< ၃ ဓမ္မရာဇဝင် 6 >

1 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​သွား​ပြီး​နောက် အ​နှစ်​လေး​ရာ့​ရှစ်​ဆယ် ကြာ​သော​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လ​မုန် မင်း​သည် မိ​မိ​နန်း​စံ​လေး​နှစ်​မြောက်၊ ဇိ​ဖ​ဟု အ​မည်​တွင်​သော​ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော် ကို​စ​တင်​တည်​ဆောက်​တော်​မူ​၏။-
Alla costruzione del tempio del Signore fu dato inizio l'anno quattrocentottanta dopo l'uscita degli Israeliti dal paese d'Egitto, l'anno quarto del regno di Salomone su Israele, nel mese di Ziv, cioè nel secondo mese.
2 ထို​ဗိ​မာန်​တော်​၏​အ​တွင်း​မှာ​အ​လျား​ပေ ကိုး​ဆယ်၊ အ​နံ​ပေ​သုံး​ဆယ်၊ အ​မြင့်​လေး ဆယ့်​ငါး​ပေ​ရှိ​၏။-
Il tempio costruito dal re Salomone per il Signore, era lungo sessanta cubiti, largo venti, alto trenta.
3 မျက်​နှာ​စာ​မုဒ်​ဦး​ဆောင်​သည်​ဗိ​မာန်​တော်​ကဲ့​သို့ ပင် အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​ပေ​သုံး​ဆယ် ရှိ​လေ​သည်။-
Davanti al tempio vi era un atrio lungo venti cubiti, in base alla larghezza del tempio, ed esteso per dieci cubiti secondo la lunghezza del tempio.
4 ဗိ​မာန်​တော်​နံ​ရံ​များ​တွင်​ပြူတင်း​ပေါက်​များ​ရှိ ၍ ယင်း​တို့​၏​အ​ပြင်​ပိုင်း​သည်​အ​တွင်း​ပိုင်း ထက်​ပို​၍​ကျဉ်း​၏။-
Fece nel tempio finestre quadrangolari con grate.
5 ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-
Intorno al muro del tempio fu costruito un edificio a piani, lungo la navata e la cella.
6 အောက်​ဆုံး​ထပ်​အ​ခန်း​များ​သည်​အ​ကျယ် ခု​နစ်​ပေ​ခွဲ၊ အ​လယ်​ထပ်​၌​ကိုး​ပေ​စီ၊ အ​ပေါ် ဆုံး​ထပ်​၌​ဆယ်​ပေ​ခွဲ​စီ​ရှိ​၏။ ထို​အ​ခန်း​များ ကို​ဆောက်​လုပ်​ရာ​တွင်​ယက်​မ​များ​ကို နံ​ရံ ကို​မ​ဖောက်​ဘဲ​နံ​ရံ​ပေါ်​တွင်​တင်​၍​ဆောက် လုပ်​နိုင်​စေ​ရန် ဗိ​မာန်​တော်​နံ​ရံ​တို့​ကို​အ​ထက် ထပ်​တွင်​အောက်​ထပ်​ထက်​ပို​၍​ပါး​အောင် ပြု​လုပ်​ထား​လေ​သည်။
Il piano più basso era largo cinque cubiti, quello di mezzo sei e il terzo sette, perché le mura esterne, intorno, erano state costruite a riseghe, in modo che le travi non poggiassero sulle mura del tempio.
7 ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။
Per la sua costruzione si usarono pietre lavorate e intere; durante i lavori nel tempio non si udì rumore di martelli, di piccone o di altro arnese di ferro.
8 အောက်​ဆုံး​ခန်း​ငယ်​အ​ဝင်​ဝ​မှာ​ဗိ​မာန်​တော် ၏​တောင်​ဘက်​တွင်​ရှိ​၏။ ဒု​တိ​ယ​နှင့်​တ​တိ​ယ ထပ်​များ​သို့​တက်​ရန်​လှေ​ကား​များ​တပ်​ဆင် ထား​၏။-
La porta del piano più basso era sul lato destro del tempio; per mezzo di una scala a chiocciola si passava al piano di mezzo e dal piano di mezzo a quello superiore.
