< ၁ ဓမ္မရာဇဝင် 2 >

1 ဟန္န​သည်​ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်​မ​အား​စိတ်​ရွှင်​လန်း စေ​တော်​မူ​ပြီ။ ကျွန်​မ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို​ထောက်​၍​ဝမ်း​မြောက်​ပါ​၏။ ကျွန်​မ​သည်​ရန်​သူ​တို့​အား​ပြက်​ရယ်​ပြု​ခွင့် ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ကျွန်​မ​ကို​ကူ​မ​တော်​မူ​ပြီ ဖြစ်​၍ ကျွန်​မ​သည်​စိတ်​ရွှင်​လန်း​ပါ​၏။
וַתִּתְפַּלֵּ֤ל חַנָּה֙ וַתֹּאמַ֔ר עָלַ֤ץ לִבִּי֙ בַּֽיהוָ֔ה רָ֥מָה קַרְנִ֖י בַּֽיהוָ֑ה רָ֤חַב פִּי֙ עַל־אֹ֣ויְבַ֔י כִּ֥י שָׂמַ֖חְתִּי בִּישׁוּעָתֶֽךָ׃
2 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။
אֵין־קָדֹ֥ושׁ כַּיהוָ֖ה כִּ֣י אֵ֣ין בִּלְתֶּ֑ךָ וְאֵ֥ין צ֖וּר כֵּאלֹהֵֽינוּ׃
3 ထာ​ဝ​ရ​ဘု​ရား​သည်​သဗ္ဗ​ညု​တ​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​၍၊ လူ​တို့​ပြု​သော​အ​မှု​ရှိ​သ​မျှ​ကို​စစ်​ဆေး စီ​ရင်​တော်​မူ​သည်​ဖြစ်​ရာ၊ သင်​တို့​သည်​ကျယ်​လောင်​စွာ​ကြွား​ဝါ​မှု​ကို မ​ပြု​ကြ​နှင့်။ မောက်​မာ​သော​စ​ကား​ကို​နှုတ်​မှ​မ​ထွက်​စေ​နှင့်။
אַל־תַּרְבּ֤וּ תְדַבְּרוּ֙ גְּבֹהָ֣ה גְבֹהָ֔ה יֵצֵ֥א עָתָ֖ק מִפִּיכֶ֑ם כִּ֣י אֵ֤ל דֵּעֹות֙ יְהוָ֔ה וְלֹא (וְלֹ֥ו) נִתְכְּנ֖וּ עֲלִלֹֽות׃
4 ခွန်​အား​ကြီး​သော​စစ်​သူ​ရဲ​များ​၏​လေး​တို့​သည် ကျိုး​ပဲ့​ကုန်​လျက်၊အား​အင်​ချည့်​နဲ့​သူ​တို့​သည် ခွန်​အား​ကြီး​မား​လာ​ကြ​၏။
קֶ֥שֶׁת גִּבֹּרִ֖ים חַתִּ֑ים וְנִכְשָׁלִ֖ים אָ֥זְרוּ חָֽיִל׃
5 အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။
שְׂבֵעִ֤ים בַּלֶּ֙חֶם֙ נִשְׂכָּ֔רוּ וּרְעֵבִ֖ים חָדֵ֑לּוּ עַד־עֲקָרָה֙ יָלְדָ֣ה שִׁבְעָ֔ה וְרַבַּ֥ת בָּנִ֖ים אֻמְלָֽלָה׃
6 ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။ (Sheol h7585)
יְהוָ֖ה מֵמִ֣ית וּמְחַיֶּ֑ה מֹורִ֥יד שְׁאֹ֖ול וַיָּֽעַל׃ (Sheol h7585)
7 ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​ဆင်း​ရဲ​စေ​၍ အ​ချို့​တို့​ကို​ချမ်း​သာ​စေ​တော်​မူ​၏။ အ​ချို့​တို့​ကို​နှိမ့်​ချ​၍​အ​ချို့​တို့​ကို​ချီး မြှင့်​တော်​မူ​၏။
יְהוָ֖ה מֹורִ֣ישׁ וּמַעֲשִׁ֑יר מַשְׁפִּ֖יל אַף־מְרֹומֵֽם׃
8 ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။
