< ၃ ဓမ္မရာဇဝင် 3 >
1 ၁ ရှောလမုန်မင်းသည်အီဂျစ်ဘုရင်၏သမီးကို မိဖုရားမြှောက်ခြင်းအားဖြင့် ထိုမင်းနှင့်မဟာ မိတ်ဖွဲ့တော်မူ၏။ ထို့နောက်မိမိတည်ဆောက်လျက် ရှိသည့်နန်းတော်၊ ဗိမာန်တော်နှင့်မြို့ရိုးမပြီးမီ ဒါဝိဒ်မြို့တွင်နေထိုင်ရန်မင်းသမီးအားခေါ် ဆောင်ခဲ့၏။-
Salomón emparentó con el Faraón, rey de Egipto, tomando (por mujer) a la hija del Faraón, a la que trajo a la ciudad de David, hasta que hubiese acabado de edificar su propia casa, la casa de Yahvé, y las murallas en derredor de Jerusalén.
2 ၂ ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။-
Mientras tanto el pueblo ofrecía sacrificios en las alturas porque hasta aquel tiempo no se había edificado Casa al nombre de Yahvé.
3 ၃ ရှောလမုန်မင်းသည်ထာဝရဘုရားကိုချစ်၍ မိမိခမည်းတော်၏ပြညွှန်သွန်သင်ချက်တို့ ကိုလိုက်နာသော်လည်း တိရစ္ဆာန်များကိုသတ် ၍ယဇ်ပလ္လင်အမျိုးမျိုးတွင်ယဇ်ပူဇော်လေ သည်။
Salomón amaba a Yahvé siguiendo los preceptos de su padre David, solo que continuaba ofreciendo sacrificios y quemando incienso en las alturas.
4 ၄ ဂိဗောင်မြို့တွင်အလွန်ထင်ရှားကျော်စောသော ယဇ်ပလ္လင်ရှိသဖြင့် အခါတစ်ပါး၌မင်းကြီး သည်ယဇ်ပူဇော်ရန်ထိုအရပ်သို့သွားတော် မူ၏။ သူသည်ယခင်အခါများကထောင် ပေါင်းများစွာသောမီးရှို့ရာပူဇော်သကာ များကိုထိုယဇ်ပလ္လင်တွင်ပူဇော်ခဲ့ဖူး၏။-
Fue el rey a Gabaón para ofrecer allí sacrificios, porque era este el más principal de los lugares altos. Mil holocaustos ofreció Salomón sobre aquel altar.
5 ၅ ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
En Gabaón se apareció Yahvé a Salomón en sueños durante la noche, y dijo Dios: “Pide lo que quieres que Yo te otorgue.”
6 ၆ ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
A lo que respondió Salomón: “Tú has hecho gran misericordia a tu siervo David, mi padre, conforme caminaba él en tu presencia en fidelidad, en justicia y en rectitud de corazón para contigo, y le has conservado esta gran misericordia, dándole un hijo que se sentara sobre su trono, como hoy (se verifica).
7 ၇ အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။-
Ahora pues, oh Yahvé, Dios mío, tú has hecho rey a tu siervo en lugar de mi padre David, a pesar de ser yo todavía un niño pequeño que no sabe cómo conducirse.
8 ၈ ယခုအခါအကျွန်ုပ်သည်ကိုယ်တော်ရွေးချယ် တော်မူသောလူမျိုးကြီးအလယ်တွင်ရှိပါ၏။ ထိုသူတို့သည်ရေတွက်၍မရနိုင်အောင်ပင် များပြားပါ၏။-
Y sin embargo, tu siervo está en medio de tu pueblo que Tú escogiste, un pueblo grande, que por su muchedumbre no puede contarse ni numerarse.
9 ၉ သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
Da, pues, a tu siervo un corazón dócil, para juzgar a tu pueblo, para distinguir entre el bien y el mal; porque ¿quién puede juzgar este pueblo tan grande?”