9 ဗိ​မာန်​တော်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ ရှော​လ​မုန်​သည် သစ်​က​တိုး​သား​ထုပ်​များ ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​ကို​တပ်​ဆင် တော်​မူ​၏။-
In tal modo Salomone costruì il tempio; dopo averlo terminato, lo ricoprì con assi e travi di cedro.
10 ၁၀ တစ်​ထပ်​လျှင်​ခု​နစ်​ပေ​ခွဲ​မြင့်​သည့်​သုံး​ထပ် အ​ခန်း​ငယ်​များ​ကို​ဗိ​မာန်​တော်​အ​ပြင်​နံ​ရံ များ​နှင့်​ကပ်​၍​ဆောက်​လုပ်​ပြီး​လျှင် သစ်​က​တိုး ယက်​မ​များ​ဖြင့်​နံ​ရံ​နှင့်​ဆက်​စပ်​၍​ထား လေ​သည်။
Innalzò anche l'ala laterale intorno al tempio, alta cinque cubiti per piano; la unì al tempio con travi di cedro.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က​ရှော​လ​မုန်​အား၊-
E il Signore parlò a Salomone e disse:
12 ၁၂ ``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။-
«Riguardo al tempio che stai edificando, se camminerai secondo i miei decreti, se eseguirai le mie disposizioni e osserverai tutti i miei comandi, uniformando ad essi la tua condotta, io confermerò a tuo favore le parole dette da me a Davide tuo padre.
13 ၁၃ သင်​ဆောက်​လုပ်​လျက်​ရှိ​သည့်​ဗိ​မာန်​တော်​တွင် ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​လယ်​တွင်​ငါ​ကျိန်း​ဝပ်​မည်'' ဟု မိန့်​တော်​မူ​၏။
Io abiterò in mezzo agli Israeliti; non abbandonerò il mio popolo Israele».
14 ၁၄ သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ကို​ပြီး အောင်​တည်​ဆောက်​တော်​မူ​၏။
Terminata la costruzione del tempio,
15 ၁၅ အ​တွင်း​နံ​ရံ​များ​ကို​ကြမ်း​မှ​မျက်​နှာ​ကျက် တိုင်​အောင် သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ဖုံး​အုပ်​ပြီး လျှင် ကြမ်း​ကို​ထင်း​ရှူး​ပျဉ်​များ​ဖြင့်​ခင်း​ထား လေ​သည်။-
Salomone rivestì all'interno le pareti del tempio con tavole di cedro dal pavimento al soffitto; rivestì anche con legno di cedro la parte interna del soffitto e con tavole di cipresso il pavimento.
16 ၁၆ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-
Separò uno spazio di venti cubiti, a partire dal fondo del tempio, con un assito di tavole di cedro che dal pavimento giungeva al soffitto, e la cella che ne risultò all'interno divenne il santuario, il Santo dei santi.
17 ၁၇ အ​လွန်​သန့်​ရှင်း​ရာ​ဌာန​အ​ရှေ့​ရှိ​အ​ခန်း​သည် အ​လျား​ပေ​ခြောက်​ဆယ်​ရှိ​၏။-
La navata di fronte ad esso era di quaranta cubiti.
18 ၁၈ သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။
Il cedro all'interno del tempio era scolpito a rosoni e a boccioli di fiori; tutto era di cedro e non si vedeva una pietra.
19 ၁၉ ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ပိုင်း​တွင် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထား​ရှိ​ရန် အ​တွက် ဗိ​မာန်​တော်​အ​တွင်း​ခန်း​ကို​ဆောက် လုပ်​ထား​၏။-
Per l'arca dell'alleanza del Signore fu apprestata una cella nella parte più segreta del tempio.
