< ၃ ဓမ္မရာဇဝင် 20 >

1 ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-
Kong Benhadad af Aram samlede hele sin Hær, og to og tredive Konger fulgte ham med Heste og Stridsvogne; og han drog op og indesluttede Samaria og belejrede det.
2 သူ​သည်​သံ​တ​မန်​များ​ကို​မြို့​တွင်း​သို့​စေ​လွှတ် ၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​အား``ဗင်္ဟာ​ဒဒ်​မင်း သည်​သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး တော်​များ​ကို​သူ့​အား​ပေး​အပ်​ရန်​တောင်း​ဆို လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​စေ​၏။
Han sendte nu Sendebud ind i Byen til Kong Akab af Israel
3
og lod sige til ham: »Saaledes siger Benhadad: Dit Sølv og Guld er mit, men dine Hustruer og Børn kan du beholde!«
4 ထို​အ​ခါ​အာ​ဟပ်​က``ငါ​နှင့်​ငါ​ပိုင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ်​အား​ပေး အပ်​ရန် သ​ဘော​တူ​ကြောင်း​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ် မင်း​အား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။
Israels Konge lod svare: »Som du byder, Herre Konge! Jeg og alt, hvad mit er, tilhører dig.«
5 ထို့​နောက်​တစ်​ဖန်​သံ​တ​မန်​တို့​သည်​အာ​ဟပ်​ထံ သို့​ပြန်​လာ​ပြီး​လျှင်``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ​ကို ငါ​တောင်း​ဆို​ခဲ့​၏။-
Men Sendebudene vendte tilbage og sagde: »Saaledes siger Benhadad: Jeg sendte Bud til dig og lod sige: Dit Sølv og Guld og dine Hustruer og Børn skal du give mig!
6 ယ​ခု​ငါ​သည်​သင်​၏​နန်း​တော်​နှင့်​တ​ကွ​မှူး မတ်​တို့​၏​နေ​အိမ်​များ​ကို​ရှာ​ဖွေ​၍ အ​ဖိုး ထိုက်​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​သိမ်း​ယူ​ရန် တပ်​မ​တော်​အ​ရာ​ရှိ​တို့​ကို​စေ​လွှတ်​မည်။ သူ တို့​သည်​နက်​ဖြန်​ဤ​အ​ချိန်​ခန့်​၌​သင်​ထံ​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်' ဟု​မိန့်​မှာ​လိုက် ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
Saa sender jeg da i Morgen ved denne Tid mine Folk til dig, og de skal gennemsøge dit Hus og dine Folks Huse og tilvende sig og tage alt, hvad de lyster!«
7 အာ​ဟပ်​မင်း​သည်​တိုင်း​ပြည်​ခေါင်း​ဆောင်​အ​ပေါင်း ကို​ခေါ်​ပြီး​လျှင်``ဤ​သူ​သည်​ငါ​တို့​အား​ပျက်​စီး စေ​လို​သူ​ဖြစ်​၏။ ငါ့​ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ ရွှေ​ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ ကို​တောင်း​ဆို​စဉ်​အ​ခါ​က ငါ​မ​ငြင်း​ဆန်​ခဲ့ ပါ'' ဟု​ဆို​၏။
Da lod Israels Konge alle Landets Ældste kalde og sagde: »Der ser I, at Manden har ondt i Sinde, thi nu sender han Bud til mig om mine Hustruer og Børn, og mit Sølv og Guld havde jeg ikke nægtet ham!«
8 ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က``ဤ​သူ​၏ စ​ကား​ကို​အ​ရေး​စိုက်​တော်​မ​မူ​ပါ​နှင့်။ အ​ညံ့ လည်း​ခံ​တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​၏။
Alle de Ældste og alt Folket svarede ham: »Hør ham ikke; du maa ikke give efter!«
9 သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဗင်္ဟာ​ဒဒ်​၏​သံ​တ​မန် တို့​အား``ငါ​သည်​ပ​ထ​မ​တောင်း​ဆို​ချက်​ကို လိုက်​လျော​ရန်​သ​ဘော​တူ​သော်​လည်း ဒု​တိ​ယ တောင်း​ဆို​ချက်​ကို​မူ​မ​လိုက်​လျော​နိုင်​ကြောင်း ငါ့​အ​ရှင်​ဘု​ရင်​မင်း​အား​လျှောက်​ထား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သံ​တ​မန်​တို့​သည်​ပြန်​သွား​ပြီး​နောက် တစ်​ဖန် ပြန်​လာ​၍၊-
Da sagde han til Benhadads Sendebud: »Sig til min Herre Kongen: Alt, hvad du første Gang krævede af din Træl, vil jeg gøre, men dette Krav kan jeg ikke opfylde!« Med det Svar vendte Sendebudene tilbage.
