< ၁ ဓမ္မရာဇဝင် 20 >
1 ၁ ထိုနောက်ဒါဝိဒ်သည်ရာမမြို့အပိုင်နာယုတ် ရွာမှထွက်ပြေးပြီးလျှင် ယောနသန်ထံသို့ သွား၍``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိပါသနည်း။ အဘယ်ရာဇဝတ်မှုကူးလွန် မိပါသနည်း။ အကျွန်ုပ်ကိုသတ်ချင်ရအောင် သင့်ခမည်းတော်အားကျွန်ုပ်သည်အဘယ် သို့ပြစ်မှားမိပါသနည်း'' ဟုမေး၏။
Dawid dwane firii Naiot a ɛwɔ Rama kɔhunuu Yonatan. Ɔbisaa sɛ, “Bɔne bɛn na mayɛ? Bɔne bɛn na mayɛ wʼagya, a enti ɔpɛ sɛ ɔkum me yi?”
2 ၂ ယောနသန်က``ထိုသို့မဖြစ်ပါစေနှင့်။ သင် သည်မသေရပါ။ ကျွန်ုပ်၏ခမည်းတော်သည် အမှုကြီးငယ်မှန်သမျှကိုမပြုမီကျွန်ုပ် အားပြောပြတတ်ပါ၏။ ကျွန်ုပ်ထံမှအဘယ် အရာကိုမျှဖုံးကွယ်ထားလေ့မရှိပါ။ သင့် ကိုသတ်မည်ဆိုသည်မှာမဖြစ်နိုင်ပါ'' ဟု ဆို၏။
Yonatan teaam sɛ, “Ɛnyɛ nokorɛ. Menim yie sɛ ɔnnwenee biribi a ɛte saa ho, ɛfiri sɛ, ɔka ne nsɛm nyinaa kyerɛ me; mpo, ne nsɛm nketenkete nyinaa ɔma mʼaso te. Menim sɛ ɔrentumi mfa saa asɛm a ɛte sɛɛ nsie me da. Ɛnte saa ara da!”
3 ၃ သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။
Ɛhɔ ara, Dawid kaa ntam wɔ Yonatan anim sɛ, “Wʼagya nim yɛn ayɔnkofa yi mu pefee enti, waka wɔ ne tirim sɛ, ‘Merenka nkyerɛ Yonatan. Adɛn enti na ɛsɛ sɛ mede ɔhaw to no so?’ Nanso, meka wo ntam sɛ, mene owuo ntam kwan nware koraa! Mede Awurade ne wo ara wo ɔkra ka ntam!”
4 ၄ ယောနသန်က``သင်အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်'' ဟုဆိုလျှင်၊
Na Yonatan ka kyerɛɛ Dawid sɛ, “Kyerɛ me deɛ menyɛ!”
5 ၅ ဒါဝိဒ်က``နက်ဖြန်နေ့သည်လဆန်းနေ့ပွဲ တော်ဖြစ်၍ကျွန်ုပ်သည်မင်းကြီးနှင့်အတူ စားသောက်သင့်သည့်အချိန်ဖြစ်ပါ၏။ သို့ ရာတွင်သင်ကန့်ကွက်ရန်မရှိပါလျှင် ကျွန်ုပ် သည်ကွင်းထဲသို့သွား၍သန်ဘက်ခါ ညနေအထိပုန်းအောင်းနေပါမည်။-
Dawid buaa sɛ, “Ɔkyena yɛbɛdi Ɔbosome Foforɔ Afahyɛ. Ɛberɛ biara, sɛ dapɔnna no duru saa a, me ne wʼagya to nsa didi. Nanso, ɔkyena deɛ, mɛkora me ho wɔ wiram ara kɔsi ne nnansa so anwummerɛ.
