< ၃ ဓမ္မရာဇဝင် 7 >

1 ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။-
POI Salomone, nello spazio di tredici anni, edificò la sua casa, e la compiè interamente.
2 လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင် အ​လျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ​ခု​နစ်​ဆယ့် ငါး​ပေ၊ အ​မြင့်​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ထို ခန်း​မ​ဆောင်​တွင်​သစ်​က​တိုး​သား​တစ်​ဆယ့် ငါး​တိုင်​ရှိ​သော​တိုင်​တန်း​သုံး​တန်း​ရှိ​၏။ ထို တိုင်​များ​ပေါ်​တွင်​သစ်​က​တိုး​သား​ထုပ်​များ တင်​ထား​၏။ မျက်​နှာ​ကျက်​ကို​လည်း​သစ် က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
Edificò ancora la casa del Bosco del Libano, di lunghezza di cento cubiti, e di larghezza di cinquanta, e d'altezza di trenta; [ed era posta] sopra quattro ordini di colonne di cedro, sopra le quali [vi era] una travatura di cedro.
3
E la casa [era] coperta di cedro di sopra, [cioè] sopra i palchi, ch'erano posti sopra quarantacinque colonne, a quindici per ordine.
4 နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။-
E [vi erano] tre ordini di finestre, il cui aspetto rispondeva l'uno all'altro triplicatamente.
5 တံ​ခါး​ပေါက်​များ​နှင့်​ပြူ​တင်း​ပေါက်​များ​တွင် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​တံ​ခါး​ဘောင်​များ ရှိ​၏။
E tutti i vani e gli stipiti [erano] di figura quadra; e l'uno aspetto [era] dirincontro all'altro triplicatamente.
6 ထောက်​တိုင်​များ​ပါ​သော​ခန်း​မ​ဆောင်​မှာ​အ​လျား ခု​နစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ၎င်း​၏​မျက်​နှာ​စာ​မှာ​တိုင်​များ​နှင့်​တ​ကွ အ​မိုး​ရှိ​၏။
Fece eziandio il portico a quelle colonne, di lunghezza di cinquanta cubiti, e di larghezza di trenta; e questo portico [era] davanti a quelle; talchè in fronte di esse [vi erano] colonne e travatura.
7 အ​မှု​အ​ခင်း​များ​ကို​ရှော​လ​မုန်​စစ်​ဆေး​စီ​ရင် သည့် တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​ဟု​ခေါ်​သော ရာ​ဇ​ပလ္လင်​ခန်း​ကို​ကြမ်း​ပြင်​မှ​ဒိုင်း​များ​အ​ထိ သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ခင်း​ကာ​ထား​လေ သည်။
Fece ancora il portico del trono, sopra il quale egli teneva ragione, [nominato: ] Il Portico del giudicio; ed esso fu coperto di cedro, dal suolo fino al solaio.
8 တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​၏​နောက်​၌ တံ တိုင်း​တစ်​ခု​အ​တွင်း​တွင်​ရှော​လ​မုန်​၏​စံ​နန်း ဆောင်​ကို အ​ခြား​အ​ဆောက်​အ​အုံ​များ​နည်း တူ​ဆောက်​လုပ်​ထား​၏။ မင်း​ကြီး​သည်​မိ​မိ​၏ မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​အ​တွက် စံ​အိမ်​တော်​ကို​လည်း​မိ​မိ​၏ စံ​နန်း​ကဲ့​သို့​ပင်​ဆောက်​လုပ်​တော်​မူ​လေ သည်။
E nella sua casa, dove egli dimorava, [vi era] un altro cortile, dentro del portico, di simil lavoro a questo. Salomone fece ancora una casa per la figliuola di Faraone, la quale egli avea presa [per moglie], somigliante a quel portico.
9 ဤ​အ​ဆောက်​အ​အုံ​ရှိ​သ​မျှ​ကို​အ​မြစ်​မှ တံ​စက်​မြိတ်​တိုင်​အောင် ကျောက်​တုံး​များ​ဖြင့် ဆောက်​လုပ်​ထား​၏။ ထို​ကျောက်​တို့​ကို​ကျောက် ခွဲ​စခန်း​တွင်​အ​တိုင်း​အ​တာ​အ​ရ ဆစ်​၍ အ​တွင်း​အပြင်​တို့​ကို​လွှ​ဖြင့်​ညှိ​ထား လေ​သည်။-
Tutte queste fabbriche, di dentro e di fuori, dal fondamento fino agli sporti delle cornici, e di fuori fino al cortil grande, [erano di] pietre fine, segate con la sega, della medesima misura che le pietre pulite.
