< ၁ ပေတရု 2 >
1 ၁ သို့ဖြစ်၍သင်တို့သည်မကောင်းမှုအမျိုးမျိုး နှင့်လှည့်ဖြားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ဆဲရေးတိုင်းထွာမှုတို့ကိုပယ်ရှားကြလော့။-
Deponentes igitur omnem malitiam, et omnem dolum, et simulationes, et invidias, et omnes detractiones,
2 ၂ မွေးစကလေးသူငယ်ကဲ့သို့ဝိညာဉ်နို့ရည် စစ်ကိုအမြဲလိုလားတောင့်တကြလော့။ သို့ မှသာသင်တို့သည်ကြီးထွား၍ကယ်တင် ခြင်းခံရလိမ့်မည်။-
sicut modo geniti infantes, rationabile, sine dolo lac concupiscite: ut in eo crescatis in salutem:
3 ၃ ကျမ်းစာတော်က``ထာဝရဘုရားသည် သနားကြင်နာတော်မူတတ်ကြောင်းကို သင်တို့ကိုယ်တိုင်သိရှိကြ၏'' ဟုဆိုသည် နှင့်အညီဖြစ်၏။
si tamen gustastis quoniam dulcis est Dominus.
4 ၄ သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။-
Ad quem accedentes lapidem vivum, ab hominibus quidem reprobatum, a Deo autem electum, et honorificatum:
5 ၅ သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
et ipsi tamquam lapides vivi superædificamini, domus spiritualis, sacerdotium sanctum, offerre spirituales hostias, acceptabiles Deo per Jesum Christum.
6 ၆ အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ငါသည်အဖိုးတန်ကျောက်တစ်လုံးကို ရွေးချယ်၍၊ ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။ မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။
Propter quod continet Scriptura: Ecce pono in Sion lapidem summum angularem, electum, pretiosum: et qui crediderit in eum, non confundetur.
7 ၇ ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊ ``တိုက်တည်ဆောက်သူတို့ပယ်ထားသော ကျောက်သည် အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏'' ဟုဖော်ပြ၏။
Vobis igitur honor credentibus: non credentibus autem lapis, quem reprobaverunt ædificantes: hic factus est in caput anguli,
8 ၈ အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။
et lapis offensionis, et petra scandali, his qui offendunt verbo, nec credunt in quo et positi sunt.
9 ၉ သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
Vos autem genus electum, regale sacerdotium, gens sancta, populus acquisitionis: ut virtutes annuntietis ejus qui de tenebris vos vocavit in admirabile lumen suum.
10 ၁၀ အခါတစ်ပါးကဘုရားသခင်၏လူစုတော် မဟုတ်သူသင်တို့သည်ယခုအခါကိုယ်တော် ၏လူစုတော်ဖြစ်ကြပြီ။ အခါတစ်ပါးက သင်တို့သည်ဘုရားသခင်၏ကရုဏာတော် ကိုမသိရကြ။ ယခုမှာမူကိုယ်တော်၏ ကရုဏာတော်ကိုခံစားရကြလေပြီ။
Qui aliquando non populus, nunc autem populus Dei: qui non consecuti misericordiam, nunc autem misericordiam consecuti.
11 ၁၁ ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-
Carissimi, obsecro vos tamquam advenas et peregrinos abstinere vos a carnalibus desideriis, quæ militant adversus animam,
12 ၁၂ မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
conversationem vestram inter gentes habentes bonam: ut in eo quod detrectant de vobis tamquam de malefactoribus, ex bonis operibus vos considerantes, glorificent Deum in die visitationis.
13 ၁၃ သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊-
Subjecti igitur estote omni humanæ creaturæ propter Deum: sive regi quasi præcellenti:
14 ၁၄ ဘုရင်ခံများအားလူဆိုးတို့ကိုအပြစ်ပေး ရန်နှင့်၊ လူကောင်းတို့ကိုချီးမြှင့်ရန်ဘုရင် ဧကရာဇ်ခန့်ထားသောသူများအဖြစ်ဖြင့် လည်းကောင်းလက်ခံကြလော့။-
sive ducibus tamquam ab eo missis ad vindictam malefactorum, laudem vero bonorum:
15 ၁၅ သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။-
quia sic est voluntas Dei, ut benefacientes obmutescere faciatis imprudentium hominum ignorantiam:
16 ၁၆ သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-
quasi liberi, et non quasi velamen habentes malitiæ libertatem, sed sicut servi Dei.
17 ၁၇ ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။
Omnes honorate: fraternitatem diligite: Deum timete: regem honorificate.
18 ၁၈ အစေခံတို့၊ သင်တို့သည်မိမိတို့သခင်များ၏ အုပ်စိုးခြင်းကိုဝန်ခံရကြမည်။ စိတ်ကောင်းရှိ၍ ညှာတာထောက်ထားတတ်သောသခင်များကို သာမဟုတ်၊ ကြမ်းယုတ်သောသခင်တို့ကို လည်းအလွန်ကြောက်ရွံ့ရိုသေကြလော့။-
Servi, subditi estote in omni timore dominis, non tantum bonis et modestis, sed etiam dyscolis.
19 ၁၉ သင်တို့သည်ဘုရားသခင်၏အလိုတော်ကို သိသဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခ များကိုမညည်းမညူဘဲခံကြပါမူ ဘုရား သခင်သည်သင်တို့အားကောင်းချီးပေးတော် မူလိမ့်မည်။-
Hæc est enim gratia, si propter Dei conscientiam sustinet quis tristitias, patiens injuste.
20 ၂၀ သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
Quæ enim est gloria, si peccantes, et colaphizati suffertis? sed si bene facientes patienter sustinetis, hæc est gratia apud Deum.
21 ၂၁ ဤနည်းအတိုင်းပြုမူစေရန်သင်တို့အား ကိုယ်တော်ရွေးကောက်တော်မူခြင်းဖြစ်ပေ သည်။ ခရစ်တော်ကိုယ်တိုင်ပင်လျှင်သင်တို့ အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော် ရာကိုသင်တို့လိုက်လျှောက်နိုင်စေရန်စံနမူ နာထားခဲ့ပြီ။-
In hoc enim vocati estis: quia et Christus passus est pro nobis, vobis relinquens exemplum ut sequamini vestigia ejus:
22 ၂၂ ကိုယ်တော်သည်အပြစ်မကူး၊ မုသားကို လည်းအဘယ်အခါ၌မျှသုံးတော်မမူ။-
qui peccatum non fecit, nec inventus est dolus in ore ejus:
23 ၂၃ မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-
qui cum malediceretur, non maledicebat: cum pateretur, non comminabatur: tradebat autem judicanti se injuste:
24 ၂၄ ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
qui peccata nostra ipse pertulit in corpore suo super lignum; ut peccatis mortui, justitiæ vivamus: cujus livore sanati estis.
25 ၂၅ သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဉ် တို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင့်သိုးထိန်းကြီးထံသို့ပြန်လည်ရောက် ရှိကြလေပြီ။
Eratis enim sicut oves errantes, sed conversi estis nunc ad pastorem, et episcopum animarum vestrarum.