< ၁ ဓမ္မရာဇဝင် 16 >
1 ၁ ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
耶和华对撒母耳说:“我既厌弃扫罗作以色列的王,你为他悲伤要到几时呢?你将膏油盛满了角,我差遣你往伯利恒人耶西那里去;因为我在他众子之内,预定一个作王的。”
2 ၂ ရှမွေလသည်``ဤအမှုကိုအဘယ်သို့ပြုနိုင် ပါမည်နည်း။ ရှောလုကြားသိပါကအကျွန်ုပ် အားသတ်ပစ်ပါလိမ့်မည်'' ဟုလျှောက်၏။
撒母耳说:“我怎能去呢?扫罗若听见,必要杀我。”耶和华说:“你可以带一只牛犊去,就说:‘我来是要向耶和华献祭。’
3 ၃ ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။
你要请耶西来吃祭肉,我就指示你所当行的事。我所指给你的人,你要膏他。”
4 ၄ ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။
撒母耳就照耶和华的话去行。到了伯利恒,那城里的长老都战战兢兢地出来迎接他,问他说:“你是为平安来的吗?”
5 ၅ ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။
他说:“为平安来的,我是给耶和华献祭。你们当自洁,来与我同吃祭肉。”撒母耳就使耶西和他众子自洁,请他们来吃祭肉。
6 ၆ သူတို့ရောက်လာကြသောအခါရှမွေလ သည်ယေရှဲ၏သားဧလျာဘကိုမြင်လျှင်``ဤ တွင်ထာဝရဘုရား၏ရှေ့တော်၌ရပ်နေ သောသူကားကိုယ်တော်ရွေးချယ်တော်မူ သည့်သူအမှန်ပင်ဖြစ်ရာ၏'' ဟုတွေး တောမိ၏။-
他们来的时候,撒母耳看见以 利押,就心里说,耶和华的受膏者必定在他面前。
7 ၇ သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
耶和华却对撒母耳说:“不要看他的外貌和他身材高大,我不拣选他。因为,耶和华不像人看人:人是看外貌;耶和华是看内心。”
8 ၈ ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။-
耶西叫亚比拿达从撒母耳面前经过,撒母耳说:“耶和华也不拣选他。”
9 ၉ ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။-
耶西又叫沙玛从撒母耳面前经过,撒母耳说:“耶和华也不拣选他。”
10 ၁၀ ဤနည်းအားဖြင့်ယေရှဲသည်မိမိ၏သား ခုနစ်ယောက်အထိရှမွေလထံသို့ခေါ်ပေး လေသည်။ ရှမွေလကလည်း``ဤသူတို့အထဲ မှမည်သူ့ကိုမျှထာဝရဘုရားရွေးချယ် တော်မမူ'' ဟုဆိုပြီးလျှင်၊-
耶西叫他七个儿子都从撒母耳面前经过,撒母耳说:“这都不是耶和华所拣选的。”
11 ၁၁ ``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။-
撒母耳对耶西说:“你的儿子都在这里吗?”他回答说:“还有个小的,现在放羊。”撒母耳对耶西说:“你打发人去叫他来;他若不来,我们必不坐席。”
12 ၁၂ သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
耶西就打发人去叫了他来。他面色光红,双目清秀,容貌俊美。耶和华说:“这就是他,你起来膏他。”
13 ၁၃ ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
撒母耳就用角里的膏油,在他诸兄中膏了他。从这日起,耶和华的灵就大大感动大卫。撒母耳起身回拉玛去了。
14 ၁၄ ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။-
