< ၁ ဓမ္မရာဇဝင် 1 >

1 ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။-
וַיְהִי אִישׁ אֶחָד מִן־הָרָמָתַיִם צוֹפִים מֵהַר אֶפְרָיִם וּשְׁמוֹ אֶלְקָנָה בֶּן־יְרֹחָם בֶּן־אֱלִיהוּא בֶּן־תֹּחוּ בֶן־צוּף אֶפְרָתִֽי׃
2 ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။-
וְלוֹ שְׁתֵּי נָשִׁים שֵׁם אַחַת חַנָּה וְשֵׁם הַשֵּׁנִית פְּנִנָּה וַיְהִי לִפְנִנָּה יְלָדִים וּלְחַנָּה אֵין יְלָדִֽים׃
3 ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
וְעָלָה הָאִישׁ הַהוּא מֵֽעִירוֹ מִיָּמִים ׀ יָמִימָה לְהִֽשְׁתַּחֲוֺת וְלִזְבֹּחַ לַיהֹוָה צְבָאוֹת בְּשִׁלֹה וְשָׁם שְׁנֵי בְנֵֽי־עֵלִי חׇפְנִי וּפִנְחָס כֹּהֲנִים לַיהֹוָֽה׃
4 ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။-
וַיְהִי הַיּוֹם וַיִּזְבַּח אֶלְקָנָה וְנָתַן לִפְנִנָּה אִשְׁתּוֹ וּֽלְכׇל־בָּנֶיהָ וּבְנוֹתֶיהָ מָנֽוֹת׃
5 ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။-
וּלְחַנָּה יִתֵּן מָנָה אַחַת אַפָּיִם כִּי אֶת־חַנָּה אָהֵב וַיהֹוָה סָגַר רַחְמָֽהּ׃
6 ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။-
וְכִעֲסַתָּה צָרָתָהּ גַּם־כַּעַס בַּעֲבוּר הַרְּעִמָהּ כִּֽי־סָגַר יְהֹוָה בְּעַד רַחְמָֽהּ׃
7 ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။-
וְכֵן יַעֲשֶׂה שָׁנָה בְשָׁנָה מִדֵּי עֲלֹתָהּ בְּבֵית יְהֹוָה כֵּן תַּכְעִסֶנָּה וַתִּבְכֶּה וְלֹא תֹאכַֽל׃
8 သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။
וַיֹּאמֶר לָהּ אֶלְקָנָה אִישָׁהּ חַנָּה לָמֶה תִבְכִּי וְלָמֶה לֹא תֹֽאכְלִי וְלָמֶה יֵרַע לְבָבֵךְ הֲלוֹא אָֽנֹכִי טוֹב לָךְ מֵעֲשָׂרָה בָּנִֽים׃
9 အ​ခါ​တစ်​ပါး​၌​သူ​တို့​သည်​ရှိ​လော​မြို့​ရှိ​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင် အ​စား​အ​စာ​စား​သောက် ကြ​ပြီး​သော​အ​ခါ ဟန္န​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​ထ​၍​ပြင်း​ပြ​စွာ​ငို​ယို​ကာ ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု လေ​၏။ (ထို​အ​ခါ​ဧ​လိ​သည်​တံ​ခါး​အ​နီး မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင်​လျက်​နေ သ​တည်း။-)
וַתָּקׇם חַנָּה אַחֲרֵי אׇכְלָהֿ בְשִׁלֹה וְאַחֲרֵי שָׁתֹה וְעֵלִי הַכֹּהֵן יֹשֵׁב עַל־הַכִּסֵּא עַל־מְזוּזַת הֵיכַל יְהֹוָֽה׃
10 ၁၀
וְהִיא מָרַת נָפֶשׁ וַתִּתְפַּלֵּל עַל־יְהֹוָה וּבָכֹה תִבְכֶּֽה׃
11 ၁၁ ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။
וַתִּדֹּר נֶדֶר וַתֹּאמַר יְהֹוָה צְבָאוֹת אִם־רָאֹה תִרְאֶה ׀ בׇּעֳנִי אֲמָתֶךָ וּזְכַרְתַּנִי וְלֹֽא־תִשְׁכַּח אֶת־אֲמָתֶךָ וְנָתַתָּה לַאֲמָתְךָ זֶרַע אֲנָשִׁים וּנְתַתִּיו לַֽיהֹוָה כׇּל־יְמֵי חַיָּיו וּמוֹרָה לֹא־יַעֲלֶה עַל־רֹאשֽׁוֹ׃
