< ၃ ဓမ္မရာဇဝင် 2 >
1 ၁ ဒါဝိဒ်သည်မိမိကွယ်လွန်ချိန်နီးသောအခါ သားတော်ရှောလမုန်ကိုခေါ်၍နောက်ဆုံးညွှန် ကြားချက်များကိုပေးလေသည်။-
Daudi alipokaribia kufa, alimwamuru Sulemani mwanae, akisema,
2 ၂ မင်းကြီးက``ငါသေရမည့်အချိန်ရောက်ပြီ။ သင်သည်မိမိအစွမ်းကိုယုံ၍ဇွဲသတ္တိရှိစွာ၊-
“Mimi sasa ninaiendea njia ya dunia yote. Kwa hiyo, uwe imara, na ujionyeshe mwenyewe kama mwanamume. Uzilinde amri za BWANA, Mungu wako ukitembea katika njia zake, utii maaagizo yake, amari zake,
3 ၃ သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
maamuzi yake, na maagizo ya maagano yake, uwe mwamngalifu kufanya yale yaliyoandikwa katika sheria za Musa, ili ufanikiwe katika yote utakayoyafanya, popote kule utakakokuwa,
4 ၄ သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
na BWANA atayatimiza maneno yake aliyosema kuhusu mimi, aliposema, 'kama wanao watajilinda katika tabia zao, wakatembea mbele yangu kwa uaminifu kwa mioyo yao yote na kwa roho zao zote, hawatakoma kuwa na mtu aliyeketi katika kiti cha enzi cha Israeli.
5 ၅ ``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
Wewe pia wajua kile Yoabu mwana wa Seruya alichonifanyia, na kile alichowafnyia majemedari wa majeshi y a Israeli, kwa Abina mwana wa Neri, na kwa Amasa mwana wa Yetheri, ambaye alimwua. Alimwaga damu vitani wakati wa amani na kuiweka ile damu kwenye mshipi uliokuwa kiunoni mwake na kwenye vile viatu miguuni mwake.
6 ၆ သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။ (Sheol )
Mshughulikie Yoabu kwa hekima ambayo umejifunza, lakini usiache mvi zake ziingie kaburini kwa amani. (Sheol )
7 ၇ ``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
Hata hivyo, uonyeshe utu kwa wana wa Barizilai Mgileadi, na uwaache wawe miongoni mwa wale wanaokula mezani kwako, kwa kuwa walikuja kwangu wakati nilipomkimbia ndugu yangu Absalomu.
8 ၈ ``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
Tazama, Shimei mwana wa Gera yuko pamoja na wewe, Wabenjamini wa Bahurimu, walionilaani kwa laana ya fujo siku niliyoenda kwa Mahanaimu. Shimei alishuka kuja kuniona pale Yorodani, na nikamwapia kwa BWANA, nikisema, 'Sitawaua kwa upanga,'
9 ၉ သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။ (Sheol )
Kwa hiyo sasa usimwache aiepuke adhabu. Wewe ni mwenye hekima, na utajua jinsi itakavyokupasa kumtendea. Utakileta hicho kichwa chenye mvi chini kaburini.” (Sheol )
10 ၁၀ ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
Ndipo Daudi alipolala na mababu zake na alizikwa kwenye mji wa Daudi.
11 ၁၁ သူသည်ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင် မြို့၌သုံးဆယ့်သုံးနှစ်၊ စုစုပေါင်းအနှစ်လေး ဆယ်ဣသရေလဘုရင်အဖြစ်ဖြင့်နန်းစံ တော်မူ၏။-
Siku ambazo Daudi alitwala Israeli zilikuwani miaka arobaini. Alikuwa ametawala kwa miaka saba kule Hebroni na kwa miaka thelethini na tatu kule Yerusalemu.
12 ၁၂ ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
Kisha Sulemani akaketi kwenye kiti cha enzi cha baba yake Daudi, na utawala wake ulikuwa imara.
13 ၁၃ ထိုနောက်ဟ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်၏မယ်တော်ဗာသရှေဘထံသို့ သွား၏။ ဗာသရှေဘက``သင်ယခုလာသည် မှာမိတ်ဆွေအနေနှင့်လော့'' ဟုမေး၏။ အဒေါနိယက``ဟုတ်ပါသည်'' ဟု ပြန်ပြော ပြီးနောက်၊-
Kisha Adoniya mwana wa Hagathi alikuja kwa Bathisheba mama wa Sulemani., Naye akamwuliza, “Je, unakuja kwa amani?” Naye akajiibu. “kwa amani.”
