< ၁ ပေတရု 3 >
1 ၁ ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-
Též podobně i ženy buďte poddané mužům svým, aby, byť pak kteří i nevěřili slovu, skrze zbožné obcování žen bez slova získáni byli,
2 ၂ အဘယ်ကြောင့်ဆိုသော်သင်တို့အဘယ်မျှ စိတ်ထားဖြူစင်သည်ကိုလည်းကောင်း၊ ဘုရား တရားရိုသေကိုင်းရှိုင်းသည်ကိုလည်းကောင်း သူတို့တွေ့မြင်မည်ဖြစ်သောကြောင့်တည်း။-
Spatřujíce v bázni svaté vaše obcování.
3 ၃ သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊-
Kterýchžto ozdoba budiž ne ta zevnitřní, v spletání vlasů, a províjení jich zlatem, anebo v odívání plášťů,
4 ၄ မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။-
Ale ten skrytý srdce člověk, záležející v neporušitelnosti krotkého a pokojného ducha, kterýžto před obličejem Božím velmi drahý jest.
5 ၅ ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ ၏စကားကိုနားထောင်ခြင်းအားဖြင့်လှပ အောင်တန်ဆာဆင်ကြ၏။-
Tak jsou zajisté někdy i ony svaté ženy, kteréž naději měly v Bohu, ozdobovaly se, poddány byvše manželům svým,
6 ၆ ဥပမာပြောရသော်စာရာသည်အာဗြဟံ ၏စကားကိုနားထောင်၏။ အာဗြဟံကိုသခင် ဟုခေါ်၏။ သင်တို့သည်မည်သည်ကိုမျှကြောက်ရွံ့ ခြင်းမရှိဘဲ ကောင်းမြတ်သည့်အကျင့်ကိုပြု ကျင့်ပါလျှင်စာရာ၏သမီးများဖြစ်ကြ၏။
Jako Sára poslušna byla Abrahama, pánem jej nazývajici; jejížto vy jste dcerky, dobře činíce a nebojíce se žádného přestrašení.
7 ၇ ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။
Též podobně i muži spolu s nimi bydlíce podle umění, jakožto mdlejšímu osudí ženskému udělujíce cti, jakožto i spoludědičkám života milosti, aby modlitby vaše neměly překážky.
8 ၈ နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာ ထောက်ထား၍တစ်ယောက်ကိုတစ်ယောက် ညီ ရင်းအစ်ကိုကဲ့သို့ချစ်ကြလော့။ ကြင်နာ သနားတတ်သောသဘော၊ နှိမ့်ချတတ်သော သဘောရှိကြလော့။-
A tak sumou, všickni buďte jednomyslní, jedni druhých bíd čitelní, bratrstva milovníci, milosrdní, dobrotiví,
9 ၉ အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
Neodplacujíce zlého za zlé, ani zlořečenství za zlořečenství, ale raději dobrořečíce, vědouce, že jste k tomu povoláni, abyste požehnání dědičně obdrželi.
10 ၁၀ အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။ ``မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်း သာကို အလိုရှိသူသည်၊ မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်း ရမည်။ မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။
Nebo kdož chce milovati život, a viděti dny dobré, zkrocujž jazyk svůj od zlého, a ústa jeho ať nemluví lsti.
11 ၁၁ သူသည်ဒုစရိုက်ကိုရှောင်ရှားလျက် သုစရိုက်ကိုပြုရမည်။ ငြိမ်းချမ်းမှုအတွက်အစွမ်းကုန်ကြိုးပမ်း ရမည်။
Uchyl se od zlého, a čiň dobré; hledej pokoje, a stihej jej.
12 ၁၂ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။ သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''
Nebo oči Páně obrácené jsou na spravedlivé a uši jeho k prosbám jejich, ale zuřivý obličej Páně na ty, kteříž činí zlé věci.
13 ၁၃ သို့ဖြစ်၍သုစရိုက်တရားကိုသင်တို့ခုံမင် စွဲလမ်းကြပါမူအဘယ်သူသည်သင်တို့အား ဘေးသင့်စေနိုင်မည်နည်း။-
A kdo jest, ješto by vám zle učinil, jestliže budete následovníci dobrého?
14 ၁၄ သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။-
Ale kdybyste pak i trpěli pro spravedlnost, blahoslavení jste. Strachu pak jejich nebojte se, ani se kormuťte,
15 ၁၅ သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
Ale Pána Boha posvěcujte v srdcích vašich. Hotovi pak buďte vždycky k vydání počtu všelikému, kdož by od vás požádal zprávy z naděje té, kteráž jest v vás, a to s tichostí a s bázní,
16 ၁၆ သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-
Majíce dobré svědomí, aby za to, že utrhají vám jako zločincům, zahanbeni byli ti, kteříž hanějí vaše ctné v Kristu obcování.
17 ၁၇ သုစရိုက်ကိုပြုသဖြင့်ဆင်းရဲဒုက္ခရောက်ခြင်း သည်ဘုရားသခင်၏အလိုတော်အရဖြစ်လျှင် ယင်းသည်ဒုစရိုက်ကိုပြုခြင်းထက်ပို၍ ကောင်း၏။-
Lépeť jest zajisté, abyste dobře činíce, líbilo-li by se tak vůli Boží, trpěli, nežli zle činíce.
18 ၁၈ အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
Nebo i Kristus jedinou za hříchy trpěl, spravedlivý za nespravedlivé, aby nás přivedl k Bohu, umrtven jsa z strany těla, ale obživen z strany Ducha.
19 ၁၉ ဝိညာဉ်အားဖြင့်ကိုယ်တော်သည်အကျဉ်းကျ လျက်နေသောဝိညာဉ်များထံသို့သွားရောက် ၍တရားဟောတော်မူ၏။-
Skrze něhož i těm, kteříž jsou již v žaláři, duchům přicházeje kázával,
20 ၂၀ ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
Někdy nepovolným, když ono jednou očekávala Boží snášelivost za dnů Noé, když dělán byl koráb, v kterémžto málo, to jest osm duší, zachováno jest u vodě.
21 ၂၁ ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-
K čemužto připodobněn jsa nyní křest, i nás spaseny činí, ne to tělesné špíny smytí, ale dobrého svědomí u Boha dotázání, skrze vzkříšení Ježíše Krista.
22 ၂၂ ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။
Kterýž všed v nebe, jest na pravici Boží, podmaniv sobě anděly, i mocnosti, i moci.