< ၃ ဓမ္မရာဇဝင် 9 >

1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-
When Salomon had finished the building of the house of ye Lord, and the kings palace, and all that Salomon desired and minded to do,
2 ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဗောင်​မြို့​မှာ​ကဲ့​သို့ သူ့ အား​ထင်​ရှား​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
Then the Lord appeared vnto Salomon the second time, as he appeared vnto him at Gibeon.
3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​ဆောက်​လုပ်​သည့် ဤ​ဗိ​မာန်​တော်​ကို​ငါ့​အား​ထာ​ဝ​စဉ်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​တော်​အ​ဖြစ်​ငါ​သီး​သန့်​၍ ထား​၏။ ဤ​ဗိ​မာန်​တော်​ကို​အ​ခါ​ခပ်​သိမ်း ငါ​ကြည့်​ရှု​စောင့်​ရှောက်​မည်။-
And the Lord sayd vnto him, I haue heard thy prayer and thy supplication, that thou hast made before me: I haue halowed this house (which thou hast built) to put my Name there for euer, and mine eyes, and mine heart shall be there perpetually.
4 သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊-
And if thou wilt walke before mee (as Dauid thy father walked in purenesse of heart and in righteousnesse) to doe according to al that I haue commanded thee, and keepe my statutes, and my iudgements,
5 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ရာ​ဇ ပလ္လင်​ထက်​စံ​ရ​သော သူ​၏​အ​မျိုး​မင်း​ရိုး​မ​ပြတ် စေ​ရ​ဟု​ငါ​ပေး​ခဲ့​သည့်​က​တိ​အ​တိုင်း​ငါ​ပြု မည်။-
Then will I stablish the throne of thy kingdome vpon Israel for euer, as I promised to Dauid thy father, saying, Thou shalt not want a man vpon the throne of Israel.
6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သို့​မ​ဟုတ်​သင်​၏​သား မြေး​များ​ငါ့​နောက်​သို့​မ​လိုက်​ဘဲ ငါ​ပေး​အပ်​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက် နာ​ဘဲ​အ​ခြား​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု ကြ​မည်​ဆို​ပါ​မူ၊-
But if ye and your children turne away from mee, and wil not keepe my commandements, and my statutes (which I haue set before you) but go and serue other gods, and worship them,
7 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-
Then will I cutte off Israel from the lande, which I haue giuen them, and the house which I haue halowed for my Name, will I cast out of my sight, and Israel shall be a prouerbe, and a common talke among all people.
8 ဤ​ဗိ​မာန်​တော်​သည်​လည်း​ယို​ယွင်း​ပျက်​စီး သည့်​အ​ဆောက်​အ​အုံ​ဖြစ်​လာ​လိမ့်​မည်။ ယင်း ၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​အံ့​အား​သင့်​လျက်`ထာ​ဝရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့် ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-
Euen this hie house shall bee so: euery one that passeth by it, shalbe astonied, and shall hisse, and they shall say, Why hath the Lord done thus vnto this land and to this house?
9 ထို​အ​ခါ​လူ​တို့​က​ဤ​သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား`အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ကို​စွန့်​၍ အ​ခြား​ဘု​ရား​များ​ထံ​မှီ​ဝဲ​ဆည်း ကပ်​ကြ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​အ​ပေါ်​ဘေး​ဆိုး​ကို​သင့်​ရောက်​စေ​တော်​မူ ခြင်း​ဖြစ်​သည်' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
And they shall answere, Because they forsooke the Lord their God, which brought their fathers out of the land of Egypt, and haue taken holde vpon other gods, and haue worshipped them, and serued them, therfore hath the Lord brought vpon them all this euill.
10 ၁၀ ရှော​လ​မုန်​မင်း​သည် ဗိ​မာန်​တော်​နှင့်​နန်း​တော် ကို​တည်​ဆောက်​ရာ​တွင် အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင် ကြာ​လေ​သည်။-
And at the ende of twentie yeeres, when Salomon had buylded the two houses, the house of the Lord, and the Kings palace,
11 ၁၁ တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​၏​တည်​ဆောက် ရေး​အ​တွက် လို​သ​မျှ​သော​သစ်​က​တိုး​သား၊ ထင်း ရှူး​သား​နှင့်​ရွှေ​ကို​ပေး​ပို့​လေ​သည်။ တည်​ဆောက် ရေး​ပြီး​ဆုံး​ချိန်​၌​ရှော​လ​မုန်​မင်း​သည်​ဟိ​ရံ အား​ဂါ​လိ​လဲ​နယ်​မြေ​ရှိ​မြို့​နှစ်​ဆယ်​ကို​ပေး တော်​မူ​၏။-
(For the which Hiram the King of Tyrus had brought to Salomon timber of cedar, and firre trees, and golde, and whatsoeuer he desired) then King Salomon gaue to Hiram twentie cities in the land of Galil.