10 ၁၀ ``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
Da sendte Benhadad Bud til ham og lod sige: »Guderne ramme mig baade med det ene og det andet, om Støvet i Samaria forslaar til at fylde Hænderne paa alle de Krigere, der følger mig!«
11 ၁၁ အာ​ဟပ်​မင်း​က​လည်း``စစ်​သူ​ရဲ​ပီ​သ​သူ​သည် တိုက်​ပွဲ​ပြီး​မှ​ဝါ​ကြွား​တတ်​၏။ တိုက်​ပွဲ​မ​ပြီး မီ​ဝါ​ကြွား​လေ့​မ​ရှိ​ကြောင်း ဗင်္ဟာ​ဒဒ်​မင်း​အား ပြန်​ကြား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။
Men Israels Konge lod svare: »Sig saaledes: Den, der spænder Bæltet, skal ikke rose sig som den, der løser det!«
12 ၁၂ ဗင်္ဟာ​ဒဒ်​သည်​မိ​မိ​၏​မ​ဟာ​မိတ်​မင်း​များ​နှင့် အ​တူ သူ​တို့​၏​တဲ​ရှင်​များ​တွင်​သေ​ရည်​သေ ရက်​သောက်​လျက် နေ​စဉ်​အာ​ဟပ်​၏​ပြန်​ကြား ချက်​ကို​ကြား​သိ​ရ​လေ​သည်။ ထို​အ​ခါ​သူ သည်​မိ​မိ​၏​စစ်​သည်​တော်​များ​အား ရှ​မာ​ရိ မြို့​ကို​တိုက်​ခိုက်​ရန်​အမိန့်​ပေး​သ​ဖြင့်​သူ​တို့ သည်​နေ​ရာ​ယူ​ကြ​ကုန်​၏။
Benhadad modtog Svaret, just som han sad og drak sammen med Kongerne i Løvhytterne; da sagde han til sine Folk: »Til Storm!« Og de gjorde sig rede til at storme Byen.
13 ၁၃ ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​တစ်​ပါး​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍``ထာ​ဝ​ရ​ဘု​ရား က​သင့်​အား`ထို​ကြီး​မား​သည့်​စစ်​သည်​အ​လုံး အ​ရင်း​ကို​မြင်​၍​မ​ကြောက်​နှင့်။ ယ​နေ့​သင့် အား​ထို​တပ်​မ​တော်​ကြီး​ကို​ဖြို​ခွင်း​ခွင့်​ငါ ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။
Men en Profet traadte hen til Kong Akab af Israel og sagde: »Saa siger HERREN: Ser du hele den vældige Menneskemængde der? Se, jeg giver den i Dag i din Haand, og du skal kende, at jeg er HERREN!«
14 ၁၄ အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။ မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊- ``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။
Akab spurgte: »Ved hvem?« Han svarede: »Saa siger HERREN: Ved Fogedernes Folk!« Derpaa spurgte han: »Hvem skal aabne Kampen?« Han svarede: »Du!«
15 ၁၅ သို့​ဖြစ်​၍​မင်း​ကြီး​သည် နယ်​မြေ​တပ်​မှူး​များ ၏​လက်​အောက်​ရှိ​စစ်​လု​လင်​စု​စု​ပေါင်း​နှစ်​ရာ့ သုံး​ဆယ့်​နှစ်​ယောက်​တို့​ကို​ခေါ်​ပြီး​နောက် တပ် သား​ခု​နစ်​ထောင်​ရှိ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​စု​ရုံး​စေ​တော်​မူ​၏။
Saa mønstrede han Fogedernes Folk, og de var 232; derefter mønstrede han hele Hæren, alle Israeliterne, 7000 Mand.
16 ၁၆ မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-
Og ved Middagstid gjorde de et Udfald, just som Benhadad og de to og tredive Konger, der fulgte ham, sad og drak i Løvhytterne.