6 ၆ အကယ်၍စားပွဲတွင်ကျွန်ုပ်မရှိကြောင်း သင့်ခမည်းတော်မြင်သွားခဲ့သော် ယခု အချိန်သည်ကျွန်ုပ်၏အိမ်ထောင်စုသားတို့ နှစ်ပတ်လည်ယဇ်ပူဇော်ရာကာလဖြစ် သဖြင့် သင့်ထံတွင်ကျွန်ုပ်အခွင့်ပန်သွား ကြောင်းလျှောက်ထားပေးပါ။-
Na sɛ wʼagya bisa sɛ mewɔ he a, ka kyerɛ no sɛ, ‘mesrɛɛ ɛkwan sɛ merekɔ me kurom Betlehem, na me ne me fiefoɔ akɔbɔ afirinhyia afɔdeɛ.’
7 ၇ အကယ်၍မင်းကြီးက`ကောင်းပြီ' ဟုဆိုပါ ကကျွန်ုပ်အသက်ချမ်းသာခွင့်ရပါလိမ့်မည်။ သို့ရာတွင်အကယ်၍အမျက်တော်ထွက်လျှင် မူကားမင်းကြီးသည် ကျွန်ုပ်အားဘေးအန္တရာယ် ပြုရန်အကြံရှိကြောင်းသင်သိရှိနိုင်ပါ လိမ့်မည်။-
Sɛ ɔka sɛ, ‘Ɛyɛ’ a, wobɛhunu sɛ biribiara da yie. Na sɛ nso ne bo fu, na ɔgye hwanyan a, wobɛhunu sɛ, ɔrehyehyɛ ho sɛ, ɔbɛkum me.
8 ၈ ကျွန်ုပ်အားကျေးဇူးပြုပါ။ သင်နှင့်ကျွန်ုပ်ပြု ထားကြသည့်သစ္စာကတိကိုလည်းတည်မြဲ စေပါ။ သို့ရာတွင်အကယ်၍ကျွန်ုပ်မှာအပြစ် ရှိခဲ့သော် သင်ကိုယ်တိုင်ပင်ကျွန်ုပ်အားသတ် ပါလော့။ အဘယ်ကြောင့်သင့်ခမည်းတော် လက်သို့အပ်ပါတော့မည်နည်း'' ဟုဆို၏။
Ɛda saa adɔeɛ yi adi kyerɛ me, sɛ adamfo a maka ntam adi nse akyerɛ wo, ɛfiri sɛ, yɛn nyinaa wɔ apam wɔ Awurade anim. Na sɛ ɛnte saa, na mayɛ bɔne atia wʼagya a, wo ara kum me. Nanso, mesrɛ wo, nyi me mma.”
9 ၉ ယောနသန်က``ထိုသို့မစဉ်းစားပါနှင့်။ အကယ်၍ကျွန်ုပ်၏ခမည်းတော်သည်သင့် အားဘေးအန္တရာယ်ပြုရန် စိတ်ပိုင်းဖြတ် ထားသည်ကိုကျွန်ုပ်သိပါမူသင့်ကို မပြောဘဲနေမည်လော'' ဟုဆို၏။
Yonatan teaam sɛ, “Ɛmpare me! Wo ara wonim sɛ, sɛ menim mʼagya nsusuiɛ no ho biribi a, anka maka akyerɛ wo dada.”
10 ၁၀ ထိုအခါဒါဝိဒ်က``အကယ်၍သင်၏ ခမည်းတော်သည်သင့်အားအမျက်ထွက်၍ ပြန်လည်ဖြေကြားပါက ကျွန်ုပ်အားအဘယ် သူလာ၍အသိပေးပါမည်နည်း'' ဟုမေး ၏။
Na Dawid bisaa Yonatan sɛ, “Ɛbɛyɛ dɛn na mahunu sɛ wʼagya bo afu anaasɛ ne bo mfuiɛ?”
11 ၁၁ ယောနသန်က``ကွင်းထဲသို့ငါတို့သွားကြ စို့'' ဟုဆိုပြီးလျှင်သူတို့နှစ်ယောက်သွား ကြ၏။-
Yonatan buaa sɛ, “Bra na yɛnkɔ wiram hɔ.” Na wɔn nyinaa kɔɔ hɔ.
