< ၁ ပေတရု 3 >

1 ထို​နည်း​တူ​စွာ​ဇ​နီး​တို့၊ သင်​တို့​ခင်​ပွန်း​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ကြ​လော့။ ဤ​နည်း​အား ဖြင့်​သင်​တို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် ကို​မ​ယုံ​ကြည်​သူ​ခင်​ပွန်း​များ​ရှိ​ပါ​မူ သင်​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​က​သူ​တို့​အား ယုံ​ကြည်​လာ​စေ​လိမ့်​မည်။ သင်​တို့​နှုတ်​ဖြင့်​ပြော ရန်​ပင်​မ​လို​ပေ။-
Similarly, wives, be submissive to your own husbands, so that even if some are disobedient to the Word, they may be won over, without a word, by the conduct of their wives
2 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အ​ဘယ်​မျှ စိတ်​ထား​ဖြူ​စင်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား တ​ရား​ရို​သေ​ကိုင်း​ရှိုင်း​သည်​ကို​လည်း​ကောင်း သူ​တို့​တွေ့​မြင်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
(having watched your pure behavior accompanied by respect),
3 သင်​တို့​၏​ရုပ်​ရည်​လှ​ပ​မှု​သည်​အ​ပြင်​အ​ပ လက္ခ​ဏာ​များ​ဖြစ်​သော​ဖီး​လိမ်း​ဝတ်​စား​မှု၊ ကျောက်​မျက်​ရ​တ​နာ​ဆင်​ယင်​မှု​တို့​အ​ပေါ် တွင်​မ​တည်​စေ​ဘဲ၊-
whose adorning should not be the outward one of braiding hair and wearing gold, or putting on fine clothing,
4 မိ​မိ​တို့​အ​တွင်း​စိတ်​နှ​လုံး​နှင့်​ဆိုင်​သော နူး​ညံ့​သိမ်​မွေ့​သည့်​သ​ဘော​တည်း​ဟူ​သော ထာ​ဝ​စဉ်​လှ​ပ​မှု​ပေါ်​တွင်​တည်​စေ​ကြ​လော့။ ယင်း​လှ​ပ​မှု​သည်​ဘု​ရား​သ​ခင်​ရှေ့​တော် မှောက်​၌၊ အ​လွန်​အ​ဖိုး​ထိုက်​ပေ​သည်။-
but rather the hidden person of the heart, with the incorruptible adorning of the gentle and quiet spirit that is of great value before God.
5 ရှေး​အ​ခါ​က​ဘု​ရား​တ​ရား​ကြည်​ညို​၍ ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​ကိုး​စား​သော အ​မျိုး​သ​မီး​တို့​သည် မိ​မိ​တို့​ခင်​ပွန်း​များ ၏​စ​ကား​ကို​နား​ထောင်​ခြင်း​အား​ဖြင့်​လှ​ပ အောင်​တန်​ဆာ​ဆင်​ကြ​၏။-
For this is how the holy women who hoped in God in former times also adorned themselves, being submissive to their own husbands,
6 ဥ​ပ​မာ​ပြော​ရ​သော်​စာ​ရာ​သည်​အာ​ဗြ​ဟံ ၏​စ​ကား​ကို​နား​ထောင်​၏။ အာ​ဗြ​ဟံ​ကို​သ​ခင် ဟု​ခေါ်​၏။ သင်​တို့​သည်​မည်​သည်​ကို​မျှ​ကြောက်​ရွံ့ ခြင်း​မ​ရှိ​ဘဲ ကောင်း​မြတ်​သည့်​အ​ကျင့်​ကို​ပြု ကျင့်​ပါ​လျှင်​စာ​ရာ​၏​သ​မီး​များ​ဖြစ်​ကြ​၏။
as Sarah obeyed Abraham, calling him ‘lord’, whose (f) daughters you became by doing good and not being afraid of any intimidation.
7 ထို​နည်း​တူ​စွာ​ခင်​ပွန်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ဇ​နီး​များ​အား​နွဲ့​သူ​များ​ဖြစ်​သည်​ကို​ထောက်​၍ သူ​တို့​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​ကြ​မည်။ သူ​တို့ သည်​သက်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​သင်​တို့​နှင့် အ​တူ​ခံ​စား​ရ​ကြ​မည့်​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ​တို့​ကို​လေး​စား​စွာ​ဆက်​ဆံ ရ​ကြ​မည်။ သို့​မှ​သာ​သင်​တို့​၏​ပတ္ထနာ​များ ကို​အ​ဆီး​အ​တား​ရှိ​မည်​မ​ဟုတ်။
Similarly, husbands, live together knowledgeably as with a weaker vessel, according honor to the wife especially as being a joint heir of the grace of life, for your prayers not to be hindered.
8 နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။-
Finally, all of you be like-minded, compassionate, loving as brothers, tenderhearted, courteous,
9 အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-
not returning evil for evil or reviling for reviling, but instead blessing, knowing that you were called to this so that you may inherit a blessing.
