< ၁ ဓမ္မရာဇဝင် 2 >
1 ၁ ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
၁တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။
2 ၂ ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။
၂ထာဝရဘုရား သန့်ရှင်း တော်မူသကဲ့သို့ အဘယ်သူ မျှမ သန့်ရှင်း။ ကိုယ်တော် မှတပါး အခြားသော ဘုရားမရှိ။
3 ၃ ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။
၃ငါ တို့ ဘုရား သခင်ကဲ့သို့ သော ခိုလှုံစရာမ ရှိ။ ကိုယ့်ကိုကိုယ်မချီးမြှောက် ကြနှင့်။ ဝါကြွား စော်ကားသော စကားကိုမ ပြော ကြနှင့်။ အဓမ္မ စကားကို နှုတ် ထဲက မထွက် စေကြနှင့်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သဗ္ဗညုတ ဘုရား ဖြစ်တော်မူ၏။ အမှု အရာတို့ကို ညှိညွှတ် တော်မူ၏။
4 ၄ ခွန်အားကြီးသောစစ်သူရဲများ၏လေးတို့သည် ကျိုးပဲ့ကုန်လျက်၊အားအင်ချည့်နဲ့သူတို့သည် ခွန်အားကြီးမားလာကြ၏။
၄သူရဲ တို့ ကိုင်သောလေး များ ကျိုး လျက် ၊ လဲ တတ်သောသူတို့သည် ခွန်အား နှင့် ပြည့်စုံ လျက် ရှိကြ၏။
5 ၅ အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။
၅ဝ စွာစားသောသူတို့သည် စားစရာ ကို ရခြင်းငှါ၊ သူငှါး လုပ်ရကြပြီ။ ငတ်မွတ် သောသူတို့ မူကား ၊ တဖန် ဝကြပြီ။ မြုံ သောသူသည် ခုနှစ် ကြိမ်တိုင်အောင် ဘွားမြင် ပြီ။ သား များ သောသူမူကား ၊ တဖန် အားလျော့ ပြီ။
6 ၆ ထာဝရဘုရားသည်သေစေခြင်း၊ရှင်စေခြင်း ကိုလည်းကောင်း၊ မရဏာနိုင်ငံသို့ပို့ဆောင်ခြင်း၊ပြန်လည် ခေါ်ဆောင်ခြင်းကိုလည်းကောင်းပြုတော်မူ၏။ (Sheol )
၆ထာဝရဘုရား သည် သေ စေသော အခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာ နိုင်ငံသို့ နှိမ့်ချ သောအခွင့်၊ ထမြောက် စေသောအခွင့် ရှိတော်မူ၏။ (Sheol )
7 ၇ ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
၇ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။
8 ၈ ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။
၈ဆင်းရဲ သောသူကို မြေမှုန့် ထဲက ၎င်း၊ ငတ်မွတ် သောသူကို နောက်ချေးပုံ ထဲက ၎င်း ချီးမြှောက် ၍၊ မင်းသား တို့နှင့် ထိုင် ရသောအခွင့်၊ ဘုန်း ကြီးသောပလ္လင် ကို အမွေ ခံရသောအခွင့်ကိုပေးတော်မူ၏။ အကြောင်း မူကား၊ မြေကြီး တိုင် တို့ကို ထာဝရဘုရား ပိုင်၍ ထိုတိုင်တို့အပေါ် မှာ လောကဓါတ် ကို တည် တော်မူပြီ။
9 ၉ ``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။
၉မိမိ သန့်ရှင်းသူ တို့ခြေ ကို စောင့်မ တော်မူလိမ့်မည်။ မ တရားသောသူတို့သည် မှောင်မိုက် ၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်း သတ္တိအားဖြင့် အဘယ်သူ မျှမ နိုင် ရာ။
10 ၁၀ ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''
၁၀ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။