10 ၁၀ ဤသို့ရှောလမုန်တောင်းလျှောက်သည်ကို ထာဝရဘုရားသည်နှစ်သက်တော်မူသဖြင့်၊-
Estas palabras agradaron al Señor, por haber pedido Salomón semejante cosa,
11 ၁၁ ``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊-
y le dijo Dios: “Por cuanto has pedido esto, y no has pedido para ti larga vida, ni riquezas, ni la muerte de tus enemigos; sino que has pedido para ti inteligencia a fin de aprender justicia,
12 ၁၂ သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
sábete que te hago según tu palabra; he aquí que te doy un corazón tan sabio e inteligente, como no ha habido antes de ti, ni lo habrá igual después de ti.
13 ၁၃ သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။-
Y aun lo que no pediste te lo doy: riqueza y gloria, de suerte que no habrá entre los reyes ninguno como tú en todos tus días.
14 ၁၄ သင်သည်သင်၏ခမည်းတော်ဒါဝိဒ်နည်းတူ ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုလိုက်နာလျှင် ငါသည်သင့်အားကြာရှည် သောအသက်ကိုလည်းငါပေးမည်''ဟုမိန့် တော်မူ၏။
Y si siguieres mis caminos, guardando mis leyes y mis mandamientos, como lo hizo tu padre David, prolongaré tus días.”
15 ၁၅ ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။
Se despertó Salomón y (comprendió) que era un sueño. De vuelta a Jerusalén, se presentó delante del Arca de la Alianza del Señor, ofreció holocaustos y sacrificios pacíficos y dio un banquete a todos sus servidores.
16 ၁၆ အခါတစ်ပါး၌ပြည့်တန်ဆာနှစ်ယောက်တို့သည် လာ၍ရှောလမုန်မင်း၏ရှေ့တော်၌ရပ်ကြ၏။-
Vinieron entonces al rey dos mujeres rameras, y presentándose delante de él,
17 ၁၇ တစ်ယောက်က``အရှင်မင်းကြီး၊ ကျွန်မသည်ဤ မိန်းမနှင့်တစ်အိမ်တည်းနေထိုင်ပါသည်။ ယင်း သို့နေထိုင်စဉ်သားကလေးတစ်ယောက်ကို ဖွားမြင်ပါသည်။-
dijo la primera: “¡Óyeme, señor mío! Yo y esta mujer habitábamos en la misma casa; y di a luz un niño, junto a ella en la casa.
18 ၁၈ ကျွန်မကလေးမွေးပြီး၍သုံးရက်အကြာ တွင် ဤမိန်းမသည်လည်းသားကလေးတစ် ယောက်ကိုဖွားမြင်ပါ၏။-
Tres días después de mi parto, dio a luz también esta mujer. Permanecíamos juntas; ninguna persona extraña se hallaba con nosotras en casa, sino que tan solo nosotras dos estábamos en casa.
19 ၁၉ အိမ်တွင်ကျွန်မတို့နှစ်ဦးသာလျှင်ရှိပါ၏။ အခြားမည်သူမျှမရှိပါ။ တစ်ညသ၌ဤ မိန်းမသည်မိမိ၏သားငယ်ကိုမတော်တဆ ဖိ၍အိပ်မိသဖြင့်သားငယ်သေဆုံးသွားပါ၏။-
Una noche murió el niño de esta mujer, por haberse ella acostado sobre él.
20 ၂၀ သူသည်ညဥ့်ချင်းတွင်ပင်ထ၍ကျွန်မအိပ်ပျော် နေစဉ် နံဘေးရှိကျွန်မ၏သားငယ်ကိုပွေ့၍မိမိ အိပ်ရာသို့ယူသွားပါ၏။ ထို့နောက်သေနေသော ကလေးကိုကျွန်မ၏အိပ်ရာတွင်ထားပါ၏။-
Y levantándose ella a medianoche, quitó mi niño de junto a mí, estando dormida tu sierva, y lo puso en su seno, en tanto que a su hijo muerto lo puso en mi seno.
21 ၂၁ နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။
Cuando me levanté por la mañana a dar el pecho a mi hijo, vi que estaba muerto. Mas mirándole con mayor atención, a la luz del día; reconocí que no era el hijo mío, el que yo había dado a luz.”