17 ၁၇ အာ​ဟပ်​သည်​စ​တင်​၍​တိုက်​ခိုက်​လေ​သည်။ နယ် မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​က​ရှေ့​ဆုံး​မှ ချီ​တက်​ကြ​၏။ ဗင်္ဟာ​ဒဒ်​စေ​လွှတ်​ထား​သည့် အ​ထောက်​တော်​တို့​သည်​လည်း ရှ​မာ​ရိ​မြို့​မှ စစ်​သူ​ရဲ​တစ်​စု​ထွက်​ခွာ​လာ​နေ​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။-
Først rykkede Fogedernes Folk ud. Man sendte da Bud til Benhadad og meldte: »Der rykker Mænd ud fra Samaria!«
18 ၁၈ မင်း​ကြီး​က``ထို​သူ​တို့​သည်​တိုက်​ခိုက်​ရန်​လာ သည်​ဖြစ်​စေ၊ စစ်​ပြေ​ငြိမ်း​ရန်​လာ​သည်​ဖြစ်​စေ သူ​တို့​အား​အ​ရှင်​ရ​အောင်​ဖမ်း​ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
Da sagde han: »Hvad enten de rykker ud for at faa Fred eller for at kæmpe, saa grib dem levende!«
19 ၁၉ နယ်​မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​သည် ဣ​သ​ရေ​လ​တပ်​မ​တော်​၏​ရှေ့​မှ​ခေါင်း ဆောင်​၍​တိုက်​ကြ​၏။-
Da Fogedernes Folk og Hæren, som fulgte efter, var rykket ud fra Byen,
20 ၂၀ သူ​တို့​အ​သီး​သီး​တစ်​ယောက်​ကျ​သတ်​ဖြတ် ကြ​၏။ ထို​အ​ခါ​ရှု​ရိ​တပ်​သား​တို့​သည်​ထွက်​ပြေး ကြ​သ​ဖြင့် ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​သူ​တို့ နောက်​မှ​အ​ပြင်း​လိုက်​ကြ​၏။ ထို့​ကြောင့်​ဗင်္ဟာ​ဒဒ် သည်​မြင်း​တပ်​သား​အ​ချို့​နှင့်​အ​တူ​မြင်း​စီး​၍ ထွက်​ပြေး​လေ​သည်။-
huggede de ned for Fode, saa at Aramæerne tog Flugten; og Israeliterne satte efter dem. Men Kong Benhadad af Aram undslap til Hest sammen med nogle Ryttere.
21 ၂၁ အာ​ဟပ်​မင်း​သည်​လည်း​စစ်​ပွဲ​သို့​ဝင်​တော်​မူ​၍ မြင်း​များ​စစ်​ရ​ထား​များ​ကို​ဖမ်း​ဆီး​သိမ်း ယူ​၍ ရှု​ရိ​အ​မျိုး​သား​တို့​အား​အ​ကြီး အ​ကျယ်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
Da rykkede Israels Konge ud og gjorde Hestene og Vognene til Bytte, og han tilføjede Aramæerne et stort Nederlag.
22 ၂၂ ထို​အ​ခါ​ပ​ရော​ဖက်​သည်​အာ​ဟပ်​မင်း​ထံ သို့​သွား​၍``ရှု​ရိ​ဘု​ရင်​သည်​လာ​မည့်​နွေ​ဦး ပေါက်​တွင်​တစ်​ဖန်​ချီ​လာ​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​သည်​ပြန်​၍​မိ​မိ​၏​တပ်​မ​တော်​ကို​အင် အား​ပြည့်​စေ​ရန်​သ​တိ​နှင့်​စီ​မံ​လော့'' ဟု ဆို​၏။
Men Profeten traadte hen til Israels Konge og sagde til ham: »Tag dig sammen og se vel til, hvad du vil gøre, thi næste Aar drager Arams Konge op imod dig igen!«
23 ၂၃ ဗင်္ဟာ​ဒဒ်​မင်း​၏​မှူး​မတ်​များ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​သည် တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​များ​ဖြစ်​သ​ဖြင့် အ​ကျွန်ုပ် တို့​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​နိုင်​ရ ကြ​ခြင်း​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​သူ​တို့ နှင့်​လွင်​ပြင်​တွင်​တိုက်​ခိုက်​ရ​ကြ​ပါ​မူ​သူ​တို့ အား​ဧ​ကန်​မု​ချ​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်။-
Men Aramæerkongens Folk sagde til ham: »Deres Gud er en Bjerggud, derfor blev de os for stærke; men lad os se, om vi ikke kan blive de stærkeste, naar vi angriber dem paa Slettelandet!
