< ၃ ဓမ္မရာဇဝင် 3 >

1 ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။-
Solomon made a marriage alliance with Pharaoh king of Egypt. He took Pharaoh’s daughter and brought her into David’s city until he had finished building his own house, the LORD’s house, and the wall around Jerusalem.
2 ထာ​ဝရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​မ​ဆောက် ရ​သေး​သ​ဖြင့် လူ​တို့​သည်​ယဇ်​ပလ္လင်​အ​နှံ့ အ​ပြား​တို့​တွင်​ယဇ်​ပူ​ဇော်​လျက်​ရှိ​နေ​ကြ သေး​၏။-
However, the people sacrificed in the high places, because there was not yet a house built for the LORD’s name.
3 ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။
Solomon loved the LORD, walking in the statutes of David his father, except that he sacrificed and burnt incense in the high places.
4 ဂိ​ဗောင်​မြို့​တွင်​အ​လွန်​ထင်​ရှား​ကျော်​စော​သော ယဇ်​ပလ္လင်​ရှိ​သ​ဖြင့် အ​ခါ​တစ်​ပါး​၌​မင်း​ကြီး သည်​ယဇ်​ပူ​ဇော်​ရန်​ထို​အ​ရပ်​သို့​သွား​တော် မူ​၏။ သူ​သည်​ယ​ခင်​အ​ခါ​များ​က​ထောင် ပေါင်း​များ​စွာ​သော​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို​ထို​ယဇ်​ပလ္လင်​တွင်​ပူဇော်​ခဲ့​ဖူး​၏။-
The king went to Gibeon to sacrifice there, for that was the great high place. Solomon offered a thousand burnt offerings on that altar.
5 ယ​ခု​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​မက် တွင်​ထင်​ရှား​တော်​မူ​၍``သင်​သည်​အ​ဘယ် ဆု​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
In Gibeon, the LORD appeared to Solomon in a dream by night; and God said, “Ask for what I should give you.”
6 ရှော​လ​မုန်​က``ကိုယ်​တော်​ရှင်​သည်​ကိုယ်​တော်​၏ အ​စေ​ခံ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မ​ဟာ​မေတ္တာ​တော်​ကို​အ​စဉ်​အ​မြဲ​ပြ​တော်​မူ ပါ​၏။ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် ကောင်း မွန်​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့်​ကျင့်​ကြံ​ပြု​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​သူ့​အား​သား​တော် တစ်​ပါး​ကို​ပေး​သ​နား​တော်​ခြင်း​အား​ဖြင့် က​ရု​ဏာ​တော်​ကို​ဆက်​လက်​၍​ပြ​တော်​မူ ပါ​၏။ ယ​နေ့​ထို​သား​တော်​သည် မိ​မိ​ခ​မည်း တော်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​လျက်​ရှိ ပါ​၏။-
Solomon said, “You have shown to your servant David my father great loving kindness, because he walked before you in truth, in righteousness, and in uprightness of heart with you. You have kept for him this great loving kindness, that you have given him a son to sit on his throne, as it is today.
7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​သက်​အ​ရွယ်​ငယ်​၍​တိုင်း​ပြည်​ကို မ​အုပ်​စိုး​တတ်​သော်​လည်း ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ခ​မည်း​တော်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​စေ​၍​နန်း​တင်​တော်​မူ​ပါ​ပြီ။-
Now, LORD my God, you have made your servant king instead of David my father. I am just a little child. I don’t know how to go out or come in.
8 ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​လူ​မျိုး​ကြီး​အ​လယ်​တွင်​ရှိ​ပါ​၏။ ထို​သူ​တို့​သည်​ရေ​တွက်​၍​မ​ရ​နိုင်​အောင်​ပင် များ​ပြား​ပါ​၏။-
Your servant is amongst your people which you have chosen, a great people, that can’t be numbered or counted for multitude.
9 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။
Give your servant therefore an understanding heart to judge your people, that I may discern between good and evil; for who is able to judge this great people of yours?”
10 ၁၀ ဤ​သို့​ရှော​လ​မုန်​တောင်း​လျှောက်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နှစ်​သက်​တော်​မူ​သ​ဖြင့်၊-
This request pleased the Lord, that Solomon had asked this thing.