10 ၁၀ အ​မြစ်​တည်​ဆောက်​သည့်​ကျောက်​များ​မှာ​ကျောက် ခွဲ​စ​ခန်း​တွင်​ဆစ်​ထား​သည့်​ကျောက်​တုံး​ကြီး များ​ဖြစ်​၍ အ​ချို့​မှာ​အ​လျား​တစ်​ဆယ့်​နှစ်​ပေ၊ အ​ချို့​မှာ​တစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-
Il fondamento ancora [era di] pietre fine, di pietre grandi, di pietre di dieci e di otto cubiti.
11 ၁၁ ကျောက်​တုံး​ကြီး​များ​အ​ပေါ်​တွင်​ထပ်​ဆင့်​၍ အ​တိုင်း​အ​တာ​အ​ရ​ဆစ်​ထား​သည့်​အ​ခြား ကျောက်​များ၊ သစ်​က​တိုး​ယက်​မ​တုံး​များ နှင့်​တည်​ဆောက်​ထား​၏။-
Parimente al disopra [vi erano] delle pietre fine, della medesima misura delle pietre pulite; ed [una fabbrica di legname] di cedro.
12 ၁၂ နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။
Similmente il cortile grande d'ogn'intorno era a tre solai di pietre pulite, ed un solaio di travi di cedro; come il cortile di dentro della Casa del Signore, e il portico della Casa.
13 ၁၃ ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။-
ORA il re Salomone mandò a prender di Tiro Hiram,
14 ၁၄ ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။
figliuolo di una donna vedova, della tribù di Neftali; ma suo padre [era] un Tirio, fabbro di rame, e compiuto in industria, ed intendimento, e scienza, da far qualunque lavorio di rame. Ed egli venne al re Salomone, e fece tutto il suo lavorio.
15 ၁၅ ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။-
E gettò le due colonne di rame, delle quali ciascuna avea di altezza diciotto cubiti; ed un filo di dodici cubiti circondava l'una e l'altra.
16 ၁၆ ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။-
Fece eziandio due capitelli di rame di getto, per porre in cima delle colonne: de' quali ciascuno avea cinque cubiti di altezza.
17 ၁၇ တိုင်​ထိပ်​တိုင်း​ကို​လည်း​ကြေး​ဝါ​ကွန်​ရွက်​များ ဖြင့်​လည်း​ကောင်း၊-
I capitelli, ch'[erano] in cima delle colonne, aveano certe reti di lavoro intralciato di cordoni fatti in forma di catene; [erano] a sette a sette in ciascun capitello.
18 ၁၈ ကြေး​ဝါ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​၏။
Ed avendo fatte le colonne, fece ancora due ordini [di melegrane] d'intorno, presso a ciascuna di quelle reti, per coprire di melegrane i capitelli ch'[erano] in cima [delle colonne].
19 ၁၉ တိုင်​ထိပ်​အုပ်​များ​ကို အ​မြင့်​ခြောက်​ပေ​ရှိ​သည့် ကြာ​ပွင့်​ပုံ​သဏ္ဌာန်​ပြု​လုပ်​၍၊-
Ed i capitelli ch'[erano] in cima delle colonne nel portico, [erano fatti] in forma di gigli, di quattro cubiti.
20 ၂၀ ကွန်​ရက်​ပုံ​၏​အ​ထက်​ရှိ​ထုပ်​ကာ​အ​ပေါ်​၌​တပ် ဆင်​ထား​လေ​သည်။ တိုင်​ထိပ်​အုပ်​တစ်​ခု​စီ​၏​ပတ် လည်​ရှိ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​တွင် သ​လဲ​သီး လုံး​ရေ​နှစ်​ရာ​ရှိ​သ​တည်း။
E [vi erano] delle corone su le due colonne, al disopra, presso al ventre che [era] all'orlo dell'intralciatura; e [vi erano] dugento melegrane a [più] ordini d'ogn'intorno, su la seconda corona.
