< ၃ ဓမ္မရာဇဝင် 21 >
1 ၁ ယေဇရေလမြို့ရှိအာဟပ်မင်း၏နန်းတော် အနီးတွင် နာဗုတ်ဆိုသူပိုင်သည့်စပျစ် ဥယျာဉ်ရှိသည်ဖြစ်၍၊-
Basi ikawa baada ya hayo, Nabothi Myezreeli alikuwa na shamba la mizabibu kule Yezreeli, karibu na ikulu ya Ahabu, mfalme wa Samaria.
2 ၂ အာဟပ်သည်နာဗုတ်အား``သင်၏ဥယျာဉ် ကိုငါအလိုရှိသည်။ ထိုဥယျာဉ်သည်ငါ့နန်း တော်အနီးတွင်ရှိသဖြင့် ထိုမြေကိုယာခင်း ပြုလုပ်လိုသည်။ သင့်အားထိုဥယျာဉ်ထက် ပို၍ကောင်းသည့်စပျစ်ဥယျာဉ်ကိုငါပေး မည်။ သို့မဟုတ်သင်အလိုရှိလျှင်သင့်လျော် သောအဖိုးငွေကိုငါပေးမည်'' ဟုဆို၏။
Ahabu akamwambia Nabothi, akisema, “Nipe shamba lako, ili nilifanye kuwa bustani ya mboga, kwa sababu iko karibu na nyumba yangu. Badala yake nitakupa shamba zuri la mizabibu, au, kama ukipenda nitakulipa thamani yake kwa fedha.”
3 ၃ နာဗုတ်က``အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော'' ဟုလျှောက်၏။-
Nabothi akamjibu Ahabu, “BWANA na alizuie hilo nisije nikatoa urithi wa mababu zangu kwako.”
4 ၄ အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
Ahabu akaingia kwenye ikulu yake akiwa mchovu na mwenye hasira kwa sababu ya jibu ambalo Nabothi Myezreeli alimpa aliposema, “Sitakupa urithi wa mababu zangu.” Akalala kitandani kwake, akiwa amegeuza uso wake upande ule, na akagoma kula chakula chochote.
5 ၅ သူ၏မိဖုရားယေဇဗေလသည်သူ့ထံသို့ လာ၍ ``အရှင်သည်အဘယ်ကြောင့်ဤမျှစိတ် မချမ်းမသာဖြစ်လျက်နေတော်မူပါသနည်း။ အဘယ်ကြောင့်ပွဲတော်မတည်ဘဲနေတော်မူ ပါသနည်း'' ဟုမေးလျှောက်လေသည်။
Yezebeli mke wake akaiingia kwake, akamwambia “Kwa nini moyo wako una huzuni, kiasi kwamba hutaki kula?”
6 ၆ မင်းကြီးက``ငါသည်နာဗုတ်အားသူ၏ဥယျာဉ် ကိုရောင်းချရန် အကယ်၍သူအလိုရှိပါလျှင် အခြားဥယျာဉ်နှင့်လဲလှယ်ရန်ပြောဆိုသော် လည်း၊ နာဗုတ်က`ဤဥယျာဉ်ကိုအရှင့်အားမ ဆက်သနိုင်ပါ' ဟုဆိုချေသည်။ ထို့ကြောင့်ငါ သည်စိတ်မချမ်းမသာဖြစ်နေသည်'' ဟုမိန့် တော်မူ၏။
Naye akamjibu,” Niliongea na Nabothi Myezreeli nikamwambia, 'Nipe shamba lako nami nitakupa pesa, au kama inakupendeza, nitakupa shamba jingine ili liwe lako.' Naye akanijibu, 'Sitakupa shamba langu.'”
7 ၇ ယေဇဗေလက``အရှင်သည်ဣသရေလဘုရင် ဖြစ်သည်မဟုတ်ပါလော။ အိပ်ယာမှထတော်မူ ၍ရွှင်လန်းစွာစားတော်ခေါ်တော်မူပါ။ နာဗုတ် ၏ဥယျာဉ်ကိုအရှင်၏လက်တော်သို့ကျွန်မ အပ်ပါမည်'' ဟုလျှောက်၏။
Naye Yezebeli mkewe akamjibu, “Je, wewe si mtawala wa ufalme wa Israeli? Inuka ule; na moyo wako uwe na amani. Nitalichukua hilo shamba la mizabibu la Nabothi Myezreeli kwa ajili yako.
8 ၈ ထိုနောက်ယေဇဗေလသည်စာများကိုရေး ပြီးလျှင် အာဟပ်အမည်ဖြင့်လက်မှတ်ရေးထိုး ကာ ဘုရင့်တံဆိပ်ခပ်နှိပ်၍ယေဇရေလမြို့ ရှိမြို့မိမြို့ဖများနှင့်မှူးမတ်များထံသို့ ပေးပို့လိုက်လေသည်။-
Kwa hiyo Yezebeli akaandika barua kwa jina la Ahabu, akaitia muhuri wake, akazituma kwa wazee na kwa watu tajiri alioketi nao kwenye vikao, na ambao pia waliishi karibu na Nabothi.
