< ၃ ဓမ္မရာဇဝင် 4 >
1 ၁ ရှောလမုန်မင်းသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးကို အုပ်စိုးလျက်နေတော်မူ၏။-
Konung Salomo var nu konung över hela Israel.
2 ၂ သူ၏မှူးတော်မတ်တော်များမှာအောက်ပါ အတိုင်းဖြစ်သည်။ ယဇ်ပုရောဟိတ်ဇာဒုတ်၏သားအာဇရိ၊
Och dessa voro hans förnämsta män: Asarja, Sadoks son, var präst;
3 ၃ နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
Elihoref och Ahia, Sisas söner, voro sekreterare; Josafat, Ahiluds son, var kansler;
4 ၄ တပ်မတော်ဗိုလ်ချုပ်၊ ယောယဒ၏သားဗေနာယ၊ ယဇ်ပုရောဟိတ်များ၊ ဇာဒုတ်နှင့်အဗျာသာ၊
Benaja, Jojadas son, var överbefälhavare; Sadok och Ebjatar voro präster;
5 ၅ နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
Asarja, Natans son, var överfogde; Sabud, Natans son, en präst, var konungens vän;
6 ၆ နန်းတော်အုပ်၊ အဟိရှာ၊ ချွေးတပ်ဝန်၊ အာဗဒ ၏သားအဒေါနိရံ၊
Ahisar var överhovmästare; Adoniram, Abdas son, hade uppsikten över de allmänna arbetena.
7 ၇ ရှောလမုန်သည်ဣသရေလနိုင်ငံတွင် နယ်ဘုရင် ခံတစ်ဆယ့်နှစ်ယောက်ခန့်ထားလေသည်။ ထိုသူ တို့သည်တစ်ယောက်လျှင်တစ်လစီ၊ မင်းကြီး နှင့်နန်းတော်အတွက်မိမိ၏နယ်မှရိက္ခာများ ကိုပေးဆက်ရကြ၏။-
Och Salomo hade satt över hela Israel tolv fogdar, som skulle sörja för vad konungen och hans hus behövde; var och en hade årligen sin månad, då han skulle sörja för dessa behov.
8 ၈ ထိုဘုရင်ခံများနှင့်သူတို့ပိုင်သည့်နယ်များ မှာအောက်ပါအတိုင်းဖြစ်၏။ ဗင်ဟုရ၊ဧဖရိမ်တောင်ကုန်း
Och följande voro deras namn: Ben-Hur i Efraims bergsbygd;
9 ၉ ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
Ben-Deker i Makas, Saalbim, Bet-Semes, Elon, Bet-Hanan;
10 ၁၀ ဗင်ဟေသက်၊အရုဗုတ်မြို့၊စောခေါမြို့နှင့်ဟေဖာ နယ်မြေတစ်ခုလုံး၊
Ben-Hesed i Arubbot, vilken hade Soko och hela Heferlandet;
11 ၁၁ ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
Ben-Abinadab i hela Nafat-Dor -- denne fick Salomos dotter Tafat till hustru --;
12 ၁၂ အဟိလုပ်၏သားဗာန၊တာနက်မြို့၊မေဂိဒ္ဒေါမြို့နှင့် တကွ အာဗေလမဟောလမြို့များနှင့်ယုတ်နန် မြို့တိုင်အောင်ရှိသည့်နယ်မြေတစ်ခုလုံး။ ထိုနယ် မြေသည်ဗက်ရှန်မြို့နှင့်ဇာတနမြို့များအနီး၊ ယေဇရေလမြို့၏တောင်ဘက်တွင်ရှိသတည်း။
Baana, Ahiluds son, i Taanak och Megiddo och i hela den del av Bet-Sean, som ligger på sidan om Saretan, nedanför Jisreel, från Bet-Sean ända till Abel-Mehola och bortom Jokmeam;
13 ၁၃ ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
Ben-Geber i Ramot i Gilead; han hade Manasses son Jairs byar, som ligga i Gilead; han hade ock landsträckan Argob, som ligger i Basan, sextio stora städer med murar och kopparbommar;
14 ၁၄ ဣဒေါ၏သားအဟိနဒပ်၊မဟာနိမ်မြို့နယ်၊
Ahinadab, Iddos son, i Mahanaim;
15 ၁၅ ရှောလမုန်၏သမီးတော်ဗာသမတ်နှင့်စုံဖက် သည့် အဟိမတ်၊နဿလိနယ်မြေ
Ahimaas i Naftali; också han hade tagit en dotter av Salomo, Basemat, till hustru;
16 ၁၆ ဟုရှဲ၏သားဗာနာ၊အာရှာဒေသနှင့်အာလုပ်မြို့
Baana, Husais son, i Aser och Alot;
17 ၁၇ ပါရွာ၏သားယောရှဖတ်၊ဣဿခါနယ်မြေ
Josafat, Paruas son, i Isaskar;
18 ၁၈ ဧလာ၏သားရှိမိ၊ဗင်္ယာမိန်နယ်မြေ
Simei, Elas son, i Benjamin;
19 ၁၉ ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
Geber, Uris son, i Gileads land, det land som hade tillhört Sihon, amoréernas konung, och Og, konungen i Basan; ty allenast en enda fogde fanns i det landet.
20 ၂၀ ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
Juda och Israel voro då talrika, så talrika som sanden vid havet; och man åt och drack och var glad.
21 ၂၁ ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
Så var nu Salomo herre över alla riken ifrån floden till filistéernas land och ända ned till Egyptens gräns; de förde skänker till Salomo och voro honom underdåniga, så länge han levde.
