwa BWANA, ingawa ilikuwa safari ya kawaida. Je, si zaidi sana leo miili yao ikawekwa wakfu kwa BWANA.”
6 ၆ ထို့ကြောင့်ယဇ်ပုရောဟိတ်သည်မိမိထံ တွင်အခြားမုန့်လည်းမရှိသဖြင့် ထာဝရ ဘုရားအားပူဇော်ထားသည့်ရှေ့တော်မုန့် ကိုဒါဝိဒ်အားပေးလေသည်။ ထိုမုန့်ဟောင်း ကိုမုန့်သစ်ဖြင့်အစားထိုးပူဇော်ရန်ဖြစ် သည်။
Hivyo kuhani akampa mikate iliyokuwa imewekwa wakfu kwa BWANA. Maana haikuwepo mikate mingine hapo, isipokuwa tu ile ya wonyesho, ambayo iliondolewa kutoka kwa BWANA, ili sehemu yake iwekwe mikate ya moto, inapokuwa imeondolewa.
7 ၇ (ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
Basi siku hiyo mmoja wa watumishi wa Sauli alikuwapo mahali hapo, ameshilkiliwa mbele za BWANA. Jina la mtu huyo aliitwa Doegi Mwedomu, mkuu wa wachungaji wa Sauli.
8 ၈ ဒါဝိဒ်ကအဟိမလက်အား``ကိုယ်တော်ထံ တွင်လှံသော်လည်းကောင်း၊ ဋ္ဌားသော်လည်း ကောင်းရှိပါသလော။ ဘုရင်အမိန့်တော်ကြောင့် အကျွန်ုပ်သည်အလျင်စလိုထွက်ခွာလာခဲ့ ရသဖြင့် ဋ္ဌားလက်နက်တစ်စုံတစ်ရာကိုမျှ ယူဆောင်ရန်အချိန်မရပါ'' ဟုဆိုလျှင်၊
Daudi akamwambia Ahimeleki, “Je, hakuna hata mkuki wowote au upanga? Maana mimi sikubeba upanga wangu wala silaha zangu, maana ile shughuli ya mfalme ilikuwa ya muhimu.”
9 ၉ အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ ထိုအခါဒါဝိဒ်က``ထိုဋ္ဌားထက်ကောင်း သည့်ဋ္ဌားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။
Kuhani akasema, “Ule upanga wa Mfilisti Goliathi, uliyemuua katika bonde la Ela, uko hapa umefunikwa katika nguo nyuma ya naivera. kama unataka kuuchukua huo, uchukue, maana hakuna silaha nyingine hapa.” Daudi akasema, “Hakuna silaha nyingine kama hiyo, nipatie hiyo.”
10 ၁၀ ထိုနေ့၌ဒါဝိဒ်သည်ရှောလုထံမှတိမ်း ရှောင်ကာ ဂါသဘုရင်အာခိတ်မင်းထံသို့ သွား၏။-
Daudi aliamka na kukimbia mbali na Sauli na akaenda kwa Akishi, mfalme wa Gathi.
11 ၁၁ ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။
Mtumishi wa Akishi akamwambia, “huyu siye Daudi mfalme wa nchi hii? Je, wanawake hawakupokezana wakiimba na kucheza, 'Sauli ameua maelfu yake, na Daudi makumi elfu yake?”'
12 ၁၂ ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊-
Daudi akayaweka maneno hayo moyoni mwake na akamwogopa sana Akishi, mfalme wa Gathi.
13 ၁၃ ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။-
Daudi akabadili mwenendo wake mbele yao na akajifanya kuwa mwendawazimu machoni pao; akachora-chora alama kwenye vizingiti vya milango huku akitiririsha mate yake chini ya ndevu zake.
14 ၁၄ သို့ဖြစ်၍အာခိတ်မင်းသည်မှူးမတ်တို့ အား``ကြည့်လော့၊ ဤသူသည်သူရူးဖြစ်ပါ သည်တကား။ သူ့အားသင်တို့အဘယ်ကြောင့် ငါ့ထံသို့သွင်းကြသနည်း။-
Ndipo Akishi akawaambia watumishi wake, “Tazameni, mnaona mtu huyu ni mwehu.
15 ၁၅ ငါ့ထံတွင်ရူးသွပ်သူနည်းပါးနေသောကြောင့် လော။ ငါ၏နန်းတော်ထဲမှာငါ့အားအနှောင့် အယှက်ပေးရန် အဘယ်ကြောင့်အရူးကိုသွင်း ကြသနည်း'' ဟုမိန့်တော်မူ၏။
Kwa nini mmemleta kwangu? Je, mimi nina haja na wehu, kumbe mmemleta mtu huyu ili anifanyie hayo mbele yangu? Hivi kweli huyu ataingia nyumbani mwangu?