< ၁ ဓမ္မရာဇဝင် 19 >

1 ဒါ​ဝိဒ်​အား​သတ်​ပစ်​ရန် မိ​မိ​ကြံ​စည်​တော်​မူ​ကြောင်း ရှော​လု​သည်​သား တော်​ယော​န​သန်​နှင့်​နန်း​တွင်း​အ​ရာ​ရှိ​အ​ပေါင်း တို့​အား​ပြော​ပြ​၏။ သို့​ရာ​တွင်​ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​အ​လွန်​ချစ်​ခင်​စွဲ​လန်း​သ​ဖြင့်၊-
Saul said to Jonathan his son and to all his servants that they should kill David. But Jonathan, Saul's son, took great pleasure in David.
2 ``အ​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့်​အား သေ​ကြောင်း​ကြံ​လေ​ပြီ။ နက်​ဖြန်​နံ​နက်​၌ သတိ​နှင့်​ပုန်း​ရှောင်​၍​နေ​လော့။-
So Jonathan told David, “Saul my father seeks to kill you. Therefore be on your guard in the morning and hide yourself in a secret place.
3 ငါ​သည်​သင်​ရှိ​ရာ​လယ်​ကွင်း​ထဲ​သို့​သွား​၍ ခ​မည်း တော်​အ​နီး​တွင်​ရပ်​လျက်​သင့်​အ​ကြောင်း​ကို​ပြော ပြ​မည်။ သူ့​ထံ​မှ​သ​တင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ ပါ​က သင့်​အား​ပြော​ကြား​ပါ​မည်'' ဟု​ဆို​၏။
I will go out and stand beside my father in the field where you are, and I will speak with my father about you. If I learn anything, I will tell you.”
4 ယော​န​သန်​သည်​ခ​မည်း​တော်​ရှော​လု​ထံ ဒါ​ဝိဒ် ၏​ဂုဏ်​ကို​ချီး​ကူး​ပြော​ဆို​၏။ ထို​နောက်``အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ပြစ်​မှား​တော်​မ​မူ ပါ​နှင့်။ သူ​သည်​အ​ရှင်​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြစ်​မှား​ခဲ့​ပါ။ သူ​ပြု​လေ​သ​မျှ​အ​မှု များ​အား​ဖြင့် အ​ရှင့်​အ​တွက်​အ​ထောက်​အ​ကူ များ​စွာ​ဖြစ်​စေ​ခဲ့​ပါ​၏။-
Jonathan spoke well of David to Saul his father and said to him, “Do not let the king sin against his servant David. For he has not sinned against you, and his deeds have brought you good.
5 သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။
For he took his life in his hand and killed the Philistine. Yahweh brought about a great victory for all Israel. You saw it and rejoiced. Why would you sin against innocent blood by killing David for no reason?”
6 ယော​န​သန်​၏​စ​ကား​များ​မှန်​ကန်​ကြောင်း​ကို ရှော​လု​ကောင်း​စွာ​သ​ဘော​ပေါက်​သ​ဖြင့် မိ​မိ သည်​ဒါ​ဝိဒ်​အား​သေ​ကြောင်း​ကြံ​စည်​တော့​မည် မ​ဟုတ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​တော်​မူ​၏။-
Saul listened to Jonathan. Saul swore, “As Yahweh lives, he will not be put to death.”
7 ထို့​ကြောင့်​ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​၍ အ​လုံး​စုံ​ကို​ပြော​ကြား​ပြီး​လျှင် ရှော​လု​ထံ သို့​ခေါ်​ဆောင်​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​ယ​ခင် က​ကဲ့​သို့​ဘု​ရင်​၏​ထံ​တွင်​ခ​စား​လေ​၏။
Then Jonathan called David, and Jonathan told him all these things. Jonathan brought David to Saul, and he was in his presence as before.
8 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တစ်​ဖန်​စစ်​ဖြစ် ပြန်​၏။ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ပြင်း​ထန်​စွာ တိုက်​ခိုက်​နှိမ်​နင်း​လိုက်​သ​ဖြင့် သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။
There was war again, and David went out and fought with the Philistines and defeated them with a great slaughter. They fled before him.
9 တစ်​နေ့​သ​၌​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နတ် မိစ္ဆာ​သည်​ရှော​လု​အား​ပူး​ဝင်​လာ​၏။ ရှော​လု သည်​လှံ​တံ​တော်​ကို​ကိုင်​၍​နန်း​တော်​တွင် ထိုင်​လျက်​နေ​တော်​မူ​၏။ ဒါ​ဝိဒ်​ကား​စောင်း တီး​လျက်​နေ​၏။-
A harmful spirit from Yahweh came on Saul as he sat in his house with his spear in his hand, and as David was playing his instrument.
10 ၁၀ ရှောလု​သည်​မိ​မိ​၏​လှံ​တံ​တော်​ဖြင့်​ဒါ​ဝိဒ် အား​နံ​ရံ​တွင်​ကပ်​၍​နေ​အောင်​ထိုး​လိုက် သော်​လည်း ဒါ​ဝိဒ်​ရှောင်​တိမ်း​လိုက်​သ​ဖြင့် လှံ​တံ​သည်​နံ​ရံ​တွင်​စိုက်​လျက်​နေ​၏။ ဒါ​ဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​လေ​သည်။
Saul tried to pin David to the wall with the spear, but he slipped away from Saul's presence, so that Saul drove the spear into the wall. David fled and escaped that night.