21 ၂၁ ဟိ​ရံ​သည်​ဤ​ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး​ကို ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှေ့​၌​စိုက်​ထူ​ထား​ပြီး လျှင် တောင်​ဘက်​တိုင်​ကို​ယာ​ခိန်၊ မြောက်​ဘက်​တိုင် ကို​ဗောဇ​ဟူ​၍​လည်း​ကောင်း​နာ​မည်​မှည့်​၏။-
[Salomone] rizzò le colonne nel portico del Tempio; una a [man] destra, e le pose nome Iachin; e l'altra a [man] sinistra, e le pose nome Boaz.
22 ၂၂ ထို​တိုင်​ကြီး​တို့​တွင်​ကြာ​ပွင့်​ပုံ​သဏ္ဌာန်​တိုင် ထိပ်​အုပ်​များ​ရှိ​လေ​သည်။ သို့​ဖြစ်​၍​တိုင်​ကြီး များ​သွန်း​လုပ်​သည့်​လုပ်​ငန်း​မှာ​ပြီး​ဆုံး သ​တည်း။
E mise il lavoro [fatto in forma di] giglio in cima delle colonne. E così fu compiuto il lavoro delle colonne.
23 ၂၃ ဟိ​ရံ​သည်​အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့် ငါး​ပေ၊ အ​ဝန်း​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး ဝါ​ရေ​ကန်​ဝိုင်း​ကို​သွန်း​လုပ်​၏။-
Poi fece il mare di getto, [che avea] dieci cubiti da una parte dell'orlo all'altra [opposta, ed era] tondo d'ogn'intorno; ed [era] alto cinque cubiti, ed un filo di trenta cubiti lo circondava d'ogn'intorno.
24 ၂၄ ရေ​ကန်​၏​အ​ပြင်​အနား​ပတ်​လည်​၌​ဘူး​သီး တန်း​နှစ်​တန်း​ကို ရေ​ကန်​ကြီး​နှင့်​တစ်​စပ်​တည်း သွန်း​လုပ်​လေ​သည်။-
E disotto all'orlo di esso, d'intorno, [vi erano] delle figure di rilievo che l'intorniavano, dieci per cubito, circondando il mare attorno attorno. [Vi erano] due ordini di queste figure di rilievo gettate insieme col mare.
25 ၂၅ ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-
Esso era posto sopra dodici buoi, [de' quali] tre erano volti verso il Settentrione, e tre verso l'Occidente, e tre verso il Mezzodì, e tre verso l'Oriente; e il mare [era] al disopra di essi; e tutte le parti di dietro di que' buoi [erano volte] indentro.
26 ၂၆ ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍​အ​ပေါ် အ​နား​မှာ ဖ​လား​အ​နား​ကဲ့​သို့​ကြာ​ပွင့်​ချပ် သဏ္ဌာန်​ရှိ​လေ​သည်။ ထို​ရေ​ကန်​သည်​ဂါ​လံ​တစ် သောင်း​ဝင်​သ​တည်း။
E la spessazza d'esso [era di] un palmo, e il suo orlo [era fatto] a guisa dell'orlo di una coppa, a fior di giglio; ed esso conteneva duemila bati.
27 ၂၇ ဟိ​ရံ​သည် ကြေး​ဝါ​လက်​တွန်း​လှည်း​ဆယ်​စီး​ကို လည်း​ပြု​လုပ်​၏။ ထို​လှည်း​တို့​သည်​အ​လျား​ခြောက် ပေ၊ အ​နံ​ခြောက်​ပေ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​စီ​ရှိ ကြ​၏။-
Oltre a ciò, fece dieci basamenti di rame, de' quali ciascuno [avea] quattro cubiti di lunghezza, e quattro di larghezza, e tre di altezza.