22 ၂၂ တစ်နေ့အတွက် ရှောလမုန်လိုအပ်သည့်ရိက္ခာ မှာ ဂျုံမှုန့်အနုတင်းတစ်ရာ့ငါးဆယ်နှင့်ဂျုံ မှုန့်အကြမ်းတင်းသုံးရာ။-
Och vad Salomo för var dag behövde av livsmedel var: trettio korer fint mjöl och sextio korer vanligt mjöl,
23 ၂၃ ဆတ်၊ သမင်၊ ဒရယ်နှင့်ကြက်များအပြင်ခြံ လှောင်မွေးသည့်နွားဆယ်ကောင်၊ စားကျက် နွားအကောင်နှစ်ဆယ်နှင့်သိုးအကောင် တစ်ရာဖြစ်၏။
tio gödda oxar, tjugu valloxar och hundra far, förutom hjortar, gaseller, dovhjortar och gödda fåglar.
24 ၂၄ ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
Ty han rådde över hela landet på andra sidan floden, ifrån Tifsa ända till Gasa, över alla konungar på andra sidan floden; och han hade fred på alla sidor, runt omkring,
25 ၂၅ သူအသက်ရှင်သမျှကာလပတ်လုံးယုဒ ပြည်နှင့် ဣသရေလပြည်တစ်ဝန်းလုံးရှိလူ တို့သည် မိမိတို့အိမ်ထောင်စုအသီးသီးပိုင် စပျစ်ခြံ၊ သင်္ဘောသဖန်းခြံတွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ကြလေသည်။
Så att Juda och Israel sutto i trygghet, var och en under sitt vinträd och sitt fikonträd, ifrån Dan ända till Beer-Seba, så länge Salomo levde.
26 ၂၆ ရှောလမုန်မင်းတွင်ရထားမြင်းများအတွက် မြင်းဇောင်းလေးသောင်းနှင့်တိုက်မြင်းများ အတွက်မြင်းဇောင်းတစ်သောင်းနှစ်ထောင် ရှိလေသည်။-
Och Salomo hade fyrtio tusen spann vagnshästar och tolv tusen ridhästar.
27 ၂၇ တစ်လလျှင်တစ်ယောက်ကျရိက္ခာပေးဆက် ရန် တာဝန်ပေးခြင်းခံရသည့်ဘုရင်ခံတစ် ဆယ့်နှစ်ယောက်တို့သည် ရှောလမုန်မင်းကိုယ် တိုင်စားသုံးရန်အတွက်နှင့် နန်းတွင်းသား အပေါင်းတို့အတွက်လိုအပ်သောရိက္ခာများ ကိုပေးဆက်ရကြ၏။ သူတို့သည်နန်းတော် တွင်လိုအပ်သောအရာမှန်သမျှကိုအစဉ် အမြဲပေးဆက်ရကြလေသည်။-
Och de nämnda fogdarna sörjde var sin månad för konung Salomos behov, och för allas som hade tillträde till konung Salomos bord; de läto intet fattas.
28 ၂၈ ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
Och kornet och halmen för hästarna och travarna förde de, var och en i sin ordning, till det ställe där han uppehöll sig.
29 ၂၉ ဘုရားသခင်သည်ရှောလမုန်အား ထူးကဲ သောဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ်ကိုလည်း ကောင်း၊ အတိုင်းမသိသောအသိတရား ကိုလည်းကောင်းပေးတော်မူ၏။-
Och Gud gav Salomo vishet och förstånd i mycket rikt mått och så mycken insikt, att den kunde liknas vid sanden på havets strand,
30 ၃၀ ရှောလမုန်သည်အရှေ့တိုင်းသားပညာရှင် များနှင့် အီဂျစ်ပြည်သားပညာရှင်များ ထက်ပင်ပို၍ပညာရှိလေသည်။-
så att Salomos vishet var större än alla österlänningars vishet och all Egyptens vishet.
31 ၃၁ သူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။-
Han var visare än alla andra människor, visare än esraiten Etan och Heman och Kalkol och Darda, Mahols söner; och ryktet om honom gick ut bland alla folk runt omkring.
32 ၃၂ သူစီကုံးပြုစုသည့်စကားပုံသုံးထောင် နှင့်သီချင်းတစ်ထောင်ကျော်ရှိ၏။-
Han diktade tre tusen ordspråk, och hans sånger voro ett tusen fem.
33 ၃၃ သူသည်လေဗနုန်သစ်ကတိုးပင်မှသည် အုတ် ရိုးကပ်ဟုဿုတ်ပင်အထိသစ်ပင်ကြီးငယ် များအကြောင်းကိုဆွေးနွေးတင်ပြခဲ့၏။ တိရစ္ဆာန်များ၊ ငှက်များ၊ တွားတတ်သောသတ္တဝါ များနှင့်ငါးများ၏အကြောင်းကိုလည်း ဖော်ပြခဲ့ပေသည်။-
Han talade om träden, från cedern på Libanon ända till isopen, som växer fram ur väggen. Han talade ock om fyrfotadjuren, om fåglarna, om kräldjuren och om fiskarna.
34 ၃၄ ကမ္ဘာတစ်ဝန်းလုံးရှိမင်းတို့သည်ရှောလမုန်၏ ပညာသတင်းကိုကြားသိကြသောအခါ စေတမန်များကိုလွှတ်၍သူ၏သြဝါဒ များကိုကြားနာစေကြ၏။
Och från alla folk kom man för att höra Salomos visdom, från alla konungar på jorden, som hade hört talas om hans visdom. Se Vän i Ordförkl. Se Ordspråk i Ordförkl.