< ၁ ဓမ္မရာဇဝင် 17 >

1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-
爰にペリシテ人其軍を集めて戰はんとしユダに屬するシヨコにあつまりシヨコとアゼカの間なるバスダミムに陣をとる
2 ရှော​လု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် လည်း​စု​ရုံး​၍ ဝက်​သစ်​ချ​ချိုင့်​ဝှမ်း​တွင်​တပ်​ချ ပြီး​လျှင်​ဖိ​လိတ္တိ​တပ်​သား​တို့​အား​တိုက်​ခိုက် ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-
サウルとイスラエルの人々集まりてエラの谷に陣をとりペリシテ人にむかひて軍の陣列をたつ
3 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​တောင်​ကုန်း​တစ်​ခု ပေါ်​တွင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​အ​ခြား​တောင်​ကုန်း​တစ်​ခု​ပေါ်​တွင် လည်း​ကောင်း​နေ​ရာ​ယူ​ထား​ကြ​၏။ သူ​တို့​၏ စပ်​ကြား​တွင်​ကား​ချိုင့်​ဝှမ်း​ခံ​လျက်​နေ​သ​တည်း။
ペリシテ人は此方の山にたちイスラエルは彼方の山にたつ谷は其あひだにあり
4 ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-
時にペリシテ人の陣よりガテのゴリアテと名くる挑戰者いできたる其身の長六キユビト半
5 တစ်​ရာ​နှစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သော​ကြေး​ဝါ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​ကာ​ကြေး​ဝါ​ခ​မောက် ကို​ဆောင်း​ထား​၏။-
首に銅の盔を戴き身に鱗綴の鎧甲を着たり其よろひの銅のおもさは五千シケルなり
6 ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။-
また脛には銅の脛當を着け肩の間に銅の矛戟を負ふ
7 သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-
其槍の柄は機の梁のごとく槍の鋒刃の鐵は六百シケルなり楯を執る者其前にゆく
8 ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-
ゴリアテ立てイスラエルの諸行伍によばはり云けるは汝らはなんぞ陣列をなして出きたるや我はペリシテ人にして汝らはサウルの臣下にあらずや汝ら一人をえらみて我ところにくだせ
9 အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။-
其人もし我とたたかひて我をころすことをえば我ら汝らの臣僕とならんされど若し我かちてこれを殺さば汝ら我らの僕となりて我らに事ふ可し
10 ၁၀ ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-
かくて此ペリシテ人いひけるは我今日イスラエルの諸行伍を挑む一人をいだして我と戰はしめよと
11 ၁၁ ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။
サウルおよびイスラエルみなペリシテ人のこの言を聞き驚きて大に懼れたり
12 ၁၂ ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-
抑ダビデはかのベテレヘムユダのエフラタ人ヱサイとなづくる者の子なり此人八人の子ありしがサウルの世には年邁みてすでに老たり
13 ၁၃ သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။-
ヱサイの長子三人ゆきてサウルにしたがひて戰爭にいづ其戰にいでし三人の子の名は長をエリアブといひ次をアビナダブといひ第三をシヤンマといふ