14 ၁၄ ``အကျွန်ုပ်မှာမယ်တော်အားပန်ကြားစရာ တစ်ခုရှိပါသည်'' ဟုဆို၏။ မယ်တော်က``အဘယ်အရာနည်း'' ဟုမေး၏။
Kisha akasema, “Nina jambo la kukuambia.” Naye akajibu, “Sema.”
15 ၁၅ အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
Adoniya amesema, “Unajua kuwa ufalme ulikuwa wangu, na kwamba Israeli yote ilikuwa inanitegemea mimi kuwa mfalme. Hata hivyo, ufalme umegeuzwa na umekuwa wa ndugu yangu, kwani ulikuwa wake toka kwa BWANA.
16 ၁၆ ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။ ဗာသရှေဘက``အဘယ်အရာနည်း'' ဟု မေး၏။
Sasa nina ombi moja kwako. Usinikatalie.”Bathisheba akamwambia, “Sema.”
17 ၁၇ အဒေါနိယက``ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ပေးစားထိမ်းမြားရန်ရှောလမုန် မင်းအားကျေးဇူးပြု၍လျှောက်ထားပေးပါ။ သူသည်မယ်တော်၏စကားကိုငြင်းပယ်လိမ့် မည်မဟုတ်ကြောင်း အကျွန်ုပ်သိပါသည်'' ဟု ပြန်ပြော၏။
Naye akamwambia, “Tafadhali mwambie mfalme Sulemani, kwa kuwa hatakukatalia, ili kwamba anipatie Abishagi Mshunami awe mke wangu.”
18 ၁၈ ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
Bathisheba akamwambia, “Vyema sana, nitamwambia mfalme”
19 ၁၉ ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
Kwa hiyo Bathisheba akaenda kumwambia, mfalme Sulemani kwa niaba ya Adoniya. Mfalme akainuka kumlaki na akapiga magoti mbele yake. Kisha akaa kwenye kiti chake cha enzi na kulikuwa na kiti kingine cha enzi kilicholetwa kwa ajili ya mama wa mfalme. Naye akaa mkono wa kuume wa mfalme.
20 ၂၀ မယ်တော်က``သေးငယ်သောဆုကျေးဇူးတစ် ခုတောင်းလိုပါသည်။ မငြင်းပါနှင့်'' ဟု လျှောက်၏။ မင်းကြီးက``မယ်တော်၊ တောင်းပါ၊ အကျွန်ုပ် မငြင်းပါ'' ဟုမိန့်တော်မူ၏။
Ndipo alipomwambia, “Napenda kukuomba ombi moja dogo. Usinikalie.” Mfalme, akamjibu, “Mama omba kwa kuwa sitakukatalia.”
21 ၂၁ ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
Naya akamwambia, “Naomba Abishagi Mshunami apewe Adoniya ndugu yako awe mke wake.”
22 ၂၂ မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
Mfalme Sulemani akamjibu mama yake, “Kwa nini unamwombea Adoniya huyo Abishagi Mshunami? Kwa nini usimwombee ufalme pia, kwa kuwa ni ndugu yangu mkubwa? - au kwa Abiathari kuhani, au Yoabu mwana wa Seruya?”
23 ၂၃ ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-
Kisha mfalme Sulemani akaapa kwa BWANA, akisema, “Mungu wangu na anifanyie hivyo, na zaidi pia, kama Adoniya hajayasema haya kinyume na maisha yake.
24 ၂၄ ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။
Sasa basi kama BWANA aishivyo, ambaye ndiye alinifanya mimi kuwepo na kunipa kiti cha enzi cha Daudi baba yangu, na ambaye amenifanyia nyumba kwa ahadi yake, hakika Adoniya lazima auawe leo.”
25 ၂၅ ထို့ကြောင့်ရှောလမုန်မင်းအမိန့်ပေးတော်မူ သဖြင့် ဗေနာယသည်သွား၍အဒေါနိယ အားကွပ်မျက်လေသည်။
Kwa hiyo mfalme Sulemani akamtuma Benaya mwana wa Yehoyada naye akamkuta Adoniya na kumwua.
26 ၂၆ ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
Kisha akamwambia Abiathari kuhani, “Nenda kwa Anathothi, kwenye mashamba yako. unastahili kufa, lakini sitakua sasa hivi, kwa sababu ulilbeba sanduku la BWANA mbele ya Daudi baba yangu na kujitabisha kwa namna mbalimbali kama baba yangu alivyopata tabu.”
