< ၁ ဓမ္မရာဇဝင် 12 >
1 ၁ ထိုနောက်ရှမွေလသည် ဣသရေလအမျိုး သားတို့အား``ငါသည်သင်တို့တောင်းဆို သည့်အတိုင်းသင်တို့အားဘုရင်ကိုခန့် အပ်ပေးသဖြင့်၊-
Mluvil pak Samuel ke všemu Izraelovi: Aj, uposlechl jsem hlasu vašeho ve všem, což jste mluvili ke mně, a ustanovil jsem nad vámi krále.
2 ၂ ယခုသင်တို့သည်ခေါင်းဆောင်ကိုရရှိကြ လေပြီ။ ငါမူကားအသက်အရွယ်အိုမင်း ၍ဆံပင်ဖြူလျက်ရှိ၏။ ငါ၏သားများ သည်လည်းသင်တို့နှင့်အတူရှိနေကြ၏။ ငါသည်အသက်ငယ်စဉ်မှအစပြု၍ သင်တို့အားဦးစီးခေါင်းဆောင်ပြုခဲ့၏။-
A nyní aj, král jde před vámi, já pak zstaral jsem se a ošedivěl, a synové moji, aj, mezi vámi jsou. Já také chodil jsem před vámi od své mladosti až do dnešního dne.
3 ၃ ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။
A však aj, teď jsem. Vydejte svědectví proti mně před Hospodinem a před pomazaným jeho, vzal-li jsem čího vola, aneb vzal-li jsem čího osla, utiskl-li jsem koho, ublížil-li jsem komu, aneb vzal-li jsem od koho úplatek, abych na něm přehlédl něco, a navrátím vám.
4 ၄ လူတို့က``အရှင်သည်အကျွန်ုပ်တို့အားလိမ် လည်လှည့်စားမှုကိုသော်လည်းကောင်း၊ ညှဉ်း ဆဲနှိပ်စက်မှုကိုသော်လည်းကောင်းမပြုခဲ့ ပါ။ မည်သူ၏ပစ္စည်းဥစ္စာကိုမျှလည်းမယူ ခဲ့ဖူးပါ'' ဟုလျှောက်ကြ၏။
Odpověděli: Neutiskl jsi nás, aniž jsi ublížil nám, aniž jsi co vzal z ruky kterého člověka.
5 ၅ ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊ လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။
Řekl ještě jim: Svědek jest Hospodin proti vám, svědek jest i pomazaný jeho v tento den, že jste nenalezli při mně ničehož. I řekl lid: Svědek jest.
6 ၆ ရှမွေလသည်ဆက်လက်၍``မောရှေနှင့်အာရုန် တို့ကိုရွေးချယ်တော်မူသောသင်တို့၏ဘိုး ဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောအရှင်ကားထာဝရ ဘုရားပင်ဖြစ်၏။-
Tedy řekl Samuel lidu: Hospodin jest svědek, kterýž učinil Mojžíše a Arona, a kterýž vyvedl otce vaše z země Egyptské.
7 ၇ သင်တို့သည်ယခုထ၍ရပ်ကြလော့။ ထာဝရ ဘုရား၏ရှေ့တော်တွင်သင်တို့ကိုငါပြစ်တင် စွပ်စွဲမည်။ ကိုယ်တော်သည်သင်တို့နှင့်ဘိုးဘေး တို့အား မဟာအမှုတော်များအားဖြင့်ကယ် ဆယ်တော်မူခဲ့ပုံကိုသတိရကြလော့။-
Protož nyní postavte se, ať s vámi v soud vejdu před Hospodinem o všecky spravedlivé skutky Hospodinovy, kteréž učinil s vámi i s otci vašimi.
8 ၈ ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-
Když byl všel Jákob do Egypta, volali otcové vaši k Hospodinu; i poslal Hospodin Mojžíše a Arona, kteříž vyvedli otce vaše z Egypta, a osadili je na tomto místě.
9 ၉ သို့ရာတွင်လူတို့သည်မိမိတို့အရှင်ထာ ဝရဘုရားအားမေ့လျော့သွားကြသဖြင့် ကိုယ်တော်သည်ဖိလိတ္တိအမျိုးသားများ အားလည်းကောင်း၊ မောဘဘုရင်နှင့်ဟာဇော် တပ်မှူးသိသရအားလည်းကောင်းသူတို့ ကိုတိုက်ခိုက်နှိမ်နင်းခွင့်ပြုတော်မူ၏။-
A když se zapomenuli na Hospodina Boha svého, vydal je v ruku Zizary, knížete vojska Azor, a v ruku Filistinských, též v ruku krále Moábského, kteříž bojovali proti nim.
