< ၁ ဓမ္မရာဇဝင် 15 >

1 ရှ​မွေ​လ​သည်​ရှော​လု​အား``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ် သင့်​အား​ဘိ​သိက်​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​နား​ထောင်​လော့။-
Samuel sagde til Saul: "Det var mig, HERREN sendte for at salve dig til konge over hans Folk Israel; lyd nu HERRENs Røst.
2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​သော​အ​ခါ အာ​မ​လက် အ​မျိုး​သား​တို့​က​ဆီး​တား​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​အား​ဒဏ်​ခတ်​တော် မူ​မည်။-
Så siger Hærskarers HERRE: Jeg vil straffe Amalek for, hvad de gjorde mod Israel, da de stillede sig i Vejen for det på Vandringen op fra Ægypten.
3 သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-
Drag derfor hen og slå Amalek og læg Band på dem og på alt, hvad der tilhører dem; skån dem ikke, men dræb både Mænd og Kvinder, Børn og diende, Okser og Får, Kameler og Æsler!"
4 ရှော​လု​သည်​တေ​လိမ်​မြို့​တွင်​မိ​မိ​၏​စစ် သည်​တပ်​သား​အ​ပေါင်း​ကို​စု​ရုံး​၍​ကြည့် ရှု​စစ်​ဆေး​ရာ ဣ​သ​ရေ​လ​နယ်​မှ​တပ်​သား နှစ်​သိန်း​နှင့်​ယု​ဒ​နယ်​မှ​တပ်​သား​တစ် သောင်း​ရှိ​သ​တည်း။-
Så stævnede Saul Folket sammen og mønstrede dem i Telaim, 200000 Mand Fodfolk og 10000 Mand af Juda.
5 ထို​နောက်​သူ​သည်​မိ​မိ​စစ်​သူ​ရဲ​များ​နှင့် အ​တူ အာ​မ​လက်​မြို့​သို့​ချီ​တက်​၍​ခြောက် သွေ့​နေ​သော​မြစ်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ လျက်​နေ​၏။-
Derpå drog Saul mod Amaleks By og lagde Baghold i Dalen.
6 သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။
Men Saul sagde til Keniterne: "Skil eder fra Amalekiterne og gå eders Vej, for at jeg ikke skal udrydde eder sammen med dem; I viste jo Venlighed mod alle Israeliterne, dengang de drog op fra Ægypten!" Så trak Keniterne sig tilbage fra Amalek.
7 ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။-
Og Saul slog Amalek fra Havila til Sjur, som ligger østen for Ægypten,
8 သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။-
og tog Kong Agag af Amalek levende til Fange. På alt Folket lagde han Band og huggede dem ned med Sværdet;
9 သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။
men Saul og Folket skånede Agag og det bedste af Småkvæget og Hornkvæget, de fede og velnærede Dyr, alt det bedste; de vilde ikke lægge Band på dem, men på alt det dårlige og værdiløse Kvæg lagde de Band.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``ရှော​လု​ကို ဘု​ရင်​ခန့်​မိ​သည်​မှာ​မှား​လေ​စွ။ သူ​သည်​ငါ့​အား ကျော​ခိုင်း​ကာ​ငါ​၏​အ​မိန့်​တော်​တို့​ကို​လွန်​ဆန် ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည် ဒေါ​သ​ထွက်​၏။ သူ​သည်​တစ်​ညဥ့်​လုံး​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​လဲ​အ​သ​နား​ခံ​ပြီး​နောက်၊-
Da kom HERRENs Ord til Samuel således:
11 ၁၁
"Jeg angrer, at jeg gjorde Saul til Konge; thi han har vendt sig fra mig og ikke holdt mine Befalinger!" Da vrededes Samuel og råbte til HERREN hele Natten.