12 ၁၂ ထိုနောက်ယောနသန်သည်ဒါဝိဒ်အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ကျွန်ုပ်ကတိပြု ပါ၏။ ကျွန်ုပ်သည်နက်ဖြန်ခါနှင့်သန်ဘက်ခါ ဤအချိန်တွင်ခမည်းတော်အားစုံစမ်းမေး မြန်းပါမည်။ သင့်အပေါ်တွင်သူ၏စိတ်နေ စိတ်ထားကောင်းမွန်ပါက သင့်ထံသို့ အကြောင်းကြားပါမည်။-
Yonatan ka kyerɛɛ Dawid sɛ, “Ɔkyena akyi sɛsɛɛ, mɛhyɛ bɔ wɔ Awurade Israel Onyankopɔn din mu sɛ me ne mʼagya bɛkasa, na mɛma woahunu deɛ ɔka fa wo ho. Sɛ ɔdi wo ho adanseɛ pa a, mɛma woate no ntɛm.
13 ၁၃ သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-
Nanso sɛ mʼagya bo afu, na ɔpɛ sɛ ɔkum wo, na sɛ manka ankyerɛ wo ma wo annwane a Awurade nkum me. Awurade nka wo ho sɛdeɛ ɔkaa mʼagya ho no.
14 ၁၄ သင်သည်ကျွန်ုပ်အသက်ရှင်စဉ်အခါ၌မိမိ ကျိန်ဆိုကတိပြုခဲ့သည်အတိုင်း ကျွန်ုပ်အား သစ္စာစောင့်ရမည်သာမက၊ ကျွန်ုပ်သေဆုံးပြီး နောက်၊-
Na fa Awurade nokorɛ dɔ no bi dɔ me ɛberɛ a mete ase yi. Na sɛ mewu,
15 ၁၅ သင်၏ရန်သူအပေါင်းကိုထာဝရဘုရား သုတ်သင်ပယ်ရှင်းတော်မူသောအခါ၌ လည်း ကျွန်ုပ်၏အိမ်ထောင်စုသားတို့အပေါ် တွင်အစဉ်အမြဲသစ္စာစောင့်ပါလော့။-
na ɛba sɛ Awurade twa Dawid atamfoɔ nyinaa gu firi asase ani mpo a, nyi wʼadɔeɛ mfiri me fiefoɔ so da biara da.”
16 ၁၆ ကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။
Enti, Yonatan ne Dawid yɛɛ apam sɛ, “Awurade ntɔre Dawid atamfoɔ nyinaa ase.”
17 ၁၇ ယောနသန်သည်ဒါဝိဒ်အားကိုယ်နှင့်အမျှ ချစ်သဖြင့် မိမိကိုလည်းချစ်ရန်ကတိပြု စေ၏။-
Esiane ɔdɔ a Yonatan wɔ ma Dawid no enti, ɔmaa no tii ne ntam no mu bio, ɛfiri sɛ, na ɔdɔ no sɛdeɛ ɔdɔ ɔno ankasa ho.
18 ၁၈ ထိုနောက်ယောနသန်က``နက်ဖြန်နေ့သည် လဆန်းပွဲတော်အခါဖြစ်သဖြင့် ပွဲတော် သို့သင်မတက်ရောက်ပါမူ သင်၏နေရာ လစ်လပ်လျက်နေသည်ကိုတွေ့ရှိကြလိမ့် မည်။-
Afei, Yonatan ka kyerɛɛ Dawid sɛ, “Ɔkyena na ɛyɛ ɔbosome foforɔ afahyɛ no. Yɛrenhunu wo, ɛfiri sɛ, wʼakonnwa so bɛda hɔ.