12 ၁၂ ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။-
וְהָיָה כִּי הִרְבְּתָה לְהִתְפַּלֵּל לִפְנֵי יְהֹוָה וְעֵלִי שֹׁמֵר אֶת־פִּֽיהָ׃
13 ၁၃ ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊-
וְחַנָּה הִיא מְדַבֶּרֶת עַל־לִבָּהּ רַק שְׂפָתֶיהָ נָּעוֹת וְקוֹלָהּ לֹא יִשָּׁמֵעַ וַיַּחְשְׁבֶהָ עֵלִי לְשִׁכֹּרָֽה׃
14 ၁၄ ဧ​လိ​က``သင်​သည်​အ​ဘယ်​မျှ​ကြာ​အ​ရက်​မူး လျက်​နေ​ပါ​သ​နည်း။ အ​ရက်​ကို​ကြဉ်​ရှောင် လော့'' ဟု​ဆို​၏။
וַיֹּאמֶר אֵלֶיהָ עֵלִי עַד־מָתַי תִּשְׁתַּכָּרִין הָסִירִי אֶת־יֵינֵךְ מֵֽעָלָֽיִךְ׃
15 ၁၅ ဟန္န​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရက်​မ​မူး​ပါ။ အ​ရက်​မ​သောက်​ပါ။ ကျွန်​မ​သည်​အ​လွန်​ပင် စိတ်​ပျက်​၍ မိ​မိ​၏​ဆင်း​ရဲ​ဒုက္ခ​ကို​ရင်​ဖွင့်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း​ပတ္ထ​နာ ပြု​လျက်​နေ​ခဲ့​ပါ​၏။-
וַתַּעַן חַנָּה וַתֹּאמֶר לֹא אֲדֹנִי אִשָּׁה קְשַׁת־רוּחַ אָנֹכִי וְיַיִן וְשֵׁכָר לֹא שָׁתִיתִי וָאֶשְׁפֹּךְ אֶת־נַפְשִׁי לִפְנֵי יְהֹוָֽה׃
16 ၁၆ ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။
אַל־תִּתֵּן אֶת־אֲמָתְךָ לִפְנֵי בַּת־בְּלִיָּעַל כִּֽי־מֵרֹב שִׂיחִי וְכַעְסִי דִּבַּרְתִּי עַד־הֵֽנָּה׃
17 ၁၇ ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။
וַיַּעַן עֵלִי וַיֹּאמֶר לְכִי לְשָׁלוֹם וֵאלֹהֵי יִשְׂרָאֵל יִתֵּן אֶת־שֵׁלָתֵךְ אֲשֶׁר שָׁאַלְתְּ מֵעִמּֽוֹ׃
18 ၁၈ ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။
וַתֹּאמֶר תִּמְצָא שִׁפְחָתְךָ חֵן בְּעֵינֶיךָ וַתֵּלֶךְ הָֽאִשָּׁה לְדַרְכָּהּ וַתֹּאכַל וּפָנֶיהָ לֹא־הָֽיוּ־לָהּ עֽוֹד׃
19 ၁၉ နောက်​တစ်​နေ့​၌​ဧ​လ​ကာ​န​နှင့်​အိမ်​ထောင်​စု​သား တို့​သည် နံ​နက်​စော​စော​ထ​၍​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ထို​နောက်​ရာ​မ​မြို့​နေ​အိမ် သို့​ပြန်​ကြ​၏။ ဧ​လ​ကာ​န​သည်​သူ​၏​ဇ​နီး​ဟန္န နှင့်​ဆက်​ဆံ​လေ​၏။ ဘု​ရား​သ​ခင်​သည်​ဟန္န​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့်၊-
וַיַּשְׁכִּמוּ בַבֹּקֶר וַיִּֽשְׁתַּחֲווּ לִפְנֵי יְהֹוָה וַיָּשֻׁבוּ וַיָּבֹאוּ אֶל־בֵּיתָם הָרָמָתָה וַיֵּדַע אֶלְקָנָה אֶת־חַנָּה אִשְׁתּוֹ וַֽיִּזְכְּרֶהָ יְהֹוָֽה׃
20 ၂၀ ဟန္န​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​သည်။ သူ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား အား​တောင်း​ခံ​သ​ဖြင့်​ဤ​သား​ကို​ရ​၏'' ဟု​ဆို ပြီး​လျှင်​ရှ​မွေ​လ​ဟု​နာ​မည်​မှည့်​လေ​သည်။