14 ၁၄ ဒါ​ဝိဒ်​သည်​အ​ငယ်​ဆုံး​သား​ဖြစ်​၏။ သား​ကြီး သုံး​ယောက်​တို့​သည်​ရှော​လု​ထံ​တွင်​ခ​စား​လျက် နေ​ကြ​သော်​လည်း ဒါ​ဝိဒ်​မူ​ကား​ရံ​ဖန်​ရံ​ခါ ဗက်​လင်​မြို့​သို့​ပြန်​ပြီး​လျှင်​ဖ​ခင်​၏​သိုး​တို့ ကို​ထိန်း​ကျောင်း​လေ့​ရှိ​၏။
ダビデは季子にして其兄三人はサウルにしたがへり
15 ၁၅
ダビデはサウルに往來してベテレヘムにて其父の羊を牧ふ
16 ၁၆ ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။
彼ペリシテ人四十日のあひだ朝夕近づきて前にたてり
17 ၁၇ တစ်​နေ့​သ​၌​ယေ​ရှဲ​သည်​ဒါ​ဝိဒ်​အား``ဤ​ပေါက် ပေါက်​တစ်​တင်း​နှင့်​မုန့်​ဆယ်​လုံး​ကို​ယူ​၍​သင် ၏​အစ်​ကို​များ​ရှိ​ရာ​တပ်​စ​ခန်း​သို့​အ​မြန် သွား​လော့။-
時にヱサイ其子ダビデにいひけるは今汝の兄のために此烘麥一斗と此十のパンを取りて陣營にをる兄のところにいそぎゆけ
18 ၁၈ တပ်​မှူး​အ​တွက်​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း​ယူ ၍​သွား​ပါ​လေ။ သင်​၏​အစ်​ကို​များ​ကျန်း​မာ သည်​မ​ကျန်း​မာ​သည်​ကို​စုံ​စမ်း​ပြီး​လျှင် သူ​တို့​ကျန်း​မာ​စွာ​ရှိ​ကြောင်း​သက်​သေ​တစ် ခု​ခု​ကို​ယူ​ခဲ့​လော့။-
また此十の乾酪をとりて其千夫の長におくり兄の安否を視て其返事をもちきたれと
19 ၁၉ ရှော​လု​မင်း​မှ​စ​၍​သင့်​အစ်​ကို​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဧ​လာ​ချိုင့်​ဝှမ်း တွင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တိုက်​ပွဲ​ဝင်​လျက် ရှိ​နေ​ကြ​၏'' ဟု​ဆို​၏။
サウルと彼等およびイスラエルの人は皆ペリシテ人とたたかひてエラの谷にありき
20 ၂၀ ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။-
ダビデ朝夙くおきて羊をひとりの牧者にあづけヱサイの命ぜしごとく携へゆきて車營にいたるに軍勢いでて行伍をなし鯨波をあげたり
21 ၂၁ ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် မျက်​နှာ ချင်း​ဆိုင်​နေ​ရာ​ယူ​ကြ​၏။-
しかしてイスラエルとペリシテ人陣列をたてて行伍を行伍に相むかはせたり
22 ၂၂ ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။-
ダビデ其荷をおろして荷をまもる者の手にわたし行伍の中にはせゆきて兄の安否を問ふ
23 ၂၃ ယင်း​သို့​သူ​တို့​နှင့်​စ​ကား​ပြော​နေ​ချိန်​၌ ဂေါ​လျတ်​သည် ရှေ့​သို့​ထွက်​လာ​ပြီး​လျှင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​နှင့်​တစ်​ဦး ချင်း​စစ်​ထိုး​ရန်​ယ​ခင်​က​နည်း​တူ​စိန်​ခေါ် လေ​သည်။ ထို​စိန်​ခေါ်​သံ​ကို​ဒါ​ဝိဒ်​ကြား​၏။-
ダビデ彼等と倶に語れる時視よペリシテ人の行伍よりガテのペリシテのゴリアテとなづくる彼の挑戰者のぼりきたり前のことばのごとく言しかばダビデ之を聞けり
24 ၂၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဂေါ​လျတ် ကို​မြင်​လျှင်​ကြောက်​၍​ထွက်​ပြေး​ကြ​၏။-
イスラエルの人其人を見て皆逃て之をはなれ痛く懼れたり
25 ၂၅ ``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။
イスラエルの人いひけるは汝らこののぼり來る人を見しや誠にイスラエルを挑んとて上りきたるなり彼をころす人は王大なる富を以てこれをとまし其女子をこれにあたへて其父の家にはイスラエルの中にて租税をまぬかれしめん
