< ၃ ဓမ္မရာဇဝင် 1 >
1 ၁ ဒါဝိဒ်မင်းသည်အလွန်အိုမင်းသောအခါ အစေခံတို့ကစောင်များခြုံပေးသော်လည်း မနွေးနိုင်အောင်ရှိတတ်၏။-
Sendo pois o rei David já velho, e entrado em dias, cobriam-n'o de vestes, porém não aquecia.
2 ၂ သို့ဖြစ်၍မှူးမတ်များက``အရှင်မင်းကြီး၊ အရှင့်အားခစားပြုစုရန်အတွက်အမျိုး သမီးပျိုတစ်ဦးကိုအကျွန်ုပ်တို့ရှာပါရ စေ။ ထိုအမျိုးသမီးသည်အရှင်၏အနီး တွင်ကပ်၍အိပ်ပြီးလျှင် အရှင့်အားနွေးအောင် ပြုပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
Então disseram-lhe os seus servos: Busquem para o rei meu senhor uma moça virgem, que esteja perante o rei, e tenha cuidado d'elle: e durma no seu seio, para que o rei meu senhor aqueça.
3 ၃ သူတို့သည်အဆင်းလှသည့်အမျိုးသမီး တစ်ဦးကို ဣသရေလပြည်တစ်လျှောက် လိုက်လံရှာဖွေကြရာရှုနင်မြို့သူအဘိ ရှက်ကိုတွေ့ရှိကြသဖြင့် မင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။-
E buscaram por todos os termos de Israel uma moça formosa: e acharam a Abisag, sunamita; e a trouxeram ao rei.
4 ၄ လွန်စွာအဆင်းလှသည့်ထိုအမျိုးသမီးသည် မင်းကြီးအပါးတော်တွင်လုပ်ကျွေးပြုစုသော် လည်း မင်းကြီးသည်သူနှင့်ကိုယ်လက်နှီးနှောမှု ကိုမပြုချေ။
E era a moça sobre maneira formosa: e tinha cuidado do rei, e o servia; porém o rei não a conheceu.
5 ၅ ဟ္ဂိတ်နှင့်ဒါဝိဒ်ရသောသားအဒေါနိယသည် အလွန်အဆင်းလှ၏။ အဗရှလုံသေဆုံးသဖြင့် သူသည်ဒါဝိဒ်၏လက်ရှိသားတို့တွင်အကြီး ဆုံးဖြစ်၏။ ဒါဝိဒ်သည်သူ့အားအဘယ်အမှု တွင်မျှပြောဆိုဆုံးမဖူးသည်ဟူ၍မရှိ။ သူ သည်ထီးနန်းကိုမျှော်မှန်းသူဖြစ်၍ မိမိကိုယ် ပိုင်ရထားများ၊ မြင်းများနှင့်ရှေ့တော်ပြေး လူငါးဆယ်ကိုရရှိလေသည်။-
Então Adonias, filho d'Haggith, se levantou, dizendo: Eu reinarei. E preparou carros, e cavalleiros, e cincoenta homens, que corressem diante d'elle.
E nunca seu pae o tinha contrariado, dizendo: Porque fizeste assim? E era elle tambem mui formoso de parecer; e Haggith o parira depois de Absalão.
7 ၇ သူသည်ဇေရုယာ၏သားယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့နှင့်တိုင်ပင်ရာ ထိုသူတို့က သူ့အားကူညီရန်သဘောတူကြ၏။-
E tinha intelligencia com Joab, filho de Zeruia, e com Abiathar o sacerdote; os quaes o ajudavam, seguindo a Adonias.
8 ၈ သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။
Porém Zadok o sacerdote, e Benaia, filho de Joiada, e Nathan, o propheta, e Simei, e Rei, e os valentes que David tinha, não estavam com Adonias.
9 ၉ တစ်နေ့သောအခါအဒေါနိယသည် အင်္ရော ဂေလစမ်းချောင်းအနီး၊ မြွေကျောက်ဆောင် တွင်သိုးနွားနှင့်ဆူဖြိုးသောကျွဲငယ်များ ကိုယဇ်ပူဇော်ကာ ဒါဝိဒ်မင်း၏အခြား သားတော်များနှင့်ယုဒမှူးမတ်များအား ထိုပူဇော်ပွဲသို့ခေါ်ဖိတ်လေသည်။-
E matou Adonias ovelhas, e vaccas, e bestas cevadas, junto á pedra de Zoheleth, que está junto á fonte de Rogel: e convidou a todos os seus irmãos, os filhos do rei, e a todos os homens de Judah, servos do rei
10 ၁၀ သို့သော်မိမိနှင့်အဖေတူအမေကွဲညီ တော်သူရှောလမုန်နှင့်ပရောဖက်နာသန်၊ ဗေနာယနှင့်ဘုရင့်ကိုယ်ရံတော်တပ်သား များကိုမခေါ်မဖိတ်ချေ။
Porém a Nathan, propheta, e a Benaia, e aos valentes, e a Salomão, seu irmão, não convidou.