וַֽיְהִי לִתְקֻפוֹת הַיָּמִים וַתַּהַר חַנָּה וַתֵּלֶד בֵּן וַתִּקְרָא אֶת־שְׁמוֹ שְׁמוּאֵל כִּי מֵיְהֹוָה שְׁאִלְתִּֽיו׃
21 ၂၁ ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။-
וַיַּעַל הָאִישׁ אֶלְקָנָה וְכׇל־בֵּיתוֹ לִזְבֹּחַ לַיהֹוָה אֶת־זֶבַח הַיָּמִים וְאֶת־נִדְרֽוֹ׃
22 ၂၂ သို့​ရာ​တွင်​ယ​ခု​အ​ကြိမ်​၌​ဟန္န​သည်​မ​လိုက် ဘဲ​နေ​၏။ သူ​သည်​မိ​မိ​ခင်​ပွန်း​အား``က​လေး ကို​နို့​ဖြတ်​ပြီး​လျှင်​ပြီး​ချင်း သူ့​အား​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင်​အ​မြဲ​နေ​စေ​ရန် ကျွန်​မ​ခေါ်​ဆောင်​သွား​ပါ​မည်'' ဟု​ပြော​၏။
וְחַנָּה לֹא עָלָתָה כִּֽי־אָמְרָה לְאִישָׁהּ עַד יִגָּמֵל הַנַּעַר וַהֲבִאֹתִיו וְנִרְאָה אֶת־פְּנֵי יְהֹוָה וְיָשַׁב שָׁם עַד־עוֹלָֽם׃
23 ၂၃ ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။
וַיֹּאמֶר לָהּ אֶלְקָנָה אִישָׁהּ עֲשִׂי הַטּוֹב בְּעֵינַיִךְ שְׁבִי עַד־גׇּמְלֵךְ אֹתוֹ אַךְ יָקֵם יְהֹוָה אֶת־דְּבָרוֹ וַתֵּשֶׁב הָֽאִשָּׁה וַתֵּינֶק אֶת־בְּנָהּ עַד־גׇּמְלָהּ אֹתֽוֹ׃
24 ၂၄ သူ​သည်​သား​ငယ်​ကို​နို့​ဖြတ်​ပြီး​သော​အ​ခါ သုံး​နှစ်​သား​နွား​ထီး က​လေး​တစ်​ကောင်၊ မုန့်​ညက်​တစ်​တင်း၊ စ​ပျစ်​ရည် တစ်​ဘူး​ကို​ယူ​ဆောင်​လျက်​သား​ငယ်​နှင့်​အ​တူ ရှိ​လော​မြို့​သို့​သွား​၏။ သား​ငယ်​ရှ​မွေ​လ​သည် လွန်​စွာ​ငယ်​ရွယ်​နု​နယ်​သေး​သ​တည်း။-
וַתַּֽעֲלֵהוּ עִמָּהּ כַּאֲשֶׁר גְּמָלַתּוּ בְּפָרִים שְׁלֹשָׁה וְאֵיפָה אַחַת קֶמַח וְנֵבֶל יַיִן וַתְּבִאֵהוּ בֵית־יְהֹוָה שִׁלוֹ וְהַנַּעַר נָֽעַר׃
25 ၂၅ နွား​ကို​သတ်​ပြီး​နောက်​သူ​ငယ်​ကို​ဧ​လိ​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။-
וַֽיִּשְׁחֲטוּ אֶת־הַפָּר וַיָּבִאוּ אֶת־הַנַּעַר אֶל־עֵלִֽי׃
26 ၂၆ ဟန္န​က​ဧ​လိ​အား``အ​ရှင်၊ ကျွန်​မ​သည်​အ​ထက် က​အ​ရှင်​၏​အ​နီး​၌​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​မိန်း​မ​ဖြစ် ပါ​၏။-
וַתֹּאמֶר בִּי אֲדֹנִי חֵי נַפְשְׁךָ אֲדֹנִי אֲנִי הָאִשָּׁה הַנִּצֶּבֶת עִמְּכָה בָּזֶה לְהִתְפַּלֵּל אֶל־יְהֹוָֽה׃
27 ၂၇ ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​တွင် ဤ သား​ဆု​ကို​ပန်​ပါ​၏။ ဆု​ပန်​သည့်​အ​တိုင်း ကိုယ်​တော်​သည်​ပေး​သ​နား​တော်​မူ​ပါ​ပြီ။-
אֶל־הַנַּעַר הַזֶּה הִתְפַּלָּלְתִּי וַיִּתֵּן יְהֹוָה לִי אֶת־שְׁאֵלָתִי אֲשֶׁר שָׁאַלְתִּי מֵֽעִמּֽוֹ׃
28 ၂၈ သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။ ထို​နောက်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။
וְגַם אָנֹכִי הִשְׁאִלְתִּהוּ לַֽיהֹוָה כׇּל־הַיָּמִים אֲשֶׁר הָיָה הוּא שָׁאוּל לַיהֹוָה וַיִּשְׁתַּחוּ שָׁם לַֽיהֹוָֽה׃

< ၁ ဓမ္မရာဇဝင် 1 >