< ၁ ဓမ္မရာဇဝင် 18 >

1 ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-
다윗이 사울에게 말하기를 마치매 요나단의 마음이 다윗의 마음과 연락되어 요나단이 그를 자기 생명 같이 사랑하니라
2 ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။-
그 날에 사울은 다윗을 머무르게 하고 그 아비의 집으로 다시 돌아가기를 허락지 아니하였고
3 ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-
요나단은 다윗을 자기 생명 같이 사랑하여 더불어 언약을 맺었으며
4 သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-
요나단이 자기의 입었던 겉옷을 벗어 다윗에게 주었고 그 군복과 칼과 활과 띠도 그리하였더라
5 ဒါ​ဝိဒ်​သည်​ရှောလု​စေ​ခိုင်း​လေ​သ​မျှ​သော အ​မှု​ကိစ္စ​တို့​၌​အောင်​မြင်​သည်​သာ​ဖြစ်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သူ့​အား​တပ်​မ​တော် အ​ရာ​ရှိ​တစ်​ဦး​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​ကို​ရှော​လု​၏​အ​ရာ ရှိ​များ​နှင့်​ပြည်​သူ​ပြည်​သား​များ​က နှစ်​သက်​သ​ဘော​ကျ​ကြ​၏။
다윗이 사울의 보내는 곳마다 가서 지혜롭게 행하매 사울이 그로 군대의 장을 삼았더니 온 백성이 합당히 여겼고 사울의 신하들도 합당히 여겼더라
6 ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-
무리가 돌아올 때 곧 다윗이 블레셋 사람을 죽이고 돌아올 때에 여인들이 이스라엘 모든 성에서 나와서 노래하며 춤추며 소고와 경쇠를 가지고 왕 사울을 환영하는데
7 ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-
여인들이 뛰놀며 창화하여 가로되 `사울의 죽인 자는 천천이요, 다윗은 만만이로다' 한지라
8 ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊-
사울이 이 말에 불쾌하여 심히 노하여 가로되 `다윗에게는 만만을 돌리고 내게는 천천만 돌리니 그의 더 얻을 것이 나라 밖에 무엇이냐?'하고
9 ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။
그 날 후로 사울이 다윗을 주목하였더라
10 ၁၀ နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-
그 이튿날 하나님의 부리신 악신이 사울에게 힘있게 내리매 그가 집 가운데서 야료하는고로 다윗이 평일과 같이 손으로 수금을 타는데 때에 사울의 손에 창이 있는지라
11 ၁၁ ``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။
그가 스스로 이르기를 `내가 다윗을 벽에 박으리라' 하고 그 창을 던졌으나 다윗이 그 앞에서 두 번 피하였더라
12 ၁၂ ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။-
여호와께서 사울을 떠나 다윗과 함께 계시므로 사울이 그를 두려워한지라
13 ၁၃ သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊-
그러므로 사울이 그로 자기를 떠나게 하고 천부장을 삼으매 그가 백성 앞에 출입하며
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။-
그 모든 일을 지혜롭게 행하니라 여호와께서 그와 함께 계시니라
15 ၁၅ ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။-
사울이 다윗의 크게 지혜롭게 행함을 보고 그를 두려워하였으나
16 ၁၆ သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။
온 이스라엘과 유다는 다윗을 사랑하였으니 그가 자기들 앞에 출입함을 인함이었더라
17 ၁၇ ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။)
사울이 다윗에게 이르되 `내 맏딸 메랍을 네게 아내로 주리니 오직 너는 나를 위하여 용맹을 내어 여호와의 싸움을 싸우라' 하니 이는 그가 생각하기를 `내 손을 그에게 대지 말고 블레셋 사람의 손으로 그에게 대게 하리라' 함이라
18 ၁၈ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။-
다윗이 사울에게 이르되 `내가 누구며 이스라엘 중에 내 친속이나 내 아비의 집이 무엇이관대 내가 왕의 사위가 되리이까?' 하였더니
19 ၁၉ သို့​သော်​အ​ချိန်​ရောက်​သော​အ​ခါ​ရှော​လု​သည် သ​မီး​တော်​မေ​ရပ်​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​မ​ပြု​ဘဲ မေ​ဟော​လ​သိ​မြို့​သား အ​ဒြေ​လ​နှင့်​စုံ​ဖက်​လိုက်​လေ​သည်။
