< ၁ ဓမ္မရာဇဝင် 18 >
1 ၁ ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။-
Kad je David završio razgovor sa Šaulom, Jonatanova se duša prikloni Davidovoj duši i Jonatan ga zavolje kao samoga sebe.
2 ၂ ရှောလုသည်ဒါဝိဒ်အားထိုနေ့မှစ၍အပါး တော်တွင်နေစေတော်မူ၏။ အိမ်ပြန်ခွင့်ကိုပေး တော်မမူ။-
Šaul zadrža Davida onoga istog dana kod sebe i nije mu dao da se vrati kući svoga oca.
3 ၃ ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-
I Jonatan sklopi savez s Davidom jer ga je ljubio kao samoga sebe.
4 ၄ သူသည်မိမိဝတ်ဆင်ထားသည့်ဝတ်လုံနှင့် တကွသံချပ်အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါးစည်းတို့ ကိုဒါဝိဒ်အားပေး၏။-
I skide Jonatan plašt koji je imao na sebi i dade ga Davidu; tako i svoju odoru, čak i svoj mač, svoj luk i svoj pojas.
5 ၅ ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။
Na svim svojim pohodima, kamo ga je god slao Šaul, David bijaše sretne ruke i Šaul ga postavi na čelo svojim ratnicima; omilje on svemu narodu, pa i Šaulovim dvoranima.
6 ၆ ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။-
Za njihova povratka, kad se David vraćao ubivši Filistejca, izađoše žene iz svih gradova Izraelovih u susret kralju Šaulu veselo kličući, pjevajući i plešući uza zvuke bubnjeva i cimbala.
7 ၇ ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။-
Žene su plešući pjevale: “Pobi Šaul svoje tisuće, David na desetke tisuća.”
8 ၈ ရှောလုသည်ဤသို့သီဆိုကြသည်ကိုမနှစ် သက်သဖြင့် အမျက်ထွက်၍``သူတို့ကဒါဝိဒ် သည်သောင်းပေါင်းများစွာသတ်၍ ငါမူကား ထောင်ပေါင်းများစွာသာသတ်ခဲ့ကြောင်းသီ ဆိုချေသည်။ သူ့အားထီးနန်းအပ်နှင်းရန် သာကျန်ပါတော့သည်တကား'' ဟုဆို ပြီးလျှင်၊-
Šaul se vrlo ražestio, nije mu bila draga ta pjesma. Zato reče: “Davidu su dale desetke tisuća, a meni samo tisuće! Još mu samo treba kraljevstvo!”
9 ၉ ထိုနေ့မှစ၍ဒါဝိဒ်အားမနာလိုစိတ်ပွား များကာမယုံသင်္ကာဖြစ်၍နေတော့၏။
I od toga dana Šaul poprijeko gledaše Davida.
10 ၁၀ နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊-
Sutradan zao duh Božji napade Šaula, tako da je bjesnio po kući. David je rukom udarao u harfu kao drugih dana, a Šaul je u ruci imao koplje.
11 ၁၁ ``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။
I Šaul baci koplje govoreći u sebi: “Sad ću pribiti Davida uza zid!” Ali mu se David izmače dva puta.
12 ၁၂ ရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။-
Šaul se poče bojati Davida, jer je Jahve bio s njim a od Šaula je odstupio.
13 ၁၃ သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
Zato ga Šaul ukloni iz svoje blizine i postavi ga za tisućnika: on je izlazio i vraćao se na čelu naroda.
14 ၁၄ ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
David je imao uspjeha na svim svojim putovima jer Jahve bijaše s njim.
15 ၁၅ ယင်းသို့အောင်မြင်သည်ကိုမြင်သောအခါ ရှောလုသည်ဒါဝိဒ်အားပို၍ကြောက်လန့် လာ၏။-
Kad je Šaul vidio da David ima mnogo uspjeha, obuze ga strah od njega.
16 ၁၆ သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။
Ali svemu Izraelu i Judi omilje David jer ih je on vodio na svim njihovim putovima.
17 ၁၇ ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)
Šaul reče Davidu: “Evo svoju najstariju kćer Merabu dat ću ti za ženu, samo mi budi hrabar i vodi Jahvine bojeve!” Mišljaše Šaul: “Neću da padne od moje ruke, nego filistejska ruka neka se digne na njega!”
18 ၁၈ ဒါဝိဒ်က``အကျွန်ုပ်၏အမျိုးအနွယ်သည် အဘယ်သို့သောအမျိုးအနွယ်၊ အကျွန်ုပ် သည်လည်းအဘယ်သို့သောသူဖြစ်သဖြင့် ဘုရင်၏သမက်တော်ဖြစ်ထိုက်ပါသနည်း'' ဟုလျှောက်၏။-
A David odgovori: “Tko sam ja i što znači moj život, što li kuća oca mojega u Izraelu da budem kraljev zet?”
19 ၁၉ သို့သော်အချိန်ရောက်သောအခါရှောလုသည် သမီးတော်မေရပ်အားဒါဝိဒ်နှင့်ထိမ်းမြား စုံဖက်ခြင်းမပြုဘဲ မေဟောလသိမြို့သား အဒြေလနှင့်စုံဖက်လိုက်လေသည်။
I kad dođe vrijeme da Šaulova kći Meraba pođe za Davida, dadoše je za ženu Adrielu iz Mehole.
20 ၂၀ သို့ရာတွင်ရှောလု၏သမီးတော်မိခါလသည် ဒါဝိဒ်အားချစ်ကြိုက်၏။ ဤအကြောင်းကိုရှောလု သိသောအခါနှစ်သက်အားရတော်မူသဖြင့်၊-
Ali je Davida ljubila Šaulova kći Mikala; kad su to javili Šaulu, bilo mu je pravo.