28 ၂၈ ယင်း​တို့​ကို ဘောင်​သွင်း​ထား​သည့်​စ​တု​ရန်း မှန်​ကူ​ကွက်​ပုံ​များ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
E tale [era] il lavoro de' basamenti: vi erano delle aiuole in mezzo di certi orli, fatti a guisa di cornici incastrate;
29 ၂၉ ထို​မှန်​ပုံ​များ​တွင် ခြင်္သေ့​ရုပ်၊ နွား​ရုပ်​နှင့်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထု​လုပ်​ထား​၏။ ခြင်္သေ့​ရုပ်​များ၊ နွား​ရုပ် များ​၏​အ​ထက်​နှင့်​အောက်​တွင်​ရှိ​သည့်​ဘောင် များ​၏​အ​ပေါ်​၌​ပန်း​ဆိုင်း​များ​ကို​ရုပ်​လုံး ဖော်​၍​ထု​လုပ်​ထား​၏။-
e sopra quelle aiuole, ch'[erano] in mezzo di quegli orli, [vi erano] de' leoni, de' buoi, e de' Cherubini; e su quegli orli, disopra, [vi era] il piè [della conca]; e disotto ai leoni ed a' buoi [vi erano] de' fregi di basso rilievo.
30 ၃၀ လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊-
E ciascun basamento avea quattro ruote di rame, e le tavole di rame; e ne' suoi quattro cantoni vi erano delle spalle; queste spalle [erano] gettate all'orlo di ciascuno [de' lati] dei fregi, [per esser] sotto la conca.
31 ၃၁ အင်​တုံ​တင်​ရန်​အ​တွက်​တိုင်​ထိပ်​များ​ကို​စက်​ဝိုင်း ပုံ​သဏ္ဌာန်​ဘောင်​ခတ်​၍​ထား​လေ​သည်။ ထို​ဘောင် သည်​လှည်း​ထက်​တစ်​ဆယ့်​ရှစ်​လက်​မ​မြင့်​၍ လှည်း အ​တွင်း​သို့​ခု​နစ်​လက်​မ​ဝင်​လျက်​နေ​၏။ ယင်း ၏​ပတ်​လည်​၌​လည်း​အ​ရုပ်​များ​ထု​လုပ်​၍ ထား​သ​တည်း။-
E la bocca del piè [era] indentro della corona, e rilevata disopra d'un cubito; e [questa] sua bocca [era] rotonda, a foggia d'un piè [di vaso; ed era] di un cubito e mezzo; e sopra [questa] sua bocca [vi erano] eziandio degl'intagli, co'lor compartimenti, quadri, e non rotondi.
32 ၃၂ ဘီး​များ​မှာ​နှစ်​ဆယ့်​ငါး​လက်​မ​စီ​မြင့်​၍ မှန် ကူ​ကွက်​ပုံ​များ​အောက်​၌​တည်​ရှိ​၏။ ဝင်​ရိုး များ​ကို​မူ​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​ထား​လေ​သည်။-
Ora le quattro ruote [eran] disotto a quelle aiuole; e i perni delle ruote attenevano al basamento; e l'altezza di ciascuna ruota [era di] un cubito e mezzo.
33 ၃၃ ဘီး​တို့​သည်​ရ​ထား​ဘီး​နှင့်​တူ​၍​ဝင်​ရိုး​များ၊ ခွေ​များ၊ ထောက်​များ၊ ပုံ​တောင်း​များ​ကို​ကြေး ဝါ​ဖြင့်​ပြု​လုပ်​ထား​၏။-
E le ruote erano fatte a guisa della ruota di un carro; i lor perni, e i lor mozzi, e i lor cerchi, e i lor razzuoli, tutto ciò [era] di getto.
34 ၃၄ လှည်း​အိမ်​အောက်​ပိုင်း​ထောင့်​လေး​ထောင့်​၌ လှည်း နှင့်​တစ်​ဆက်​တည်း​သွန်း​လုပ်​ထား​သော​ထောက် တိုင်​လေး​ခု​ရှိ​၏။-
E quant'è alle quattro spalle [ch'erano] a' quattro cantoni di ciascun basamento, [erano] di un medesimo pezzo col basamento.
35 ၃၅ လှည်း​၏​ထိပ်​တို့​ကို​ထု​ကိုး​လက်​မ​ရှိ​ကြေး​ဝါ​ခွေ ဖြင့်​ပတ်​၍​ထား​လေ​သည်။ ထောက်​တိုင်​များ​နှင့်​မှန် ကူ​ကွက်​ပုံ​များ​ကို​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​သည်။-
Ed in cima di ciascun basamento [vi era] un mezzo cubito di altezza, tondo d'intorno; ed in cima del basamento [vi erano] i suoi spazii ed aiuole, di uno stesso pezzo col basamento.
