< ၃ ဓမ္မရာဇဝင် 2 >

1 ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။-
וַיִּקְרְב֥וּ יְמֵֽי־דָוִ֖ד לָמ֑וּת וַיְצַ֛ו אֶת־שְׁלֹמֹ֥ה בְנ֖וֹ לֵאמֹֽר׃
2 မင်း​ကြီး​က``ငါ​သေ​ရ​မည့်​အ​ချိန်​ရောက်​ပြီ။ သင်​သည်​မိ​မိ​အ​စွမ်း​ကို​ယုံ​၍​ဇွဲ​သတ္တိ​ရှိ​စွာ၊-
אָנֹכִ֣י הֹלֵ֔ךְ בְּדֶ֖רֶךְ כָּל־הָאָ֑רֶץ וְחָזַקְתָּ֖ וְהָיִ֥יתָֽ לְאִֽישׁ׃
3 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။-
וְשָׁמַרְתָּ֞ אֶת־מִשְׁמֶ֣רֶת ׀ יְהוָ֣ה אֱלֹהֶ֗יךָ לָלֶ֤כֶת בִּדְרָכָיו֙ לִשְׁמֹ֨ר חֻקֹּתָ֤יו מִצְוֹתָיו֙ וּמִשְׁפָּטָ֣יו וְעֵדְוֹתָ֔יו כַּכָּת֖וּב בְּתוֹרַ֣ת מֹשֶׁ֑ה לְמַ֣עַן תַּשְׂכִּ֗יל אֵ֚ת כָּל־אֲשֶׁ֣ר תַּֽעֲשֶׂ֔ה וְאֵ֛ת כָּל־אֲשֶׁ֥ר תִּפְנֶ֖ה שָֽׁם׃
4 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။
לְמַעַן֩ יָקִ֨ים יְהוָ֜ה אֶת־דְּבָר֗וֹ אֲשֶׁ֨ר דִּבֶּ֣ר עָלַי֮ לֵאמֹר֒ אִם־יִשְׁמְר֨וּ בָנֶ֜יךָ אֶת־דַּרְכָּ֗ם לָלֶ֤כֶת לְפָנַי֙ בֶּאֱמֶ֔ת בְּכָל־לְבָבָ֖ם וּבְכָל־נַפְשָׁ֑ם לֵאמֹ֕ר לֹֽא־יִכָּרֵ֤ת לְךָ֙ אִ֔ישׁ מֵעַ֖ל כִּסֵּ֥א יִשְׂרָאֵֽל׃
5 ``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-
וְגַ֣ם אַתָּ֣ה יָדַ֡עְתָּ אֵת֩ אֲשֶׁר־עָ֨שָׂה לִ֜י יוֹאָ֣ב בֶּן־צְרוּיָ֗ה אֲשֶׁ֣ר עָשָׂ֣ה לִשְׁנֵֽי־שָׂרֵ֣י צִבְא֣וֹת יִ֠שְׂרָאֵל לְאַבְנֵ֨ר בֶּן־נֵ֜ר וְלַעֲמָשָׂ֤א בֶן־יֶ֙תֶר֙ וַיַּ֣הַרְגֵ֔ם וַיָּ֥שֶׂם דְּמֵֽי־מִלְחָמָ֖ה בְּשָׁלֹ֑ם וַיִּתֵּ֞ן דְּמֵ֣י מִלְחָמָ֗ה בַּחֲגֹֽרָתוֹ֙ אֲשֶׁ֣ר בְּמָתְנָ֔יו וּֽבְנַעֲל֖וֹ אֲשֶׁ֥ר בְּרַגְלָֽיו׃
6 သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။ (Sheol h7585)
וְעָשִׂ֖יתָ כְּחָכְמָתֶ֑ךָ וְלֹֽא־תוֹרֵ֧ד שֵׂיבָת֛וֹ בְּשָׁלֹ֖ם שְׁאֹֽל׃ ס (Sheol h7585)
7 ``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။
וְלִבְנֵ֨י בַרְזִלַּ֤י הַגִּלְעָדִי֙ תַּֽעֲשֶׂה־חֶ֔סֶד וְהָי֖וּ בְּאֹכְלֵ֣י שֻׁלְחָנֶ֑ךָ כִּי־כֵן֙ קָרְב֣וּ אֵלַ֔י בְּבָרְחִ֕י מִפְּנֵ֖י אַבְשָׁל֥וֹם אָחִֽיךָ׃
