< ၁ ဓမ္မရာဇဝင် 12 >

1 ထို​နောက်​ရှ​မွေ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``ငါ​သည်​သင်​တို့​တောင်း​ဆို သည့်​အ​တိုင်း​သင်​တို့​အား​ဘု​ရင်​ကို​ခန့် အပ်​ပေး​သ​ဖြင့်၊-
וַיֹּ֤אמֶר שְׁמוּאֵל֙ אֶל־כָּל־יִשְׂרָאֵ֔ל הִנֵּה֙ שָׁמַ֣עְתִּי בְקֹֽלְכֶ֔ם לְכֹ֥ל אֲשֶׁר־אֲמַרְתֶּ֖ם לִ֑י וָאַמְלִ֥יךְ עֲלֵיכֶ֖ם מֶֽלֶךְ׃
2 ယ​ခု​သင်​တို့​သည်​ခေါင်း​ဆောင်​ကို​ရ​ရှိ​ကြ လေ​ပြီ။ ငါ​မူ​ကား​အ​သက်​အ​ရွယ်​အို​မင်း ၍​ဆံ​ပင်​ဖြူ​လျက်​ရှိ​၏။ ငါ​၏​သား​များ သည်​လည်း​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ငယ်​စဉ်​မှ​အ​စ​ပြု​၍ သင်​တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​ခဲ့​၏။-
וְעַתָּ֞ה הִנֵּ֥ה הַמֶּ֣לֶךְ ׀ מִתְהַלֵּ֣ךְ לִפְנֵיכֶ֗ם וַאֲנִי֙ זָקַ֣נְתִּי וָשַׂ֔בְתִּי וּבָנַ֖י הִנָּ֣ם אִתְּכֶ֑ם וַאֲנִי֙ הִתְהַלַּ֣כְתִּי לִפְנֵיכֶ֔ם מִנְּעֻרַ֖י עַד־הַיֹּ֥ום הַזֶּֽה׃
3 ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။
הִנְנִ֣י עֲנ֣וּ בִי֩ נֶ֨גֶד יְהוָ֜ה וְנֶ֣גֶד מְשִׁיחֹ֗ו אֶת־שֹׁור֩ ׀ מִ֨י לָקַ֜חְתִּי וַחֲמֹ֧ור מִ֣י לָקַ֗חְתִּי וְאֶת־מִ֤י עָשַׁ֙קְתִּי֙ אֶת־מִ֣י רַצֹּ֔ותִי וּמִיַּד־מִי֙ לָקַ֣חְתִּי כֹ֔פֶר וְאַעְלִ֥ים עֵינַ֖י בֹּ֑ו וְאָשִׁ֖יב לָכֶֽם׃
4 လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။
וַיֹּ֣אמְר֔וּ לֹ֥א עֲשַׁקְתָּ֖נוּ וְלֹ֣א רַצֹּותָ֑נוּ וְלֹֽא־לָקַ֥חְתָּ מִיַּד־אִ֖ישׁ מְאֽוּמָה׃
5 ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊ လူ​တို့​က``မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​ပါ သည်'' ဟု​ဆို​ကြ​၏။
וַיֹּ֨אמֶר אֲלֵיהֶ֜ם עֵ֧ד יְהוָ֣ה בָּכֶ֗ם וְעֵ֤ד מְשִׁיחֹו֙ הַיֹּ֣ום הַזֶּ֔ה כִּ֣י לֹ֧א מְצָאתֶ֛ם בְּיָדִ֖י מְא֑וּמָה וַיֹּ֖אמֶר עֵֽד׃ פ
6 ရှ​မွေ​လ​သည်​ဆက်​လက်​၍``မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ရွေး​ချယ်​တော်​မူ​သော​သင်​တို့​၏​ဘိုး ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ ဘု​ရား​ပင်​ဖြစ်​၏။-
וַיֹּ֥אמֶר שְׁמוּאֵ֖ל אֶל־הָעָ֑ם יְהוָ֗ה אֲשֶׁ֤ר עָשָׂה֙ אֶת־מֹשֶׁ֣ה וְאֶֽת־אַהֲרֹ֔ן וַאֲשֶׁ֧ר הֶעֱלָ֛ה אֶת־אֲבֹתֵיכֶ֖ם מֵאֶ֥רֶץ מִצְרָֽיִם׃
7 သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
וְעַתָּ֗ה הִֽתְיַצְּב֛וּ וְאִשָּׁפְטָ֥ה אִתְּכֶ֖ם לִפְנֵ֣י יְהוָ֑ה אֵ֚ת כָּל־צִדְקֹ֣ות יְהוָ֔ה אֲשֶׁר־עָשָׂ֥ה אִתְּכֶ֖ם וְאֶת־אֲבֹותֵיכֶֽם׃
8 ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-