19 ၁၉ သန်ဘက်ခါ၌လည်းယင်းသို့ပင်သင်မရှိ ကြောင်းတွေ့ရှိကြလိမ့်မည်။ သို့ဖြစ်၍ယခင်က သင်ပုန်းအောင်းနေခဲ့ဖူးသည့်အရပ်သို့သွား ၍ကျောက်ပုံ နောက်တွင်ပုန်းကွယ်လျက်နေလော့။-
Ɔkyena akyi, ɛrekɔ anwummerɛ no, kɔ baabi a saa nsɛm yi refiti aseɛ no, wokɔsumaa wo ho no, na twɛn wɔ aboɔ esie no ho.
20 ၂၀ ထိုအခါကျွန်ုပ်၏သည်ကျောက်ပုံကိုပစ် မှတ်သဖွယ်ပြု၍ မြားသုံးစင်းပစ်လွှတ် လိုက်မည်။-
Mɛto agyan mmiɛnsa afa ne nkyɛn, te sɛ deɛ mereto abɔ biribi no.
21 ၂၁ ထိုနောက်ကျွန်ုပ်၏အစေခံအားမြားတို့ ကိုသွား၍ရှာစေမည်။ ကျွန်ုပ်သည်သူ့အား`မြား တို့သည်ဤဘက်မှာရှိသည်၊ သွား၍ယူချေ' ဟု ဆိုလျှင်သင့်မှာဘေးအန္တရာယ်မရှိတော့သဖြင့် ထွက်၍လာနိုင်ပြီဟုဆိုလိုကြောင်းသိမှတ် ပါလော့။-
Afei, mɛsoma abarimaa bi aka sɛ, ‘Kɔ na kɔhwehwɛ bɛmma no.’ Sɛ meka kyerɛ no sɛ, ‘Hwɛ, bɛmma no wɔ fa ha; tase brɛ me a,’ bra, ɛfiri sɛ, mmerɛ dodoɔ ko a Awurade te ase yi, wo ho sɔnn; bɔne bi nni hɔ.
22 ၂၂ အကယ်၍ကျွန်ုပ်က`မြားတို့သည်ဟိုဘက်မှာ တွင်ရှိသည်၊ သွား၍ယူချေ' ဟုဆိုလျှင်မူကား ထာဝရဘုရားသည် သင့်အားထွက်ခွာသွား စေတော်မူပြီဖြစ်၍သင်သည်ထွက်ခွာသွား ပါလော့။-
Na sɛ meka kyerɛ abarimaa no sɛ, ‘Hwɛ, bɛmma no wɔ wʼanim’ a, ɛnneɛ, na ɛsɛ sɛ wokɔ, ɛfiri sɛ, Awurade na ɔse kɔ.
23 ၂၃ ကျွန်ုပ်တို့နှစ်ဦးအချင်းချင်းပြုခဲ့ကြသည့် ကတိသစ္စာကို ထာဝစဉ်မပျက်မကွက်စောင့် ထိန်းနိုင်ကြစေရန်ထာဝရဘုရားသည် စီမံတော်မူပါလိမ့်မည်'' ဟုဆို၏။
Na Awurade mmoa yɛn na yɛnni ɛbɔ a yɛahyehyɛ yɛn ho yɛn ho no so, ɛfiri sɛ ɔno ne yɛn danseni.”
24 ၂၄ ထို့ကြောင့်ဒါဝိဒ်သည်ကွင်းထဲတွင်ပုန်းအောင်း လျက်နေ၏။ လဆန်းပွဲတော်နေ့၌ရှောလု မင်းသည်စားတော်ခေါ်ရန်ကြွလာတော် မူ၍၊-
Na Dawid kɔtɛɛ wiram, na ɛberɛ a ɔbosome foforɔ afahyɛ no duruiɛ no, ɔhene no tenaa ase sɛ ɔrebɛdidi.
25 ၂၅ နံရံအနီးမိမိထိုင်နေကျနေရာတွင်ထိုင် တော်မူ၏။ အာဗနာသည်မင်းကြီး၏နံဘေး တွင်လည်းကောင်း၊ ယောနသန်သည်မင်းကြီး ၏ရှေ့တွင်လည်းကောင်းထိုင်၏။ ဒါဝိဒ်၏ နေရာမူကားလပ်၍နေ၏။-
Ɔtenaa nʼatenaeɛ a ɛbɛn ɔfasuo ho a ɛne Yonatan di nhwɛanim, na Abner tena dii Saulo so, nanso Dawid atenaeɛ hɔ deɛ, ɛdaa hɔ bio.