36 ၃၆ ထောက်​တိုင်​များ​နှင့်​မှန်​ကူ​ကွက်​ပုံ​များ​တွင်​နေ​ရာ လပ်​ရှိ​သ​မျှ​တို့​၌​ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင် ပုံ​များ​နှင့် ပတ်​လည်​တွင်​ပန်း​ဆိုင်း​များ​ကို​ထု လုပ်​ထား​၏။-
Ed [Hiram] intagliò sopra le tavole di quegli spazii del basamento, e sopra le sue aiuole, de' Cherubini, de' leoni, e delle palme, secondo il vuoto di ciascuna [di esse]; e d'intorno [vi erano] de' fregi.
37 ၃၇ ဤ​ကား​လက်​တွန်း​လှည်း​များ​ကို​ပြု​လုပ်​ပုံ​ဖြစ် လေ​သည်။ ထို​လှည်း​တို့​သည်​တစ်​မျိုး​တစ်​စား တည်း​ဖြစ်​၍​ပုံ​သဏ္ဌာန်​လုံး​ရပ်​တူ​ညီ​ကြ​၏။
In questa maniera fece i dieci basamenti, i quali tutti erano gettati in un medesimo modo, e di una medesima misura, e di una medesima intagliatura.
38 ၃၈ ဟိ​ရံ​သည်​လှည်း​တစ်​စီး​လျှင်​အင်​တုံ​တစ်​လုံး ကျ​ဖြင့် အင်​တုံ​ဆယ်​လုံး​ကို​လည်း​သွန်း​လုပ်​၏။ အင်​တုံ​တစ်​လုံး​လျှင်​အ​ချင်း​ခြောက်​ပေ​ရှိ​၍ ဂါ​လံ​နှစ်​ရာ​ဝင်​လေ​သည်။-
Poi fece le dieci conche di rame, delle quali ciascuna conteneva quaranta bati, [ed era] di quattro cubiti; ciascuna conca [era posta] sopra uno de' dieci basamenti.
39 ၃၉ ဟိ​ရံ​သည်​ဗိ​မာန်​တော်​တောင်​ဘက်​၌​လှည်း​ငါး​စီး၊ မြောက်​ဘက်​၌​အ​ခြား​လှည်း​ငါး​စီး​ကို​နေ​ရာ​ချ ထား​၍ ရေ​ကန်​ကို​မူ​အ​ရှေ့​တောင်​ထောင့်​၌​ထား​၏။
E [Salomone] pose cinque di quei basamenti dal lato destro della Casa, e cinque dal lato sinistro; e pose il mare al lato destro della Casa, verso Oriente, dalla parte meridionale.
40 ၄၀ ဟိ​ရံ​သည်​အိုး​များ၊ ရေ​မှုတ်​များ၊ ခွက်​ဖ​လား​များ ကို​လည်း​ပြု​လုပ်​၏။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​အ​တွက် ရှော​လ​မုန်​မင်း​စေ​ခိုင်း​သ​မျှ သော​အ​လုပ်​တို့​ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​လေ သည်။ သူ​ပြု​လုပ်​သော​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​လေ​သည်။ တိုင်​ကြီး​နှစ်​လုံး၊ ဖ​လား​ပုံ​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​များ​တွက်​ကွန်​ရက်​များ၊ ကွန်​ရက်​ပတ်​လည်​မှ​အ​လုံး​တစ်​ရာ​စီ​ရှိ​သော သ​လဲ​သီး​ကုံး​နှစ်​ကုံး​အ​တွက်​သ​လဲ​သီး အ​လုံး​လေး​ရာ၊ လက်​တွန်း​လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​တင်​ရန်​နွား​ရုပ်​ဆယ့်​နှစ်​ခု၊ အိုး​များ၊ ကော်​ပြား​များ​နှင့်​ခွက်​ဖ​လား​များ၊ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​ရှော​လ​မုန်​မင်း​အ​တွက် ဟိ​ရံ​ပြု​လုပ်​ပေး​သော​ဤ​ပစ္စည်း​တန်​ဆာ​တို့​သည် အ​ရောင်​တင်​ထား​ချွတ်​ပြီး​ကြေး​ဝါ​ဖြင့်​ပြီး​ကြ​၏။-
Ed Hiram fece le conche, e le pale, ed i bacini; e compiè di fare tutto il lavoro che faceva al re Salomone, per la Casa del Signore:
41 ၄၁
le due colonne, e i due vasi de' capitelli, ch'[erano] in cima delle colonne, e le due reti, per coprire i due vasi de' capitelli, ch' [erano] in cima delle colonne;
42 ၄၂
e le quattrocento melegrane, per le due reti, a due ordini di melegrane, per ciascuna rete, per coprire i due vasi de' capitelli ch' [erano] sopra le colonne;
43 ၄၃
e i dieci basamenti, e le dieci conche [per metter] sopra i basamenti;
44 ၄၄
e il mare, [ch'era] unico, e i dodici buoi [ch'erano] sotto il mare;
45 ၄၅
e le caldaie, e le pale, e i bacini. Or tutti questi arredi, i quali Hiram fece al re Salomone, per la Casa del Signore, [erano] di rame pulito.