כַּֽאֲשֶׁר־בָּ֥א יַעֲקֹ֖ב מִצְרָ֑יִם וַיִּזְעֲק֤וּ אֲבֹֽותֵיכֶם֙ אֶל־יְהוָ֔ה וַיִּשְׁלַ֨ח יְהוָ֜ה אֶת־מֹשֶׁ֣ה וְאֶֽת־אַהֲרֹ֗ן וַיֹּוצִ֤יאוּ אֶת־אֲבֹֽתֵיכֶם֙ מִמִּצְרַ֔יִם וַיֹּשִׁב֖וּם בַּמָּקֹ֥ום הַזֶּֽה׃
9 သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-
וַֽיִּשְׁכְּח֖וּ אֶת־יְהוָ֣ה אֱלֹהֵיהֶ֑ם וַיִּמְכֹּ֣ר אֹתָ֡ם בְּיַ֣ד סִֽיסְרָא֩ שַׂר־צְבָ֨א חָצֹ֜ור וּבְיַד־פְּלִשְׁתִּ֗ים וּבְיַד֙ מֶ֣לֶךְ מֹואָ֔ב וַיִּֽלָּחֲמ֖וּ בָּֽם׃
10 ၁၀ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-
וַיִּזְעֲק֤וּ אֶל־יְהוָה֙ וַיֹּאמֶר (וַיֹּאמְר֣וּ) חָטָ֔אנוּ כִּ֤י עָזַ֙בְנוּ֙ אֶת־יְהוָ֔ה וַנַּעֲבֹ֥ד אֶת־הַבְּעָלִ֖ים וְאֶת־הָעַשְׁתָּרֹ֑ות וְעַתָּ֗ה הַצִּילֵ֛נוּ מִיַּ֥ד אֹיְבֵ֖ינוּ וְנַעַבְדֶֽךָּ׃
11 ၁၁ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-
וַיִּשְׁלַ֤ח יְהוָה֙ אֶת־יְרֻבַּ֣עַל וְאֶת־בְּדָ֔ן וְאֶת־יִפְתָּ֖ח וְאֶת־שְׁמוּאֵ֑ל וַיַּצֵּ֨ל אֶתְכֶ֜ם מִיַּ֤ד אֹֽיְבֵיכֶם֙ מִסָּבִ֔יב וַתֵּשְׁב֖וּ בֶּֽטַח׃
12 ၁၂ သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။
וַתִּרְא֗וּ כִּֽי־נָחָ֞שׁ מֶ֣לֶךְ בְּנֵֽי־עַמֹּון֮ בָּ֣א עֲלֵיכֶם֒ וַתֹּ֣אמְרוּ לִ֔י לֹ֕א כִּי־מֶ֖לֶךְ יִמְלֹ֣ךְ עָלֵ֑ינוּ וַיהוָ֥ה אֱלֹהֵיכֶ֖ם מַלְכְּכֶֽם׃
13 ၁၃ ``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-
וְעַתָּ֗ה הִנֵּ֥ה הַמֶּ֛לֶךְ אֲשֶׁ֥ר בְּחַרְתֶּ֖ם אֲשֶׁ֣ר שְׁאֶלְתֶּ֑ם וְהִנֵּ֨ה נָתַ֧ן יְהוָ֛ה עֲלֵיכֶ֖ם מֶֽלֶךְ׃
14 ၁၄ သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​စွာ​ဝတ်​ပြု​ကိုး​ကွယ် လျက် အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ဘဲ​စ​ကား တော်​ကို​လိုက်​နာ​၍ သင်​တို့​၏​ဘု​ရင်​နှင့်​အ​တူ ကိုယ်​တော်​၏​ကျေး​ဇူး​သစ္စာ​တော်​ကို​စောင့်​ထိန်း ကြ​လျှင်​သင်​တို့​၏​ဘ​ဝ​သာ​ယာ​လိမ့်​မည်။-
אִם־תִּֽירְא֣וּ אֶת־יְהוָ֗ה וַעֲבַדְתֶּ֤ם אֹתֹו֙ וּשְׁמַעְתֶּ֣ם בְּקֹלֹ֔ו וְלֹ֥א תַמְר֖וּ אֶת־פִּ֣י יְהוָ֑ה וִהְיִתֶ֣ם גַּם־אַתֶּ֗ם וְגַם־הַמֶּ֙לֶךְ֙ אֲשֶׁ֣ר מָלַ֣ךְ עֲלֵיכֶ֔ם אַחַ֖ר יְהוָ֥ה אֱלֹהֵיכֶֽם׃
15 ၁၅ ``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-
וְאִם־לֹ֤א תִשְׁמְעוּ֙ בְּקֹ֣ול יְהוָ֔ה וּמְרִיתֶ֖ם אֶת־פִּ֣י יְהוָ֑ה וְהָיְתָ֧ה יַד־יְהוָ֛ה בָּכֶ֖ם וּבַאֲבֹתֵיכֶֽם׃
16 ၁၆ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။-