11 ၁၁ ထိုနောက်ဧလကာနသည် ရာမမြို့ရှိမိမိ၏နေ အိမ်သို့ပြန်လေ၏။ သို့ရာတွင်သူငယ်ရှမွေလ မူကားရှိလောမြို့တွင်နေရစ်၍ ယဇ်ပုရောဟိတ် ဧလိ၏လက်အောက်၌ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လေ၏။
၁၁ထိုနောက်မှ ၊ ဧလကာန သည် ရာမ မြို့၌ရှိသောမိမိ အိမ် သို့ သွား ၍၊ သူငယ် သည် ယဇ်ပုရောဟိတ် ဧလိ ရှေ့ တွင် အမှု တော်ကို ဆောင်ရွက်လေ၏။
12 ၁၂ ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-
၁၂ဧလိ ၏သား တို့သည် ထာဝရဘုရား ကို မ သိ ၊ အဓမ္မ လူဖြစ်ကြ၏။
13 ၁၃ လူတို့ထံမှယဇ်ပုရောဟိတ်တို့တောင်းဆိုပိုင်ခွင့် နှင့်ဆိုင်သောပြဋ္ဌာန်းချက်များကိုလည်းကောင်း ပမာဏမပြုဘဲယဇ်ပူဇော်နေသူထံသို့ မိမိ တို့၏အစေခံကိုသုံးခွခက်ရင်းနှင့်စေလွှတ် တတ်ကြ၏။ ထိုအစေခံသည်အိုးကင်းတွင် ချက်ပြုတ်နေဆဲအသားကို၊-
၁၃လူ များတို့တွင် ယဇ်ပုရောဟိတ် ပြုသောထုံးစံ ဟူမူကား ၊ ယဇ် ပူဇော်၍ အမဲသား ကို ပြုတ် စဉ်အခါ ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ တယောက်သည်လာ ၍၊ သုံး ချောင်းရှိသောအမဲချိတ် ကို ကိုင်လျက်၊
14 ၁၄ ခက်ရင်းဖြင့်ထိုးကာပါလာသမျှကို မိမိ၏ ယဇ်ပုရောဟိတ်အတွက်ယူသွားတတ်လေသည်။ ယဇ်ပူဇော်ရန်ရှိလောမြို့သို့ရောက်ရှိလာကြ သောဣသရေလအမျိုးသားအားလုံးပင် လျှင်ဤနည်းအတိုင်းပြုကျင့်ခြင်းကိုခံရ ကြ၏။-
၁၄အိုး အစရှိသည်တို့၌ ထိုးခပ် ၍၊ အမဲချိတ် တွင် ပါသမျှ ကို ယဇ် ပုရောဟိတ်သည် သိမ်း ယူတတ်၏။ ရှိလော မြို့သို့ ရောက် လာသောဣသရေလ လူအပေါင်း တို့အား ထိုသို့ ပြု ကြ၏။
15 ၁၅ ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။
၁၅ဆီဥ ကို မီး မ ရှို့မှီ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ သည်လာ ၍ ၊ ယဇ်ပုရောဟိတ် ဘို့ ကင် စရာအမဲသား ကိုပေး ပါ။ ပြုတ် သောအမဲသား ကိုမ ယူ။ စိမ်း သောအမဲသားကိုသာ ယူမည်ဟု ယဇ် ပူဇော်သောသူအား ဆို တတ်၏။
16 ၁၆ အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဋ္ဌမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။
၁၆ထိုသူက၊ ဆီဥ ကိုအရင် မီး ရှို့ပါရစေ။ နောက်မှ ယူချင် တိုင်း ယူ ပါဟုဆို လျှင် ၊ မ ဟုတ်ဘူး ယခု ပေး ရမည်။ သို့မဟုတ် အနိုင်ယူ မည်ဟု ပြောဆို တတ်၏။
17 ၁၇ ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။
၁၇ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရား ဝတ် ကို လူ များ ရွံ စရာပြုသောကြောင့် ၊ ရှေ့ တော်၌ အလွန် အပြစ် ကြီး သောသူဖြစ် ကြ၏။
18 ၁၈ ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
၁၈သူငယ် ရှမွေလ သည် ပိတ် သင်တိုင်း ကို ဝတ် စည်းလျက်၊ ထာဝရဘုရား ရှေ့ ၌ အမှု တော်ကို ဆောင်ရွက်လေ၏။