24 ၂၄ ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။-
Saaledes skal du gøre: Afsæt alle Kongerne, sæt Statholdere i deres Sted
25 ၂၅ ထို့​နောက်​ယ​ခင်​အ​ခါ​က​အ​ရှင့်​အား​စွန့်​ခွာ ထွက်​ပြေး​သည့်​တပ်​မ​တော်​နှင့်​အ​မျှ​ကြီး​မား ၍ ယ​ခင်​က​ကဲ့​သို့​ပင်​များ​ပြား​သော​မြင်း တပ်၊ ရ​ထား​တပ်​များ​ပါ​ဝင်​သည့်​တပ်​မ​တော် ကို​ဖွဲ့​စည်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​လွင်​ပြင်​တွင်​တိုက် ခိုက်​ကြ​မည်​ဖြစ်​၍ ယ​ခု​အ​ကြိမ်​၌​သူ​တို့ အား​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​ကြ​၏။ ယင်း​သို့​လျှောက်​ထား​သည်​ကို​ဗင်္ဟာ​ဒဒ်​မင်း သည်​နှစ်​သက်​သ​ဖြင့် ထို​သူ​တို့​ပေး​သည့် အ​ကြံ​အ​တိုင်း​ဆောင်​ရွက်​တော်​မူ​၏။-
og stil lige saa stor en Hær paa Benene som den, du mistede, og lige saa mange Heste og Vogne som før! Naar vi saa kæmper med dem paa Slettelandet, sandelig, om vi ikke bliver de stærkeste!« Og han fulgte deres Raad og handlede derefter.
26 ၂၆ နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။-
Næste Aar mønstrede Benhadad Aramæerne og drog op til Afek for at kæmpe med Israel.
27 ၂၇ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း​စု​ရုံး ကာ စား​နပ်​ရိက္ခာ​စုံ​နှင့်​မြို့​ပြင်​သို့​ထွက်​လာ​ကြ လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​တပ်​ကို​နှစ်​စု ခွဲ​၍​ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​ကာ​နေ​ရာ​ယူ ကြ​၏။ လွင်​ပြင်​တစ်​ခု​လုံး​ပြည့်​နှက်​နေ​သည့် ရှု​ရိ​အ​မျိုး​သား​တို့​နှင့်​နှိုင်း​ယှဉ်​ကြည့်​ပါ လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဆိတ် အုပ်​က​လေး​နှစ်​စု​နှင့်​တူ​ပေ​သည်။
Ogsaa Israeliterne blev mønstret og forsynede sig med Levnedsmidler, hvorefter de rykkede dem i Møde og lejrede sig lige over for dem som to smaa Gedehjorde, medens Aramæerne oversvømmede Landet.
28 ၂၈ ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
Da traadte en Guds Mand hen til Israels Konge og sagde: »Saa siger HERREN: Fordi Aramæerne siger: HERREN er en Bjerggud og ikke en Dalgud! vil jeg give hele den vældige Menneskemængde der i din Haand, og I skal kende, at jeg er HERREN!«
29 ၂၉ ရှု​ရိ​အ​မျိုး​သား​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​သည် ခု​နစ်​ရက်​တိုင်​တိုင်​မျက်​နှာ​ချင်း​ဆိုင် တပ်​စွဲ​လျက်​နေ​ကြ​၏။ ခု​နစ်​ရက်​မြောက်​သော နေ့​၌​စ​တင်​တိုက်​ခိုက်​ကြ​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​ရှု​ရိ​အ​မျိုး​သား တစ်​သိန်း​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
De laa nu lejret over for hinanden i syv Dage, men Syvendedagen kom det til Kamp, og Israeliterne huggede Aramæerne ned, 100 000 Mand Fodfolk paa een Dag.
30 ၃၀ ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-
De, der blev tilovers, flygtede til Byen Afek, men Muren styrtede ned over dem, der var tilbage, 27 000 Mand. Benhadad flygtede ind i Byen, hvor han løb fra Kammer til Kammer.