גַּם־עַתָּה֙ הִתְיַצְּב֣וּ וּרְא֔וּ אֶת־הַדָּבָ֥ר הַגָּדֹ֖ול הַזֶּ֑ה אֲשֶׁ֣ר יְהוָ֔ה עֹשֶׂ֖ה לְעֵינֵיכֶֽם׃
17 ၁၇ ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။
הֲלֹ֤וא קְצִיר־חִטִּים֙ הַיֹּ֔ום אֶקְרָא֙ אֶל־יְהוָ֔ה וְיִתֵּ֥ן קֹלֹ֖ות וּמָטָ֑ר וּדְע֣וּ וּרְא֗וּ כִּֽי־רָעַתְכֶ֤ם רַבָּה֙ אֲשֶׁ֤ר עֲשִׂיתֶם֙ בְּעֵינֵ֣י יְהוָ֔ה לִשְׁאֹ֥ול לָכֶ֖ם מֶֽלֶךְ׃ ס
18 ၁၈ ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊-
וַיִּקְרָ֤א שְׁמוּאֵל֙ אֶל־יְהוָ֔ה וַיִּתֵּ֧ן יְהוָ֛ה קֹלֹ֥ת וּמָטָ֖ר בַּיֹּ֣ום הַה֑וּא וַיִּירָ֨א כָל־הָעָ֥ם מְאֹ֛ד אֶת־יְהוָ֖ה וְאֶת־שְׁמוּאֵֽל׃
19 ၁၉ ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။
וַיֹּאמְר֨וּ כָל־הָעָ֜ם אֶל־שְׁמוּאֵ֗ל הִתְפַּלֵּ֧ל בְּעַד־עֲבָדֶ֛יךָ אֶל־יְהוָ֥ה אֱלֹהֶ֖יךָ וְאַל־נָמ֑וּת כִּֽי־יָסַ֤פְנוּ עַל־כָּל־חַטֹּאתֵ֙ינוּ֙ רָעָ֔ה לִשְׁאֹ֥ל לָ֖נוּ מֶֽלֶךְ׃ ס
20 ၂၀ ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။-
וַיֹּ֨אמֶר שְׁמוּאֵ֤ל אֶל־הָעָם֙ אַל־תִּירָ֔אוּ אַתֶּ֣ם עֲשִׂיתֶ֔ם אֵ֥ת כָּל־הָרָעָ֖ה הַזֹּ֑את אַ֗ךְ אַל־תָּס֙וּרוּ֙ מֵאַחֲרֵ֣י יְהוָ֔ה וַעֲבַדְתֶּ֥ם אֶת־יְהוָ֖ה בְּכָל־לְבַבְכֶֽם׃
21 ၂၁ ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-
וְלֹ֖א תָּס֑וּרוּ כִּ֣י ׀ אַחֲרֵ֣י הַתֹּ֗הוּ אֲשֶׁ֧ר לֹֽא־יֹועִ֛ילוּ וְלֹ֥א יַצִּ֖ילוּ כִּי־תֹ֥הוּ הֵֽמָּה׃
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-
כִּ֠י לֹֽא־יִטֹּ֤שׁ יְהוָה֙ אֶת־עַמֹּ֔ו בַּעֲב֖וּר שְׁמֹ֣ו הַגָּדֹ֑ול כִּ֚י הֹואִ֣יל יְהוָ֔ה לַעֲשֹׂ֥ות אֶתְכֶ֛ם לֹ֖ו לְעָֽם׃
23 ၂၃ ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။-
גַּ֣ם אָנֹכִ֗י חָלִ֤ילָה לִּי֙ מֵחֲטֹ֣א לַֽיהוָ֔ה מֵחֲדֹ֖ל לְהִתְפַּלֵּ֣ל בַּעַדְכֶ֑ם וְהֹורֵיתִ֣י אֶתְכֶ֔ם בְּדֶ֥רֶךְ הַטֹּובָ֖ה וְהַיְשָׁרָֽה׃
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။-
אַ֣ךְ ׀ יְר֣אוּ אֶת־יְהוָ֗ה וַעֲבַדְתֶּ֥ם אֹתֹ֛ו בֶּאֱמֶ֖ת בְּכָל־לְבַבְכֶ֑ם כִּ֣י רְא֔וּ אֵ֥ת אֲשֶׁר־הִגְדִּ֖ל עִמָּכֶֽם׃
25 ၂၅ သို့​ရာ​တွင်​သင်​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး နေ​ကြ​ပါ​မူ ဘု​ရင်​နှင့်​တ​ကွ​သင်​တို့​ဆုံး​ပါး ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​လူ​တို့​အား​မိန့်​ဆို လေ​၏။
וְאִם־הָרֵ֖עַ תָּרֵ֑עוּ גַּם־אַתֶּ֥ם גַּֽם־מַלְכְּכֶ֖ם תִּסָּפֽוּ׃ פ

< ၁ ဓမ္မရာဇဝင် 12 >