21 ၂၁ ``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
Reče on u sebi: “Dat ću mu je, ali će mu ona biti zamka i ruka filistejska dići će se na njega.” (Šaul je po drugi put rekao Davidu: “Danas ćeš mi biti zet.”)
22 ၂၂ သူသည်နန်းတွင်းအရာရှိအချို့တို့ကိုလည်း ခေါ်ပြီးလျှင်``သင်တို့သည်ဒါဝိဒ်အား မင်းကြီး သည်သင့်ကိုမြတ်နိုးတော်မူသည်။ အရာရှိ အပေါင်းတို့ကလည်းချစ်ခင်ကြသည်။ သို့ဖြစ် ၍ယခုအချိန်သည်ဘုရင့်သမီးတော်နှင့် သင် ထိမ်းမြားရန်အချိန်ကောင်းပင်ဖြစ်သည်ဟု တိတ်တဆိတ်တိုက်တွန်းကြလော့'' ဟုမှာ ထားတော်မူ၏။
Tada Šaul zapovjedi svojim slugama ovako: “Razgovarajte se s Davidom tajno i recite mu: 'Gle, omilio si kralju i svi te njegovi dvorani vole; zato budi kraljev zet.'”
23 ၂၃ ထို့ကြောင့်သူတို့သည်မင်းကြီးမှာကြားသည့် အတိုင်းဒါဝိဒ်အားတိုက်တွန်းကြ၏။ ဒါဝိဒ် က``ဘုရင့်သမက်တော်ဖြစ်ရသည်မှာအထူး ဂုဏ်ယူဖွယ်ရာဖြစ်ပါ၏။ အကျွန်ုပ်ကဲ့သို့ မရေရာသူဆင်းရဲသားတစ်ယောက်အတွက် မထိုက်တန်သောအခွင့်အရေးဖြစ်ပါ၏'' ဟုဆို၏။
I Šaulove sluge ponoviše te riječi Davidu, ali im David odgovori: “Zar je u vašim očima malenkost postati kraljev zet? Ja sam samo siromah i mali čovjek!”
24 ၂၄ အရာရှိတို့သည်လည်းဒါဝိဒ်၏စကားကို ရှောလုအားပြန်၍လျှောက်ထားကြ၏။-
Šaulove sluge dojaviše to Šaulu govoreći: “Evo riječi što ih je rekao David.”
25 ၂၅ ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)
A Šaul odgovori: “Ovako recite Davidu: 'Kralj ne traži nikakva ženidbenog dara nego samo sto filistejskih obrezaka da se osveti kraljevim neprijateljima.'” Šaul mišljaše da će tako Davida gurnuti u ruke Filistejcima.
26 ၂၆ ရှောလု၏နန်းတွင်းအရာရှိတို့သည်မင်း ကြီးမိန့်တော်မူသည့်အတိုင်း ဒါဝိဒ်အား ပြောကြားကြသောအခါဒါဝိဒ်သည် ဘုရင့် သမက်တော်ဖြစ်ရမည့်အရေးကိုတွေးတော ကာဝမ်းမြောက်လေသည်။ ထိမ်းမြားမင်္ဂလာ ပွဲနေ့မတိုင်မီတစ်ရက်၌၊-
Šaulove sluge dojaviše te riječi Davidu, a njemu bijaše po volji da postane kraljev zet. Još prije nego što je isteklo vrijeme,
27 ၂၇ ဒါဝိဒ်သည်မိမိ၏တပ်သားများနှင့်ထွက်သွား ပြီးလျှင်ဖိလိတ္တိအမျိုးသားနှစ်ရာကိုသတ် ဖြတ်၍ သမက်တော်ဖြစ်ရန်ထိုသူတို့၏အရေ ဖျားများကိုမင်းကြီးထံသို့ယူခဲ့ကာရေ တွက်၍ဆက်၏။ ထို့ကြောင့်ရှောလုသည်သမီး တော်မိခါလအားဒါဝိဒ်နှင့်ထိမ်းမြားစုံဖက် ပေးရလေတော့၏။
spremi se David i krenu sa svojim ljudima te ubi Filistejcima dvije stotine ljudi; i donese njihove obreske i predade ih kralju na broj da bi postao njegov zet. Tada mu Šaul dade svoju kćer Mikalu za ženu.
28 ၂၈ ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူရှိတော် မူကြောင်းကိုလည်းကောင်း၊ မိခါလသည်ဒါဝိဒ် အားချစ်ကြောင်းကိုလည်းကောင်း ကောင်းစွာသိ သဖြင့်၊-
Šaul je jasno vidio da je Jahve s Davidom i da ga ljubi sav dom Izraelov.
29 ၂၉ ရှောလုသည်ဒါဝိဒ်ကိုပို၍ပင်ကြောက်ရွံ့လာ လျက် အသက်ထက်ဆုံးရန်ငြိုးဖွဲ့တော်မူ၏။
I Šaul se još većma poboja Davida i posta neprijatelj Davidu zauvijek.
30 ၃၀ ဖိလိတ္တိစစ်တပ်များသည်လာရောက်တိုက်ခိုက် လေ့ရှိကြ၏။ ဒါဝိဒ်သည်တိုက်ပွဲတိုင်း၌ပင် ရှောလု၏အခြားတပ်မတော်အရာရှိများ ထက်ပို၍အောင်မြင်သဖြင့်အလွန်ထင်ပေါ် ကျော်စောလာ၏။
A filistejski su knezovi izlazili u boj, ali koliko su god puta izlazili, David je imao više uspjeha nego svi Šaulovi dvorani; i tako ime njegovo posta vrlo slavno.