< ၃ ဓမ္မရာဇဝင် 2 >
1 ၁ ဒါဝိဒ်သည်မိမိကွယ်လွန်ချိန်နီးသောအခါ သားတော်ရှောလမုန်ကိုခေါ်၍နောက်ဆုံးညွှန် ကြားချက်များကိုပေးလေသည်။-
adpropinquaverant autem dies David ut moreretur praecepitque Salomoni filio suo dicens
2 ၂ မင်းကြီးက``ငါသေရမည့်အချိန်ရောက်ပြီ။ သင်သည်မိမိအစွမ်းကိုယုံ၍ဇွဲသတ္တိရှိစွာ၊-
ego ingredior viam universae terrae confortare et esto vir
3 ၃ သင်၏ဘုရားသခင်ထာဝရဘုရား စေခိုင်း သည့်အတိုင်းပြုလော့။ မောရှေ၏ပညတ်ကျမ်း တွင်ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တော်၏ ပညတ်တော်များနှင့်အမိန့်တော်မှန်သမျှကို လိုက်နာလော့။ သို့မှသာသင်ပြုလေရာရာ၊ သွားလေရာရာ၌အောင်မြင်လိမ့်မည်။-
et observa custodias Domini Dei tui ut ambules in viis eius et custodias caerimonias eius et praecepta eius et iudicia et testimonia sicut scriptum est in lege Mosi ut intellegas universa quae facis et quocumque te verteris
4 ၄ သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
ut confirmet Dominus sermones suos quos locutus est de me dicens si custodierint filii tui viam suam et ambulaverint coram me in veritate in omni corde suo et in omni anima sua non auferetur tibi vir de solio Israhel
5 ၅ ``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
tu quoque nosti quae fecerit mihi Ioab filius Sarviae quae fecerit duobus principibus exercitus Israhel Abner filio Ner et Amasa filio Iether quos occidit et effudit sanguinem belli in pace et posuit cruorem proelii in balteo suo qui erat circa lumbos eius et in calciamento suo quod erat in pedibus eius
6 ၆ သင်သည်မိမိပြုရမည့်အမှုကိုသိပေသည်။ သူ့အားသဘာဝအလျောက်မသေစေနှင့်။ (Sheol )
facies ergo iuxta sapientiam tuam et non deduces canitiem eius pacifice ad inferos (Sheol )
7 ၇ ``ဂိလဒ်ပြည်သားဗာဇိလဲ၏သားများကို မူ ကရုဏာထား၍ကြည့်ရှုစောင့်ရှောက်လော့။ အဘယ်ကြောင့်ဆိုသော်သင်၏အစ်ကိုအဗ ရှလုံ၏ဘေးမှငါထွက်ပြေးရစဉ်အခါက သူတို့သည်ငါ့အားကျေးဇူးပြုခဲ့ကြ သောကြောင့်ဖြစ်၏။
sed et filiis Berzellai Galaaditis reddes gratiam eruntque comedentes in mensa tua occurrerunt enim mihi quando fugiebam a facie Absalom fratris tui
8 ၈ ``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
habes quoque apud te Semei filium Gera filii Iemini de Baurim qui maledixit mihi maledictione pessima quando ibam ad Castra sed quia descendit mihi in occursum cum transirem Iordanem et iuravi ei per Dominum dicens non te interficiam gladio
9 ၉ သို့ရာတွင်သင်သည်သူ့ကိုအပြစ်ဒဏ်မစီ ရင်ဘဲမနေနှင့်။ ပြုရမည့်အမှုကိုသင်သိ သည်အတိုင်းသူ့အားသေဒဏ်စီရင်ရမည်'' ဟုမှာကြားတော်မူ၏။ (Sheol )
tu noli pati esse eum innoxium vir autem sapiens es et scies quae facias ei deducesque canos eius cum sanguine ad infernum (Sheol )