27 ၂၇ ထို့နောက်ရှောလမုန်သည်အဗျာသာအား ထာဝရဘုရား၏အမှုတော်ဆောင်ယဇ် ပုရောဟိတ်ရာထူးမှထုတ်ပယ်တော်မူ၏။ ဤသို့ဖြင့်မင်းကြီးသည်ရှိလောမြို့၌ ယဇ်ပုရောဟိတ်ဧလိနှင့်သားမြေးတို့ကို အကြောင်းပြု၍ ထာဝရဘုရားမိန့်တော် မူသောစကားတော်တို့ကိုအကောင် အထည်ပေါ်စေတော်မူသတည်း။
Kwa hiyo Sulemani akamfukuza Abiathari asiwe kuhani wa BWANA, ili kwamba atimilize maneno ya BWANA, aliyokuwa amesema juu ya nyumba ya Eli.
28 ၂၈ ဤအဖြစ်အပျက်ကိုယွာဘကြားသိ သောအခါ ထာဝရဘုရားစံတော်မူရာ တဲတော်သို့ထွက်ပြေးပြီးလျှင်ယဇ်ပလ္လင် ထောင့်စွယ်များ ကိုဆုပ်ကိုင်၍ထား၏။ (သူသည်အဒေါနိယ အားကူညီခဲ့သော်လည်းအဗရှလုံကိုမူ မကူညီခဲ့၊-)
Habari hizo zikamfikia Yoabu, Kwani Yoabu alimuunga mkono Adoniya, ingawa hakumuunga mkono Absalomu. Kwa hiyo Yoabu akakimbilia kwenye hema ya BWANA karibu na madhabahu na akabeba pembe za madhabahu.
29 ၂၉ သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။-
Sulemani alipoambiwa kuwa Yoabu amekimbilia kwenye hema ya BWANA na sasa alikuwa karibu na madhabahu. Ndipo Sulemani alipomtuma Benaya mwana wa Yehoyada, akisema, “Nenda, ukamwue.”
30 ၃၀ ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။
Kwa hiyo Benaya akaenda kwenye hema ya BWANA na kumwambia, “Mfalme anasema utoke hemani.” Yoabu akamjibu, “Hapana, Nitafia hapa,” Kwa hiyo Benaya akarudi kwa mfalme, akasema, “Yoabu amesema atafia kwenye madhabahu,”
31 ၃၁ ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။-
Naye mfalme akamwambia, “Kafanye kama alivyosema. Muue na ukamzike, ili kwamba uitoe kwangu na kwenye nyumba ya baba yangu damu ambayo Yoabu alimwaga bila sababu.
32 ၃၂ ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
BWANA na amrudishie damu yake kichwani kwake, kwa sababu aliwaua wanaume wawili wasio na hatia na wema kuliko yeye na akawaua kwa upanga, Abineri mwana wa Neri, Jemedari wa Jeshi la Israeli, na Amasa mwana wa Jetheri, jemedari wa jeshi la Yuda, bila baba yangu Daudi kujua.
33 ၃၃ ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Kwa hiyo damu yao na imrudie Yoabu kichwani pake na kwenye vichwa vya uzao wake milele na milele. Lakini kwa Daudi na uzao wake, na nyumba yake, na kwenye kiti chake cha enzi, kuwe na amani ya kudumu kutoka kwa BWANA.”
34 ၃၄ ထို့ကြောင့်ဗေနာယသည်ထာဝရဘုရား စံတော်မူရာတဲတော်သို့သွား၍ယွာဘ အားသတ်ပြီးလျှင် ကျေးလက်ရှိသူ၏ နေအိမ်တွင်သင်္ဂြိုဟ်လိုက်လေသည်။-
Kisha Benaya mwana wa Yehoyada akaenda akamvamia Yoabu na kumwua. Alizikwa kwenye nyumba yake kule jangwani.
35 ၃၅ မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
Mfalme akamwinua Benaya mwana wa Yehoyada kuwa juu ya jeshi badala yake, na akamweka Sadoki kuhani kwenye nafasi ya Abiatahari.
36 ၃၆ ထို့နောက်မင်းကြီးသည် ရှိမိကိုဆင့်ခေါ်တော် မူပြီးလျှင်``သင်သည်ယေရုရှလင်မြို့တွင် အိမ်တစ်လုံးဆောက်၍နေထိုင်လော့။ ဤမြို့ မှမထွက်မခွာနှင့်။-
Kisha Mfalme akatuma watu kumwita Shimei, na akamwambia, “Kajijengee nyumba kwa ajili yako kule Yerusalemu na ushi huko, na usitoke nje ya Huo mji na kwenda mahali pengine.
37 ၃၇ အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
Kwa kuwa siku utakayoenda mahali pengine, na kupita bonde la Kidroni, ujue kwa hakika kuwa utakufa. Damu yako itakuwa juu ya kichwa chako.”