מֵקִ֨ים מֵעָפָ֜ר דָּ֗ל מֵֽאַשְׁפֹּת֙ יָרִ֣ים אֶבְיֹ֔ון לְהֹושִׁיב֙ עִם־נְדִיבִ֔ים וְכִסֵּ֥א כָבֹ֖וד יַנְחִלֵ֑ם כִּ֤י לַֽיהוָה֙ מְצֻ֣קֵי אֶ֔רֶץ וַיָּ֥שֶׁת עֲלֵיהֶ֖ם תֵּבֵֽל׃
9 ``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။
רַגְלֵ֤י חֲסִידֹו (חֲסִידָיו֙) יִשְׁמֹ֔ר וּרְשָׁעִ֖ים בַּחֹ֣שֶׁךְ יִדָּ֑מּוּ כִּֽי־לֹ֥א בְכֹ֖חַ יִגְבַּר־אִֽישׁ׃
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ​များ​သည်​ချေ​မှုန်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​အ​ပေါ်​ကောင်း​ကင်​မှ​မိုး​ချုန်း စေ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​တစ်​ခု​လုံး​ကို တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​ရွေး​ချယ်​ခန့်​ထား​တော် မူ​သော ဘု​ရင်​အား၊တန်​ခိုး​နှင့်​ပြည့်​စုံ​စေ​၍ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​သူ​အား အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။''
יְהוָ֞ה יֵחַ֣תּוּ מְרִיבֹו (מְרִיבָ֗יו) עָלֹו (עָלָיו֙) בַּשָּׁמַ֣יִם יַרְעֵ֔ם יְהוָ֖ה יָדִ֣ין אַפְסֵי־אָ֑רֶץ וְיִתֶּן־עֹ֣ז לְמַלְכֹּ֔ו וְיָרֵ֖ם קֶ֥רֶן מְשִׁיחֹֽו׃ פ
11 ၁၁ ထို​နောက်​ဧ​လ​ကာ​န​သည် ရာ​မ​မြို့​ရှိ​မိ​မိ​၏​နေ အိမ်​သို့​ပြန်​လေ​၏။ သို့​ရာ​တွင်​သူ​ငယ်​ရှ​မွေ​လ မူ​ကား​ရှိ​လော​မြို့​တွင်​နေ​ရစ်​၍ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​၏​လက်​အောက်​၌​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လေ​၏။
וַיֵּ֧לֶךְ אֶלְקָנָ֛ה הָרָמָ֖תָה עַל־בֵּיתֹ֑ו וְהַנַּ֗עַר הָיָ֤ה מְשָׁרֵת֙ אֶת־יְהוָ֔ה אֶת־פְּנֵ֖י עֵלִ֥י הַכֹּהֵֽן׃
12 ၁၂ ဧ​လိ​၏​သား​တို့​သည်​သူ​ယုတ်​မာ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း ကောင်း၊-
וּבְנֵ֥י עֵלִ֖י בְּנֵ֣י בְלִיָּ֑עַל לֹ֥א יָדְע֖וּ אֶת־יְהוָֽה׃
13 ၁၃ လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-
וּמִשְׁפַּ֥ט הַכֹּהֲנִ֖ים אֶת־הָעָ֑ם כָּל־אִ֞ישׁ זֹבֵ֣חַ זֶ֗בַח וּבָ֨א נַ֤עַר הַכֹּהֵן֙ כְּבַשֵּׁ֣ל הַבָּשָׂ֔ר וְהַמַּזְלֵ֛ג שְׁלֹ֥שׁ־הַשִּׁנַּ֖יִם בְּיָדֹֽו׃
14 ၁၄ ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-
וְהִכָּ֨ה בַכִּיֹּ֜ור אֹ֣ו בַדּ֗וּד אֹ֤ו בַקַּלַּ֙חַת֙ אֹ֣ו בַפָּר֔וּר כֹּ֚ל אֲשֶׁ֣ר יַעֲלֶ֣ה הַמַּזְלֵ֔ג יִקַּ֥ח הַכֹּהֵ֖ן בֹּ֑ו כָּ֚כָה יַעֲשׂ֣וּ לְכָל־יִשְׂרָאֵ֔ל הַבָּאִ֥ים שָׁ֖ם בְּשִׁלֹֽה׃
15 ၁၅ ထို့​အ​ပြင်​ဆီ​ဥ​ကို​မီး​မ​ရှို့​ရ​မီ​ယဇ်​ပု​ရော ဟိတ်​၏​အ​စေ​ခံ​သည် လာ​၍​ယဇ်​ပူ​ဇော်​နေ​သူ အား``ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ကင်​ပေး​နိုင်​ရန် အ​သား​အ​နည်း​ငယ်​ကို​ပေး​ပါ​လော့။ ယဇ် ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး​အ​သား​ကို​အ​လို မ​ရှိ။ အ​သား​စိမ်း​ကို​သာ​အ​လို​ရှိ​၏'' ဟု ပြော​ဆို​တောင်း​ခံ​တတ်​လေ​သည်။
גַּם֮ בְּטֶרֶם֮ יַקְטִר֣וּן אֶת־הַחֵלֶב֒ וּבָ֣א ׀ נַ֣עַר הַכֹּהֵ֗ן וְאָמַר֙ לָאִ֣ישׁ הַזֹּבֵ֔חַ תְּנָ֣ה בָשָׂ֔ר לִצְלֹ֖ות לַכֹּהֵ֑ן וְלֹֽא־יִקַּ֧ח מִמְּךָ֛ בָּשָׂ֥ר מְבֻשָּׁ֖ל כִּ֥י אִם־חָֽי׃
16 ၁၆ အ​ကယ်​၍​ယဇ်​ပူ​ဇော်​နေ​သူ​က``ငါ​တို့​သည် ထုံး​စံ​ရှိ​သည်​အ​တိုင်း​ဆီ​ဥ​ကို​ဦး​စွာ​မီး​ရှို့ ပူ​ဇော်​ပြီး​မှ သင်​နှစ်​သက်​ရာ​အ​သား​ကို​ယူ ပါ​လေ'' ဟု​ဆို​ခဲ့​သော်​ယဇ်​ပု​ရော​ဟိတ်​အ​စေ​ခံ သည်``အ​သား​ကို​ယ​ခု​ငါ့​အား​ပေး​လော့။ မ​ပေး လျှင်​အ​တင်း​အ​ဋ္ဌမ္မ​ယူ​ရ​လိမ့်​မည်'' ဟု​ဆို တတ်​၏။
וַיֹּ֨אמֶר אֵלָ֜יו הָאִ֗ישׁ קַטֵּ֨ר יַקְטִיר֤וּן כַּיֹּום֙ הַחֵ֔לֶב וְקַ֨ח־לְךָ֔ כַּאֲשֶׁ֥ר תְּאַוֶּ֖ה נַפְשֶׁ֑ךָ וְאָמַ֥ר ׀ לֹו (לֹא֙) כִּ֚י עַתָּ֣ה תִתֵּ֔ן וְאִם־לֹ֖א לָקַ֥חְתִּי בְחָזְקָֽה׃
17 ၁၇ ဧ​လိ​၏​သား​တို့​ဤ​သို့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​လွန်​စွာ​အ​ပြစ် ကြီး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​သော​ပူ​ဇော် သ​ကာ​များ​ကို​မ​ခန့်​မ​ညား​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။
וַתְּהִ֨י חַטַּ֧את הַנְּעָרִ֛ים גְּדֹולָ֥ה מְאֹ֖ד אֶת־פְּנֵ֣י יְהוָ֑ה כִּ֤י נִֽאֲצוּ֙ הָֽאֲנָשִׁ֔ים אֵ֖ת מִנְחַ֥ת יְהוָֽה׃
18 ၁၈ ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။-
וּשְׁמוּאֵ֕ל מְשָׁרֵ֖ת אֶת־פְּנֵ֣י יְהוָ֑ה נַ֕עַר חָג֖וּר אֵפֹ֥וד בָּֽד׃
19 ၁၉ သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။-
וּמְעִ֤יל קָטֹן֙ תַּעֲשֶׂה־לֹּ֣ו אִמֹּ֔ו וְהַעַלְתָ֥ה לֹ֖ו מִיָּמִ֣ים ׀ יָמִ֑ימָה בַּֽעֲלֹותָהּ֙ אֶת־אִישָׁ֔הּ לִזְבֹּ֖חַ אֶת־זֶ֥בַח הַיָּמִֽים׃
20 ၂၀ ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။