8 ``ဗင်္ယာ​မိန်​ပြည်၊ ဗာ​ဟု​ရိမ်​မြို့​သား​ဂေ​ရ​၏ သား​ရှိမိ​တစ်​ယောက်​လည်း​ရှိ​သေး​၏။ မ​ဟာ​နိမ် မြို့​သို့​ငါ​သွား​သည့်​နေ့​က​သူ​သည်​ငါ့​ကို ကြမ်း​တမ်း​စွာ​ကျိန်​ဆဲ​သော်​လည်း ယော်​ဒန် မြစ်​သို့​လာ​၍​ငါ့​အား​ခ​ရီး​ဦး​ကြို​ပြု​သော အ​ခါ​၌ ငါ​သည်​သူ့​အား​ကွပ်​မျက်​မည်​မ ဟုတ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု ခဲ့​သည်။-
וְהִנֵּ֣ה עִ֠מְּךָ שִֽׁמְעִ֨י בֶן־גֵּרָ֥א בֶן־הַיְמִינִי֮ מִבַּחֻרִים֒ וְה֤וּא קִֽלְלַ֙נִי֙ קְלָלָ֣ה נִמְרֶ֔צֶת בְּי֖וֹם לֶכְתִּ֣י מַחֲנָ֑יִם וְהֽוּא־יָרַ֤ד לִקְרָאתִי֙ הַיַּרְדֵּ֔ן וָאֶשָּׁ֨בַֽע ל֤וֹ בַֽיהוָה֙ לֵאמֹ֔ר אִם־אֲמִֽיתְךָ֖ בֶּחָֽרֶב׃
9 သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။ (Sheol h7585)
וְעַתָּה֙ אַל־תְּנַקֵּ֔הוּ כִּ֛י אִ֥ישׁ חָכָ֖ם אָ֑תָּה וְיָֽדַעְתָּ֙ אֵ֣ת אֲשֶׁ֣ר תַּֽעֲשֶׂה־לּ֔וֹ וְהוֹרַדְתָּ֧ אֶת־שֵׂיבָת֛וֹ בְּדָ֖ם שְׁאֽוֹל׃ (Sheol h7585)
10 ၁၀ ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-
וַיִּשְׁכַּ֥ב דָּוִ֖ד עִם־אֲבֹתָ֑יו וַיִּקָּבֵ֖ר בְּעִ֥יר דָּוִֽד׃ פ
11 ၁၁ သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။-
וְהַיָּמִ֗ים אֲשֶׁ֨ר מָלַ֤ךְ דָּוִד֙ עַל־יִשְׂרָאֵ֔ל אַרְבָּעִ֖ים שָׁנָ֑ה בְּחֶבְר֤וֹן מָלַךְ֙ שֶׁ֣בַע שָׁנִ֔ים וּבִירוּשָׁלִַ֣ם מָלַ֔ךְ שְׁלֹשִׁ֥ים וְשָׁלֹ֖שׁ שָׁנִֽים׃
12 ၁၂ ရှော​လ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ သူ​၏​တန်​ခိုး အာ​ဏာ​သည်​လည်း​တည်​တံ့​ခိုင်​မြဲ​၍ လာ​၏။
וּשְׁלֹמֹ֕ה יָשַׁ֕ב עַל־כִּסֵּ֖א דָּוִ֣ד אָבִ֑יו וַתִּכֹּ֥ן מַלְכֻת֖וֹ מְאֹֽד׃
13 ၁၃ ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။ အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊-
וַיָּבֹ֞א אֲדֹנִיָּ֣הוּ בֶן־חַגֵּ֗ית אֶל־בַּת־שֶׁ֙בַע֙ אֵם־שְׁלֹמֹ֔ה וַתֹּ֖אמֶר הֲשָׁל֣וֹם בֹּאֶ֑ךָ וַיֹּ֖אמֶר שָׁלֽוֹם׃
14 ၁၄ ``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။