10 ၁၀ အောက်​ပါ​ကျမ်း​စာ​တော်​အ​ရ​ဖော်​ပြ​သည် နှင့်​အ​ညီ​ဖြစ်​သည်။ ``မိ​မိ​ဘ​ဝ​ကို​ချစ်​မြတ်​နိုး​၍​စီး​ပွား​ချမ်း သာ​ကို အ​လို​ရှိ​သူ​သည်၊ မိ​မိ​၏​လျှာ​ကို​မ​ညစ်​ညမ်း​စေ​ရန်​ထိန်း​သိမ်း ရ​မည်။ မိ​မိ​နှုတ်​ကို​လည်း​လိမ်​လည်​လှည့်​ဖြား​မှု​နှင့် ကင်း​စေ​ရ​မည်။
For: “The one who wants to love life and to see good days must refrain his tongue from evil and his lips from speaking deceit;
11 ၁၁ သူ​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ရှား​လျက် သု​စ​ရိုက်​ကို​ပြု​ရ​မည်။ ငြိမ်း​ချမ်း​မှု​အ​တွက်​အ​စွမ်း​ကုန်​ကြိုး​ပမ်း ရ​မည်။
he must turn away from evil and do good; he must seek peace, even pursue it.
12 ၁၂ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''
Because the eyes of the Lord are upon the righteous, and His ears open to their prayer; but the face of the Lord is against those doing evil.”
13 ၁၃ သို့​ဖြစ်​၍​သု​စ​ရိုက်​တ​ရား​ကို​သင်​တို့​ခုံ​မင် စွဲ​လမ်း​ကြ​ပါ​မူ​အ​ဘယ်​သူ​သည်​သင်​တို့​အား ဘေး​သင့်​စေ​နိုင်​မည်​နည်း။-
Now who is he who will harm you if you become imitators of the good?
14 ၁၄ သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​အ​မှန်​တ​ရား ကို​ကျင့်​သုံး​မှု​ကြောင့်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​သော်​မင်္ဂ လာ​ရှိ​ကြ​၏။ မည်​သူ​အား​မျှ​မ​ကြောက်​ကြ​နှင့်။ မ​စိုး​ရိမ်​ကြ​နှင့်။-
But even if you should suffer for righteousness' sake, you are blessed. “Do not fear what they fear, neither be troubled.”
15 ၁၅ သို့​ရာ​တွင်​သင်​တို့​စိတ်​နှ​လုံး​တွင်​ခ​ရစ်​တော် ကို​ရို​သေ​ကိုင်း​ရှိုင်း​၍​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခံ​ယူ​ကြ​လော့။ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​မျှော် လင့်​ချက်​အ​ကြောင်း​ကို​စစ်​ဆေး​မေး​မြန်း​လာ သူ​အား​အ​ချိန်​မ​ရွေး​ရှင်း​လင်း​ဖော်​ပြ​ရန် အ​သင့်​ရှိ​ကြ​လော့။-
Rather, sanctify the Lord God in your hearts, and always be ready with an answer for everyone who asks you a reason concerning the hope that is in you, with meekness and respect;
16 ၁၆ သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-
keeping a good conscience, so that wherein they speak against you as evildoers, those who revile your good way of life in Christ may be put to shame.
17 ၁၇ သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။-
For it is better to suffer for doing good, should the will of God so determine, than for doing evil.
18 ၁၈ အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-
Because Christ also suffered on account of sins, once for all, the righteous on behalf of the unrighteous, that He might bring us to God; having been put to death, to be sure, in flesh, but having been made alive in spirit;
19 ၁၉ ဝိ​ညာဉ်​အား​ဖြင့်​ကိုယ်​တော်​သည်​အ​ကျဉ်း​ကျ လျက်​နေ​သော​ဝိ​ညာဉ်​များ​ထံ​သို့​သွား​ရောက် ၍​တ​ရား​ဟော​တော်​မူ​၏။-
in which He also went and made a proclamation to the spirits in prison
20 ၂၀ ထို​ဝိ​ညာဉ်​တို့​ကား​သင်္ဘော​ကို​နော​ဧ​တည်​ဆောက် လျက်​နေ​စဉ်​တွင် သည်း​ခံ​စောင့်​ဆိုင်း​လျက်​နေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင် ခဲ့​သူ​တို့​၏​ဝိ​ညာဉ်​များ​ပင်​ဖြစ်​သ​တည်း။ သို့ ရာ​တွင်​ရေ​အား​ဖြင့်​ကယ်​ဆယ်​ခြင်း​ခံ​ရ​သူ များ​မှာ​သ​င်္ဘော​ပေါ်​တွင်​အ​နည်း​ငယ်​သာ​ရှိ ၍​အ​ရေ​အ​တွက်​အား​ဖြင့်​ရှစ်​ယောက်​မျှ​သာ ဖြစ်​၏။-
who formerly were disobedient, when the patience of God kept waiting in the days of Noah, while the Ark was being prepared, in which a few, that is eight, souls were brought safely through water.
21 ၂၁ ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
This is an antitype of baptism, that now saves us also (not the removal of physical filth, but the appeal into God from a good conscience) through the resurrection of Jesus Christ,
22 ၂၂ ထို​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ ၍ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​လက်​ယာ​တော် ဘက်​တွင်​ရှိ​တော်​မူ​ပြီး​လျှင်​ကောင်း​ကင်​တ​မန် များ၊ ကောင်း​ကင်​အာ​ဏာ​ပိုင်​များ​နှင့်​တန်​ခိုး ရှင်​များ​ကို​အုပ်​စိုး​၍​နေ​တော်​မူ​၏။
who is at the right hand of God, having gone into heaven, angels and authorities and powers having been made subject to Him.

< ၁ ပေတရု 3 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark