< ၁ ဓမ္မရာဇဝင် 19 >
1 ၁ ဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊-
И Саул говори Јонатану сину свом и свим слугама својим да убију Давида; али Јонатан син Саулов љубљаше веома Давида.
2 ၂ ``အကျွန်ုပ်၏ခမည်းတော်သည်သင့်အား သေကြောင်းကြံလေပြီ။ နက်ဖြန်နံနက်၌ သတိနှင့်ပုန်းရှောင်၍နေလော့။-
И јави Јонатан Давиду и рече му: Саул, отац мој, тражи да те убије; него се чувај сутра, склони се гдегод и прикриј се.
3 ၃ ငါသည်သင်ရှိရာလယ်ကွင်းထဲသို့သွား၍ ခမည်း တော်အနီးတွင်ရပ်လျက်သင့်အကြောင်းကိုပြော ပြမည်။ သူ့ထံမှသတင်းတစ်စုံတစ်ရာရရှိ ပါက သင့်အားပြောကြားပါမည်'' ဟုဆို၏။
А ја ћу изаћи и стајаћу поред оца свог у пољу где ти будеш, и говорићу о теби с оцем својим, и шта дознам јавићу ти.
4 ၄ ယောနသန်သည်ခမည်းတော်ရှောလုထံ ဒါဝိဒ် ၏ဂုဏ်ကိုချီးကူးပြောဆို၏။ ထိုနောက်``အရှင်၊ အရှင့်အစေခံဒါဝိဒ်ကိုပြစ်မှားတော်မမူ ပါနှင့်။ သူသည်အရှင်ကိုအဘယ်အခါက မျှမပြစ်မှားခဲ့ပါ။ သူပြုလေသမျှအမှု များအားဖြင့် အရှင့်အတွက်အထောက်အကူ များစွာဖြစ်စေခဲ့ပါ၏။-
И Јонатан проговори за Давида Саулу оцу свом, и рече му: Да се не огреши цар о слугу свог Давида, јер се он није огрешио о тебе, него је још врло добро за те шта је чинио.
5 ၅ သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။
Јер није марио за живот свој и побио је Филистеје, и Господ учини спасење велико свему Израиљу; видео си и радовао си се; па зашто би се огрешио о крв праву и убио Давида низашта?
6 ၆ ယောနသန်၏စကားများမှန်ကန်ကြောင်းကို ရှောလုကောင်းစွာသဘောပေါက်သဖြင့် မိမိ သည်ဒါဝိဒ်အားသေကြောင်းကြံစည်တော့မည် မဟုတ်ကြောင်းကို ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကတိသစ္စာပြုတော်မူ၏။-
И послуша Саул Јонатана, и закле се Саул: Тако жив био Господ, неће погинути.
7 ၇ ထို့ကြောင့်ယောနသန်သည်ဒါဝိဒ်ကိုခေါ်၍ အလုံးစုံကိုပြောကြားပြီးလျှင် ရှောလုထံ သို့ခေါ်ဆောင်သွား၏။ ဒါဝိဒ်သည်လည်းယခင် ကကဲ့သို့ဘုရင်၏ထံတွင်ခစားလေ၏။
Тада Јонатан дозва Давида, и каза му Јонатан све ово; и доведе Јонатан Давида к Саулу, и опет би пред њим као пре.
8 ၈ ဖိလိတ္တိအမျိုးသားတို့နှင့်တစ်ဖန်စစ်ဖြစ် ပြန်၏။ ဒါဝိဒ်သည်သူတို့အားပြင်းထန်စွာ တိုက်ခိုက်နှိမ်နင်းလိုက်သဖြင့် သူတို့သည် ထွက်ပြေးကြကုန်၏။
И наста опет рат, и Давид изађе и поби се с Филистејима, и разби их веома, те бежаше од њега.