12 ၁၂ ဟိ​ရံ​သည်​ထို​မြို့​များ​သို့​သွား​ရောက်​ကြည့်​ရှု ပြီး​နောက် မ​နှစ်​သက်​သ​ဖြင့်​ရှော​လ​မုန်​မင်း အား``အ​ဆွေ​တော်​ပေး​သည့်​မြို့​များ​ကား အ​ဘယ်​သို့​သော​မြို့​များ​နည်း'' ဟု​ဆို​သည် ကို၊-
And Hiram came out from Tyrus to see the cities which Salomon had giuen him, and they pleased him not.
13 ၁၃ အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို​ကာ​ဗု​လ​ဟူ​၍ ယ​ခု​တိုင်​အောင်​သ​မုတ်​ကြ​လေ​သည်။-
Therefore hee sayde, What cities are these which thou hast giuen me, my brother? And hee called them the land of Cabul vnto this day.
14 ၁၄ ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။
And Hiram had sent the King sixe score talents of gold.
15 ၁၅ ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။-
And this is the cause of the tribute why King Salomon raised tribute, to wit, to builde the house of the Lord, and his owne house, and Millo, and the wall of Ierusalem, and Hazor, and Megiddo, and Gezer.
16 ၁၆ (အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။-
Pharaoh King of Egypt had come vp, and taken Gezer, and burnt it with fire, and slew the Canaanites, that dwelt in the citie, and gaue it for a present vnto his daughter Salomons wife.
17 ၁၇ သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊-
(Therefore Salomon builte Gezer and Beth-horon the nether,
18 ၁၈ ဗာ​လက်​မြို့၊ ယု​ဒ​ပြည်​တော​ကန္တာ​ရ​ရှိ​တာ ဒ​မော်​မြို့​တို့​ကို​လည်း​ကောင်း၊-
And Baalath and Tamor in the wildernes of the land,
19 ၁၉ ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-
And all the cities of store, that Salomon had, euen cities for charets, and cities for horsemen, and all that Salomon desired and woulde build in Ierusalem, and in Lebanon and in all the land of his dominion)
20 ၂၀ ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ထား​ခဲ့​သည့်​ခါ​နာန်​အ​မျိုး​သား​များ​မှ ဆင်း​သက်​လာ​သူ​တို့​ကို​မိ​မိ​၏​ချွေး​တပ် အ​ဖြစ်​အ​သုံး​ပြု​လေ​သည်။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ၊ ဟိတ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို​သူ တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင်​အောင် ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-
Al the people that were left of the Amorites, Hittites, Perizzites, Hiuites, and Iebusites, which were not of the children of Israel:
21 ၂၁
To wit, their children that were left after them in the lande, whome the children of Israel were not able to destroy, those did Salomon make tributaries vnto this day.
22 ၂၂ ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။
But of the children of Israel did Salomon make no bondmen: but they were men of warre and his seruants, and his princes, and his captaines, and rulers of his charets and his horsemen.
23 ၂၃ ရှော​လ​မုန်​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ​တွင် လုပ်​ကိုင်​နေ​သော​ချွေး​တပ်​သား​တို့​အ​ပေါ်​ကြီး ကြပ်​အုပ်​ချုပ်​ရေး​မှူး​ငါး​ရာ​ငါး​ဆယ်​ရှိ​သ​တည်း။
These were the princes of the officers, that were ouer Salomons worke: euen fiue hundreth and fiftie, and they ruled the people that wrought in the worke.
24 ၂၄ ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။
And Pharaohs daughter came vp from the citie of Dauid vnto the house which Salomon had built for her: then did he buylde Millo.
25 ၂၅ ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။
And thrise a yere did Salomon offer burnt offringes and peace offrings vpon the altar which he built vnto the Lord: and hee burnt incense vpon the altar that was before the Lord, when hee had finished the house.
26 ၂၆ ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။-
Also King Salomon made a nauie of ships in Ezeon-geber, which is beside Eloth, and the brinke of the red Sea, in the land of Edom.
27 ၂၇ ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-
And Hiram sent with the nauie his seruats, that were mariners, and had knowledge of the sea, with the seruants of Salomon.
28 ၂၈ သူ​တို့​သည်​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့်​ကြ ပြီး​နောက် ရွှေ​အ​ချိန်​တစ်​ဆယ့်​ခြောက်​တန် နီး​ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​လာ ကြ​၏။
And they came to Ophir and sette from thence foure hundreth and twentie talents of gold, and brought it to King Salomon.

< ၃ ဓမ္မရာဇဝင် 9 >