38 ၃၈ ရှိမိကလည်း``ကောင်းပါပြီ။ အရှင်မင်းကြီး။ အရှင်မိန့်တော်မူသည့်အတိုင်းအကျွန်ုပ် လိုက်နာပါမည်'' ဟုပြန်၍လျှောက်ထားပြီး လျှင်ယေရုရှလင်မြို့တွင်ကာလကြာ မြင့်စွာနေထိုင်လေ၏။
Kwa hiyo Shimei akamwambia mfalme, “Unachosema ni chema. Kama vike mfalme bwana wangu alivyosema, ndivyo ambavyo mtumishi wako atakavyofanya.” Kwa hiyo Shimei akaishi Yerusalemu kwa miaka mingi.
39 ၃၉ သို့ရာတွင်သုံးနှစ်ကြာသောအခါရှိမိ၏ ကျွန်နှစ်ယောက်သည်မာခါ၏သား၊ ဂါသ ဘုရင်အာခိတ်ထံသို့ထွက်ပြေးကြ၏။ ရှိမိ သည်ဂါသမြို့တွင်ထိုသူတို့ရှိနေကြောင်း သတင်းကြားသောအခါ၊-
Lakiini mwishoni mwa mwaka wa tatu, watumishi wawili wa Shimei wakakimbilia kwa Akishi mwana wa Maaka, mfalme wa Gathi. Kwa hiyo wakamwambia Shimei, wakisema, “Tazama, watumishi wako wameenda Gathi,”
40 ၄၀ မြည်းကိုကုန်းနှီးတင်ပြီးလျှင်ကျွန်များကို ရှာရန်အာခိတ်မင်းထံသို့သွားလေသည်။ သူ သည်မိမိ၏ကျွန်တို့ကိုတွေ့ရှိသဖြင့်အိမ် သို့ပြန်၍ခေါ်ခဲ့၏။-
Kisha Shimei akainuka, akapanda punda wake akaenda kwa Akishi huko Gathi kuwatafuta watumishi wake. Akaenda na akawaleta watumishi wake toka Gathi.
41 ၄၁ ရှိမိပြုသောအမှုကိုရှောလမုန်မင်းကြား တော်မူလျှင်သူ့အားဆင့်ခေါ်တော်မူ၍``ငါ သည်သင့်အားယေရုရှလင်မြို့မှမထွက်ခွာ ရန် ထာဝရဘုရားကိုတိုင်တည်လျက်ကတိ ပြုစေခဲ့၏။ အကယ်၍ထွက်ခွာခဲ့သော်သင် သည်ဧကန်မုချသေဒဏ်ခံရမည်ဟုလည်း ကြိုတင်သတိပေးခဲ့၏။ သင်ကလည်းဤ အတိုင်းသဘောတူသဖြင့် ငါ၏စကား ကိုနားထောင်ပါမည်ဟုဝန်ခံခဲ့သည် မဟုတ်လော။-
Sulemani alipoambiwa kuwa Shimei alikuwa ametoka Yerusalemu kwenda Gathi na amerudi,
mfalme akatuma wito kwa Shimei na kumwambia, “Je, sikukuapisha kwa BWANA na kushuhudia kwako, nikisema, 'Tambua kuwa siku utakayotoka kwenda nje na kwenda mahali popote, hakika utakufa'? Na ukaniambia kuwa unachosema ni chema.'
43 ၄၃ သို့ပါလျက်အဘယ်ကြောင့်မိမိ၏ကတိ ကိုဖျက်၍ ငါ၏အမိန့်တော်ကိုလွန်ဆန်ပါ သနည်း။-
Kwa nini basi umeshindwa kulinda kiapo chako kwa BWANA na amri niliyokupa?”
44 ၄၄ သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
Pia mfalme akamwambia Shimei, “Unajua katika moyo wako maovu yote uliyofanya kwa baba yangu Daudi. Kwa hiyo BWANA atakurudishia maovu yako kichwani pako.
45 ၄၅ ငါ့ကိုမူကားကောင်းချီးပေး၍ဒါဝိဒ်၏ နိုင်ငံတော်ကိုထာဝစဉ်တည်တံ့ခိုင်မြဲစေ တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Lakini Sulemani atabarikiwa na enzi ya Daudi itaimarika mbele ya BWANA milele.”
46 ၄၆ ထိုနောက်ဗေနာယသည် မင်းကြီးအမိန့်ပေး တော်မူသည်အတိုင်း အပြင်သို့ထွက်ပြီးလျှင် ရှိမိကိုကွပ်မျက်လေ၏။ ရှောလမုန်မင်းသည် ယခုအခါ၌မိမိ၏နိုင်ငံတော်ကိုပိုင်နိုင် စွာအုပ်စိုးတော်မူရ၏။
Kwa hiyo mfalme akamwamuru Benaya mwana wa Yehoyada kwenda kumwua Shimei. Kwa hiyo ule utawala ulikuwa mwema kwa mkono wa Sulemain.