9 ၉ တစ်နေ့သ၌ထာဝရဘုရားထံတော်မှ နတ် မိစ္ဆာသည်ရှောလုအားပူးဝင်လာ၏။ ရှောလု သည်လှံတံတော်ကိုကိုင်၍နန်းတော်တွင် ထိုင်လျက်နေတော်မူ၏။ ဒါဝိဒ်ကားစောင်း တီးလျက်နေ၏။-
Потом зли дух Господњи нападе Саула кад сеђаше код куће и држаше копље у руци, а Давид удараше руком о гусле.
10 ၁၀ ရှောလုသည်မိမိ၏လှံတံတော်ဖြင့်ဒါဝိဒ် အားနံရံတွင်ကပ်၍နေအောင်ထိုးလိုက် သော်လည်း ဒါဝိဒ်ရှောင်တိမ်းလိုက်သဖြင့် လှံတံသည်နံရံတွင်စိုက်လျက်နေ၏။ ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားလေသည်။
И Саул хтеде Давида копљем приковати за зид, али се он измаче Саулу, те копље удари у зид, а Давид побеже и избави се ону ноћ.
11 ၁၁ ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-
А Саул посла људе ка кући Давидовој да га чувају и ујутру убију. А то јави Давиду жена његова Михала говорећи: Ако ноћас не избавиш душу своју, ујутру ћеш погинути.
12 ၁၂ ဒါဝိဒ်ကိုပြူတင်းပေါက်မှလျောချပေးလေ သည်။ ဒါဝိဒ်သည်ထွက်ပြေးလွတ်မြောက်သွား ၏။-
Тада Михала спусти Давида кроз прозор, те отиде и побеже и избави се.
13 ၁၃ ထိုနောက်မိခါလသည်အိမ်စောင့်နတ်ရုပ်ကို ယူပြီးလျှင် အိပ်ရာပေါ်မှာတင်၍ဆိတ်မွေး ခေါင်းအုံးတစ်လုံးနှင့်သိပ်ထား၏။ ထိုနောက် စောင်ခြုံပေးထား၏။-
А Михала узе лик, и метну га у постељу, и метну му под главу узглавље од кострети, и покри га хаљином.
14 ၁၄ ရှောလု၏လူတို့သည်ဒါဝိဒ်အားဖမ်းဆီး ရန်လာကြသောအခါ မိခါလက``ဒါဝိဒ် ဖျားနေပါသည်'' ဟုဆို၏။-
И кад Саул посла људе да ухвате Давида, она рече: Болестан је.
15 ၁၅ သို့ရာတွင်ရှောလုသည်မိမိလူတို့ကိုတစ် ဖန်စေလွှတ်လျက်``သင်တို့ကိုယ်တိုင်ဒါဝိဒ်ကို ဝင်ကြည့်ကြလော့။ သူ့ကိုအိပ်ရာနှင့်တကွ ယခုပင်ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။ သူ့ကိုငါကိုယ်တိုင်သတ်မည်'' ဟုဆို၏။-
А Саул посла опет људе да виде Давида говорећи: Донесите ми га у постељи да га погубим.
16 ၁၆ သူတို့သည်အိပ်ခန်းထဲသို့ဝင်ကြည့်ကြသော အခါ ဆိတ်မွေးခေါင်းအုံးနှင့်သိပ်ထားသော အိမ်စောင့်နတ်ရုပ်ကိုအိပ်ရာပေါ်တွင်တွေ့ရှိ ကြ၏။-
А кад дођоше послани, гле, лик у постељи и узглавље од кострети под главом му.
17 ၁၇ ရှောလုကမိခါလအား``သင်သည်အဘယ် ကြောင့်ငါ့အားဤသို့လှည့်စား၍ ငါ့ရန်သူ ကိုထွက်ပြေးစေပါသနည်း''ဟုမေးတော် မူလျှင်၊ မိခါလက``သူ့အားလွတ်မြောက်အောင်မကူ ညီလျှင် ကျွန်မအားသတ်ပစ်မည်ဟုဆိုသော ကြောင့်ဖြစ်ပါသည်'' ဟုလျှောက်၏။
И рече Саул Михали: Што ме тако превари и пусти непријатеља мог да утече? А Михала рече Саулу: Он ми рече: Пусти ме, или ћу те убити.