וּבֵרַ֨ךְ עֵלִ֜י אֶת־אֶלְקָנָ֣ה וְאֶת־אִשְׁתֹּ֗ו וְאָמַר֙ יָשֵׂם֩ יְהוָ֨ה לְךָ֥ זֶ֙רַע֙ מִן־הָאִשָּׁ֣ה הַזֹּ֔את תַּ֚חַת הַשְּׁאֵלָ֔ה אֲשֶׁ֥ר שָׁאַ֖ל לַֽיהוָ֑ה וְהָלְכ֖וּ לִמְקֹמֹֽו׃
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။
כִּֽי־פָקַ֤ד יְהוָה֙ אֶת־חַנָּ֔ה וַתַּ֛הַר וַתֵּ֥לֶד שְׁלֹשָֽׁה־בָנִ֖ים וּשְׁתֵּ֣י בָנֹ֑ות וַיִּגְדַּ֛ל הַנַּ֥עַר שְׁמוּאֵ֖ל עִם־יְהוָֽה׃ ס
22 ၂၂ ယ​ခု​အ​ခါ​၌​ဧ​လိ​သည်​လွန်​စွာ​အို​မင်း​လျက် ရှိ​၏။ မိ​မိ​၏​သား​များ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြု​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​ဝင်​ဝ​၌ အ​လုပ်​တာ​ဝန်​ကျ​သူ​အ​မျိုး​သ​မီး များ​နှင့်​ပင်​မှား​ယွင်း​ကြ​ကြောင်း​ကို​လည်း ကောင်း​ဧ​လိ​ကြား​သိ​ရ​သည်။-
וְעֵלִ֖י זָקֵ֣ן מְאֹ֑ד וְשָׁמַ֗ע אֵת֩ כָּל־אֲשֶׁ֨ר יַעֲשׂ֤וּן בָּנָיו֙ לְכָל־יִשְׂרָאֵ֔ל וְאֵ֤ת אֲשֶֽׁר־יִשְׁכְּבוּן֙ אֶת־הַנָּשִׁ֔ים הַצֹּ֣בְאֹ֔ות פֶּ֖תַח אֹ֥הֶל מֹועֵֽד׃
23 ၂၃ ထို့​ကြောင့်​ဧ​လိ​က``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​တို့​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု သည့်​ဒု​စ​ရိုက်​ကို​လူ​တိုင်း​ပင်​ပြော​ကြား လျက်​ရှိ​၏။-
וַיֹּ֣אמֶר לָהֶ֔ם לָ֥מָּה תַעֲשׂ֖וּן כַּדְּבָרִ֣ים הָאֵ֑לֶּה אֲשֶׁ֨ר אָנֹכִ֤י שֹׁמֵ֙עַ֙ אֶת־דִּבְרֵיכֶ֣ם רָעִ֔ים מֵאֵ֖ת כָּל־הָעָ֥ם אֵֽלֶּה׃
24 ၂၄ ငါ့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော် တို့​ပြော​ဆို​နေ​ကြ​သော​အ​ကြောင်း​မှာ ဆိုး ရွား​လှ​ပါ​သည်​တ​ကား။-
אַ֖ל בָּנָ֑י כִּ֠י לֹֽוא־טֹובָ֤ה הַשְּׁמֻעָה֙ אֲשֶׁ֣ר אָנֹכִ֣י שֹׁמֵ֔עַ מַעֲבִרִ֖ים עַם־יְהוָֽה׃
25 ၂၅ လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။
אִם־יֶחֱטָ֨א אִ֤ישׁ לְאִישׁ֙ וּפִֽלְלֹ֣ו אֱלֹהִ֔ים וְאִ֤ם לַֽיהוָה֙ יֽ͏ֶחֱטָא־אִ֔ישׁ מִ֖י יִתְפַּלֶּל־לֹ֑ו וְלֹ֤א יִשְׁמְעוּ֙ לְקֹ֣ול אֲבִיהֶ֔ם כִּֽי־חָפֵ֥ץ יְהוָ֖ה לַהֲמִיתָֽם׃
26 ၂၆ သူ​ငယ်​ရှ​မွေ​လ​သည်​ဆက်​လက်​ကြီး​ပြင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​လူ​တို့​ရှေ့​၌​မျက်​နှာ ရ​လေ​၏။
וְהַנַּ֣עַר שְׁמוּאֵ֔ל הֹלֵ֥ךְ וְגָדֵ֖ל וָטֹ֑וב גַּ֚ם עִם־יְהוָ֔ה וְגַ֖ם עִם־אֲנָשִֽׁים׃ ס
