< ၃ ဓမ္မရာဇဝင် 4 >

1 ရှော​လ​မုန်​မင်း​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​ကို အုပ်​စိုး​လျက်​နေ​တော်​မူ​၏။-
Tā ķēniņš Salamans bija par ķēniņu pār visu Israēli.
2 သူ​၏​မှူး​တော်​မတ်​တော်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​၏​သား​အာ​ဇ​ရိ၊
Un šie ir tie lielkungi, kas viņam bija: Azarija, Cadoka dēls, bija tas (pirmais) lielskungs;
3 နန်း​တော်​အ​တွင်း​ဝန်​များ၊ ရှိ​ရှ​၏​သား​များ​ဖြစ် ကြ​သော​ဧ​လိ​ဟော​ရပ်​နှင့်​အ​ဟိ​ယ​မှတ်​တမ်း တာ​ဝန်​ခံ၊ အ​ဟိ​လုပ်​၏​သား​ယေ​ဟော​ရှ​ဖတ်၊
Elioreps un Ahija, Zizus dēli, bija rakstu vedēji; Jehošafats, Aķiluda dēls, bija kanclers;
4 တပ်​မ​တော်​ဗိုလ်​ချုပ်၊ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊
Un Benaja, Jojadas dēls, bija karaspēka virsnieks; un Cadoks un Abjatars bija priesteri;
5 နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊
Un Azarija, Nātana dēls, bija celts pār uzraugiem; un Zabuds, Nātana dēls, bija lielskungs, ķēniņa draugs;
6 နန်း​တော်​အုပ်၊ အ​ဟိ​ရှာ၊ ချွေး​တပ်​ဝန်၊ အာ​ဗ​ဒ ၏​သား​အ​ဒေါ​နိ​ရံ၊
Un Aīzars bija nama uzraugs, un Adonirams, Abdus dēls, bija pār darbiniekiem celts.
7 ရှော​လ​မုန်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် နယ်​ဘု​ရင် ခံ​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​ထား​လေ​သည်။ ထို​သူ တို့​သည်​တစ်​ယောက်​လျှင်​တစ်​လ​စီ၊ မင်း​ကြီး နှင့်​နန်း​တော်​အ​တွက်​မိ​မိ​၏​နယ်​မှ​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။-
Un Salamanam bija divpadsmit uzraugi pār visu Israēli, kas ķēniņu un viņa namu apkopa. Ikvienam bija mēnesi par gadu tā apkopšana,
8 ထို​ဘု​ရင်​ခံ​များ​နှင့်​သူ​တို့​ပိုင်​သည့်​နယ်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဗင်​ဟု​ရ၊ဧ​ဖ​ရိမ်​တောင်​ကုန်း
Un šie ir viņu vārdi: Ura dēls bija uz Efraīma kalniem;
9 ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊
Deķera dēls bija Makacā un Zaālbimā un BetŠemē un Elonā un BetAnanā;
10 ၁၀ ဗင်​ဟေ​သက်၊အ​ရု​ဗုတ်​မြို့၊စော​ခေါ​မြို့​နှင့်​ဟေ​ဖာ နယ်​မြေ​တစ်​ခု​လုံး၊
Ezeda dēls Arubotā, un tam bija vēl Zokus un visa Hefera zeme;
11 ၁၁ ရှော​လ​မုန်​၏​သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သည့် ဗင်​အ​ဘိ​န​ဒပ်၊ဒေါ​ရ​နယ်​မြေ​တစ်​ခု​လုံး၊
Abinadaba dēls bija pār NavatDoru, un Tavata, Salamana meita, tam bija par sievu.
12 ၁၂ အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။
Baēnam, Aķiluda dēlam, bija Taēnaka un Meģidus un visa BetZeana, kas ir sānis Cartanai apakš Jezreēla, no BetZeanas līdz Meola klajumam, līdz viņpus Jokmeamai.
13 ၁၃ ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊
Ģebera dēls bija Rāmotā Gileādā, un tam bija, Jaīra, Manasus dēla, ciemi Gileādā, viņam bija arī Argoba viducis Bazanā, sešdesmit lielas pilsētas ar mūriem un vara aizšaujamiem.
14 ၁၄ ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊
Aķinadabs, Idus dēls, bija Mahānaīmā.
15 ၁၅ ရှော​လ​မုန်​၏​သ​မီး​တော်​ဗာ​သ​မတ်​နှင့်​စုံ​ဖက် သည့် အ​ဟိ​မတ်၊န​ဿ​လိ​နယ်​မြေ
Aķimaācs bija iekš Naftalus. Šim arīdzan bija Salamana meita, Basmata, par sievu.
16 ၁၆ ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့
Baēna, Uzajus dēls, bija Ašerā un Alotā.
17 ၁၇ ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ
Jehošafats, Paruūs dēls, bija iekš Īsašara.
18 ၁၈ ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ
Šimejus, Elas dēls, bija iekš Benjamina.