11 ၁၁ ``သင်​သည်​မိ​မိ​အ​သက်​ရှည်​မှု၊ ချမ်း​သာ​ကြွယ်​ဝ မှု​သို့​မ​ဟုတ်​ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​မှု ကို​တောင်း​လျှောက်​မည့်​အ​စား​တ​ရား​မျှ​တ စွာ​အုပ်​စိုး​နိုင်​ရန် ဉာဏ်​ပ​ညာ​ကို​တောင်း​လျှောက် သည်​ဖြစ်​၍၊-
God said to him, “Because you have asked this thing, and have not asked for yourself long life, nor have you asked for riches for yourself, nor have you asked for the life of your enemies, but have asked for yourself understanding to discern justice,
12 ၁၂ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။-
behold, I have done according to your word. Behold, I have given you a wise and understanding heart, so that there has been no one like you before you, and after you none will arise like you.
13 ၁၃ သင်​မ​တောင်း​လျှောက်​သည့်​ဆု​ကို​လည်း​ငါ​ပေး မည်။ သင်​သည်​တစ်​သက်​လုံး​အ​ခြား​အ​ဘယ် ဘု​ရင်​နှင့်​မျှ​မ​တူ​အောင် စည်း​စိမ်​ချမ်း​သာ နှင့်​ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​မည်။-
I have also given you that which you have not asked, both riches and honour, so that there will not be any amongst the kings like you for all your days.
14 ၁၄ သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နည်း​တူ ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​လျှင် ငါ​သည်​သင့်​အား​ကြာ​ရှည် သော​အ​သက်​ကို​လည်း​ငါ​ပေး​မည်''ဟု​မိန့် တော်​မူ​၏။
If you will walk in my ways, to keep my statutes and my commandments, as your father David walked, then I will lengthen your days.”
15 ၁၅ ရှော​လ​မုန်​သည်​အိပ်​ရာ​မှ​နိုး​၍ မိ​မိ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​စ​ကား​များ​ကို​အိပ်​မက် တွင်​ကြား​သိ​ခဲ့​ရ​ကြောင်း​ကို​သိ​လေ​၏။ ထို့​နောက် သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထာ​ဝရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ရပ်​လျက် မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​နှင့်​မိတ်​သ​ဟာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​နောက် မှူး​မတ် အ​ပေါင်း​တို့​အ​တွက်​စား​သောက်​ပွဲ​ကို​ကျင်း​ပ လေ​သည်။
Solomon awoke; and behold, it was a dream. Then he came to Jerusalem and stood before the ark of the LORD’s covenant, and offered up burnt offerings, offered peace offerings, and made a feast for all his servants.
16 ၁၆ အ​ခါ​တစ်​ပါး​၌​ပြည့်​တန်​ဆာ​နှစ်​ယောက်​တို့​သည် လာ​၍​ရှော​လ​မုန်​မင်း​၏​ရှေ့​တော်​၌​ရပ်​ကြ​၏။-
Then two women who were prostitutes came to the king, and stood before him.
17 ၁၇ တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​သည်​ဤ မိန်း​မ​နှင့်​တစ်​အိမ်​တည်း​နေ​ထိုင်​ပါ​သည်။ ယင်း သို့​နေ​ထိုင်​စဉ်​သား​က​လေး​တစ်​ယောက်​ကို ဖွား​မြင်​ပါ​သည်။-
The one woman said, “Oh, my lord, I and this woman dwell in one house. I delivered a child with her in the house.
18 ၁၈ ကျွန်​မ​က​လေး​မွေး​ပြီး​၍​သုံး​ရက်​အ​ကြာ တွင် ဤ​မိန်း​မ​သည်​လည်း​သား​က​လေး​တစ် ယောက်​ကို​ဖွား​မြင်​ပါ​၏။-
The third day after I delivered, this woman delivered also. We were together. There was no stranger with us in the house, just us two in the house.
19 ၁၉ အိမ်​တွင်​ကျွန်​မ​တို့​နှစ်​ဦး​သာ​လျှင်​ရှိ​ပါ​၏။ အ​ခြား​မည်​သူ​မျှ​မ​ရှိ​ပါ။ တစ်​ည​သ​၌​ဤ မိန်း​မ​သည်​မိ​မိ​၏​သား​ငယ်​ကို​မ​တော်​တ​ဆ ဖိ​၍​အိပ်​မိ​သ​ဖြင့်​သား​ငယ်​သေ​ဆုံး​သွား​ပါ​၏။-
This woman’s child died in the night, because she lay on it.