וַיֹּ֕אמֶר דָּבָ֥ר לִ֖י אֵלָ֑יִךְ וַתֹּ֖אמֶר דַּבֵּֽר׃
15 ၁၅ အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။-
וַיֹּ֗אמֶר אַ֤תְּ יָדַ֙עַתְּ֙ כִּי־לִי֙ הָיְתָ֣ה הַמְּלוּכָ֔ה וְעָלַ֞י שָׂ֧מוּ כָֽל־יִשְׂרָאֵ֛ל פְּנֵיהֶ֖ם לִמְלֹ֑ךְ וַתִּסֹּ֤ב הַמְּלוּכָה֙ וַתְּהִ֣י לְאָחִ֔י כִּ֥י מֵיְהוָ֖ה הָ֥יְתָה לּֽוֹ׃
16 ၁၆ ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။
וְעַתָּ֗ה שְׁאֵלָ֤ה אַחַת֙ אָֽנֹכִי֙ שֹׁאֵ֣ל מֵֽאִתָּ֔ךְ אַל־תָּשִׁ֖בִי אֶת־פָּנָ֑י וַתֹּ֥אמֶר אֵלָ֖יו דַּבֵּֽר׃
17 ၁၇ အ​ဒေါ​နိ​ယ​က``ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို အ​ကျွန်ုပ်​နှင့်​ပေး​စား​ထိမ်း​မြား​ရန်​ရှော​လ​မုန် မင်း​အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​ပေး​ပါ။ သူ​သည်​မယ်​တော်​၏​စ​ကား​ကို​ငြင်း​ပယ်​လိမ့် မည်​မ​ဟုတ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်'' ဟု ပြန်​ပြော​၏။
וַיֹּ֗אמֶר אִמְרִי־נָא֙ לִשְׁלֹמֹ֣ה הַמֶּ֔לֶךְ כִּ֥י לֹֽא־יָשִׁ֖יב אֶת־פָּנָ֑יִךְ וְיִתֶּן־לִ֛י אֶת־אֲבִישַׁ֥ג הַשּׁוּנַמִּ֖ית לְאִשָּֽׁה׃
18 ၁၈ ဗာ​သ​ရှေ​ဘ​က​လည်း``ကောင်း​ပြီ။ သင်​၏ အ​တွက်​မင်း​ကြီး​အား​ငါ​လျှောက်​ထား မည်'' ဟု​ဆို​၏။
וַתֹּ֥אמֶר בַּת־שֶׁ֖בַע ט֑וֹב אָנֹכִ֕י אֲדַבֵּ֥ר עָלֶ֖יךָ אֶל־הַמֶּֽלֶךְ׃
19 ၁၉ ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။-
וַתָּבֹ֤א בַת־שֶׁ֙בַע֙ אֶל־הַמֶּ֣לֶךְ שְׁלֹמֹ֔ה לְדַבֶּר־ל֖וֹ עַל־אֲדֹנִיָּ֑הוּ וַיָּקָם֩ הַמֶּ֨לֶךְ לִקְרָאתָ֜הּ וַיִּשְׁתַּ֣חוּ לָ֗הּ וַיֵּ֙שֶׁב֙ עַל־כִּסְא֔וֹ וַיָּ֤שֶׂם כִּסֵּא֙ לְאֵ֣ם הַמֶּ֔לֶךְ וַתֵּ֖שֶׁב לִֽימִינֽוֹ׃
20 ၂၀ မယ်​တော်​က``သေး​ငယ်​သော​ဆု​ကျေးဇူး​တစ် ခု​တောင်း​လို​ပါ​သည်။ မ​ငြင်း​ပါ​နှင့်'' ဟု လျှောက်​၏။ မင်း​ကြီး​က``မယ်​တော်၊ တောင်း​ပါ၊ အ​ကျွန်ုပ် မ​ငြင်း​ပါ'' ဟု​မိန့်​တော်​မူ​၏။
וַתֹּ֗אמֶר שְׁאֵלָ֨ה אַחַ֤ת קְטַנָּה֙ אָֽנֹכִי֙ שֹׁאֶ֣לֶת מֵֽאִתָּ֔ךְ אַל־תָּ֖שֶׁב אֶת־פָּנָ֑י וַיֹּֽאמֶר־לָ֤הּ הַמֶּ֙לֶךְ֙ שַׁאֲלִ֣י אִמִּ֔י כִּ֥י לֹֽא־אָשִׁ֖יב אֶת־פָּנָֽיִךְ׃