사울의 딸 메랍을 다윗에게 줄 시기에 므훌랏 사람 아드리엘에게 아내로 준 바 되었더라
20 ၂၀ သို့​ရာ​တွင်​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် ဒါ​ဝိဒ်​အား​ချစ်​ကြိုက်​၏။ ဤ​အ​ကြောင်း​ကို​ရှော​လု သိ​သော​အ​ခါ​နှစ်​သက်​အား​ရ​တော်​မူ​သ​ဖြင့်၊-
사울의 딸 미갈이 다윗을 사랑하매 혹이 사울에게 고한지라 사울이 그 일을 좋게 여겨
21 ၂၁ ``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။-
스스로 이르되 `내가 딸을 그에게 주어서 그에게 올무가 되게 하고 블레셋 사람의 손으로 그를 치게 하리라' 하고 이에 다윗에게 이르되 `네가 오늘 다시 내 사위가 되리라' 하니라
22 ၂၂ သူ​သည်​နန်း​တွင်း​အ​ရာ​ရှိ​အ​ချို့​တို့​ကို​လည်း ခေါ်​ပြီး​လျှင်``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး သည်​သင့်​ကို​မြတ်​နိုး​တော်​မူ​သည်။ အ​ရာ​ရှိ အ​ပေါင်း​တို့​က​လည်း​ချစ်​ခင်​ကြ​သည်။ သို့​ဖြစ် ၍​ယ​ခု​အ​ချိန်​သည်​ဘု​ရင့်​သ​မီး​တော်​နှင့် သင် ထိမ်း​မြား​ရန်​အ​ချိန်​ကောင်း​ပင်​ဖြစ်​သည်​ဟု တိတ်​တ​ဆိတ်​တိုက်​တွန်း​ကြ​လော့'' ဟု​မှာ ထား​တော်​မူ​၏။
사울이 그 신하들에게 명하되 `너희는 다윗에게 비밀히 말하여 이르기를 보라 왕이 너를 기뻐하시고 모든 신하도 너를 사랑하나니 그런즉 네가 왕의 사위가 되는 것이 가하니라' 하라
23 ၂၃ ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။
사울의 신하들이 이 말로 다윗의 귀에 고하매 다윗이 가로되 `왕의 사위 되는 것을 너희는 경한 일로 보느냐? 나는 가난하고 천한 사람이로라' 한지라
24 ၂၄ အ​ရာ​ရှိ​တို့​သည်​လည်း​ဒါ​ဝိဒ်​၏​စ​ကား​ကို ရှော​လု​အား​ပြန်​၍​လျှောက်​ထား​ကြ​၏။-
사울의 신하들이 사울에게 고하여 가로되 `다윗이 여차여차히 말하더이다'
25 ၂၅ ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-)
사울이 가로되 `너희는 다윗에게 이같이 말하기를 왕이 아무 폐백도 원치 아니하고 다만 왕의 원수의 보복으로 블레셋 사람의 양피 일백을 원하신다 하라' 하였으니 이는 사울의 생각에 `다윗을 블레셋 사람의 손에 죽게 하리라' 함이라
26 ၂၆ ရှော​လု​၏​နန်း​တွင်း​အ​ရာ​ရှိ​တို့​သည်​မင်း ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း ဒါ​ဝိဒ်​အား ပြော​ကြား​ကြ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ဘု​ရင့် သ​မက်​တော်​ဖြစ်​ရ​မည့်​အ​ရေး​ကို​တွေး​တော ကာ​ဝမ်း​မြောက်​လေ​သည်။ ထိမ်း​မြား​မင်္ဂ​လာ ပွဲ​နေ့​မ​တိုင်​မီ​တစ်​ရက်​၌၊-
사울의 신하들이 이 말로 다윗에게 고하매 다윗이 왕의 사위 되는 것을 좋게 여기므로 만기가 되지 못하여서
27 ၂၇ ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။
다윗이 일어나서 그 종자와 함께 가서 블레셋 사람 이백명을 죽이고 그 양피를 가져다가 수대로 왕께 드려 왕의 사위가 되고자 하니 사울이 그 딸 미갈을 다윗에게 아내로 주었더라
28 ၂၈ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ခါ​လ​သည်​ဒါ​ဝိဒ် အား​ချစ်​ကြောင်း​ကို​လည်း​ကောင်း ကောင်း​စွာ​သိ သ​ဖြင့်၊-
여호와께서 다윗과 함께 계심을 사울이 보고 알았고 사울의 딸 미갈도 그를 사랑하므로
29 ၂၉ ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ပို​၍​ပင်​ကြောက်​ရွံ့​လာ လျက် အ​သက်​ထက်​ဆုံး​ရန်​ငြိုး​ဖွဲ့​တော်​မူ​၏။
사울이 다윗을 더욱 더욱 두려워하여 평생에 다윗의 대적이 되니라
30 ၃၀ ဖိ​လိတ္တိ​စစ်​တပ်​များ​သည်​လာ​ရောက်​တိုက်​ခိုက် လေ့​ရှိ​ကြ​၏။ ဒါ​ဝိဒ်​သည်​တိုက်​ပွဲ​တိုင်း​၌​ပင် ရှော​လု​၏​အ​ခြား​တပ်​မ​တော်​အ​ရာ​ရှိ​များ ထက်​ပို​၍​အောင်​မြင်​သ​ဖြင့်​အ​လွန်​ထင်​ပေါ် ကျော်​စော​လာ​၏။
블레셋 사람의 방백들이 나오면 그들의 나올 때마다 다윗이 사울의 모든 신하보다 더 지혜롭게 행하매 이에 그 이름이 심히 귀중히 되니라

< ၁ ဓမ္မရာဇဝင် 18 >