12 ၁၂ နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-
Næste Morgen tidlig, da Samuel vilde gå Saul i Møde, blev der meldt ham: "Saul kom til Karmel og rejste sig et Mindesmærke der; så vendte han om og drog videre ned til Gilgal!"
13 ၁၃ ရှ​မွေ​လ​သည်​ရှော​လု​ရှိ​သည့်​အ​ရပ်​သို့ ရောက်​သော်​ရှော​လု​က``ကိုယ်​တော်​အား​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​ခဲ့​ပါ​ပြီ'' ဟု​ဆို​၍​ကြို​ဆို​၏။
Samuel begav sig da til Saul. Saul sagde til ham: "HERREN velsigne dig! Jeg har holdt HERRENs Befaling!"
14 ၁၄ ရှ​မွေ​လ​က``ယင်း​သို့​ဖြစ်​ပါ​မူ​အ​ဘယ် ကြောင့်​သိုး​နွား​တို့​အော်​မြည်​သံ​ကို​ငါ​ကြား ရ​ပါ​သ​နည်း'' ဟု​မေး​၏။
Men Samuel sagde: "Hvad er det for en Brægen af Småkvæg, som når mit Øre, og Brølen af Hornkvæg, jeg hører?"
15 ၁၅ ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။
Saul svarede: "De tog dem med fra Amalekiterne; thi Folket skånede det bedste af Småkvæget og Hornkvæget for at ofre det til HERREN din Gud; på det andet derimod lagde vi Band!"
16 ၁၆ ရှ​မွေ​လ​က``နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​ယ​မန်​နေ့​ည​က​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်'' ဟု​ဆို​လျှင်​ရှောလု​က``အ​မိန့်​ရှိ​ပါ'' ဟု​ဆို​၏။
Da sagde Samuel til Saul: "bet er nok! Jeg vil kundgøre dig, hvad HERREN i Nat har sagt mig!" Han svarede: "Tal!"
17 ၁၇ ရှ​မွေ​လ​က``သင်​သည်​မိ​မိ​ကိုယ်​ကို​သေး နုတ်​သူ​ဟု​ယူ​ဆ​သော်​လည်း သင်​သည်​ဣ​သ ရေ​လ​အနွယ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​ချေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​တော်​မူ​ခဲ့​၏။-
Da sagde Samuel: "Om du end ikke regner dig selv for noget, er du så ikke Høvding for Israels Stammer, og salvede HERREN dig ikke til Konge over Israel?
18 ၁၈ ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-
Og HERREN sendte dig af Sted med den Befaling: Gå hen og læg Band på Amalekiterne, de Syndere, og før Krig imod dem, indtil du har udryddet dem!
19 ၁၉ သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။
Hvorfor adlød du da ikke HERRENs Røst, men styrtede dig over Byttet og gjorde, hvad der er ondt i HERRENs Øjne?"
20 ၂၀ ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။-
Saul svarede Samuel: "Jeg adlød HERRENs Røst og gik, hvor HERREN sendte mig hen; jeg har bragt Kong Agag af Amalek med og lagt Band på Amalek;
21 ၂၁ သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။
men Folket tog Småkvæg og Hornkvæg af Byttet, det bedste af det bandlyste, for at ofre det til HERREN din Gud i Gilgal."
22 ၂၂ ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-
Men Samuel sagde: "Mon HERREN har lige så meget Behag i Brændofre og Slagtofre som i Lydighed mod HERRENs Høst? Nej, at adlyde er mere værd end Slagtoffer, og at være lydhør er mere værd end Væderfedt;
23 ၂၃ ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။
thi Genstridighed er Trolddomssynd, og Egenrådighed er Afgudsbrøde. Fordi du har forkastet HERRENs Ord, har han forkastet dig, så du ikke mere skal være Konge!"
24 ၂၄ ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-
Da sagde Saul til Samuel: "Jeg har syndet, thi jeg har overtrådt HERRENs Befaling og dine Ord, men jeg frygtede Folket og føjede dem:
25 ၂၅ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။
tilgiv mig dog nu min Synd og vend tilbage med mig, for at jeg kan tilbede HERREN!"