27 ၂၇ ပ​ရော​ဖက်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ မှ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ရန် ဧ​လိ​ထံ​သို့ ရောက်​ရှိ​လာ​၏။ ထို​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ ``သင်​၏​ဘိုး​ဘေး​အာ​ရုန်​နှင့်​အိမ်​ထောင် စု​သား​တို့​သည် အီ​ဂျစ်​ဘု​ရင်​ထံ​တွင်​ကျွန်​ခံ နေ​ရ​စဉ်​အ​ခါ​က​ငါ​သည်​အာ​ရုန်​အား ထင်​ရှား​ခဲ့​၏။-
וַיָּבֹ֥א אִישׁ־אֱלֹהִ֖ים אֶל־עֵלִ֑י וַיֹּ֣אמֶר אֵלָ֗יו כֹּ֚ה אָמַ֣ר יְהוָ֔ה הֲנִגְלֹ֤ה נִגְלֵ֙יתִי֙ אֶל־בֵּ֣ית אָבִ֔יךָ בִּֽהְיֹותָ֥ם בְּמִצְרַ֖יִם לְבֵ֥ית פַּרְעֹֽה׃
28 ၂၈ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ရှိ​သ​မျှ တို့​အ​နက် သူ​၏​အိမ်​ထောင်​စု​ကို​ငါ​၏​ယဇ် ပလ္လင်​ပေါ်​မှာ​ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် သင်​တိုင်း​ကို​ဝတ်​ဆင်​ခြင်း​အ​မှု​တို့​ကို​ဆောင် ရွက်​ရန်​အ​တွက် ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ခန့်​ထား​ခဲ့​၏။ ထို့​ပြင် ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ် ကောင်​များ​မှ​ဝေ​စု​ကို​ရ​ယူ​နိုင်​ခွင့်​ကို လည်း သူ​တို့​အား​ငါ​ပေး​ထား​၏။-
וּבָחֹ֣ר אֹ֠תֹו מִכָּל־שִׁבְטֵ֨י יִשְׂרָאֵ֥ל לִי֙ לְכֹהֵ֔ן לַעֲלֹ֣ות עַֽל־מִזְבְּחִ֗י לְהַקְטִ֥יר קְטֹ֛רֶת לָשֵׂ֥את אֵפֹ֖וד לְפָנָ֑י וָֽאֶתְּנָה֙ לְבֵ֣ית אָבִ֔יךָ אֶת־כָּל־אִשֵּׁ֖י בְּנֵ֥י יִשְׂרָאֵֽל׃
29 ၂၉ သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။-
לָ֣מָּה תִבְעֲט֗וּ בְּזִבְחִי֙ וּבְמִנְחָתִ֔י אֲשֶׁ֥ר צִוִּ֖יתִי מָעֹ֑ון וַתְּכַבֵּ֤ד אֶת־בָּנֶ֙יךָ֙ מִמֶּ֔נִּי לְהַבְרִֽיאֲכֶ֗ם מֵרֵאשִׁ֛ית כָּל־מִנְחַ֥ת יִשְׂרָאֵ֖ל לְעַמִּֽי׃
30 ၃၀ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-
לָכֵ֗ן נְאֻם־יְהוָה֮ אֱלֹהֵ֣י יִשְׂרָאֵל֒ אָמֹ֣ור אָמַ֔רְתִּי בֵּֽיתְךָ֙ וּבֵ֣ית אָבִ֔יךָ יִתְהַלְּכ֥וּ לְפָנַ֖י עַד־עֹולָ֑ם וְעַתָּ֤ה נְאֻם־יְהוָה֙ חָלִ֣ילָה לִּ֔י כִּֽי־מְכַבְּדַ֥י אֲכַבֵּ֖ד וּבֹזַ֥י יֵקָֽלּוּ׃
31 ၃၁ နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-
הִנֵּה֙ יָמִ֣ים בָּאִ֔ים וְגָֽדַעְתִּי֙ אֶת־זְרֹ֣עֲךָ֔ וְאֶת־זְרֹ֖עַ בֵּ֣ית אָבִ֑יךָ מִֽהְיֹ֥ות זָקֵ֖ן בְּבֵיתֶֽךָ׃
32 ၃၂ သင်​သည်​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ ကို​မြင်​၍ စိတ်​ပျက်​လျက်​မ​နာ​လို​စိတ်​ဖြစ် လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အိမ်​ထောင်​စု​မှ အ​ဘယ်​သူ​မျှ အို​မင်း​သည်​တိုင်​အောင်​နေ​ရ တော့​မည်​မ​ဟုတ်။-