22 ၂၂ သို့ရာတွင်အခြားမိန်းမက``သင်၏စကား မမှန်ပါ။ အသက်ရှင်လျက်နေသည့်ကလေး သည်ငါ၏ကလေးဖြစ်၍ သေနေသောကလေး မှာသင့်ကလေးဖြစ်ပါသည်'' ဟုဆို၏။ ပထမမိန်းမကလည်း``သင့်စကားမမှန်ပါ။ သေနေသောကလေးသည်သင်၏ကလေးဖြစ် ၍အသက်ရှင်လျက်ရှိသည့်ကလေးမှာငါ၏ ကလေးဖြစ်ပါသည်'' ဟုပြန်ပြောလေ၏။ ဤသို့လျှင်သူတို့နှစ်ဦးသည် မင်းကြီး၏ ရှေ့တော်တွင်ငြင်းခုံလျက်နေကြ၏။
Respondió la otra mujer: “¡No, sino que mi hijo es el vivo, y tu hijo el muerto!” La primera, empero, decía: “¡No, sino que tu hijo es el muerto, y el mío el Vivo!” Y así altercaban ante el rey.
23 ၂၃ ထိုအခါမင်းကြီးသည်``သင်တို့နှစ်ဦးစလုံးက အသက်ရှင်လျက်ရှိသည့်ကလေးသည်ငါ၏သား၊ သေနေသောကလေးသည် သင်၏သားဟုပြော ဆိုနေကြ၏'' ဟုမိန့်တော်မူပြီးလျှင်၊
Entonces dijo el rey: “Esta dice: Mi hijo es el vivo, y tu hijo el muerto; y aquella dice: No, sino que tu hijo es el muerto, y el mío el vivo.”
24 ၂၄ ဋ္ဌားတစ်လက်ကိုတောင်းယူတော်မူ၍ ရရှိတော် မူသောအခါ``အသက်ရှင်လျက်ရှိသောကလေး ကိုနှစ်ပိုင်းဖြတ်၍ ဤမိန်းမတို့အားတစ်ပိုင်းစီ ဝေပေးလော့'' ဟုမိန့်တော်မူ၏။
Y ordenó el rey: “Traedme una espada”, y trajeron la espada ante el rey,
el cual dijo: “Partid el niño vivo en dos, y dad la mitad a la una, y la otra mitad a la otra.”
26 ၂၆ မိခင်စစ်သည်မိမိ၏သားကိုချစ်လှသဖြင့် မင်းကြီးအား``အရှင်မင်းကြီး၊ ကလေးကို သတ်တော်မမူပါနှင့်။ ထိုမိန်းမအားပေး တော်မူပါ''ဟုလျှောက်၏။ သို့ရာတွင်အခြားမိန်းမက``ကလေးကိုမည် သူမျှမယူပါစေနှင့်။ နှစ်ပိုင်းဖြတ်တော်မူပါ'' ဟုလျှောက်လေသည်။-
En este momento la mujer cuyo niño era el vivo, habló al rey —porque se le conmovían las entrañas por amor a su hijo— y dijo: “¡Óyeme, señor mío! ¡Dadle a ella el niño vivo, y de ninguna manera lo matéis!”; en tanto que la otra decía: “¡No ha de ser ni mío ni tuyo, sino divídase!”
27 ၂၇ ရှောလမုန်က``ကလေးကိုမသတ်နှင့်တော့။ သူ့ကို ပထမမိန်းမအားပေးလော့။ ထိုမိန်းမသည် ကလေး၏မိခင်စစ်ဖြစ်၏'' ဟုမိန့်တော်မူ၏။
Entonces tomó el rey la palabra y dijo: “¡Dad a la primera el niño vivo, y no lo matéis; ella es su madre!”
28 ၂၈ ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
Oyó todo Israel el fallo que había dictado el rey; y todos tuvieron profundo respeto al rey, porque vieron que había en él sabiduría de Dios para administrar justicia.