耶和华的灵离开扫罗,有恶魔从耶和华那里来扰乱他。
15 ၁၅ အစေခံတို့ကလည်းထာဝရဘုရားစေလွှတ် လိုက်သည့်နတ်မိစ္ဆာသည် အရှင်မင်းကြီးအားနှောင့် ယှက်ညှင်းဆဲလျက်နေသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။-
扫罗的臣仆对他说:“现在有恶魔从 神那里来扰乱你。
16 ၁၆ သို့ဖြစ်၍အရှင်မင်းကြီး၊ ကိုယ်တော်သည်အကျွန်ုပ် တို့အားအမိန့်ပေးတော်မူပါလျှင် စောင်းတီးတတ် သူကိုအကျွန်ုပ်တို့ရှာပါမည်။ သူသည်နတ်မိစ္ဆာ ဝင်လာချိန်၌စောင်းကိုတီးသဖြင့် အရှင်မင်း ကြီးသည်ပြန်လည်၍အကောင်းပကတိဖြစ် လာပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
我们的主可以吩咐面前的臣仆,找一个善于弹琴的来,等 神那里来的恶魔临到你身上的时候,使他用手弹琴,你就好了。”
17 ၁၇ ရှောလုက``သာယာစွာစောင်းတီးတတ်သူကို ရှာ၍ငါ့ထံသို့ခေါ်ခဲ့လော့'' ဟုအမိန့်ပေး တော်မူလျှင်၊-
扫罗对臣仆说:“你们可以为我找一个善于弹琴的,带到我这里来。”
18 ၁၈ အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။
其中有一个少年人说:“我曾见伯利恒人耶西的一个儿子善于弹琴,是大有勇敢的战士,说话合宜,容貌俊美,耶和华也与他同在。”
19 ၁၉ ရှောလုသည်ယေရှဲထံသို့စေတမန်များ လွှတ်၍``သိုးများကိုထိန်းကျောင်းနေသူသင် ၏သားဒါဝိဒ်အားငါ့ထံသို့စေလွှတ်လော့'' ဟုအမိန့်ပေးတော်မူ၏။-
于是扫罗差遣使者去见耶西,说:“请你打发你放羊的儿子大卫到我这里来。”
20 ၂၀ ယေရှဲသည်မုန့်တင်မြည်းတစ်စီး၊ စပျစ်ရည် အပြည့်ပါသောသားရေဘူးတစ်ဘူးနှင့်ဆိတ်ငယ် တစ်ကောင်ကို ဒါဝိဒ်နှင့်အတူရှောလုမင်းထံ သို့ပို့ဆက်လေ၏။-
耶西就把几个饼和一皮袋酒,并一只山羊羔,都驮在驴上,交给他儿子大卫,送与扫罗。
21 ၂၁ ဒါဝိဒ်သည်ရှောလုထံသို့လာရောက်ပြီးလျှင် အမှုတော်ကိုထမ်းဆောင်လေသည်။ ရှောလု သည်လည်းသူ့ကိုလွန်စွာနှစ်သက်တော်မူ သဖြင့်မိမိ၏လက်နက်သယ်ဆောင်သူ အရာ၌ခန့်ထားတော်မူ၏။-
大卫到了扫罗那里,就侍立在扫罗面前。扫罗甚喜爱他,他就作了扫罗拿兵器的人。
22 ၂၂ ထိုနောက်``ငါသည်ဒါဝိဒ်ကိုနှစ်သက်တော်မူသည်။ သူ့အားငါ့ထံ၌ခစားပါစေ'' ဟုယေရှဲထံလူ လွှတ်မိန့်ကြားတော်မူလိုက်၏။-
扫罗差遣人去见耶西,说:“求你容大卫侍立在我面前,因为他在我眼前蒙了恩。”
23 ၂၃ ထိုနေ့မှအစပြု၍ရှောလုကိုဘုရားသခင် စေလွှတ်တော်မူသောနတ်မိစ္ဆာဝင်သည့်အခါတိုင်း ဒါဝိဒ်သည်စောင်းကိုယူ၍တီးလေ့ရှိ၏။ ထို အခါနတ်မိစ္ဆာသည်ထွက်ခွာသွားသဖြင့် ရှောလုသည်သက်သာ၍တစ်ဖန်ကျန်းမာ လာလေသည်။
从 神那里来的恶魔临到扫罗身上的时候,大卫就拿琴,用手而弹,扫罗便舒畅爽快,恶魔离了他。