20 ၂၀ ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။-
La cella interna era lunga venti cubiti e alta venti. La rivestì d'oro purissimo e vi eresse un altare di cedro.
21 ၂၁ ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား ပြီး​လျှင် ရွှေ​ဖြင့်​ပင်​မွမ်း​မံ​သည့်​ဗိ​မာန်​တော် အ​တွင်း​ခန်း​၏​အ​ဝင်​ဝ​ကို​ရွှေ​ကြိုး​များ​ဆွဲ ချိပ်​ထား​လေ​သည်။-
Salomone rivestì l'interno del tempio con oro purissimo e fece passare, davanti alla cella, un velo che scorreva mediante catenelle d'oro e lo ricoprì d'oro.
22 ၂၂ ဗိ​မာန်​တော်​အတွင်း​ပိုင်း​တစ်​ခု​လုံး​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​၏​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ကောင်း​ရွှေ​ဖြင့် မွမ်း​မံ​၍​ထား​သ​တည်း။
E d'oro fu rivestito tutto l'interno del tempio, e rivestì d'oro anche tutto l'altare che era nella cella.
23 ၂၃ သံ​လွင်​သား​ဖြင့်​ပြု​လုပ်​၍ အ​မြင့်​ဆယ့်​ငါး​ပေ စီ​ရှိ​သော​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​တွင်​ထား​ရှိ​၏။-
Nella cella fece due cherubini di legno di ulivo, alti dieci cubiti.
24 ၂၄ ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည်​အ​ရပ်​နှင့်​သဏ္ဌာန် တူ​ညီ​ကြ​၏။ ယင်း​တို့​တွင်​အ​လျား​ခု​နစ်​ပေ​ခွဲ ရှိ​သော​အ​တောင်​နှစ်​ခု​စီ​ရှိ​သ​ဖြင့် အ​တောင် ဖျား​တစ်​ခု​မှ​အ​ခြား​တစ်​ခု​အ​ထိ​တစ်​ဆယ့် ငါး​ပေ​ရှိ​လေ​သည်။-
L'ala di un cherubino era di cinque cubiti e di cinque cubiti era anche l'altra ala del cherubino; c'erano dieci cubiti da una estremità all'altra delle ali.
25 ၂၅
Di dieci cubiti era l'altro cherubino; i due cherubini erano identici nella misura e nella forma.
26 ၂၆
L'altezza di un cherubino era di dieci cubiti, così anche quella dell'altro.
27 ၂၇ ခေ​ရု​ဗိမ်​တို့​ဖြန့်​ထား​သည့်​အ​တောင်​နှစ်​ခု​တို့ သည် နံ​ရံ​များ​နှင့်​ထိ​၍​နေ​ကြ​စေ​ရန်​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ယှဉ်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​၌ ထား​ရှိ​၏။-
Pose i cherubini nella parte più riposta del tempio, nel santuario. I cherubini avevano le ali spiegate; l'ala di uno toccava la parete e l'ala dell'altro toccava l'altra parete; le loro ali si toccavano in mezzo al tempio, ala contro ala.
28 ၂၈ ခေ​ရု​ဗိမ်​တို့​ကို​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား​သ​တည်း။
Erano anch'essi rivestiti d'oro.
29 ၂၉ ဗိ​မာန်​တော်​ခန်း​မ​ကြီး​နံ​ရံ​နှင့် အ​တွင်း​ခန်း​နံ​ရံ တို့​ကို​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့် ပုံ​များ​ဖြင့်​ထု​လုပ်​တန်​ဆာ​ဆင်​ထား​၏။-
Ricoprì le pareti del tempio con sculture e incisioni di cherubini, di palme e di boccioli di fiori, all'interno e all'esterno.
30 ၃၀ ကြမ်း​ပြင်​ကို​ပင်​လျှင်​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား လေ​သည်။
Ricoprì d'oro il pavimento del tempio, all'interno e all'esterno.