26 ၂၆ ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။
Men Samuel sagde til Saul: "Jeg vender ikke tilbage med dig; fordi du har forkastet HERRENs Ord, har HERREN forkastet dig, så du ikke mer skal være Konge over Israel!"
27 ၂၇ ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။-
Derpå vendte Samuel sig for at gå, men Saul greb fat i hans Kappeflig, så den reves af.
28 ၂၈ ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ယ​နေ့​ပင် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သင့်​ထံ​မှ​ဆွဲ​ယူ​ကာ သင့်​ထက်​ကောင်း​မြတ်​သူ​တစ်​ဦး​၏​လက်​သို့ ပေး​အပ်​တော်​မူ​လေ​ပြီ။-
Da sagde Samuel til ham: "HERREN har i Dag revet Kongedømmet over Israel fra dig og givet det til en anden, som er bedre end du!
29 ၂၉ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ်​သော ဘု​ရား​သည်​မု​သား​ကို​သုံး​တော်​မ​မူ။ စိတ်​တော် ကို​လည်း​ပြောင်း​လဲ​တော်​မ​မူ။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​တော် မူ​သည်​မ​ဟုတ်'' ဟု​ဆို​၏။
Visselig, han, som er Israels Herlighed, lyver ikke, ej heller angrer han; thi han er ikke et Menneske, at han skulde angre!"
30 ၃၀ ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-
Saul sagde: "Jeg har syndet; men vis mig dog Ære for mit Folks Ældste og Israel og vend tilbage med mig, for at jeg kan tilbede HERREN din Gud!"
31 ၃၁ ထို​ကြောင့်​ရှ​မွေ​လ​သည်​သူ​နှင့်​အ​တူ​ဂိ​လ​ဂါ​လ မြို့​သို့​လိုက်​သွား​၏။ ရှော​လု​သည်​လည်း​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​၏။
Da vendte Samuel tilbage med Saul, og Saul tilbad HERREN.
32 ၃၂ ရှ​မွေ​လ​က``အာ​ဂတ်​မင်း​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​၏။ အာ​ဂတ်​က``သေ​ဘေး​သည် အ​လွန်​ဆိုး​ရွား​ပါ​သည်​တ​ကား'' ဟု​တစ်​ကိုယ် တည်း​စဉ်း​စား​ကာ​တုန်​လှုပ်​လျက်​ရှ​မွေ​လ​ထံ သို့​လာ​၏။-
Derpå sagde Samuel: "Bring Kong Agag af Amalek hid til mig!" Og Agag gik frejdigt hen til ham og sagde: "Visselig, nu er Dødens Bitterhed svundet!"
33 ၃၃ ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။
Da sagde Samuel: "Som dit Sværd har gjort Kvinder barnløse, skal din Moder blive barnløs fremfor andre Kvinder!" Derpå sønderhuggede Samuel Agag for HERRENs Åsyn i Gilgal.
34 ၃၄ ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-
Samuel begav sig så til Rama, mens Saul drog op til sit Hjem i Sauls Gibea.
35 ၃၅ ရှ​မွေ​လ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး နောင်​အ​ဘယ်​အ​ခါ​မျှ​မင်း​ကြီး​နှင့်​မ​တွေ့ ရ​တော့​ချေ။ သို့​ရာ​တွင်​သူ​သည်​ရှော​လု​အ​တွက် များ​စွာ​ဝမ်း​နည်း​မိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​ရှော​လု​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ခန့်​ထား​မိ​ခဲ့​သည့်​အ​တွက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။
Og Samuel så ikke mere Saul indtil sin Dødedag; thi Samuel sørgede over Saul. HERREN angrede, at han havde gjort Saul til Konge over Israel;

< ၁ ဓမ္မရာဇဝင် 15 >