11 ၁၁ ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-
Então fallou Nathan a Bath-seba, mãe de Salomão, dizendo: Não ouviste que Adonias, filho de Haggith, reina? e que nosso senhor David não o sabe
12 ၁၂ သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
Vem pois agora, e deixa-me dar-te um conselho, para que salves a tua vida, e a de Salomão teu filho.
13 ၁၃ သင်သည်ယခုချက်ချင်းဒါဝိဒ်မင်းထံသွား ၍`အရှင်မင်းကြီး၊ ကျွန်မ၏သားရှောလမုန် အားအရှင့်အရိုက်အရာကိုဆက်ခံ၍နန်း ထိုင်ရမည်ဟုအရှင်ကျိန်ဆိုကတိပြုတော် မူခဲ့သည်မဟုတ်ပါလော။ ယခုအဘယ်ကြောင့် အဒေါနိယသည်ဘုရင်ဖြစ်သွားပါသနည်း' ဟုမေးလျှောက်လော့။-
Vae, e entra ao rei David, e dize-lhe: Não juraste tu, rei senhor meu, á tua serva, dizendo: Certamente teu filho Salomão reinará depois de mim, e elle se assentará no meu throno? porque pois reina Adonias?
14 ၁၄ ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။
Eis que, estando tu ainda ahi fallando com o rei, eu tambem entrarei depois de ti, e acabarei as tuas palavras.
15 ၁၅ ထို့ကြောင့်ဗာသရှေဘသည် မင်းကြီးအား ခစားရန်အဆောင်ထဲသို့ဝင်လေ၏။ မင်းကြီး သည်လွန်စွာအိုမင်းပြီဖြစ်၍ ရှုနင်မြို့သူ အဘိရှက်ကသူ့အားလုပ်ကျွေးပြုစုလျက် နေ၏။-
E entrou Bath-seba ao rei na recamara; e o rei era mui velho: e Abisag, a sunamita, servia ao rei.
16 ၁၆ ဗာသရှေဘသည်မင်းကြီး၏ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လိုက်သောအခါမင်းကြီး က``သင်အဘယ်အရာကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
E Bath-seba inclinou a cabeça, e se prostrou perante o rei: e disse o rei: Que tens?
17 ၁၇ ဗာသရှေဘက``အရှင်မင်းကြီး၊ အရှင်သည် ကျွန်မ၏သားရှောလမုန်အားအရှင့်အရိုက် ရာကိုဆက်ခံ၍ နန်းတင်ရမည်ဟုအရှင်၏ ဘုရားသခင်ထာဝရဘုရားနာမတော်ကို တိုင်တည်၍ကျိန်ဆိုကတိပြုတော်မူခဲ့ပါ၏။-
E ella lhe disse: Senhor meu, tu juraste á tua serva pelo Senhor teu Deus, dizendo: Salomão, teu filho, reinará depois de mim, e elle se assentará no meu throno.
18 ၁၈ သို့ရာတွင်ယခုအဒေါနိယသည်ဘုရင် ဖြစ်လျက်နေလေပြီ။ သို့သော်အရှင်ထို သတင်းကိုကြားသိတော်မမူသေးပါ။-
E agora eis que Adonias reina: e agora, ó rei meu senhor, tu não o sabes.
19 ၁၉ သူသည်နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ် များကိုယဇ်ပူဇော်ကာအရှင်၏သားတော် များ၊ ယဇ်ပုရောဟိတ်များနှင့်အရှင့်တပ်မ တော်ဗိုလ်ချုပ်ယွာဘတို့အားယဇ်ပူဇော်ပွဲ သို့ခေါ်ဖိတ်ပါ၏။ သို့ရာတွင်အရှင်၏ သားတော်ရှောလမုန်ကိုမူမခေါ်ဖိတ်ပါ။-
E matou vaccas, e bestas cevadas, e ovelhas em abundancia, e convidou a todos os filhos do rei, e a Abiathar, o sacerdote, e a Joab, general do exercito, mas a teu servo Salomão não convidou.