26 ၂၆ သို့သော်ထိုနေ့၌မင်းကြီးသည်အဘယ်သို့ မျှမိန့်မြွက်တော်မမူ။ အကြောင်းတစ်ခုခု ကြောင့်ဒါဝိဒ်သည်ဘာသာရေးကျင့်ဝတ်အရ သန့်စင်မှုမရှိသဖြင့် မလာမရောက်ခြင်း သာဖြစ်မည်ဟုမှတ်ယူတော်မူ၏။-
Na ɛda no, Saulo anka asɛm biara. Na ɔdwenee sɛ, “Gyama asɛm bi ato Dawid a ɛmma ne ho nte mma saa afahyɛ no ase. Ɛno enti na ɔnni ha ɛnnɛ no.”
27 ၂၇ လဆန်းပွဲတော်နေ့အလွန်နောက်တစ်နေ့၌ လည်းဒါဝိဒ်၏နေရာသည်လပ်လျက်ပင်ရှိ သောကြောင့် ရှောလုကယောနသန်အား``အဘယ် ကြောင့်ဒါဝိဒ်သည်ဤစားပွဲတော်သို့ယမန် နေ့ကမလာ၊ ယနေ့လည်းမလာသနည်း'' ဟုမေးတော်မူ၏။
Na adeɛ kyeeɛ a Dawid afa hɔ ada mpan bio no, Saulo bisaa ne ba Yonatan sɛ, “Adɛn enti na Yisai babarima no amma adidie nnora ne ɛnnɛ?”
28 ၂၈ ယောနသန်က``ဒါဝိဒ်သည်ကျွန်ုပ်ထံတွင် ခွင့်ပန်၍ ဗက်လင်မြို့သို့သွားပါသည်။ သူ က`အကျွန်ုပ်တို့အားကျေးဇူးပြု၍သွား ခွင့်ပြုပါ။-
Yonatan buaa sɛ, “Nokorɛm, Dawid srɛɛ me ɛkwan sɛ ɔrekɔ Betlehem.
29 ၂၉ ထိုမြို့တွင်အကျွန်ုပ်၏ဆွေမျိုးသားချင်း တို့သည်ယဇ်ပူဇော်ပွဲကျင်းပလျက်နေကြ သဖြင့် အစ်ကိုကလည်းအကျွန်ုပ်အားလာ ရမည်ဟုဆိုပါသည်။ သင်သည်အကျွန်ုပ်ကို ခင်မင်ပါကအကျွန်ုပ်အားညီအစ်ကိုတို့ ကိုတွေ့ရန်သွားခွင့်ပြုပါဟုပန်ကြားပါ၏။ ထို့ကြောင့်သူသည်အရှင်၏စားပွဲတော် တွင်မရှိခြင်းဖြစ်ပါသည်'' ဟုပြန်ကြား လျှောက်ထား၏။
Ɔkaa sɛ, ‘Ma menkɔ, ɛfiri sɛ, me fiefoɔ rebɔ afɔdeɛ wɔ kuro no mu enti, me nuabarima ahyɛ me sɛ, ɛsɛ sɛ mewɔ hɔ bi. Sɛ afei, manya wʼanim animuonyam a, ma me kwan na menkɔhwɛ me nuanom mmarima.’ Ɛno enti na wamma ɔhene didipono ho no.”