9 ၉ ထိုအမိန့်တော်စာကား``သင်တို့သည်အစာရှောင် ရန်နေ့ရက်တစ်ရက်ကိုကြေညာကာ ပြည်သူတို့ အားစုဝေးစေ၍နာဗုတ်အားဂုဏ်ထူးဆောင် နေရာထိုင်ခင်းကိုပေးကြလော့။-
Katika ile barua aliyoandika, ilisema hivi, “Pigeni mbiu ya kufunga mkamkalishe Nabothi juu mbele ya watu.
10 ၁၀ ထိုနောက်သူ့ကိုမျက်နှာပြောင်တိုက်၍`ဤသူသည် ဘုရားသခင်နှင့်ဘုရင်မင်းမြတ်အားပုတ်ခတ် ပြောဆိုသူဖြစ်ပါသည်' ဟုမသမာသူလူနှစ် ယောက်ကိုပြစ်တင်စွပ်စွဲခိုင်းကြလော့။ ထို့နောက် သူ့အားမြို့ပြင်သို့ထုတ်၍ခဲနှင့်ပေါက်သတ်ကြ လော့'' ဟူသတည်း။
Pia mwaweke watu wawili wasiokuwa waaminifu pamoja naye na wale watu watoe ushahidi kinyume naye, waseme, 'Ulimlaani Mungu na mfalme.”Halafu mchukueni nje mkampige kwa mawe mpaka afe.
11 ၁၁ မှူးမတ်များနှင့်ယေဇရေလမြို့ရှိ မြို့မိမြို့ဖ များသည်လည်းယေဇဗေလအမိန့်ပေးသည့် အတိုင်းပြုကြ၏။-
Kwa hiyo watu wa mji wake, wazee na watu tajiri waishio kwenye huo mji, wakafanya kama Yezebeli alivyowaeleza, kama ilivyoandikwa kwenye zile baraua ambazo alikuwa amewatumia.
12 ၁၂ သူတို့သည်အစာရှောင်ရာနေ့တစ်နေ့ကိုကြေညာ ပြီးလျှင် ပြည်သူတို့အားစုဝေးစေလျက်နာဗုတ် အားဂုဏ်ထူးဆောင်နေရာထိုင်ခင်းကိုပေးကြ၏။-
Wakapiga mbiu ya kufunga wakamkalisha Nabothi juu mbele ya watu.
13 ၁၃ မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
Na wale watu wawili wasiokuwa waaminifu wakaja wakakaa mbele ya Nabothi; nao wakatoa ushuhuda wao dhidi ya Nabothi kuwa amemlaani Mungu na mfalme.” Kisha wakamchukua nje ya mji wakampiga kwa mawe mpaka akafa.
14 ၁၄ နာဗုတ်အားသေဒဏ်ခတ်ပြီးကြောင်းကိုလည်း ယေဇဗေလထံသတင်းပေးပို့ကြလေသည်။
Kisha wazee wakatuma neno kwa Yezebeli, wakisema, “Nabothi ameshapigwa mawe na amekufa.”
15 ၁၅ ထိုသတင်းကိုရလျှင်ရခြင်းယေဇဗေလသည် အာဟပ်အား``နာဗုတ်သေပြီဖြစ်၍ယခုအရှင် သွား၍သူမရောင်းလိုသောစပျစ်ဥယျာဉ်ကို သိမ်းယူတော်မူပါလော့'' ဟုလျှောက်၏။-
Naye Yezebeli aliposikia kuwa Nabothi ameshapigwa mawe na alikuwa amekufa, akamwabia Ahabu, “Inuka na ukamiliki shamba la mizabibu la Nabothi Myezreeli, ambalo alikataa kukuuzia, kwa sababu Nabothi hayuko hai, bali amekufa.”
16 ၁၆ အာဟပ်သည်လည်းထိုဥယျာဉ်ကိုသိမ်းယူ ရန်ချက်ချင်းထ၍သွားတော်မူ၏။
Ahabu aliposikia kuwa Nabothi amekufa, akainuka ili aende kwenye lile shamba la mizabibu la Nabothi Myezreeli na kulimiliki.
17 ၁၇ ထိုအခါထာဝရဘုရားသည်တိရှဘိမြို့သား ပရောဖက်ဧလိယအား၊-
Ndipo neno la BWANA likamjia Eliya Mtishibi, likisema,
18 ၁၈ ``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။-
“Inuka uende ukakutane na Ahabu mfalme wa Israeli, ambaye anaishi Samaria. Yumo kwenye shamba la Nabothi, ambako ameenda kuchukua umiliki wa shamba hilo.