20 ၂၀ အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။-
Porém tu, ó rei meu senhor, os olhos de todo o Israel estão sobre ti, para que lhes declares quem se assentará sobre o throno do rei meu senhor, depois d'elle.
21 ၂၁ အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
D'outro modo succederá que, quando o rei meu senhor dormir com seus paes, eu e Salomão meu filho seremos os peccantes.
22 ၂၂ ယင်းသို့လျှောက်ထားနေချိန်၌ ပရောဖက် နာသန်ရောက်ရှိလာသဖြင့်၊-
E, estando ella ainda fallando com o rei, eis que entra o propheta Nathan.
23 ၂၃ ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊-
E o fizeram saber ao rei, dizendo: Eis ali está o propheta Nathan. E entrou á presença do rei, e prostrou-se diante do rei com o rosto em terra.
24 ၂၄ ``အရှင်မင်းကြီး၊ အဒေါနိယအားအရှင် ၏အရိုက်အရာကိုဆက်ခံစေတော်မူမည် ဟုအရှင်ကြေငြာပြီလော။-
E disse Nathan: Ó rei meu senhor, disseste tu: Adonias reinará depois de mim, e elle se assentará sobre o meu throno?
25 ၂၅ ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။-
Porque hoje desceu, e matou vaccas, e bestas cevadas, e ovelhas em abundancia, e convidou a todos os filhos do rei, e aos capitães do exercito, e a Abiathar, o sacerdote, e eis que estão comendo e bebendo perante elle: e dizem: Viva o rei Adonias!
26 ၂၆ သို့ရာတွင်အဒေါနိယသည်ကိုယ်တော်၏ အစေခံအကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ဗေနာယနှင့်ရှောလမုန်တို့ကိုမခေါ် မဖိတ်ပါ။-
Porém a mim, sendo eu teu servo, e a Zadok, o sacerdote, e a Benaia, filho de Joiada, e a Salomão, teu servo, não convidou.
27 ၂၇ ဤအမှုအရာတို့ကိုအရှင်မင်းကြီးနှစ်သက် လက်ခံတော်မူပါသလော။ အရှင်၏အရိုက် အရာကိုမည်သူလက်ခံ၍နန်းတက်ရမည် ကိုမှူးမတ်တို့အားမဖော်မပြဘဲဤအမှု ကိုအရှင်မင်းကြီးစီရင်တော်မူပါသလော'' ဟုလျှောက်လေ၏။
Foi feito isto da parte do rei meu senhor? e não fizeste saber a teu servo quem se assentaria no throno do rei meu senhor depois d'elle?
28 ၂၈ ဒါဝိဒ်မင်းက``ဗာသရှေဘအား အခန်းထဲသို့ ပြန်၍ဝင်စေလော့'' ဟုဆိုလျှင် ဗာသရှေဘ သည်ဝင်လာ၍ရှေ့တော်တွင်ရပ်လျက်နေ၏။-
E respondeu o rei David, e disse: Chamae-me a Bath-seba, E ella entrou á presença do rei; e estava em pé diante do rei.
29 ၂၉ ထိုအခါမင်းကြီးက``ဒုက္ခဆင်းရဲအပေါင်း မှငါ့အားကယ်ဆယ်တော်မူ၍ အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ကာသင့်အားငါကျိန်ဆိုပါ၏။-
Então jurou o rei e disse: Vive o Senhor, o qual remiu a minha alma de toda a angustia,
30 ၃၀ ငါသည်သင်၏သားရှောလမုန်အားငါ့ အရိုက်အရာကိုဆက်ခံ၍နန်းတက်ရမည် ဟု ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနာမတော်ကိုတိုင် တည်၍ ကျိန်ဆိုခဲ့သည်အတိုင်းငါပြုမည် ဖြစ်ကြောင်းယနေ့ငါကတိပေး၏'' ဟု မိန့်တော်မူ၏။
Que, como te jurei pelo Senhor Deus de Israel, dizendo: Certamente teu filho Salomão reinará depois de mim, e elle se assentará no meu throno, em meu logar, assim o farei no dia d'hoje.
31 ၃၁ ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
Então Bath-seba se inclinou com o rosto em terra, e se prostrou diante do rei, e disse: Viva o rei David meu senhor para sempre!