46 ၄၆ မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ​သု​ကုတ်​မြို့​နှင့် ဇာ​ရ​တန်​မြို့​စပ်​ကြား​တွင်​ရှိ​သော​ကြေး​အ​ရည် ကြို​စက်​၌ ထို​တန်​ဆာ​များ​ကို​သွန်း​လုပ်​စေ​တော် မူ​၏။-
Il re li fece gettare nella pianura del Giordano, in terra argillosa, fra Succot e Sartan.
47 ၄၇ ထို​ပစ္စည်း​တန်​ဆာ​တို့​သည်​အ​လွန်​များ​သော ကြောင့်​မ​ချိန်​တွယ်​ဘဲ​ထား​၏။ ထို့​ကြောင့်​ယင်း တို့​၏​အ​လေး​ချိန်​ကို​မ​သိ​နိုင်။
E Salomone si rimase [di pesar] tutti questi arredi, per la grandissima moltitudine; il peso del rame non fu ricercato.
48 ၄၈ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ​တန်​ဆာ များ​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။ ယင်း​တို့​မှ ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ၊-
Salomone fece ancora d'oro tutti questi [altri] arredi, ch' [erano] per la Casa del Signore. [Egli fece] d'oro l'Altare, e le Tavole, sopra le quali [si mettevano] i pani del cospetto.
49 ၄၉ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှေ့​၌​လက်​ယာ ဘက်​တွင်​ထား​ရှိ​သည့် မီး​တင်​ခုံ​ငါး​ခု​နှင့်​လက် ဝဲ​ဘက်​တွင်​ထား​ရှိ​သည့်​မီး​တင်​ခုံ​ငါး​ခု၊ ရွှေ ပန်း​ပွင့်​များ၊ ရွှေ​မီး​ခွက်​များ​နှင့်​မီး​ကိုင်​တန် ဆာ​များ၊-
[Fece] ancora d'oro fine i Candellieri, [de' quali] cinque [erano] a [man] destra, e cinque a sinistra, davanti all'Oracolo; [fece] parimente d'oro le bocce, e le lampane, e gli smoccolatoi;
50 ၅၀ ရွှေ​ခွက်​များ၊ ရွှေ​မီး​ညှပ်​များ၊ ရွှေ​လင်​ပန်း​များ၊ ရွှေ​ဇွန်း​များ၊ ရွှေ​ပြာ​ခံ​အိုး​များ​နှင့်​ဗိ​မာန် တော်​အ​တွင်း​သန့်​ရှင်း​ရာ​ဌာန​တံ​ခါး​များ​နှင့် ဗိ​မာန်​တော်​အ​ပြင်​ခန်း​တံ​ခါး​များ​အ​တွက် ရွှေ​ပတ္တာ​များ​ဖြစ်​လေ​သည်။
[fece] anche d'oro fino i nappi, e le forcelle, ed i bacini, e le coppe, ed i turiboli; i perni eziandio degli usci della Casa di dentro, [cioè] del Luogo santissimo, e degli usci [dell'altra parte] della Casa, [cioè] del Tempio, [erano] d'oro.
51 ၅၁ ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။
Così fu compiuto tutto il lavorio, che il re Salomone faceva fare per la Casa del Signore. Poi Salomone [vi] fece portar dentro le cose che Davide, suo padre, avea consacrate: l'argento, e l'oro, ed i vasellamenti; [e le] pose ne' tesori della Casa del Signore.

< ၃ ဓမ္မရာဇဝင် 7 >