21 ၂၁ ထို​အ​ခါ​မယ်​တော်​က``အ​ဘိ​ရှက်​ကို​နောင်​တော် အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ'' ဟု တောင်း​လေ​၏။
וַתֹּ֕אמֶר יֻתַּ֖ן אֶת־אֲבִישַׁ֣ג הַשֻּׁנַמִּ֑ית לַאֲדֹנִיָּ֥הוּ אָחִ֖יךָ לְאִשָּֽׁה׃
22 ၂၂ မင်း​ကြီး​က``မယ်​တော်​သည်​အ​ဘယ်​ကြောင့် သူ​၏​အ​တွက် အ​ဘိ​ရှက်​ကို​သာ​လျှင်​တောင်း ပါ​သ​နည်း။ ထီး​နန်း​ကို​ပါ​တောင်း​ခံ​ပါ​လော့။ အ​မှန်​ကို​ဆို​ရ​လျှင်​သူ​သည်​အ​ကျွန်ုပ်​၏ နောင်​တော်​ဖြစ်​၍ အ​ဗျာ​သာ​နှင့်​ယွာ​ဘ​တို့ သည်​လည်း​သူ​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​ပါ​သည်'' ဟု​မိန့်​တော်​မူ​၏။-
וַיַּעַן֩ הַמֶּ֨לֶךְ שְׁלֹמֹ֜ה וַיֹּ֣אמֶר לְאִמּ֗וֹ וְלָמָה֩ אַ֨תְּ שֹׁאֶ֜לֶת אֶת־אֲבִישַׁ֤ג הַשֻּׁנַמִּית֙ לַאֲדֹ֣נִיָּ֔הוּ וְשַֽׁאֲלִי־לוֹ֙ אֶת־הַמְּלוּכָ֔ה כִּ֛י ה֥וּא אָחִ֖י הַגָּד֣וֹל מִמֶּ֑נִּי וְלוֹ֙ וּלְאֶבְיָתָ֣ר הַכֹּהֵ֔ן וּלְיוֹאָ֖ב בֶּן־צְרוּיָֽה׃ פ
23 ၂၃ ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။-
וַיִּשָּׁבַע֙ הַמֶּ֣לֶךְ שְׁלֹמֹ֔ה בַּֽיהוָ֖ה לֵאמֹ֑ר כֹּ֣ה יַֽעֲשֶׂה־לִּ֤י אֱלֹהִים֙ וְכֹ֣ה יוֹסִ֔יף כִּ֣י בְנַפְשׁ֔וֹ דִּבֶּר֙ אֲדֹ֣נִיָּ֔הוּ אֶת־הַדָּבָ֖ר הַזֶּֽה׃
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ခ​မည်း​တော် ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင် တည်​မြဲ​စွာ​တည် ၍​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ ၏​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ငါ​နှင့်​ငါ​၏ သား​မြေး​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​တော် မူ​လေ​ပြီ။ အ​ဒေါ​နိ​ယ​သည်​ယ​နေ့​ပင်​လျှင် သေ​ရ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏'' ဟု​အ​လေး​အ​နက်​အ​ဋ္ဌိ ဋ္ဌာန်​ပြု​တော်​မူ​၏။
וְעַתָּ֗ה חַי־יְהוָה֙ אֲשֶׁ֣ר הֱכִינַ֗נִי וַיּֽוֹשִׁיבַ֙נִי֙ עַל־כִּסֵּא֙ דָּוִ֣ד אָבִ֔י וַאֲשֶׁ֧ר עָֽשָׂה־לִ֛י בַּ֖יִת כַּאֲשֶׁ֣ר דִּבֵּ֑ר כִּ֣י הַיּ֔וֹם יוּמַ֖ת אֲדֹנִיָּֽהוּ׃