26 ၂၆ ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-
ダビデ其傍にたてる人々にかたりていひけるは此ペリシテ人をころしイスラエルの耻辱を雪ぐ人には如何なることをなすや此割禮なきペリシテ人は誰なればか活る神の軍を搦む
27 ၂၇ သူ​တို့​က​လည်း​ဂေါ​လျတ်​ကို​သတ်​နိုင်​သူ သည် မည်​သည့်​အ​ကျိုး​ခံ​စား​ရ​မည်​ကို ဒါ​ဝိဒ်​အား​ပြော​ကြ​၏။
民まへのごとく答へていひけるはかれを殺す人には斯のごとくせらるべしと
28 ၂၈ ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။
兄エリアブ、ダビデが人々とかたるを聞しかばエリアブ、ダビデにむかひて怒りを發しいひけるは汝なにのために此に下りしや彼の野にあるわづかの羊を誰にあづけしや我汝の傲慢と惡き心を知る其は汝戰爭を見んとて下ればなり
29 ၂၉ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း။ မေး​ခွန်း​တစ်​ခု​ကို​မျှ​မေး နိုင်​ခွင့်​မ​ရှိ​ပါ​သ​လော'' ဟု​ဆို​၍၊-
ダビデいひけるは我今なにをなしたるや只一言にあらずやと
30 ၃၀ အ​ခြား​သူ​တို့​ဘက်​သို့​လှည့်​ပြီး​လျှင် ယ​ခင် ကဲ့​သို့​မေး​မြန်း​ပြီး​လျှင်​ရှေး​နည်း​တူ​ပြန် ပြော​ကြ​၏။
又ふりむきて他の人にむかひ前のごとく語れるに民まへのごとく答たり
31 ၃၁ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​ပြော​ဆို​သော​စ​ကား ကို​ကြား​၍ ရှော​လု​အား​သံ​တော်​ဦး​တင်​ကြ သော​အ​ခါ​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​တော် မူ​၏။-
人々ダビデが語れる言をききてこれをサウルのまへにつげければサウルかれを召す
32 ၃၂ ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ ဤ​ဖိ​လိတ္တိ​အ​မျိုး သား​အား အ​ဘယ်​သူ​မျှ​မ​ကြောက်​သင့်​ပါ။ အ​ကျွန်ုပ်​သည်​သွား​၍​သူ​နှင့်​စစ်​ထိုး​ပါ​မည်'' ဟု​ရှော​လု​အား​လျှောက်​၏။
ダビデ、サウルにいひけるは人々かれがために氣をおとすべからず僕ゆきてかのペリシテ人とたたかはん
33 ၃၃ ရှော​လု​က``အ​ဘယ်​သို့​လျှင်​သင်​သည်​သူ​နှင့် စစ်​ထိုး​နိုင်​ပါ​မည်​နည်း။ သင်​သည်​သူ​ငယ်​မျှ သာ​ရှိ​သေး​၏။ ထို​သူ​မူ​ကား​တစ်​သက်​လုံး စစ်​သူ​ရဲ​လုပ်​ခဲ့​သူ​ဖြစ်​၏'' ဟု​ဆို​သော်၊
サウル、ダビデにいひけるは汝はかのペリシテ人をむかへてたたかふに勝ず其は汝は少年なるにかれは若き時よりの戰士なればなり
34 ၃၄ ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဖ​ခင်​၏​သိုး​များ​ကို​ထိန်း​ကျောင်း​ရ​သူ ဖြစ်​ပါ​၏။ သိုး​တစ်​ကောင်​ကို​ခြင်္သေ့​သော် လည်း​ကောင်း၊ ဝက်​ဝံ​သော်​လည်း​ကောင်း ကိုက်​ချီ​သွား​ပါ​လျှင်၊-
ダビデ、サウルにいひけるは僕さきに父の羊を牧るに獅子と熊と來りて其群の羔を取たれば
35 ၃၅ အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-
其後をおひて之を搏ち羔を其口より援ひいだせりしかして其獣我に猛りかかりたれば其鬚をとらへてこれを撃ちころせり
36 ၃၆ အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-
僕は旣に獅子と熊とを殺せり此割禮なきペリシテ人活る神の軍をいどみたれば亦かの獣の一のごとくなるべし
37 ၃၇ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-