10 ၁၀ ဒါဝိဒ်ကွယ်လွန်သောအခါ သူ့ကိုယေရုရှလင် မြို့တွင်သင်္ဂြိုဟ်ကြ၏။-
dormivit igitur David cum patribus suis et sepultus est in civitate David
11 ၁၁ သူသည်ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင် မြို့၌သုံးဆယ့်သုံးနှစ်၊ စုစုပေါင်းအနှစ်လေး ဆယ်ဣသရေလဘုရင်အဖြစ်ဖြင့်နန်းစံ တော်မူ၏။-
dies autem quibus regnavit David super Israhel quadraginta anni sunt in Hebron regnavit septem annis in Hierusalem triginta tribus
12 ၁၂ ရှောလမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။ သူ၏တန်ခိုး အာဏာသည်လည်းတည်တံ့ခိုင်မြဲ၍ လာ၏။
Salomon autem sedit super thronum David patris sui et firmatum est regnum eius nimis
13 ၁၃ ထိုနောက်ဟ္ဂိတ်၏သားအဒေါနိယသည် ရှောလမုန်၏မယ်တော်ဗာသရှေဘထံသို့ သွား၏။ ဗာသရှေဘက``သင်ယခုလာသည် မှာမိတ်ဆွေအနေနှင့်လော့'' ဟုမေး၏။ အဒေါနိယက``ဟုတ်ပါသည်'' ဟု ပြန်ပြော ပြီးနောက်၊-
et ingressus est Adonias filius Aggith ad Bethsabee matrem Salomonis quae dixit ei pacificusne ingressus tuus qui respondit pacificus
14 ၁၄ ``အကျွန်ုပ်မှာမယ်တော်အားပန်ကြားစရာ တစ်ခုရှိပါသည်'' ဟုဆို၏။ မယ်တော်က``အဘယ်အရာနည်း'' ဟုမေး၏။
addiditque sermo mihi est ad te cui ait loquere et ille
15 ၁၅ အဒေါနိယက``အကျွန်ုပ်သည်ဘုရင်ဖြစ် သင့်သည်။ ယင်းသို့ဖြစ်လိမ့်မည်ဟုလည်း ဣသရေလအမျိုးသားတိုင်းမျှော်လင့်ခဲ့ သည်ကိုမယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်အရ အကျွန်ုပ် သည်ဘုရင်မဖြစ်ဘဲအကျွန်ုပ်၏ညီတော် ကဘုရင်ဖြစ်လာပါ၏။-
tu inquit nosti quia meum erat regnum et me proposuerat omnis Israhel sibi in regem sed translatum est regnum et factum est fratris mei a Domino enim constitutum est ei
16 ၁၆ ယခုကျွန်ုပ်တွင်မယ်တော်အားပန်ကြား စရာရှိပါသည်။ ကျေးဇူးပြု၍မငြင်း ပယ်ပါနှင့်'' ဟုပြန်ပြော၏။ ဗာသရှေဘက``အဘယ်အရာနည်း'' ဟု မေး၏။
nunc ergo petitionem unam deprecor a te ne confundas faciem meam quae dixit ad eum loquere
17 ၁၇ အဒေါနိယက``ရှုနင်မြို့သူအဘိရှက်ကို အကျွန်ုပ်နှင့်ပေးစားထိမ်းမြားရန်ရှောလမုန် မင်းအားကျေးဇူးပြု၍လျှောက်ထားပေးပါ။ သူသည်မယ်တော်၏စကားကိုငြင်းပယ်လိမ့် မည်မဟုတ်ကြောင်း အကျွန်ုပ်သိပါသည်'' ဟု ပြန်ပြော၏။
et ille ait precor ut dicas Salomoni regi neque enim negare tibi quicquam potest ut det mihi Abisag Sunamitin uxorem
18 ၁၈ ဗာသရှေဘကလည်း``ကောင်းပြီ။ သင်၏ အတွက်မင်းကြီးအားငါလျှောက်ထား မည်'' ဟုဆို၏။
et ait Bethsabee bene ego loquar pro te regi
19 ၁၉ ဗာသရှေဘသည်အဒေါနိယအတွက် လျှောက်ထားရန် မင်းကြီးထံသို့သွားလေ၏။ မင်းကြီးသည်လည်းမယ်တော်ကိုခရီးဦး ကြိုပြုအံ့သောငှာ ထ၍ဦးညွှတ်ပြီးလျှင် ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။ ထို့နောက် အခြားပလ္လင်တစ်ခုခုကိုယူခဲ့စေ၍ မယ် တော်အားမိမိ၏လက်ယာဘက်တွင်ထိုင်စေ တော်မူ၏။-