32 ၃၂ ထို့နောက်ဒါဝိဒ်မင်းသည်ဇာဒုတ်၊ နာသန်နှင့် ဗေနာယတို့ကိုခေါ်စေတော်မူ၏။ သူတို့ ရောက်ရှိလာသောအခါ၊-
E disse o rei David: Chamae-me a Zadok, o sacerdote, e a Nathan, o propheta, e a Benaia, filho de Joiada. E entraram á presença do rei.
33 ၃၃ မင်းကြီးက``ငါ၏မှူးမတ်တို့ကိုအတူခေါ်ကာ သားတော်ရှောလမုန်အား ငါ၏မြည်းတော်ကို စီးစေ၍ဂိဟုန်စမ်းသို့ပို့ဆောင်ကြလော့။-
E o rei lhes disse: Tomae comvosco os servos de vosso senhor, e fazei subir a meu filho Salomão na mula que é minha; e fazei-o descer a Gihon.
34 ၃၄ ထိုအရပ်တွင်ဇာဒုတ်နှင့်နာသန်တို့ကသူ့အား ဣသရေလဘုရင်အဖြစ်ဖြင့်ဘိသိက်ပေးကြ စေ။ ထို့နောက်တံပိုးခရာမှုတ်၍`ရှောလမုန်မင်း သက်တော်ရှည်ပါစေသော' ဟုကြွေးကြော်ကြ လော့။-
E Zadok, o sacerdote, com Nathan, o propheta, ali o ungirão rei sobre Israel: então tocareis a trombeta, e direis: Viva o rei Salomão!
35 ၃၅ သူသည်ငါ၏ရာဇာပလ္လင်ပေါ်တွင်စံတော်မူရန် ဤအရပ်သို့ပြန်လာချိန်၌သင်တို့သည်လည်း သူ၏နောက်မှလိုက်ခဲ့ရကြမည်။ သူ့အားဣသ ရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင်အဖြစ် ငါရွေးချယ်တော်မူပြီ။ ထို့ကြောင့်သူသည်ငါ ၏အရိုက်အရာကိုဆက်ခံ၍နန်းတက်ရ မည်'' ဟုမိန့်တော်မူ၏။
Então subireis apoz elle, e virá e se assentará no meu throno, e elle reinará em meu logar: porque tenho ordenado que elle seja guia sobre Israel e sobre Judah.
36 ၃၆ ဗေနာယက``အမိန့်တော်အတိုင်းဖြစ်စေ ပါမည်။ အရှင်၏ဘုရားသခင်ထာဝရ ဘုရားကလည်း ထိုအမိန့်တော်ကိုအတည် ပြုတော်မူပါစေသော။-
Então Benaia, filho de Joiada, respondeu ao rei, e disse: Amen: assim o diga o Senhor Deus do rei meu senhor.
37 ၃၇ ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။
Como o Senhor foi com o rei meu senhor, assim o seja com Salomão, e faça que o seu throno seja maior do que o throno do rei David meu senhor.
38 ၃၈ ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။-
Então desceu Zadok, o sacerdote, e Nathan, o propheta, e Benaia, filho de Joiada, e os cheretheos, e os peletheos, e fizeram montar a Salomão na mula do rei David, e o levaram a Gihon.
39 ၃၉ ဇာဒုတ်သည်ထာဝရဘုရားစံတော်မူရာတဲ တော်မှ မိမိဆောင်ခဲ့သောသံလွင်ဆီဘူးကိုယူ၍ ရှောလမုန်အားဘိသိက်ပေးလေသည်။ ထို့နောက် တံပိုးခရာမှုတ်လိုက်သောအခါ လူအပေါင်း တို့သည်``ရှောလမုန်မင်းသက်တော်ရှည်ပါစေ သော'' ဟုကြွေးကြော်ကြ၏။-
E Zadok, o sacerdote tomou o vaso do azeite do tabernaculo, e ungiu a Salomão: e tocaram a, trombeta, e todo o povo disse: Viva o rei Salomão!
40 ၄၀ ထို့နောက်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ်လျက် ပလွေများကိုမှုတ်လျက် မြေကြီးကွဲမတတ် အသံဗလံများကိုပြုကာရှောလမုန်၏ နောက်မှလိုက်ကြ၏။
E todo o povo subiu apoz elle, e o povo tangia com gaitas, e alegrava-se com grande alegria: de maneira que com o seu clamor a terra retiniu.
