< ၁ ပေတရု 1 >
1 ၁ သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
Petr, apoštol Ježíše Krista, příchozím rozptýleným v Pontu, Galacii, Kappadocii, v Azii a v Bitynii,
Vyvoleným podle předzvědění Boha Otce, v posvěcení Ducha svatého, ku poslušenství a skropení krví Ježíše Krista: Milost vám a pokoj rozmnožen buď.
3 ၃ ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-
Požehnaný Bůh a Otec Pána našeho Ježíše Krista, kterýžto podle mnohého milosrdenství svého znovu zplodil nás v naději živou skrze vzkříšení Ježíše Krista z mrtvých,
4 ၄ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-
K dědictví neporušitelnému a neposkvrněnému a neuvadlému, kteréž se chová v nebesích, nám,
5 ၅ သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။
Kteřížto mocí Boží ostříháni býváme skrze víru k spasení, kteréž hotovo jest, aby zjeveno bylo v času posledním.
6 ၆ သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုး တို့ကြောင့် ယခုခဏမျှဝမ်းနည်းရကြ သော်လည်း အထက်ဖော်ပြပါအကြောင်း ကြောင့်ရွှင်လန်းဝမ်းမြောက်ကြလော့။-
V čemžto veselíte se, maličko nyní, (jestliže kdy potřebí jest, ) zkormouceni jsouce v rozličných pokušeních,
7 ၇ ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
Aby zkušení víry vaší, kteráž jest mnohem dražší nežli zlato, jenž hyne, avšak se v ohni zkušuje, nalezeno bylo vám k chvále, a ke cti i k slávě při zjevení Ježíše Krista.
8 ၈ သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
Kteréhožto neviděvše, milujete; kteréhožto nyní nevidouce, avšak v něho věříce, veselíte se radostí nevýmluvnou a oslavenou,
9 ၉ အဘယ်ကြောင့်ဆိုသော်သင်တို့သည်သခင် ယေရှုအားယုံကြည်ခြင်း၏အကျိုးကြောင့် ကယ်တင်ခြင်းကိုခံယူနေရကြပြီဖြစ် သောကြောင့်တည်း။
Docházejíce konce víry vaší, spasení duší vašich,
10 ၁၀ ပရောဖက်များသည်ယင်းကယ်တင်ခြင်းနှင့် ပတ်သက်၍အသေအချာစုံစမ်းရှာဖွေခဲ့ ကြ၏။ သင်တို့အားဘုရားသခင်ပေးတော် မူမည့်ဤဆုကျေးဇူးအကြောင်းကိုဟော ကြားခဲ့ကြ၏။-
O kterémžto spasení bedlivě přemyšlovali a je vystihati usilovali proroci, kteříž o té milosti, jenž se vám státi měla, prorokovali,
11 ၁၁ ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-
Snažujíce se tomu vyrozuměti, na který aneb jaký čas mínil by ten, kterýž v nich byl, Duch Kristův, předpovídající o utrpeních Kristových a o veliké slávě za tím jdoucí.
12 ၁၂ ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
Kterýmž zjeveno jest, že ne sobě, ale nám tím přisluhovali, což jest vám nyní zvěstováno skrze ty, kteříž vám kázali evangelium, v Duchu svatém seslaném s nebe, na kteréžto věci žádostivi jsou andělé patřiti.
13 ၁၃ သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
Protož přepášíce bedra mysli vaší, a střízlivi jsouce, dokonale doufejte v té milosti, kteráž vám dána bude při zjevení Ježíše Krista,
14 ၁၄ ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
Jakožto synové poslušní, nepřirovnávajíce se prvním neznámosti vaší žádostem.
15 ၁၅ သင်တို့အားရွေးကောက်တော်မူသောအရှင် သည်မြင့်မြတ်သန့်ရှင်းတော်မူ၏။ သို့ဖြစ်၍ သင်တို့ပြုကျင့်သမျှတို့သည်မြင့်မြတ် သန့်ရှင်းရမည်။-
Ale jakž ten, kterýž vás povolal, Svatý jest, i vy svatí ve všem obcování vašem, buďte;
16 ၁၆ ``ငါသည်မြင့်မြတ်သန့်ရှင်းသည်ဖြစ်၍သင် တို့သည်လည်းမြင့်မြတ်သန့်ရှင်းရမည်'' ဟူ သောကျမ်းစကားကိုအောက်မေ့ကြလော့။
Jakož napsáno jest: Svatí buďte, nebo já Svatý jsem.
17 ၁၇ ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-
A poněvadž Otcem nazýváte toho, kterýž bez přijímání osob soudí vedle skutků jednoho každého, viztež, abyste v bázni Páně čas vašeho zde putování konali,
18 ၁၈ မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-
Vědouce, že ne těmi porušitelnými věcmi, stříbrem nebo zlatem, vykoupeni jste z marného vašeho obcování podle ustanovení otců,
19 ၁၉ အပြစ်အနာအဆာကင်းစင်သည့်သိုးသူငယ် နှင့်တူသောခရစ်တော်၏အသက်တော်ကို တင်လှူပူဇော်ခြင်းဖြစ်ပေသည်။-
Ale drahou krví jakožto Beránka nevinného a neposkvrněného, Krista,
20 ၂၀ ဤကမ္ဘာလောကမတည်မရှိမီကပင်လျှင် ကိုယ်တော်အားဘုရားသခင်ရွေးချယ်သတ် မှတ်တော်မူပြီးလျှင်၊ ဤအဆုံးစွန်သော ကာလများ၌သင်တို့၏အကျိုးငှာထင် ရှားပေါ်ထွန်းစေတော်မူ၏။-
Předzvěděného zajisté před ustanovením světa, zjeveného pak v časích posledních pro vás,
21 ၂၁ ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။
Kteříž skrze něho věříte v Boha, jenž jej vzkřísil z mrtvých, a dal jemu slávu, tak aby víra vaše a naděje byla v Bohu.
22 ၂၂ သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
Poněvadž duše své očistili jste poslušenstvím pravdy skrze Ducha svatého, k milování neošemetnému bratrstva, z čistého tedy srdce jedni druhé milujte snažně,
23 ၂၃ အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။ (aiōn )
Znovu zrozeni jsouce ne z porušitelného semene, ale z neporušitelného, totiž skrze živé slovo Boží a zůstávající na věky. (aiōn )
24 ၂၄ ``လူသားအပေါင်းတို့သည်မြက်ပင်နှင့်လည်း ကောင်း၊ သူတို့၏ဘုန်းအသရေသည်မြက်ပွင့် နှင့်လည်းကောင်းတူကြ၏။ မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့၍သွားတတ်၏။ မြက်ပွင့်များသည်လည်းကြွေ၍ကျတတ်၏။
Nebo všeliké tělo jest jako tráva, a všeliká sláva člověka jako květ trávy. Usvadla tráva, a květ její spadl,
25 ၂၅ ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏'' ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။ (aiōn )
Ale slovo Páně zůstává na věky. Totoť pak jest to slovo, kteréž zvěstováno jest vám. (aiōn )