venit ergo Bethsabee ad regem Salomonem ut loqueretur ei pro Adonia et surrexit rex in occursum eius adoravitque eam et sedit super thronum suum positus quoque est thronus matri regis quae sedit ad dexteram eius
20 ၂၀ မယ်တော်က``သေးငယ်သောဆုကျေးဇူးတစ် ခုတောင်းလိုပါသည်။ မငြင်းပါနှင့်'' ဟု လျှောက်၏။ မင်းကြီးက``မယ်တော်၊ တောင်းပါ၊ အကျွန်ုပ် မငြင်းပါ'' ဟုမိန့်တော်မူ၏။
dixitque ei petitionem unam parvulam ego deprecor a te ne confundas faciem meam dixit ei rex pete mater mi neque enim fas est ut avertam faciem tuam
21 ၂၁ ထိုအခါမယ်တော်က``အဘိရှက်ကိုနောင်တော် အဒေါနိယအားပေးစားတော်မူပါ'' ဟု တောင်းလေ၏။
quae ait detur Abisag Sunamitis Adoniae fratri tuo uxor
22 ၂၂ မင်းကြီးက``မယ်တော်သည်အဘယ်ကြောင့် သူ၏အတွက် အဘိရှက်ကိုသာလျှင်တောင်း ပါသနည်း။ ထီးနန်းကိုပါတောင်းခံပါလော့။ အမှန်ကိုဆိုရလျှင်သူသည်အကျွန်ုပ်၏ နောင်တော်ဖြစ်၍ အဗျာသာနှင့်ယွာဘတို့ သည်လည်းသူ၏ဘက်တော်သားများဖြစ် ကြပါသည်'' ဟုမိန့်တော်မူ၏။-
responditque rex Salomon et dixit matri suae quare postulas Abisag Sunamitin Adoniae postula ei et regnum ipse est enim frater meus maior me et habet Abiathar sacerdotem et Ioab filium Sarviae
23 ၂၃ ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-
iuravit itaque rex Salomon per Dominum dicens haec faciat mihi Deus et haec addat quia contra animam suam locutus est Adonias verbum hoc
24 ၂၄ ထာဝရဘုရားသည်ငါ့အားခမည်းတော် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် တည်မြဲစွာတည် ၍ထားတော်မူလေပြီ။ ကိုယ်တော်သည်မိမိ ၏ကတိတော်ရှိသည့်အတိုင်း ငါနှင့်ငါ၏ သားမြေးတို့အားနိုင်ငံတော်ကိုပေးတော် မူလေပြီ။ အဒေါနိယသည်ယနေ့ပင်လျှင် သေရမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏'' ဟုအလေးအနက်အဋ္ဌိ ဋ္ဌာန်ပြုတော်မူ၏။
et nunc vivit Dominus qui firmavit me et conlocavit super solium David patris mei et qui fecit mihi domum sicut locutus est quia hodie occidetur Adonias
25 ၂၅ ထို့ကြောင့်ရှောလမုန်မင်းအမိန့်ပေးတော်မူ သဖြင့် ဗေနာယသည်သွား၍အဒေါနိယ အားကွပ်မျက်လေသည်။
misitque rex Salomon per manum Banaiae filii Ioiadae qui interfecit eum et mortuus est
26 ၂၆ ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
Abiathar quoque sacerdoti dixit rex vade in Anathot ad agrum tuum es quidem vir mortis sed hodie te non interficiam quia portasti arcam Domini Dei coram David patre meo et sustinuisti laborem in omnibus in quibus laboravit pater meus
27 ၂၇ ထို့နောက်ရှောလမုန်သည်အဗျာသာအား ထာဝရဘုရား၏အမှုတော်ဆောင်ယဇ် ပုရောဟိတ်ရာထူးမှထုတ်ပယ်တော်မူ၏။ ဤသို့ဖြင့်မင်းကြီးသည်ရှိလောမြို့၌ ယဇ်ပုရောဟိတ်ဧလိနှင့်သားမြေးတို့ကို အကြောင်းပြု၍ ထာဝရဘုရားမိန့်တော် မူသောစကားတော်တို့ကိုအကောင် အထည်ပေါ်စေတော်မူသတည်း။