41 ၄၁ အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
E o ouviu Adonias, e todos os convidados que estavam com elle, que tinham acabado de comer: tambem Joab ouviu o sonido das trombetas, e disse: Porque ha tal ruido na cidade alvoroçada?
42 ၄၂ သူ၏စကားမဆုံးမီ၌ပင်ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်ရောက်ရှိလာသဖြင့် အဒေါနိယက``ဝင်ခဲ့လော့။ သင်သည်လူကောင်း တစ်ယောက်ဖြစ်၍သတင်းကောင်းကိုဆောင်ယူ လာသူဖြစ်ရပေမည်'' ဟုဆို၏။
Estando elle ainda fallando, eis que vem Jonathan, filho de Abiathar, o sacerdote, e disse Adonias: Entra, porque és homem valente, e trarás boas novas.
43 ၄၃ ယောနသန်က``သတင်းကောင်းဖြစ်မည်မ ထင်ပါ။ အကျွန်ုပ်တို့အရှင်ဒါဝိဒ်မင်းသည် ရှောလမုန်အားမင်းမြှောက်လိုက်လေပြီ။-
E respondeu Jonathan, e disse a Adonias: Certamente nosso senhor rei David constituiu rei a Salomão.
44 ၄၄ မင်းကြီးသည်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့် ဘုရင့်ကိုယ်ရံတော်တပ်သားများအား ရှောလမုန် ကိုဘုရင်၏မြည်းတော်ပေါ်တွင်တင်၍ခေါ်ဆောင် သွားစေတော်မူပါ၏။-
E o rei enviou com elle a Zadok, o sacerdote, e a Nathan, o propheta, e a Benaia, filho de Joiada, e aos cheretheos e aos peletheos: e o fizeram montar na mula do rei.
45 ၄၅ ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
E Zadok, o sacerdote, e Nathan, o propheta, o ungiram rei em Gihon, e d'ali subiram alegres, e a cidade está alvoroçada: este é o clamor que ouviste.
46 ၄၆ ရှောလမုန်သည်ယခုဘုရင်ဖြစ်လေပြီ။
E tambem Salomão está assentado no throno do reino.
47 ၄၇ မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
E tambem os servos do rei vieram abençoar a nosso senhor, o rei David, dizendo: Faça teu Deus que o nome de Salomão seja melhor do que o teu nome; e faça que o seu throno seja maior do que o teu throno. E o rei se inclinou no leito.
48 ၄၈ `ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။
E tambem disse o rei assim: Bemdito o Senhor Deus de Israel, que hoje tem dado quem se assente no meu throno, e que os meus olhos o vissem.
49 ၄၉ ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။-
Então estremeceram e se levantaram todos os convidados que estavam com Adonias: e cada um se foi ao seu caminho.
50 ၅၀ အဒေါနိယသည်ရှောလမုန်ကိုလွန်စွာ ကြောက်သောကြောင့် ထာဝရဘုရားစံတော် မူရာတဲတော်သို့သွား၍ယဇ်ပလ္လင်ထောင့် စွယ်များ ကိုဆုပ်ကိုင်ထားပြီးလျှင်၊-
Porém Adonias temeu a Salomão: e levantou-se, e foi, e pegou dos cornos do altar.
51 ၅၁ ``ရှောလမုန်မင်းသည်ကျွန်တော်အားကွပ်မျက် တော်မူမည်မဟုတ်ဟု ဦးစွာကျိန်ဆိုမိန့်မြွက် တော်မူပါစေ'' ဟုဆို၏။ ဤအချင်းအရာ ကိုရှောလမုန်မင်းအားလျှောက်ထားကြ၏။-
E fez-se saber a Salomão, dizendo: Eis que Adonias teme ao rei Salomão: porque eis que pegou dos cornos do altar, dizendo: Jure-me hoje o rei Salomão que não matará a seu servo á espada.
52 ၅၂ ရှောလမုန်က``သူသည်သစ္စာရှိသူဖြစ်ပါ လျှင် သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်ကို မျှလက်ဖျားနှင့်ထိလိမ့်မည်မဟုတ်။ သစ္စာ မဲ့သူဖြစ်လျှင်မူကားသေဒဏ်ခံရမည်'' ဟုဆို၏။-
E disse Salomão: Se fôr homem de bem, nem um de seus cabellos cairá em terra: porém, se se achar n'elle maldade, morrerá.
53 ၅၃ ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။
E enviou o rei Salomão, e o fizeram descer do altar; e veiu, e prostrou-se perante o rei Salomão, e Salomão lhe disse: Vae para tua casa.