30 ၃၀ ရှောလုသည်ယောနသန်အားပြင်းစွာအမျက် ထွက်သဖြင့်``တရားမဝင်သောသား၊ သင်သည် ဒါဝိဒ်ဘက်သားဖြစ်ကြောင်းယခုငါသိပြီ။ သင်သည်ကိုယ့်ကိုယ်ကိုလည်းကောင်း၊ ကိုယ့် မိခင်ကိုလည်းကောင်းအသရေယုတ်စေ လေပြီတကား။-
Saulo bo fuu Yonatan, ka kyerɛɛ no sɛ, “Wo ɔba kwasea, ɔbaa brakyewni tuateni ba! Wosusu sɛ mennim sɛ wopɛ sɛ Dawid di ɔhene si wo anan mu de hyɛ wo ne wo maame aniwuo?
31 ၃၁ ဒါဝိဒ်အသက်ရှင်နေသမျှကာလပတ်လုံး သင်သည်ဤတိုင်းပြည်တွင်အဘယ်အခါ၌ မျှဘုရင်မဖြစ်နိုင်သည်ကိုမသိပါသလော။ ယခုပင်သွား၍သူ့ကိုခေါ်ခဲ့လော့။ သူသည် မုချသေဒဏ်ခံရမည်'' ဟုမိန့်တော်မူ၏။
Mmerɛ dodoɔ a Yisai babarima no te ase wɔ asase yi so no, worennya ɔhene nni da. Soma seesei ara na wɔnkɔfa no mmrɛ me, na menkum no!”
32 ၃၂ ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊
Yonatan bisaa nʼagya sɛ, “Adɛn enti na ɛsɛ sɛ wɔkum no? Ɛdeɛbɛn na wayɛ?”
33 ၃၃ ရှောလုသည်ယောနသန်အားထိမှန်စေရန် လှံတံတော်နှင့်ပစ်လိုက်လေသည်။ ထိုအခါ ယောနသန်သည် မင်းကြီးအကယ်ပင်ဒါဝိဒ် အားသတ်ရန်စိတ်ပိုင်းဖြတ်ထားတော်မူ ကြောင်းကိုသိလေ၏။-
Ɛhɔ ara, Saulo too pea sɛ ɔde rewɔ no, akum no. Afei Yonatan hunuu sɛ nʼagya asi nʼadwene pi sɛ ɔbɛkum Dawid.
34 ၃၄ သူသည်ဒေါသဖြစ်လျက်စားပွဲမှထသွား ပြီးလျှင် လဆန်းပွဲတော်ဒုတိယနေ့တစ်နေ့ လုံးမည်သည့်အစားအစာကိုမျှမစားဘဲ နေ၏။ သူသည်ဒါဝိဒ်အားရှောလုအသရေ ဖျက်သည့်အတွက်များစွာစိတ်မချမ်း မသာဖြစ်၏။-
Yonatan de abufuden sɔre firii didipono no ho. Na ɛda a ɛtɔ so mmienu wɔ bosome no mu no, wannidi, ɛfiri sɛ, ne werɛ hoo wɔ nʼagya animguasedeɛ a ɔpɛ sɛ ɔyɛ Dawid no ho.
35 ၃၅ နောက်တစ်နေ့နံနက်၌ယောနသန်သည်ယခင် ကချိန်းဆိုထားသည့်အတိုင်း ဒါဝိဒ်နှင့်တွေ့ဆုံ ရန်ကွင်းထဲသို့သွား၏။ မိမိနှင့်အတူသူငယ် တစ်ယောက်ကိုလည်းခေါ်ဆောင်သွားကာ၊-
Ade kyeeɛ no, Yonatan kɔɔ wiram. Sɛdeɛ wɔahyehyɛ ho no. Ɔfaa abarimaa ketewa bi kaa ne ho a ɔbɛboaboa ne bɛmma ano.
36 ၃၆ ထိုသူငယ်အား``ယခုပင်ငါပစ်လွှတ်လိုက်မည့် မြားကိုပြေး၍ရှာလော့'' ဟုဆို၏။ ထိုသူငယ် ပြေးလေလျှင်ယောနသန်သည်သူ့ကိုလွန် အောင်မြားတစ်စင်းကိုပစ်လွှတ်၏။-
Ɔka kyerɛɛ abarimaa no sɛ, “Hyɛ aseɛ tu mmirika kɔhwehwɛ bɛmma a metoto no.” Na abarimaa no retu mmirika akɔ no, Yonatan too bɛmma no baako traa no.