eiecit ergo Salomon Abiathar ut non esset sacerdos Domini ut impleretur sermo Domini quem locutus est super domum Heli in Silo
28 ၂၈ ဤအဖြစ်အပျက်ကိုယွာဘကြားသိ သောအခါ ထာဝရဘုရားစံတော်မူရာ တဲတော်သို့ထွက်ပြေးပြီးလျှင်ယဇ်ပလ္လင် ထောင့်စွယ်များ ကိုဆုပ်ကိုင်၍ထား၏။ (သူသည်အဒေါနိယ အားကူညီခဲ့သော်လည်းအဗရှလုံကိုမူ မကူညီခဲ့၊-)
venit autem nuntius ad Ioab quod Ioab declinasset post Adoniam et post Absalom non declinasset fugit ergo Ioab in tabernaculum Domini et adprehendit cornu altaris
29 ၂၉ သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။-
nuntiatumque est regi Salomoni quod fugisset Ioab in tabernaculum Domini et esset iuxta altare misitque Salomon Banaiam filium Ioiadae dicens vade interfice eum
30 ၃၀ ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။
venit Banaias ad tabernaculum Domini et dixit ei haec dicit rex egredere qui ait non egrediar sed hic moriar renuntiavit Banaias regi sermonem dicens haec locutus est Ioab et haec respondit mihi
31 ၃၁ ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။-
dixitque ei rex fac sicut locutus est et interfice eum et sepeli et amovebis sanguinem innocentem qui effusus est a Ioab a me et a domo patris mei
32 ၃၂ ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
et reddat Dominus sanguinem eius super caput eius quia interfecit duos viros iustos melioresque se et occidit eos gladio patre meo David ignorante Abner filium Ner principem militiae Israhel et Amasa filium Iether principem exercitus Iuda
33 ၃၃ ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
et revertetur sanguis illorum in caput Ioab et in caput seminis eius in sempiternum David autem et semini eius et domui et throno illius sit pax usque in aeternum a Domino
34 ၃၄ ထို့ကြောင့်ဗေနာယသည်ထာဝရဘုရား စံတော်မူရာတဲတော်သို့သွား၍ယွာဘ အားသတ်ပြီးလျှင် ကျေးလက်ရှိသူ၏ နေအိမ်တွင်သင်္ဂြိုဟ်လိုက်လေသည်။-
ascendit itaque Banaias filius Ioiadae et adgressus eum interfecit sepultusque est in domo sua in deserto
35 ၃၅ မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
et constituit rex Banaiam filium Ioiadae pro eo super exercitum et Sadoc sacerdotem posuit pro Abiathar
36 ၃၆ ထို့နောက်မင်းကြီးသည် ရှိမိကိုဆင့်ခေါ်တော် မူပြီးလျှင်``သင်သည်ယေရုရှလင်မြို့တွင် အိမ်တစ်လုံးဆောက်၍နေထိုင်လော့။ ဤမြို့ မှမထွက်မခွာနှင့်။-
misit quoque rex et vocavit Semei dixitque ei aedifica tibi domum in Hierusalem et habita ibi et non egredieris inde huc atque illuc
37 ၃၇ အကယ်၍ကေဒြုန်ချောင်းလွန်အောင်ထွက်လာ လျှင်သင်သည်မုချသေဒဏ်ခံရမည်။ ထိုအခါ မိမိကိုယ်ကိုသာလျှင်အပြစ်တင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
