< ၃ ဓမ္မရာဇဝင် 21 >

1 ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-
그 후에 이 일이 있으니라 이스르엘 사람 나봇이 이스르엘에 포도원이 있어 사마리아 왕 아합의 궁에서 가깝더니
2 အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။
아합이 나봇에게 일러 가로되 네 포도원이 내 궁 곁에 가까이 있으니 내게 주어 나물밭을 삼게 하라 내가 그 대신에 그보다 더 아름다운 포도원을 네게 줄 것이요 만일 합의하면 그 값을 돈으 로 네게 주리라
3 နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။-
나봇이 아합에게 말하되 내 열조의 유업을 왕에게 주기를 여호와께서 금하실지로다 하니
4 အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။-
이스르엘 사람 나봇이 아합에게 대답하여 이르기를 내 조상의 유업을 왕께 줄 수 없다 함을 인하여 아합이 근심하고 답답하여 궁으로 돌아와서 침상에 누워 얼굴을 돌이키고 식사를 아니하니
5 သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။
그 아내 이세벨이 저에게 나아와 가로되 왕의 마음에 무엇을 근심하여 식사를 아니하나이까
6 မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။
왕이 이르되 내가 이스르엘 사람 나봇에게 말하여 이르기를 네 포도원을 내게 주되 돈으로 바꾸거나 만일 네가 좋아하면 내가 그 대신에 포도원을 네게 주리라 한즉 저가 대답하기를 내가 내 포도원을 네게 주지 않겠노라 함을 인함이로라
7 ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။
그 아내 이세벨이 저에게 이르되 왕이 이제 이스라엘 나라를 다스리시나이까 일어나 식사를 하시고 마음을 즐겁게 하소서 내가 이스르엘 사람 나봇의 포도원을 왕께 드리리이다 하고
8 ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။-
아합의 이름으로 편지들을 쓰고 그 인(印)을 쳐서 그 성에서 나봇과 함께 사는 장로와 귀인들에게 보내니
9 ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-
그 편지 사연에 이르기를 금식을 선포하고 나봇을 백성 가운데 높이 앉힌 후에
10 ၁၀ ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။
비류 두 사람을 그 앞에 마주 앉히고 저에게 대하여 증거하기를 네가 하나님과 왕을 저주하였다 하게 하고 곧 저를 끌고 나가서 돌로 쳐 죽이라 하였더라
11 ၁၁ မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။-
그 성 사람 곧 그 성에 사는 장로와 귀인들이 이세벨의 분부 곧 저가 자기들에게 보낸 편지에 쓴 대로 하여
12 ၁၂ သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။-
금식을 선포하고 나봇을 백성 가운데 높이 앉히매
13 ၁၃ မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-
때에 비류 두 사람이 들어와서 그 앞에 앉고 백성앞에서 나봇에 게 대하여 증거를 지어 이르기를 나봇이 하나님과 왕을 저주하였다 하매 무리가 저를 성 밖으로 끌고 나가서 돌로 쳐 죽이고
14 ၁၄ နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။
이세벨에게 통보하기를 나봇이 돌에 맞아 죽었나이다 하니
15 ၁၅ ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။-
이세벨이 나봇이 돌에 맞아 죽었다 함을 듣고 아합에게 이르되 일어나서 그 이스르엘 사람 나봇이 돈으로 바꾸어 주기를 싫어하던 포도원을 취하소서 나봇이 살아 있지 아니하고 죽었나이다
16 ၁၆ အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။
아합이 나봇의 죽었다 함을 듣고 곧 일어나 이스르엘 사람 나봇의 포도원을 취하러 그리로 내려 갔더라
17 ၁၇ ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
여호와의 말씀이 디셉 사람 엘리야에게 임하여 가라사대
18 ၁၈ ``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။-
너는 일어나 내려가서 사마리아에 거하는 이스라엘 왕 아합을 만나라 저가 나봇의 포도원을 취하러 그리로 내려 갔나니
19 ၁၉ ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။
너는 저에게 말하여 이르기를 여호와의 말씀이 네가 죽이고 또 빼앗았느냐 하셨다 하고 또 저에게 이르기를 여호와의 말씀이 개들이 나봇의 피를 핥은 곳에서 개들이 네 피 곧 네 몸의 피도 핥으리라 하셨다 하라
20 ၂၀ အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။-
아합이 엘리야에게 이르되 나의 대적이여 네가 나를 찾았느냐 대답하되 내가 찾았노라 네가 스스로 팔려 여호와 보시기에 악을 행하였으므로
21 ၂၁ ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
여호와의 말씀이 내가 재앙을 네게 내려 너를 쓸어 버리되 네게 속한 남자는 이스라엘 가운데 매인 자나 놓인 자를 다 멸할 것이요
22 ၂၂ သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-
또 네 집으로 느밧의 아들 여로보암의 집처럼 되게 하고 아히야의 아들 바아사의 집처럼 되게 하리니 이는 네가 나의 노를 격동하고 이스라엘로 범죄케 한 까닭이니라 하셨고
23 ၂၃ ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-
이세벨에게 대하여도 여호와께서 말씀하여 가라사대 개들이 이스르엘 성 곁에서 이세벨을 먹을지라
24 ၂၄ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
아합에게 속한 자로서 성읍에서 죽은 자는 개들이 먹고 들에서 죽은 자는 공중의 새가 먹으리라 하셨느니라 하니
25 ၂၅ (ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-
예로부터 아합과 같이 스스로 팔려 여호와 보시기에 악을 행한 자가 없음은 저가 그 아내 이세벨에게 충동되었음이라
26 ၂၆ သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။)
저가 여호와께서 이스라엘 자손 앞에서 쫓아내신 아모리 사람의 모든 행한 것 같이 우상에게 복종하여 심히 가증하게 행하였더라
27 ၂၇ ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။
아합이 이 모든 말씀을 들을 때에 그 옷을 찢고 굵은 베로 몸을 동이고 금식하고 굵은 베에 누우며 행보도 천천히 한지라
28 ၂၈ ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
여호와의 말씀이 디셉 사람 엘리야에게 임하여 가라사대
29 ၂၉ ``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
아합이 내 앞에서 겸비함을 네가 보느냐 저가 내 앞에서 겸비함을 인하여 내가 재앙을 저의 시대에 내리지 아니하고 그 아들의 시대에야 그 집에 재앙을 내리리라 하셨더라

< ၃ ဓမ္မရာဇဝင် 21 >