< ၁ ဓမ္မရာဇဝင် 10 >
1 ၁ ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
Tomando entonces Samuel una ampolla de aceite, la derramó sobre su cabeza, y lo besó, y le dijo: ¿No te ha ungido el SEÑOR por capitán sobre su heredad?
2 ၂ ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။-
Hoy, después que te hayas apartado de mí, hallarás dos varones junto al sepulcro de Raquel, en el término de Benjamín en Selsa, los cuales te dirán: Las asnas que habías ido a buscar, se han hallado; tu padre, pues, ha dejado ya el negocio de las asnas, si bien está angustioso por vosotros, diciendo: ¿Qué haré acerca de mi hijo?
3 ၃ သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
Y como de allí te fueres más adelante, y llegares a la campiña de Tabor, te saldrán al encuentro tres varones que suben a Dios en Bet-el, llevando el uno tres cabritos, y el otro tres tortas de pan, y el tercero un cántaro de vino.
4 ၄ သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။-
Los cuales, luego que te hayan saludado, te darán dos panes, los que tomarás de manos de ellos.
5 ၅ ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
De allí vendrás al collado de Dios donde está la guarnición de los filisteos; y cuando entrares allá en la ciudad encontrarás una compañía de profetas que descienden del alto, y delante de ellos salterio, y adufe, y flauta, y arpa, y ellos profetizando.
6 ၆ ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။-
Y el Espíritu del SEÑOR te arrebatará, y profetizarás con ellos, y serás mudado en otro varón.
7 ၇ ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-
Y cuando te hubieren sobrevenido estas señales, haz lo que te viniere a la mano, porque Dios es contigo.
8 ၈ သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။
Y bajarás delante de mí a Gilgal; y luego descenderé yo a ti para sacrificar holocaustos, e inmolar víctimas pacíficas. Tú me esperarás siete días, hasta que yo venga a ti, y te enseñe lo que has de hacer.
9 ၉ ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။-
Y aconteció que cuando él volteó su hombro para partirse de Samuel, le mudó Dios su corazón; y todas estas señales acaecieron en aquel día.
10 ၁၀ ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
Y cuando llegaron allá al collado, he aquí la compañía de los profetas que venía a encontrarse con él, y el Espíritu de Dios lo arrebató, y profetizó entre ellos.
11 ၁၁ သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-
Y aconteció que, cuando todos los que le conocían de ayer y de anteayer, vieron como profetizaba con los profetas. Y el pueblo decía el uno al otro: ¿Qué ha sucedido al hijo de Cis? ¿Saúl también entre los profetas?
12 ၁၂ ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-
Y un varón de allí respondió, y dijo: ¿Y quién es el padre de ellos? Por esta causa se tornó en proverbio: ¿También Saúl entre los profetas?
13 ၁၃ ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။
Y cesó de profetizar, y llegó al alto.
14 ၁၄ ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။ ရှောလုက``မြည်းများကိုရှာဖွေရာမှဖြစ် ပါသည်။ အကျွန်ုပ်တို့သည်မြည်းများကိုရှာ မတွေ့သဖြင့် ရှမွေလထံကိုသွားရောက်ခဲ့ ကြပါသည်'' ဟုပြန်လည်ဖြေကြား၏။
Y un tío de Saúl dijo a él y a su criado: ¿Dónde fuisteis? Y él respondió: A buscar las asnas; y como vimos que no parecían, fuimos a Samuel.
15 ၁၅ ``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊
Y dijo el tío de Saúl: Yo te ruego me declares qué os dijo Samuel.
16 ၁၆ ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
Y Saúl respondió a su tío: Nos declaró expresamente que las asnas habían aparecido. Mas del negocio del reino, de que Samuel le había hablado, no le descubrió nada.