quacumque autem die egressus fueris et transieris torrentem Cedron scito te interficiendum sanguis tuus erit super caput tuum
38 ၃၈ ရှိမိကလည်း``ကောင်းပါပြီ။ အရှင်မင်းကြီး။ အရှင်မိန့်တော်မူသည့်အတိုင်းအကျွန်ုပ် လိုက်နာပါမည်'' ဟုပြန်၍လျှောက်ထားပြီး လျှင်ယေရုရှလင်မြို့တွင်ကာလကြာ မြင့်စွာနေထိုင်လေ၏။
dixitque Semei regi bonus sermo sicut locutus est dominus meus rex sic faciet servus tuus habitavit itaque Semei in Hierusalem diebus multis
39 ၃၉ သို့ရာတွင်သုံးနှစ်ကြာသောအခါရှိမိ၏ ကျွန်နှစ်ယောက်သည်မာခါ၏သား၊ ဂါသ ဘုရင်အာခိတ်ထံသို့ထွက်ပြေးကြ၏။ ရှိမိ သည်ဂါသမြို့တွင်ထိုသူတို့ရှိနေကြောင်း သတင်းကြားသောအခါ၊-
factum est autem post annos tres ut fugerent servi Semei ad Achis filium Maacha regem Geth nuntiatumque est Semei quod servi eius essent in Geth
40 ၄၀ မြည်းကိုကုန်းနှီးတင်ပြီးလျှင်ကျွန်များကို ရှာရန်အာခိတ်မင်းထံသို့သွားလေသည်။ သူ သည်မိမိ၏ကျွန်တို့ကိုတွေ့ရှိသဖြင့်အိမ် သို့ပြန်၍ခေါ်ခဲ့၏။-
et surrexit Semei et stravit asinum suum ivitque in Geth ad Achis ad requirendos servos suos et adduxit eos de Geth
41 ၄၁ ရှိမိပြုသောအမှုကိုရှောလမုန်မင်းကြား တော်မူလျှင်သူ့အားဆင့်ခေါ်တော်မူ၍``ငါ သည်သင့်အားယေရုရှလင်မြို့မှမထွက်ခွာ ရန် ထာဝရဘုရားကိုတိုင်တည်လျက်ကတိ ပြုစေခဲ့၏။ အကယ်၍ထွက်ခွာခဲ့သော်သင် သည်ဧကန်မုချသေဒဏ်ခံရမည်ဟုလည်း ကြိုတင်သတိပေးခဲ့၏။ သင်ကလည်းဤ အတိုင်းသဘောတူသဖြင့် ငါ၏စကား ကိုနားထောင်ပါမည်ဟုဝန်ခံခဲ့သည် မဟုတ်လော။-
nuntiatum est autem Salomoni quod isset Semei in Geth de Hierusalem et redisset
et mittens vocavit eum dixitque illi nonne testificatus sum tibi per Dominum et praedixi tibi quacumque die egressus ieris huc et illuc scito te esse moriturum et respondisti mihi bonus sermo audivi
43 ၄၃ သို့ပါလျက်အဘယ်ကြောင့်မိမိ၏ကတိ ကိုဖျက်၍ ငါ၏အမိန့်တော်ကိုလွန်ဆန်ပါ သနည်း။-
quare ergo non custodisti iusiurandum Domini et praeceptum quod praeceperam tibi
44 ၄၄ သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
dixitque rex ad Semei tu nosti omne malum cuius tibi conscium est cor tuum quod fecisti David patri meo reddidit Dominus malitiam tuam in caput tuum
45 ၄၅ ငါ့ကိုမူကားကောင်းချီးပေး၍ဒါဝိဒ်၏ နိုင်ငံတော်ကိုထာဝစဉ်တည်တံ့ခိုင်မြဲစေ တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
et rex Salomon benedictus et thronus David erit stabilis coram Domino usque in sempiternum
46 ၄၆ ထိုနောက်ဗေနာယသည် မင်းကြီးအမိန့်ပေး တော်မူသည်အတိုင်း အပြင်သို့ထွက်ပြီးလျှင် ရှိမိကိုကွပ်မျက်လေ၏။ ရှောလမုန်မင်းသည် ယခုအခါ၌မိမိ၏နိုင်ငံတော်ကိုပိုင်နိုင် စွာအုပ်စိုးတော်မူရ၏။
iussit itaque rex Banaiae filio Ioiadae qui egressus percussit eum et mortuus est