20 ၂၀ သူ​သည်​ညဥ့်​ချင်း​တွင်​ပင်​ထ​၍​ကျွန်​မ​အိပ်​ပျော် နေ​စဉ် နံ​ဘေး​ရှိ​ကျွန်​မ​၏​သား​ငယ်​ကို​ပွေ့​၍​မိ​မိ အိပ်​ရာ​သို့​ယူ​သွား​ပါ​၏။ ထို့​နောက်​သေ​နေ​သော က​လေး​ကို​ကျွန်မ​၏​အိပ်​ရာ​တွင်​ထား​ပါ​၏။-
She arose at midnight, and took my son from beside me while your servant slept, and laid it in her bosom, and laid her dead child in my bosom.
21 ၂၁ နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။
When I rose in the morning to nurse my child, behold, he was dead; but when I had looked at him in the morning, behold, it was not my son whom I bore.”
22 ၂၂ သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``သင်​၏​စ​ကား မ​မှန်​ပါ။ အ​သက်​ရှင်​လျက်​နေ​သည့်​က​လေး သည်​ငါ​၏​က​လေး​ဖြစ်​၍ သေ​နေ​သော​က​လေး မှာ​သင့်​က​လေး​ဖြစ်​ပါ​သည်'' ဟု​ဆို​၏။ ပ​ထ​မ​မိန်း​မ​က​လည်း``သင့်​စ​ကား​မ​မှန်​ပါ။ သေ​နေ​သော​က​လေး​သည်​သင်​၏​က​လေး​ဖြစ် ၍​အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​မှာ​ငါ​၏ က​လေး​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော​လေ​၏။ ဤ​သို့​လျှင်​သူ​တို့​နှစ်​ဦး​သည် မင်း​ကြီး​၏ ရှေ့​တော်​တွင်​ငြင်း​ခုံ​လျက်​နေ​ကြ​၏။
The other woman said, “No! But the living one is my son, and the dead one is your son.” The first one said, “No! But the dead one is your son, and the living one is my son.” They argued like this before the king.
23 ၂၃ ထို​အ​ခါ​မင်း​ကြီး​သည်``သင်​တို့​နှစ်​ဦး​စ​လုံး​က အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​သည်​ငါ​၏​သား၊ သေ​နေ​သော​က​လေး​သည် သင်​၏​သား​ဟု​ပြော ဆို​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊
Then the king said, “One says, ‘This is my son who lives, and your son is the dead one;’ and the other says, ‘No! But your son is the dead one, and my son is the living one.’”
24 ၂၄ ဋ္ဌား​တစ်​လက်​ကို​တောင်း​ယူ​တော်​မူ​၍ ရ​ရှိ​တော် မူ​သော​အ​ခါ``အ​သက်​ရှင်​လျက်​ရှိ​သော​က​လေး ကို​နှစ်​ပိုင်း​ဖြတ်​၍ ဤ​မိန်း​မ​တို့​အား​တစ်​ပိုင်း​စီ ဝေ​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။
The king said, “Get me a sword.” So they brought a sword before the king.
25 ၂၅
The king said, “Divide the living child in two, and give half to the one, and half to the other.”
26 ၂၆ မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။ သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။-
Then the woman whose the living child was spoke to the king, for her heart yearned over her son, and she said, “Oh, my lord, give her the living child, and in no way kill him!” But the other said, “He shall be neither mine nor yours. Divide him.”
27 ၂၇ ရှော​လ​မုန်​က``က​လေး​ကို​မ​သတ်​နှင့်​တော့။ သူ့​ကို ပ​ထ​မ​မိန်း​မ​အား​ပေး​လော့။ ထို​မိန်း​မ​သည် က​လေး​၏​မိ​ခင်​စစ်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Then the king answered, “Give the first woman the living child, and definitely do not kill him. She is his mother.”
28 ၂၈ ရှော​လ​မုန်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဣသ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​ကြား​ကြ​သော​အ​ခါ ဘု​ရား သခင်​သည်​မင်း​ကြီး​အား​တ​ရား​မျှ​တ​စွာ​စီ​ရင် ဆုံး​ဖြတ်​နိုင်​သော​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ ကြောင်း​သိ​ရှိ​လျက် မင်း​ကြီး​အား​လွန်​စွာ​ရို​သေ ကြ​၏။
All Israel heard of the judgement which the king had judged; and they feared the king, for they saw that the wisdom of God was in him to do justice.

< ၃ ဓမ္မရာဇဝင် 3 >