19 ၁၉ သူ၏အမိသည်နှစ်စဉ်ပူဇော်နေကျယဇ်ကို တင်လှူရန် ခင်ပွန်းသည်နှင့်အတူလိုက်ပါ လာသောအခါ ဝတ်လုံငယ်တစ်ခုကိုချုပ်၍ ယူဆောင်လာတတ်၏။-
၁၉နှစ်စဉ် ပြုရသော ယဇ်ကို ပူဇော် ခြင်းငှါ ၊ သူ၏ မိဘသည် ရောက် လာသောအခါ ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီ ငယ် ကို ချုပ် ၍ ဆောင် ခဲ့တတ်၏။
20 ၂၀ ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
၂၀တရံရောအခါ၊ ဧလိ က၊ သင်သည် ထာဝရဘုရား ၌ ငှါး ထားသော သားအတွက် ၊ ဤ မိန်းမ တွင် အမျိုးအနွယ် ကိုပေး တော်မူပါစေသောဟု ဧလကာန လင်မယား ကို ကောင်းကြီး ပေး၏။ ထိုသူတို့သည် နေရာအိမ် သို့ ပြန် သွားသောနောက်၊
21 ၂၁ ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
၂၁ထာဝရဘုရား သည် ဟန္န ကို အကြည့် အရှုကြွတော်မူသဖြင့် ၊ သူသည်ပဋိသန္ဓေ ယူ၍ ၊ သား သုံး ယောက်၊ သမီး နှစ် ယောက်တို့ကို ဘွားမြင် လေ၏။ သူငယ် ရှမွေလ သည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွား သတည်း။
22 ၂၂ ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။-
၂၂ဧလိ သည်အသက် အရွယ်လွန်သောအခါ ၊ သူ ၏သား တို့သည် ဣသရေလ လူအပေါင်း တို့၌ ပြု သမျှ ကို၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စည်းဝေး သောမိန်းမ နှင့် မှားယွင်း ကြောင်းကို၎င်းကြား သိလျှင်၊
23 ၂၃ ထို့ကြောင့်ဧလိက``သင်တို့သည်အဘယ်ကြောင့် ဤအမှုတို့ကိုပြုကြသနည်း။ သင်တို့ပြု သည့်ဒုစရိုက်ကိုလူတိုင်းပင်ပြောကြား လျက်ရှိ၏။-
၂၃သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ သင် တို့ပြုသောဒုစရိုက် တို့ကို လူ အပေါင်း တို့သည် ပြော၍ ငါ ကြား ရ၏။
24 ၂၄ ငါ့သားတို့ထာဝရဘုရား၏လူမျိုးတော် တို့ပြောဆိုနေကြသောအကြောင်းမှာ ဆိုး ရွားလှပါသည်တကား။-
၂၄မ ကောင်းဘူးငါ့ သား တို့။ ငါ ကြား သော သိတင်း သည် ကောင်း သော သိတင်းမ ဟုတ်။ ထာဝရဘုရား ၏ လူ တို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား။
25 ၂၅ လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
၂၅လူ ချင်းတယောက်ကို တယောက်ပြစ်မှား လျှင် ၊ တရားသူကြီးစစ်ကြောစီရင်ရ၏။ လူ သည် ထာဝရဘုရား ကို ပြစ်မှား လျှင် ၊ သူ့ အတွက် အဘယ်သူ တောင်းပန် လိမ့်မည်နည်းဟု ဆုံးမသော်လည်း ၊ သူတို့သည် အဘ ၏စကား ကို နား မ ထောင်ကြ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ကွပ်မျက် ခြင်းငှါ အလို ရှိတော်မူ၏။
26 ၂၆ သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။
၂၆သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ ၊ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။
27 ၂၇ ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
၂၇ဘုရား သခင်၏ လူ တယောက်သည် ဧလိ ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရော ဘုရင်ထံ၌ နေရသော သင့် အဘ ၏ အမျိုး အား ငါထင်ရှား သည် မဟုတ်လော။