31 ၃၁ သူ​၏​အ​မှု​ထမ်း​များ​သည်​သူ့​ထံ​သို့​လာ​၍``ဣသ ရေ​လ​ဘု​ရင်​များ​သည်​သ​နား​ညှာ​တာ​တတ် ကြောင်း အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​ပါ​သည်။ သို့​ဖြစ် ၍​အ​ကျွန်ုပ်​တို့​အား​ဣ​သ​ရေ​လ​ဘု​ရင်​ထံ​သွား ခွင့်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ခါး​တွင် လျှော်​တေ​စည်း​၍​လည်​တွင်​ကြိုး​များ​ပတ်​ပြီး လျှင်​သွား​ရောက်​ကြ​ပါ​မည်။ သူ​သည်​အ​ရှင် ၏​အ​သက်​ကို​ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
Da sagde hans Folk til ham: »Vi har hørt, at Kongerne over Israels Hus er naadige Konger; lad os binde Sæk om Lænderne og Reb om Hovederne og gaa ud til Israels Konge, maaske han da vil skaane dit Liv!«
32 ၃၂ ထို့​နောက်​သူ​တို့​သည်​ခါး​တွင်​လျှော်​တေ​စည်း​၍ လည်​တွင်​ကြိုး​များ​ပတ်​ပြီး​လျှင် အာ​ဟပ်​မင်း ထံ​သို့​သွား​ရောက်​ကာ``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ ဒဒ်​က​သူ​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ရန်​ပန်​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက် ထား​ကြ​၏။ အာ​ဟပ်​က``ငါ့​နောင်​တော်​အ​သက်​ရှင်​သေး သ​လော'' ဟု​ဆို​၏။
Saa bandt de Sæk om Lænderne og Reb om Hovederne og kom til Israels Konge og sagde: »Din Træl Benhadad siger: Lad mig leve!« Han svarede: »Er han endnu i Live? Han er min Broder!«
33 ၃၃ ဗင်္ဟာ​ဒဒ်​၏​အ​မှု​ထမ်း​တို့​သည် အ​ရိပ်​အ​ခြည် ကို​စောင့်​၍​ကြည့်​နေ​ရ​ကြ​ရာ၊ အာ​ဟပ်​က``နောင် တော်'' ဟု​ဆို​လိုက်​သော​အ​ခါ​ချက်​ချင်း​ပင် ဆက်​၍``အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဗင်္ဟာ ဒဒ်​သည်​အ​ရှင်​၏​နောင်​တော်​ပါ'' ဟု​လျှောက် ကြ​၏။ ထို​အ​ခါ​အာ​ဟပ်​က``သူ​အား​ငါ့​ထံ​သို့​ခေါ် ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ရောက်​ရှိ လာ​သော​အ​ခါ အာ​ဟပ်​သည်​သူ့​အား​မိ​မိ​၏ ရ​ထား​ပေါ်​သို့​တက်​ရန်​ဖိတ်​ခေါ်​တော်​မူ​၏။-
Det tog Mændene for et godt Varsel, og de tog ham straks paa Ordet, idet de sagde: »Benhadad er din Broder!« Da sagde han: »Gaa hen og hent ham!« Saa gik Benhadad ud til ham, og han tog ham op i Vognen til sig.
34 ၃၄ ဗင်္ဟာ​ဒဒ်​က``အရှင့်​ခ​မည်း​တော်​၏​လက်​မှ​အ​ကျွန်ုပ် ၏​ခ​မည်း​တော်​သိမ်း​ယူ​ခဲ့​သော​မြို့​များ​ကို အ​ရှင့် အား​ပြန်​လည်​ပေး​အပ်​ပါ​မည်။ အ​ကျွန်ုပ်​၏​ခ​မည်း တော်​သည်​ရှ​မာ​ရိ​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ကို ထား​ရှိ​ခဲ့​သည့်​နည်း​တူ အ​ရှင်​သည်​လည်း​ဒ​မာ သက်​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ထား​ရှိ​နိုင်​ပါ သည်'' ဟု​ဆို​၏။ အာ​ဟပ်​က``ဤ​သ​ဘော​တူ​ညီ​ချက်​များ​အ​ရ သင်​၏​အ​သက်​ကို​ချမ်း​သာ​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ပြီး​လျှင် ဗင်္ဟာ​ဒဒ်​အား​သွား​ခွင့်​ပြု​တော် မူ​၏။
Benhadad sagde nu til ham: »De Byer, min Fader fratog din Fader, vil jeg give tilbage, og du maa bygge dig Gader i Damaskus, lige som min Fader gjorde i Samaria! Paa disse Vilkaar give du mig fri!« Og han sluttede Pagt med ham og lod ham gaa.