31 ၃၁ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၌​သံ​လွင် သား​တံ​ခါး​ရွက်​နှစ်​ရွက်​ကို​တပ်​ဆင်​ထား​၍ တံ​ခါး​ပေါက်​ထိပ်​ပိုင်း​မှာ​အ​ခုံး​ချွန်​ပုံ​သဏ္ဌာန် ရှိ​၏။-
Fece costruire la porta della cella con battenti di legno di ulivo; il frontale e gli stipiti formavano un pentagono.
32 ၃၂ တံ​ခါး​ရွက်​များ​၌​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင် နှင့်​ပန်း​ပွင့်​ပုံ​များ​ကို​ထု​လုပ်​ထား​၏။ တံ​ခါး​ရွက် များ၊ ခေ​ရု​ဗိမ်​ရုပ်​များ​နှင့်​စွန်​ပ​လွံ​ပင်​ပုံ​များ ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား​၏။-
I due battenti erano di legno di ulivo. Su di essi fece scolpire cherubini, palme e boccioli di fiori, che ricoprì d'oro, stendendo lamine d'oro sui cherubini e sulle palme.
33 ၃၃ ဗိ​မာန်​တော်​ခန်း​မ​ကြီး​၏​အ​ဝင်​ဝ​အ​တွက် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​ရှိ​သော​တံ​ခါး ဘောင်​ကို​သံ​လွင်​သား​ဖြင့်​ခွေ​လျက်၊-
Lo stesso procedimento adottò per la porta della navata, che aveva stipiti di legno di ulivo a forma quadrangolare.
34 ၃၄ ခေါက်​တံ​ခါး​ရွက်​တစ်​စုံ​ကို​ထင်း​ရှူး​သား​ဖြင့် ပြု​လုပ်​ပြီး​လျှင်၊-
I due battenti erano di legno di abete; un battente era costituito da due pezzi girevoli e così l'altro battente.
35 ၃၅ ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။
Vi scolpì cherubini, palme e boccioli di fiori, che ricoprì d'oro lungo le linee dell'incisione.
36 ၃၆ ဗိ​မာန်​တော်​ရှေ့​၌​အ​တွင်း​တန်​တိုင်း​ကို​ဆစ် ကျောက်​သုံး​ဆင့်​လျှင် သစ်​က​တိုး​သား​ယက်​မ တစ်​ဆင့်​စီ​ဖြင့်​အ​ထပ်​ထပ်​ဆောက်​လုပ်​ထား​၏။
Costruì il muro del cortile interno con tre ordini di pietre squadrate e con un ordine di tavole di cedro.
37 ၃၇ ရှော​လ​မုန်​မင်း​နန်း​စံ​လေး​နှစ်​မြောက်​ဇိ​ဖ​ခေါ် ဒု​တိ​ယ​လ​၌ ဗိ​မာန်​တော်​ကို​ကျောက်​မြစ်​ချ​၍၊-
Nell'anno quarto, nel mese di Ziv, si gettarono le fondamenta del tempio del Signore.
38 ၃၈ ရှော​လ​မုန်​မင်း​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ ဗု​လ ခေါ်​အ​ဋ္ဌ​မ​လ​၌ ဗိ​မာန်​တော်​ကို​ရေး​ဆွဲ​ထား​သည့် ပုံ​စံ​အ​တိုင်း​တစ်​သ​ဝေ​မ​တိမ်း​ဆောက်​လုပ်​ပြီး လေ​သည်။ ယင်း​သို့​ဆောက်​လုပ်​မှု​မှာ​ခု​နစ်​နှစ် တိုင်​တိုင်​ကြာ​သ​တည်း။
Nell'anno undecimo, nel mese di Bul, che è l'ottavo mese, fu terminato il tempio in tutte le sue parti e con tutto l'occorrente. Salomone lo edificò in sette anni.

< ၃ ဓမ္မရာဇဝင် 6 >