17 ၁၇ ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
Y Samuel convocó el pueblo al SEÑOR en Mizpa;
18 ၁၈ ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-
y dijo a los hijos de Israel: Así dijo el SEÑOR el Dios de Israel: Yo saqué a Israel de Egipto, y os libré de mano de los egipcios, y de mano de todos los reinos que os afligieron.
19 ၁၉ ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
Mas vosotros habéis desechado hoy a vuestro Dios, que os guarda de todas vuestras aflicciones y angustias, diciendo: No, sino pon rey sobre nosotros. Ahora, pues, poneos delante del SEÑOR por vuestras tribus y por vuestros millares.
20 ၂၀ ထိုနောက်ရှမွေလသည်အနွယ်တို့ကိုတစ် စုပြီးတစ်စု ရှေ့သို့လာရောက်စေပြီးလျှင် မဲချ၍ ဗင်္ယာမိန်အနွယ်ကိုရွေးချယ်၏။-
Y haciendo allegar Samuel todas las tribus de Israel, fue tomada la tribu de Benjamín.
21 ၂၁ ထိုနောက်ရှမွေလသည်ဗင်္ယာမိန်အနွယ်ဝင် အိမ်ထောင်စုများကို ရှေ့သို့လာရောက်စေ သောအခါမာတရိအိမ်ထောင်စုသည် အရွေးခံရ၏။ ထိုနောက်မာတရိအိမ်ထောင် စုမှအမျိုးသားတို့သည်ရှေ့သို့ထွက်၍ လာကြလျှင် ကိရှ၏သားရှောလုသည် အရွေးခံရ၏။ သို့ရာတွင်သူ့ကိုရှာ၍ မတွေ့ကြသောအခါ၊-
E hizo llegar la tribu de Benjamín por sus linajes, y fue tomada la familia de Matri; y de ella fue tomado Saúl hijo de Cis. Y cuando le buscaron, no fue hallado.
22 ၂၂ လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
Preguntaron, pues, otra vez al SEÑOR, si había aún de venir allí aquel varón. Y respondió el SEÑOR: He aquí que él está escondido entre el bagaje.
23 ၂၃ သို့ဖြစ်၍သူတို့သည်ပြေး၍ရှောလုကို လူတို့ရှေ့သို့ခေါ်ခဲ့ကြသောအခါ သူသည် အခြားသူအပေါင်းတို့ထက်အရပ်တစ် ပေမျှပို၍မြင့်သည်ကိုတွေ့မြင်ရကြ၏။-
Entonces corrieron, y lo tomaron de allí, y puesto en medio del pueblo, desde el hombro arriba era más alto que todo el pueblo.
24 ၂၄ ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။ လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။
Y Samuel dijo a todo el pueblo: ¿Habéis visto al que ha elegido el SEÑOR, que no hay semejante a él en todo el pueblo? Entonces el pueblo clamó diciendo: ¡Viva el rey!
25 ၂၅ ရှမွေလသည်မင်းကျင့်တရားများနှင့် ဘုရင့် ရပိုင်ခွင့်များကို လူတို့အားရှင်းလင်းဖော် ပြ၏။ ထိုနောက်ထိုအရာများကိုစာအုပ် တွင်ရေးမှတ်ကာ သန့်ရှင်းရာဌာနတွင်သိမ်း ဆည်းထား၏။ ထိုနောက်သူသည်လူတို့အား မိမိတို့နေရပ်အသီးသီးသို့ပြန်စေ၏။-
Samuel recitó luego al pueblo el derecho del reino, y lo escribió en un libro, el cual guardó delante del SEÑOR.
26 ၂၆ ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။-
Y envió Samuel a todo el pueblo cada uno a su casa. Y Saúl también se fue a su casa en Gabaa, y fueron con él algunos del ejército, el corazón de los cuales Dios había tocado.
27 ၂၇ သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
Pero los hijos de Belial dijeron: ¿Cómo nos ha de salvar éste? Y le tuvieron en poco, y no le trajeron presente; mas él disimuló.