35 ၃၅ ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​ရ​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​အား``ငါ့ ကို​ရိုက်​လော့'' ဟု​ဆို​၏။ သို့​သော်​လည်း​ပ​ရော​ဖက် က​ငြင်း​ဆန်​သ​ဖြင့်၊-
Men en af Profetsønnerne sagde med HERRENS Ord til sin Fælle: »Slaa mig!« Men han vægrede sig derved.
36 ၃၆ သူ့​အား``သင်​သည်​ထာဝရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​သည်​ဖြစ်​၍ ငါ​၏​ထံ​မှ​ထွက်​ခွာ သွား​သည်​နှင့်​တစ်​ပြိုင်​နက်​ခြင်္သေ့​ကိုက်​၍​သေ လိမ့်​မည်'' ဟု​ဆို​၏။ ယင်း​သို့​ဆို​သည့်​အ​တိုင်း ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် ထို​ပ​ရော​ဖက်​သည်​ခြင်္သေ့​ကိုက်​၍​သေ လေ​သည်။
Da sagde han til ham: »Fordi du ikke har adlydt HERRENS Ord, skal en Løve dræbe dig, naar du gaar bort fra mig!« Og da han gik bort fra ham, traf en Løve paa ham og dræbte ham.
37 ၃၇ ထို့​နောက်​အ​ရိုက်​ခိုင်း​သော​ပ​ရော​ဖက်​သည် အ​ခြား​သူ​တစ်​ဦး​ထံ​သွား​၍``ငါ့​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သူ​သည်​ပြင်း​စွာ​ရိုက် ၍​ဒဏ်​ရာ​ရ​စေ​၏။-
Saa traf Profetsønnen en anden og sagde til ham: »Slaa mig!« Og den anden slog ham og saarede ham.
38 ၃၈ ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-
Saa gik Profeten hen og stillede sig paa den Vej, Kongen kom, og gjorde sig ukendelig med et Bind for Øjnene.
39 ၃၉ မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။-
Da Kongen kom forbi, raabte han til ham: »Din Træl var draget med i Kampen; da kom en hen til mig med en Mand og sagde: Vogt den Mand vel! Slipper han bort, skal du svare for hans Liv med dit eget Liv eller bøde en Talent Sølv!
40 ၄၀ သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​အ​လုပ်​များ​နေ​စဉ်​ထို​သုံ့​ပန်း​ထွက် ပြေး​သွား​ပါ​သည်'' ဟု​လျှောက်​၏။ မင်း​ကြီး​က``သင်​ကိုယ်​တိုင်​စီ​ရင်​ချက်​ချ​ပြီး ဖြစ်​၍ သင်​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု ဆို​၏။
Men din Træl var optaget snart her, snart der, og borte var han.« Da sagde Israels Konge til ham: »Det er din Dom, du har selv fældet den!«
41 ၄၁ ထို​အ​ခါ​ပ​ရော​ဖက်​သည် မိ​မိ​၏​မျက်​နှာ​မှ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​လိုက်​သော​အ​ခါ မင်း ကြီး​သည်​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​ကြောင်း ကို​သိ​လေ​သည်။-
Saa tog han hurtig Bindet fra Øjnene, og Israels Konge genkendte ham som en af Profeterne.
42 ၄၂ ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။
Og han sagde til ham: »Saa siger HERREN: Fordi du gav Slip paa den Mand, der var hjemfaldet til mit Band, skal du svare for hans Liv med dit eget Liv og for hans Folk med dit eget Folk!«
43 ၄၃ မင်း​ကြီး​သည် ပူ​ပင်​စိုး​ရိမ်​စိတ်​ပျက်​အား လျော့​လျက် ရှ​မာ​ရိ​မြို့​နန်း​တော်​သို့​ပြန် တော်​မူ​၏။
Da drog Israels Konge hjem, misfornøjet og ilde til Mode, og han kom til Samaria.

< ၃ ဓမ္မရာဇဝင် 20 >