19 ၁၉ ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။
Ģebers, Urus dēls, bija Gileādā, Sihona, Amoriešu ķēniņa zemē, un Oga, Basanas ķēniņa, zemē, un bija tas vienīgais uzraugs tai zemē.
20 ၂၀ ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-
Jūda un Israēla ļaužu bija daudz, tik daudz, kā smiltis jūrmalā, tie ēda un dzēra un bija priecīgi.
21 ၂၁ ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။
Un Salamans valdīja pār visām valstīm no lielās upes un pār Fīlistu zemi un līdz Ēģiptes robežai; tie nesa dāvanas un kalpoja Salamanam visu viņa mūžu.
22 ၂၂ တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။-
Un Salamana barība uz vienu dienu bija trīsdesmit kori kviešu miltu, sešdesmit kori citu miltu,
23 ၂၃ ဆတ်၊ သ​မင်၊ ဒ​ရယ်​နှင့်​ကြက်​များ​အ​ပြင်​ခြံ လှောင်​မွေး​သည့်​နွား​ဆယ်​ကောင်၊ စား​ကျက် နွား​အ​ကောင်​နှစ်​ဆယ်​နှင့်​သိုး​အ​ကောင် တစ်​ရာ​ဖြစ်​၏။
Desmit baroti vērši un divdesmit vērši no ganībām un simts avis, bez briežiem un stirnām un meža kazām un barotiem putniem.
24 ၂၄ ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။-
Jo viņš valdīja pār visu to zemi šaipus lielās upes, no Tivzas līdz Gazai, pār visiem ķēniņiem šaipus lielās upes. Un viņam bija miers no visām pusēm visapkārt.
25 ၂၅ သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။
Un Jūda un Israēls dzīvoja mierā, ikviens apakš sava vīna koka un apakš sava vīģes koka, no Dana līdz Bēršebai visu Salamana mūžu.
26 ၂၆ ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-
Un Salamanam bija četrdesmit tūkstoš steliņģu priekš braucamiem zirgiem un divpadsmit tūkstoš jātnieki.
27 ၂၇ တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။-
Un tie uzraugi apkopa ikviens savā mēnesī ķēniņu Salamanu un visus, kas pie ķēniņa Salamana galda ēda, - tiem netrūka nenieka.
28 ၂၈ ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။
Un miežus un salmus priekš zirgiem un čakliem kamieļiem tie nesa tai vietā, kur viņš bija, ikviens pēc savas kārtas.
29 ၂၉ ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
Un Dievs deva Salamanam gudrību un ļoti dziļu saprašanu un bagātu zināšanu kā smiltis jūrmalā.
30 ၃၀ ရှော​လ​မုန်​သည်​အ​ရှေ့​တိုင်း​သား​ပညာ​ရှင် များ​နှင့် အီ​ဂျစ်​ပြည်​သား​ပ​ညာ​ရှင်​များ ထက်​ပင်​ပို​၍​ပ​ညာ​ရှိ​လေ​သည်။-
Un Salamana gudrība bija lielāka nekā visu austruma zemes bērnu gudrība un nekā visu ēģiptiešu gudrība.
31 ၃၁ သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-
Un viņš bija gudrāks pār visiem cilvēkiem, pār Etanu, Ezraka dēlu, un Hemanu un Kalkalu un Dardu, Maālus dēliem, un viņa slava izpaudās pie visām tautām visapkārt.
32 ၃၂ သူ​စီ​ကုံး​ပြု​စု​သည့်​စ​ကား​ပုံ​သုံး​ထောင် နှင့်​သီ​ချင်း​တစ်​ထောင်​ကျော်​ရှိ​၏။-
Un viņš runāja trīs tūkstoš sakāmus vārdus un viņa dziesmu bija tūkstoš un piecas.
33 ၃၃ သူ​သည်​လေ​ဗ​နုန်​သစ်​က​တိုး​ပင်​မှ​သည် အုတ် ရိုး​ကပ်​ဟု​ဿုတ်​ပင်​အ​ထိ​သစ်​ပင်​ကြီး​ငယ် များ​အ​ကြောင်း​ကို​ဆွေး​နွေး​တင်​ပြ​ခဲ့​၏။ တိ​ရစ္ဆာန်​များ၊ ငှက်​များ၊ တွား​တတ်​သော​သတ္တ​ဝါ များ​နှင့်​ငါး​များ​၏​အ​ကြောင်း​ကို​လည်း ဖော်​ပြ​ခဲ့​ပေ​သည်။-
Un viņš runāja par kokiem, no ciedru koka uz Lībanus sākot līdz īzapam, kas pie sienas izaug, un viņš runāja arī par lopiem un par putniem un par tārpiem un par zivīm.
34 ၃၄ ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။
Un no visām tautām nāca klausīties Salamana gudrību, no visiem zemes ķēniņiem, kas bija dzirdējuši par viņa gudrību.

< ၃ ဓမ္မရာဇဝင် 4 >