ダビデまたいひけるはヱホバ我を獅子の爪と熊の爪より援ひいだしたまひたれば此ペリシテ人の手よりも援ひいだしたまはんとサウル、ダビデにいふ往けねがはくはヱホバ汝とともにいませ
38 ၃၈ မိ​မိ​ကိုယ်​ပိုင်​လက်​နက်​စုံ​ကို​ဒါ​ဝိဒ်​အား တပ်​ဆင်​ပေး​၏။ ကြေး​ဝါ​ခ​မောက်​ကို​ဆောင်း ပေး​ပြီး​လျှင်​သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​စေ တော်​မူ​၏။-
是においてサウルおのれの戎衣をダビデに衣せ銅の盔を其首にかむらせ亦鱗綴の鎧をこれにきせたり
39 ၃၉ ဒါ​ဝိဒ်​သည်​သံ​ချပ်​အင်္ကျီ​အ​ပေါ်​တွင် ရှော​လု ၏​ဋ္ဌား​ကို​ချိတ်​ဆွဲ​ကာ​လမ်း​လျှောက်​ကြည့်​၏။ သို့​ရာ​တွင်​သံ​ချပ်​အင်္ကျီ​ဝတ်​ကျင့်​မ​ရှိ​သ​ဖြင့် သူ​သည်​လမ်း​လျှောက်​၍​မ​ရ။ ထို့​ကြောင့်​ရှော​လု အား``အ​ကျွန်ုပ်​သည်​ဤ​တန်​ဆာ​မျိုး​ကို​ဝတ် ကျင့်​မ​ရှိ​ပါ'' ဟု​လျှောက်​ပြီး​လျှင်​ချွတ် လိုက်​၏။-
ダビデ戎衣のうへに劍を佩て往かんことを試む未だ驗せしことなければなりしかしてダビデ、サウルにいひけるは我いまだ驗せしことなければ是を衣ては往くあたはずと
40 ၄၀ သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။
ダビデこれを脱ぎすて手に杖をとり谿間より五の光滑なる石を拾ひて之を其持てる牧羊者の具なる袋に容れ手に投石索を執りて彼ペリシテ人にちかづく
41 ၄၁ ဂေါ​လျတ်​သည်​မိ​မိ​၏​ဒိုင်း​လွှား​ကိုင်​ဆောင် သူ​၏​နောက်​မှ​နေ​၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း ကပ်​လာ​၏။-
ペリシテ人進みきてダビデに近づけり楯を執るもの其まへにあり
42 ၄၂ သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။-
ペリシテ人環視てダビデを見て之を藐視る其は少くして赤くまた美しき貌なればなり
43 ၄၃ သူ​က​ဒါ​ဝိဒ်​အား``တောင်​ဝှေး​နှင့်​အ​ဘယ်​ကြောင့် လာ​ပါ​သ​နည်း။ ငါ့​အား​ခွေး​ထင်​မှတ်​သ​လော'' ဟု​ဆို​ပြီး​လျှင်​မိ​မိ​၏​ဘု​ရား​ကို​တိုင်​တည်​၍ ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လေ​သည်။-
ペリシテ人ダビデにいひけるは汝杖を持てきたる我豈犬ならんやとペリシテ人其神の名をもってダビデを呪詛ふ
44 ၄၄ ထို​နောက်``လာ​ခဲ့​လော့။ ငါ​သည်​သင့်​အ​သား ကို​ငှက်​များ​နှင့်​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​စေ​အံ့'' ဟု​ဆို​၏။
しかしてペリシテ人ダビデにいひけるは我がもとに來れ汝の肉を空の鳥と野の獣にあたへんと
45 ၄၅ ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။-
ダビデ、ペリシテ人にいひけるは汝は劍と槍と矛戟をもて我にきたる然ど我は萬軍のヱホバの名すなはち汝が搦みたるイスラエルの軍の神の名をもて汝にゆく
46 ၄၆ ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-
今日ヱホバ汝をわが手に付したまはんわれ汝をうちて汝の首級を取りペリシテ人の軍勢の尸體を今日空の鳥と地の野獣にあたへて全地をしてイスラエルに神あることをしらしめん
47 ၄၇ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
且又この群衆みなヱホバは救ふに劍と槍を用ひたまはざることをしるにいたらん其は戰はヱホバによれば汝らを我らの手にわたしたまはんと
48 ၄၈ ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊-
ペリシテ人すなはち立あがり進みちかづきてダビデをむかへしかばダビデいそぎ陣にはせゆきてペリシテ人をむかふ