37 ၃၇ မြားကျရာသို့သူငယ်ရောက်သောအခါ ယောနသန်က``မြားသည်ဟိုဘက်မှာရှိသည်။-
Na ɛberɛ a abarimaa no duruu baabi a Yonatan bɛmma no akɔtɔ no, Yonatan frɛɛ no sɛ, “bɛmma no ntraa wo anaa?”
38 ၃၈ ရပ်၍မနေနှင့်။ မြန်မြန်ပြေး၍ကောက်လော့'' ဟုဟစ်အော်လိုက်၏။ သူငယ်သည်မြားကို ကောက်ပြီးလျှင် မိမိသခင်ရှိရာသို့ပြန် လာလေသည်။-
Enti, Yonatan teaam sɛ, “Ka wo ho! Kɔ ntɛm! Nnyina.” Abarimaa no faa bɛmma no sane baa ne wura nkyɛn.
39 ၃၉ သူသည်ထိုစကား၏အနက်အဋ္ဌိပ္ပါယ်ကို မသိ။ ယောနသန်နှင့်ဒါဝိဒ်တို့သာလျှင် သိကြ၏။-
Na abarimaa no nnim yei ho hwee; Yonatan ne Dawid nko ara na na wɔnim.
40 ၄၀ ယောနသန်သည်မိမိ၏လေးနှင့်မြားတို့ကို သူငယ်အားပေး၍မြို့သို့ပြန်ယူသွားစေ၏။
Na Yonatan de nʼakodeɛ maa abarimaa no kaa sɛ, “Kɔ, soa sane fa kɔ kurom.”
41 ၄၁ သူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် ကျောက်ပုံ နောက်မှထွက်လာပြီးလျှင်ဒူးထောက်၍ ယော နသန်အားသုံးကြိမ်တိုင်တိုင်ပျပ်ဝပ်ဦး ညွှတ်၏။ ထိုနောက်သူတို့သည်အချင်းချင်း ဖက်နမ်းငိုကြွေးကြ၏။ ဒါဝိဒ်၏ကြေကွဲ မှုသည် ယောနသန်၏ကြေကွဲမှုထက်ပင် ပိုမိုပြင်းထန်လေသည်။-
Ɛberɛ a abarimaa no kɔeɛ ara pɛ, Dawid pue firii baabi a ɔkɔhintaeɛ hɔ a ɛbɛn aboɔ sie no baeɛ. Na Dawid bɔɔ ne mu ase wɔ Yonatan anim, de nʼanim butuu fam. Na wɔfefee wɔn ho ano, na wɔmaa wɔn ho wɔn ho nante yie, na wɔsuiɛ, ne titire no, Dawid.
42 ၄၂ ထိုအခါယောနသန်က``ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ ငါတို့ နှစ်ယောက်သည်လည်းကောင်း၊ ငါတို့သားမြေး များသည်လည်းကောင်းငါတို့တစ်ယောက်ကို တစ်ယောက်ပြုခဲ့သည့်ကတိသစ္စာကို ထာဝစဉ် မပျက်မကွက်စောင့်ထိန်းနိုင်ကြစေရန် ထာဝရဘုရားမုချကူမတော်မူပါ လိမ့်မည်'' ဟုဆို၏။ ထိုနောက်ဒါဝိဒ်ထွက်ခွာ သွား၏။ ယောနသန်သည်လည်းမြို့ထဲသို့ ပြန်လေ၏။
Akyire no, Yonatan ka kyerɛɛ Dawid sɛ, “Kɔ asomdwoeɛ mu, ɛfiri sɛ, yɛayɛ apam wɔ Awurade din mu. Yɛde yɛn mu biara ne yɛn mu biara mma ahyɛ Awurade nsa afebɔɔ.” Na Dawid kɔeɛ, ɛnna Yonatan nso sane kɔɔ kuro no mu.