28 ၂၈ ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
၂၈ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။
29 ၂၉ သို့ဖြစ်၍သင်သည်ငါ၏အမိန့်အရဆက်သ သည့်ယဇ်နှင့်ပူဇော်သကာများကို အဘယ် ကြောင့်လောဘစိတ်နှင့်ကြည့်ဘိသနည်း။ ဧလိ၊ သင်သည်ငါ၏လူမျိုးတော်တင်လှူသည့်ယဇ် ကောင်ရှိသမျှမှအကောင်းဆုံးအပိုင်းတို့ ကို အဘယ်ကြောင့်သင်၏သားတို့အားဝစွာ စားခွင့်ပြုပါသနည်း။ အဘယ်ကြောင့်သူ တို့အားငါ့ထက်ပင်ပို၍ဂုဏ်ပြုချီးမြှင့် ပါသနည်း။-
၂၉ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။
30 ၃၀ ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
၃၀ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
31 ၃၁ နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။-
၃၁သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ မ ရှိ စေခြင်းငှါ၊ သင် ၏ လက်ရုံး နှင့် သင့် အဆွေ အမျိုး၏ လက်ရုံး ကို ငါဖြတ် သော အချိန် ကာလရောက် လိမ့်မည်။
32 ၃၂ သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-
၃၂ဣသရေလ အမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ် ပေါ်မှာ ဘေး ဥပဒ်ရောက်ကြောင်းကို သင် မြင် ရလိမ့်မည်။ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ အစဉ် မ ရှိ ရ။
33 ၃၃ သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။-
၃၃ငါ ၏ယဇ် ပလ္လင်မှ ငါမ ပယ် မဖြတ်သောသင် ၏အမျိုးသားသည်၊ သင့် မျက်စိ ပျက် ၍ စိတ် ကြင်နာ ဘို့ ရာဖြစ်လိမ့်မည်။ သင် ၏ သားစဉ် မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေ ရကြလိမ့်မည်။
34 ၃၄ သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-
၃၄သင် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့၌ ဖြစ် စေ၍၊ သင့် အား ငါပေးသော ပုပ္ပ နိမိတ် ဟူမူကား ၊ ထိုသူ နှစ် ယောက်တို့သည် တနေ့ခြင်း တွင် သေ လိမ့်မည်။
35 ၃၅ ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။-
၃၅တဖန် ငါ့ စိတ် နှလုံးအလိုသို့ လိုက်၍ သစ္စာ စောင့်သော ယဇ်ပုရောဟိတ် ကို ငါပေါ်ထွန်း စေမည်။ မြဲ သောအိမ် ကို သူ့ အဘို့ ငါဆောက် ပေးသဖြင့် ၊ သူသည် ငါ့ ထံ၌ ဘိသိက် ခံသောသူရှေ့ မှာ အစဉ် သွား လာရလိမ့်မည်။
36 ၃၆ အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။
၃၆သင် ၏ အမျိုး ၌ ကျန် ကြွင်းသော သူတိုင်း သူ့ ထံသို့ လာ ၍၊ ကျွန်တော်သည် မုန့် အနည်းငယ် ကို စားရမည် အကြောင်း၊ ယဇ် ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ၌ ကျွန်တော် ကို စေခိုင်းပါလော့ ဟု ငွေ စ ၊ မုန့် စ ကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။