19 ၁၉ ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
Ukaongee naye umwambie kwamba BWANA anasema, 'Je, umeua na kujimilikisha?' na utamwambia kwamba BWANA anasema, 'Mahali pale ambapo mbwa wameramba damu ya Nabothi, ndipo mbwa watakaporamba damu yako, ndiyo, damu yako.'”
20 ၂၀ အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
Ahabu akamwambia Eliya, “Je, umenipatia, adui yangu?” Eliya akamjibu, “Nimekupata wewe kwa sababu, umejiuza mwenyewe kufanya yaliyo maovu mbele ya macho ya BWANA.
21 ၂၁ ထို့ကြောင့်ထာဝရဘုရားက`ငါသည်သင့် အားဘေးဒဏ်သင့်စေမည်။ သင့်ကိုသုတ်သင် ပယ်ရှင်း၍သင်၏အိမ်ထောင်စုသားယောကျာ်း ဟူသမျှကိုလည်းဖယ်ရှားပစ်မည်။-
BWANA anakwambia hivi: 'Tazama, Nitaleta janga kwako na litakuangamiza kabisa na kufutilia mbali kila mtoto mume na mtumwa na mtu huru katika Israeli.
22 ၂၂ သင်သည်ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြသည်ဖြစ်၍ သင်၏ အိမ်ထောင်စုသည်နေဗက်၏သားယေရောဗောင် မင်း၏အိမ်ထောင်စုကဲ့သို့လည်းကောင်း၊ အဟိယ ၏သားဗာရှာမင်း၏အိမ်ထောင်စုကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။'-
Nitaifanya familia yako kama familia ya Yeroboamu mwana wa Nebati, na kama familia ya Baasha mwana wa Ahiya, kwa sababu umenighadhabisha na umewasababisha Israeli kufanya dhambi.
23 ၂၃ ယေဇဗေလနှင့်ပတ်သက်၍ထာဝရဘုရား က`ယေဇရေလမြို့တွင်ထိုအမျိုးသမီး၏ အလောင်းသည်ခွေးစာဖြစ်လိမ့်မည်။ သူ၏ ဆွေမျိုးမှန်သမျှတို့သည်လည်းမြို့တွင်း ၌သေလျှင်ခွေးစာ၊-
Pia BWANA ameongea kuhusu Yezebeli, amesema, “mbwa watamla Yezebeli pembeni mwa ukuta wa Yezreeli.'
24 ၂၄ မြို့ပြင်၌သေလျှင်လင်းတစာဖြစ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Yeyote ambaye ni mtu wa familia ya Ahabu ambaye atafia mjini - mbwa watamla. Na yeyote ambaye atafia shambani - ataliwa na ndege wa angani.”
25 ၂၅ (ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
Hapakuwepo na mtu kama Ahabu, ambaye alijiuza mwenyewe kufanya maovu mbele ya macho ya BWANA, ambaye mke wake Yezebeli alimchochea kufanya dhambi.
26 ၂၆ သူသည်အာမောရိပြည်သားတို့ပြုသည့်အတိုင်း ရုပ်တုများကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အလွန်ရှက်ကြောက်ဖွယ်ကောင်းသည့်အပြစ်များ ကိုပြုလေသည်။ အာမောရိပြည်သူတို့ကား ခါနာန်ပြည်သို့ဣသရေလအမျိုးသားတို့ ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ် တော်မူသောသူများဖြစ်သတည်း။)
Ahabu alifanya matendo yachukizayo kwa ajili ya sanamu alizofanya, kama vile yale yote ambayo Waamori walifanya, BWANA akawafukuza mbele ya watu wa Israeli.
27 ၂၇ ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
Ahabu aliposikis maneno haya, Akachana mavazi yake na akavaa magunia kwenye mwili wake na akfaunga, na akalala kwenye magunia na akahuzunika sana.
28 ၂၈ ထာဝရဘုရားသည်ပရောဖက်ဧလိယအား၊-
Kisha neno la BWANA likamjia Eliya Mtishibi likisema,
29 ၂၉ ``ငါ၏ရှေ့မှောက်တွင်အဘယ်မျှအာဟပ်နှိမ့်ချ လျက်နေသည်ကိုသင်မြင်သလော။ ဤသို့နှိမ့်ချ သည့်အတွက်ငါသည်သူ၏လက်ထက်၌ဘေးဒဏ် သင့်စေမည်မဟုတ်။ သူ၏သားလက်ထက်သူ၏ အိမ်ထောင်စုအပေါ်တွင်သင့်စေမည်'' ဟုမိန့် တော်မူ၏။
“Je, unamwona jinsi Ahabu anavyojinyenyekeza mbele yangu? Kwa sababu anajinyeyenyekeza mwenyewe mbele yangu, Sitaleta lile janga katika siku zake; Ni katika siku za mwanae, nitakpolileta hilo janga katika familia yake.”