49 ၄၉ မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။-
ダビデ手を嚢にいれて其中より一つの石をとり投てペリシテ人の顙を撃ければ石其顙に突きいりて俯伏に地にたふれたり
50 ၅၀ ဤ​ကဲ့​သို့​ဒါ​ဝိဒ်​သည်​ဋ္ဌား​မ​ပါ​ဘဲ လောက်​လွှဲ​နှင့် ကျောက်​ခဲ​တစ်​လုံး​ဖြင့်​ဂေါ​လျတ်​အား​သေ လောက်​သည့်​ဒဏ်​ရာ​ရ​စေ​လျက်​နှိမ်​နင်း​လိုက် သ​တည်း။-
かくダビデ投石索と石をもてペリシテ人にかちペリシテ人をうちて之をころせり然どダビデの手には劍なかりしかば
51 ၅၁ သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-
ダビデはしりてペリシテ人の上にのり其劍を取て之を鞘より抜きはなしこれをもて彼をころし其首級を斬りたり爰にペリシテの人々其勇士の死るを見てにげしかば
52 ၅၂ ဣ​သ​ရေ​လ​နှင့်​ယု​ဒ​တပ်​သား​များ​သည်​လည်း အော်​သံ​ပေး​ကာ​ဂါ​သ​မြို့​နှင့် ဧ​ကြုန်​မြို့​တံ​ခါး​များ​တိုင်​အောင်​သူ​တို့​အား လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ဒဏ်​ရာ​ရ​၍ ဂါ​သ​မြို့​နှင့်​ဧ​ကြုန်​မြို့ တိုင်​အောင်​ရှာ​ရိမ်​လမ်း​တစ်​လျှောက်​လုံး​၌ ကျ​ဆုံး​ကြ​ကုန်​၏။-
イスラエルとユダの人おこり喊呼をあげてペリシテ人をおひガテの入口およびエクロンの門にいたるペリシテ人の負傷人シヤライムの路に仆れてガテおよびエクロンにおよぶ
53 ၅၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​လံ တိုက်​ခိုက်​ရာ​မှ​ပြန်​လာ​ကြ​ပြီး​နောက် ဖိ​လိတ္တိ တပ်​စ​ခန်း​ကို​ဝင်​ရောက်​လု​ယက်​ကြ​လေ​သည်။-
イスラエルの子孫ペリシテ人をおふてかへり其陣を掠む
54 ၅၄ ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။
ダビデかのペリシテ人の首を取りて之をエルサレムにたづさへきたりしが其甲冑はおのれの天幕におけり
55 ၅၅ ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။ အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။
サウル、ダビデがペリシテ人にむかひて出るを見て軍長アブネルにいひけるはアブネル此少者はたれの子なるやアブネルいひけるは王汝の霊魂は生くわれしらざるなり
56 ၅၆ ရှော​လု​က``မ​သိ​လျှင်​သွား​၍​စုံ​စမ်း​လော့'' ဟု မိန့်​တော်​မူ​၏။
王いひけるはこの少年はたれの子なるかを尋ねよ
57 ၅၇ ထို့​ကြောင့်​ဂေါ​လျတ်​ကို​ဒါ​ဝိဒ်​သတ်​ပြီး​နောက် တပ်​စ​ခန်း​သို့​ပြန်​လာ​သော​အ​ခါ​အာ​ဗ​နာ သည်​သူ့​ကို​ခေါ်​၍ ရှော​လု​၏​ရှေ့​တော်​သို့​သွင်း လေ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏ ဦး​ခေါင်း​ကို​ကိုင်​ဆောင်​လျက်​ပင်​ရှိ​သေး​၏။-
ダビデかのペリシテ人を殺してかへれる時アブネルこれをひきて其ペリシテ人の首級を手にもてるままサウルのまへにつれゆきければ
58 ၅၈ ရှော​လု​က``အ​ချင်း​လူ​ငယ်၊ သင်​ကား​အ​ဘယ် သူ​၏​သား​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ၊ ဗက်​လင်​မြို့​သား​ယေ​ရှဲ​၏​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
サウルかれにいひけるは若き人よ汝はたれの子なるやダビデこたへけるは汝の僕ベテレヘム人ヱサイの子なり

< ၁ ဓမ္မရာဇဝင် 17 >