10 ၁၀ ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
Ale když volali k Hospodinu a řekli: Zhřešili jsme, nebo jsme opustili Hospodina, a sloužili jsme Bálim a Astarot, protož nyní vysvoboď nás z ruky nepřátel našich, a sloužiti budeme tobě:
11 ၁၁ ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
I poslal Hospodin Jerobále a Bedana a Jefte a Samuele, a vytrhl vás z ruky nepřátel vašich okolních, a bydlili jste bezpečně.
12 ၁၂ သို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။
Potom vidouce, že Náhas král synů Ammon přitáhl proti vám, řekli jste mi: Nikoli, ale král bude kralovati nad námi; ješto Hospodin Bůh váš jest králem vaším.
13 ၁၃ ``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။-
Nyní tedy, aj, král, kteréhož jste zvolili, za něhož jste žádali, a aj, Hospodin ustanovil ho nad vámi králem.
14 ၁၄ သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-
Budete-li se báti Hospodina, a jemu sloužiti a poslouchati hlasu jeho, a nebudete-li se zpěčovati řeči Hospodinově, tak i vy i král, kterýž kraluje nad vámi, ostojíte, jdouce za Hospodinem Bohem vaším.
15 ၁၅ ``သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏စကားကိုနားမထောင်ဘဲ အမိန့်တော်ကို လွန်ဆန်ကြပါလျှင် ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရင်အားဆန့်ကျင်ဘက် ပြုတော်မူလိမ့်မည်။-
Pakli nebudete poslouchati hlasu Hospodinova, ale odporni budete řeči jeho, bude ruka Hospodinova proti vám, jako i proti otcům vašim.
16 ၁၆ သို့ဖြစ်၍သင်တို့သည်မိမိတို့ရှိရာအရပ် တွင်ရပ်နေကြလော့။ ထာဝရဘုရားပြ တော်မူမည့်တန်ခိုးတော်ကိုမြင်ရကြ လိမ့်မည်။-
Ještě se teď pozastavte, a vizte věc tuto velikou, kterouž učiní Hospodin před očima vašima.
17 ၁၇ ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
Zdaliž není dnes žeň pšeničná? Volati budu k Hospodinu, i vydá hřímání a déšť, tak že poznati a viděti musíte, jak jest to velmi zlá věc, kteréž jste se dopustili před očima Hospodinovýma, žádavše sobě krále.
18 ၁၈ ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊-
Protož volal Samuel k Hospodinu, a vydal Hospodin hřímání a déšť v ten den. I bál se všecken lid Hospodina velmi i Samuele.
19 ၁၉ ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။
A řekl všecken lid Samuelovi: Modl se za služebníky své Hospodinu Bohu svému, abychom nezemřeli; nebo jsme přidali ke všem hříchům našim i toto zlé, že jsme sobě žádali krále.
20 ၂၀ ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-
I řekl Samuel lidu: Nebojte se. Učiniliť jste sic všecko to zlé, však proto neodstupujte zpět od Hospodina, ale služte Hospodinu celým srdcem svým.
21 ၂၁ ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-
Neodstupujte, pravím, následujíce marnosti, totiž cizích bohů, kteříž nic neprospívají, aniž vysvobozují, nebo jsou marnost.
22 ၂၂ ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-
Neopustíť zajisté Hospodin lidu svého pro jméno své veliké; nebo zalíbilo se Hospodinu, aby vás sobě vzdělal v lid.
23 ၂၃ ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
Ode mne také odstup to, abych měl hřešiti proti Hospodinu, a přestávati modliti se za vás, nýbrž navoditi vás budu na cestu dobrou a přímou.
24 ၂၄ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-
A však bojte se Hospodina a služte jemu v pravdě celým srdcem svým; nebo vidíte, jak veliké věci učinil s vámi.
25 ၂၅ သို့ရာတွင်သင်တို့သည်အပြစ်ကူးမြဲကူး နေကြပါမူ ဘုရင်နှင့်တကွသင်တို့ဆုံးပါး ပျက်စီးရကြလိမ့်မည်'' ဟုလူတို့အားမိန့်ဆို လေ၏။
Jestliže pak předce zle činiti budete, i vy i král váš zahynete.