וְהִבַּטְתָּ֙ צַ֣ר מָעֹ֔ון בְּכֹ֥ל אֲשֶׁר־יֵיטִ֖יב אֶת־יִשְׂרָאֵ֑ל וְלֹֽא־יִהְיֶ֥ה זָקֵ֛ן בְּבֵיתְךָ֖ כָּל־הַיָּמִֽים׃
33 ၃၃ သို့​သော်​ငါ​သည်​သင်​၏​အိမ်​ထောင်​စု​သား တစ်​ဦး​ကို​မူ​အ​သက်​ရှင်​စေ​မည်။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ရ​မည်​ဖြစ်​သော်​လည်း မျက် စိ​ကွယ်​ပြီး​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက်​နေ​လိမ့် မည်။ သင်​၏​အ​ခြား​သား​မြေး​မှန်​သ​မျှ​တို့ သည်​သေ​ခြင်း​ဆိုး​နှင့်​သေ​ရ​ကြ​လိမ့်​မည်။-
וְאִ֗ישׁ לֹֽא־אַכְרִ֤ית לְךָ֙ מֵעִ֣ם מִזְבְּחִ֔י לְכַלֹּ֥ות אֶת־עֵינֶ֖יךָ וְלַאֲדִ֣יב אֶת־נַפְשֶׁ֑ךָ וְכָל־מַרְבִּ֥ית בֵּיתְךָ֖ יָמ֥וּתוּ אֲנָשִֽׁים׃
34 ၃၄ သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-
וְזֶה־לְּךָ֣ הָאֹ֗ות אֲשֶׁ֤ר יָבֹא֙ אֶל־שְׁנֵ֣י בָנֶ֔יךָ אֶל־חָפְנִ֖י וּפִֽינְחָ֑ס בְּיֹ֥ום אֶחָ֖ד יָמ֥וּתוּ שְׁנֵיהֶֽם׃
35 ၃၅ ငါ့​အား​သစ္စာ​စောင့်​၍​ငါ​ပြု​စေ​လို​သည့်​အ​တိုင်း ပြု​မည့်​ယဇ်​ပု​ရော​ဟိတ်​တစ်​ဦး​ကို​ငါ​ရွေး​ချယ် မည်။ သူ့​အား​သား​မြေး​များ​ထွန်း​ကား​စေ​မည်။ ထို​သူ​တို့​သည်​ငါ​ဘိ​သိက်​ပေး​သည့်​ဘု​ရင် ရှေ့​မှောက်​တွင်​အ​စဉ်​အ​မြဲ​အ​မှု​ထမ်း​ရ​ကြ လိမ့်​မည်။-
וַהֲקִימֹתִ֥י לִי֙ כֹּהֵ֣ן נֶאֱמָ֔ן כַּאֲשֶׁ֛ר בִּלְבָבִ֥י וּבְנַפְשִׁ֖י יַעֲשֶׂ֑ה וּבָנִ֤יתִי לֹו֙ בַּ֣יִת נֶאֱמָ֔ן וְהתְהַלֵּ֥ךְ לִפְנֵֽי־מְשִׁיחִ֖י כָּל־הַיָּמִֽים׃
36 ၃၆ အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သည့်​သင်​၏​သား​မြေး မှန်​သ​မျှ​သည် ထို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရောက်​၍ ကြေး​ငွေ​နှင့်​အ​စား​အ​စာ​တို့​ကို​အ​သ နား​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​စား​အ​စာ ရ​ရှိ​ရေး​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​အ​မှု ဆောင်​ရာ​၌​ပါ​ဝင်​ကူ​ညီ​ခွင့်​ရ​ရှိ​ရန်​တောင်း ပန်​အ​သ​နား​ခံ​ရ​ကြ​လိမ့်​မည်။
וְהָיָ֗ה כָּל־הַנֹּותָר֙ בְּבֵ֣יתְךָ֔ יָבֹוא֙ לְהִשְׁתַּחֲוֹ֣ת לֹ֔ו לַאֲגֹ֥ורַת כֶּ֖סֶף וְכִכַּר־לָ֑חֶם וְאָמַ֗ר סְפָחֵ֥נִי נָ֛א אֶל־אַחַ֥ת הַכְּהֻנֹּ֖ות לֶאֱכֹ֥ל פַּת־לָֽחֶם׃ ס

< ၁ ဓမ္မရာဇဝင် 2 >