18 ၁၈ ဒါဝိဒ်သည်ယင်းသို့ထွက်ပြေးလွတ်မြောက်သွား ပြီးလျှင် ရာမမြို့ရှိရှမွေလထံသို့သွား၍ မိမိ အားရှောလုပြုသမျှသောအမှုတို့ကို ပြောပြ၏။ ထိုနောက်သူနှင့်ရှမွေလတို့သည် နာယုတ်ရွာသို့သွားရောက်နေထိုင်ကြ၏။-
Тако Давид побеже и избави се, и дође к Самуилу у Раму, и приповеди му све што му је учинио Саул. И отидоше он и Самуило, и осташе у Најоту.
19 ၁၉ ရှောလုသည်ရာမမြို့အပိုင်နာယုတ်ရွာတွင် ဒါဝိဒ်ရှိနေကြောင်းသတင်းရသဖြင့်၊-
А Саулу дође глас и рекоше му: Ено Давида у Најоту у Рами.
20 ၂၀ သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-
Тада посла Саул људе да ухвате Давида; и они видеше збор пророка где пророкују, а Самуило им старешина. И дух Господњи дође на посланике Саулове, те и они пророковаху.
21 ၂၁ ဤအကြောင်းကိုရှောလုကြားသောအခါ စေတမန်များကိုထပ်မံ၍လွှတ်လိုက်ပြန်၏။ သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။ ရှောလု သည်တတိယအကြိမ်စေတမန်များကို လွှတ်လိုက်သောအခါ၌လည်း ဤနည်း အတိုင်းပင်ဖြစ်ပျက်ပြန်လေသည်။-
А кад то јавише Саулу, он посла друге посланике, али и они пророковаху; те Саул опет посла треће посланике, али и они пророковаху.
22 ၂၂ ထိုအခါရှောလုသည်မိမိကိုယ်တိုင်ရာမ မြို့သို့ထွက်လာတော်မူ၏။ သူသည်စေခုရေ တွင်းကြီးသို့ရောက်ရှိလာသောအခါ ရှမွေလ နှင့်ဒါဝိဒ်တို့ရှိရာအရပ်ကိုမေးမြန်းစုံစမ်း ရာနာယုတ်ရွာတွင်ရှိနေကြကြောင်းသိရှိ တော်မူ၏။-
Тада сам пође у Раму, и кад дође на велики студенац који је у Сокоту, запита говорећи: Где је Самуило и Давид? И рекоше му: Ено их у Најоту у Рами.
23 ၂၃ ထိုရွာသို့ခရီးပြုနေခိုက်သူ၏အပေါ်သို့ လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက် တော်မူ၍ သူသည်တစ်လမ်းလုံးနာယုတ်ရွာ ရောက်သည်တိုင်အောင်ကခုန်အော်ဟစ်လျက် သွားလေသည်။-
И пође у Најот у Рами; али и на њега сиђе дух Божји, те идући даље пророкова докле дође у Најот у Рами.
24 ၂၄ သူသည်မိမိ၏အဝတ်များကိုချွတ်၍ ရှမွေလ၏ရှေ့တွင်လည်းကခုန်အော်ဟစ် သည်။ ထို့နောက်ယင်းနေ့တစ်နေ့လုံးနှင့်တစ်ည လုံးအဝတ်အချည်းစည်းနှင့်လဲလျက်နေ သည်။ (ဤနည်းအားဖြင့်ရှောလုပင်လျှင် ပရောဖက်ဖြစ်လေပြီလော'' ဟူသောဆို ရိုးစကားဖြစ်ပေါ်၍လာသတည်း။)
Па скиде и он хаљине своје са себе, и пророкова и он пред Самуилом, и паднувши лежаше го цео онај дан и сву ноћ. Стога се говори: Еда ли је и Саул међу пророцима?