11 ၁၁ ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-
Saul sent messengers to David's house to watch him that he might kill him in the morning. Michal, David's wife, told him, “If you do not save your life tonight, tomorrow you will be killed.”
12 ၁၂ ဒါ​ဝိဒ်​ကို​ပြူ​တင်း​ပေါက်​မှ​လျော​ချ​ပေး​လေ သည်။ ဒါ​ဝိဒ်​သည်​ထွက်​ပြေး​လွတ်​မြောက်​သွား ၏။-
So Michal let David down through the window. He went and fled, and escaped.
13 ၁၃ ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-
Michal took a household idol and laid it in the bed. Then she put a pillow of goats' hair at its head, and covered it with the clothes.
14 ၁၄ ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။-
When Saul sent messengers to take David, she said, “He is sick.”
15 ၁၅ သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။-
Then Saul sent the messengers to see David; he said, “Bring him up to me in the bed, so that I may kill him.”
16 ၁၆ သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။-
When the messengers came in, behold, the household idol was in the bed along with the pillow of goats' hair at its head.
17 ၁၇ ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊ မိ​ခါ​လ​က``သူ့​အား​လွတ်​မြောက်​အောင်​မ​ကူ ညီ​လျှင် ကျွန်​မ​အား​သတ်​ပစ်​မည်​ဟု​ဆို​သော ကြောင့်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​၏။
Saul said to Michal, “Why have you deceived me and let my enemy go, so that he has escaped?” Michal answered Saul, “He said to me, 'Let me go. Why should I kill you?'”
18 ၁၈ ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။-
Now David fled and escaped, and went to Samuel in Ramah and told him all that Saul had done to him. Then he and Samuel went and stayed in Naioth.
19 ၁၉ ရှော​လု​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ်​ရွာ​တွင် ဒါ​ဝိဒ်​ရှိ​နေ​ကြောင်း​သ​တင်း​ရ​သ​ဖြင့်၊-
It was told to Saul, saying, “See, David is at Naioth in Ramah.”
20 ၂၀ သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-
Then Saul sent messengers to capture David. When they saw the company of the prophets prophesying, and Samuel standing as head over them, the Spirit of God came on the messengers of Saul, and they also prophesied.
21 ၂၁ ဤ​အ​ကြောင်း​ကို​ရှော​လု​ကြား​သော​အ​ခါ စေ​တ​မန်​များ​ကို​ထပ်​မံ​၍​လွှတ်​လိုက်​ပြန်​၏။ သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။ ရှော​လု သည်​တ​တိ​ယ​အ​ကြိမ်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​သော​အ​ခါ​၌​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ပြန်​လေ​သည်။-
When Saul was told this, he sent other messengers, and they also prophesied. So Saul sent messengers again the third time, and they also prophesied.
22 ၂၂ ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​ကိုယ်​တိုင်​ရာ​မ မြို့​သို့​ထွက်​လာ​တော်​မူ​၏။ သူ​သည်​စေ​ခု​ရေ တွင်း​ကြီး​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ရှ​မွေ​လ နှင့်​ဒါ​ဝိဒ်​တို့​ရှိ​ရာ​အ​ရပ်​ကို​မေး​မြန်း​စုံ​စမ်း ရာ​နာ​ယုတ်​ရွာ​တွင်​ရှိ​နေ​ကြ​ကြောင်း​သိ​ရှိ တော်​မူ​၏။-
Then he also went to Ramah and came to the deep well that is in Seku. He asked, “Where are Samuel and David?” Someone said, “See, they are at Naioth in Ramah.”
23 ၂၃ ထို​ရွာ​သို့​ခ​ရီး​ပြု​နေ​ခိုက်​သူ​၏​အ​ပေါ်​သို့ လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သက်​ရောက် တော်​မူ​၍ သူ​သည်​တစ်​လမ်း​လုံး​နာ​ယုတ်​ရွာ ရောက်​သည်​တိုင်​အောင်​က​ခုန်​အော်​ဟစ်​လျက် သွား​လေ​သည်။-
Saul went to Naioth in Ramah. Then the Spirit of God came upon him, and as he went he prophesied until he came to Naioth in Ramah.
24 ၂၄ သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ချွတ်​၍ ရှ​မွေ​လ​၏​ရှေ့​တွင်​လည်း​က​ခုန်​အော်​ဟစ် သည်။ ထို့​နောက်​ယင်း​နေ့​တစ်​နေ့​လုံး​နှင့်​တစ်ည လုံး​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လဲ​လျက်​နေ သည်။ (ဤ​နည်း​အား​ဖြင့်​ရှော​လု​ပင်​လျှင် ပ​ရော​ဖက်​ဖြစ်​လေ​ပြီ​လော'' ဟူ​သော​ဆို ရိုး​စ​ကား​ဖြစ်​ပေါ်​၍​လာ​သ​တည်း။)
He stripped off his clothes and also prophesied before Samuel. He lay naked all that day and all that night. This is why they ask, “Is Saul also among the prophets?”

< ၁ ဓမ္မရာဇဝင် 19 >