25 ၂၅ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။
וַיִּשְׁלַח֙ הַמֶּ֣לֶךְ שְׁלֹמֹ֔ה בְּיַ֖ד בְּנָיָ֣הוּ בֶן־יְהוֹיָדָ֑ע וַיִּפְגַּע־בּ֖וֹ וַיָּמֹֽת׃ ס
26 ၂၆ ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-
וּלְאֶבְיָתָ֨ר הַכֹּהֵ֜ן אָמַ֣ר הַמֶּ֗לֶךְ עֲנָתֹת֙ לֵ֣ךְ עַל־שָׂדֶ֔יךָ כִּ֛י אִ֥ישׁ מָ֖וֶת אָ֑תָּה וּבַיּ֨וֹם הַזֶּ֜ה לֹ֣א אֲמִיתֶ֗ךָ כִּֽי־נָשָׂ֜אתָ אֶת־אֲר֨וֹן אֲדֹנָ֤י יְהֹוִה֙ לִפְנֵי֙ דָּוִ֣ד אָבִ֔י וְכִ֣י הִתְעַנִּ֔יתָ בְּכֹ֥ל אֲשֶֽׁר־הִתְעַנָּ֖ה אָבִֽי׃
27 ၂၇ ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။
וַיְגָ֤רֶשׁ שְׁלֹמֹה֙ אֶת־אֶבְיָתָ֔ר מִהְי֥וֹת כֹּהֵ֖ן לַֽיהוָ֑ה לְמַלֵּא֙ אֶת־דְּבַ֣ר יְהוָ֔ה אֲשֶׁ֥ר דִּבֶּ֛ר עַל־בֵּ֥ית עֵלִ֖י בְּשִׁלֹֽה׃ פ
28 ၂၈ ဤ​အ​ဖြစ်​အ​ပျက်​ကို​ယွာ​ဘ​ကြား​သိ သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​သို့​ထွက်​ပြေး​ပြီး​လျှင်​ယဇ်​ပလ္လင် ထောင့်​စွယ်​များ ကို​ဆုပ်​ကိုင်​၍​ထား​၏။ (သူ​သည်​အ​ဒေါ​နိ​ယ အား​ကူ​ညီ​ခဲ့​သော်​လည်း​အ​ဗ​ရှ​လုံ​ကို​မူ မ​ကူ​ညီ​ခဲ့၊-)
וְהַשְּׁמֻעָה֙ בָּ֣אָה עַד־יוֹאָ֔ב כִּ֣י יוֹאָ֗ב נָטָה֙ אַחֲרֵ֣י אֲדֹנִיָּ֔ה וְאַחֲרֵ֥י אַבְשָׁל֖וֹם לֹ֣א נָטָ֑ה וַיָּ֤נָס יוֹאָב֙ אֶל־אֹ֣הֶל יְהוָ֔ה וַֽיַּחֲזֵ֖ק בְּקַרְנ֥וֹת הַמִּזְבֵּֽחַ׃
29 ၂၉ သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။-
וַיֻּגַּ֞ד לַמֶּ֣לֶךְ שְׁלֹמֹ֗ה כִּ֣י נָ֤ס יוֹאָב֙ אֶל־אֹ֣הֶל יְהוָ֔ה וְהִנֵּ֖ה אֵ֣צֶל הַמִּזְבֵּ֑חַ וַיִּשְׁלַ֨ח שְׁלֹמֹ֜ה אֶת־בְּנָיָ֧הוּ בֶן־יְהוֹיָדָ֛ע לֵאמֹ֖ר לֵ֥ךְ פְּגַע־בּֽוֹ׃
30 ၃၀ ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။
וַיָּבֹ֨א בְנָיָ֜הוּ אֶל־אֹ֣הֶל יְהוָ֗ה וַיֹּ֨אמֶר אֵלָ֜יו כֹּֽה־אָמַ֤ר הַמֶּ֙לֶךְ֙ צֵ֔א וַיֹּ֥אמֶר ׀ לֹ֖א כִּ֣י פֹ֣ה אָמ֑וּת וַיָּ֨שֶׁב בְּנָיָ֤הוּ אֶת־הַמֶּ֙לֶךְ֙ דָּבָ֣ר לֵאמֹ֔ר כֹּֽה־דִבֶּ֥ר יוֹאָ֖ב וְכֹ֥ה עָנָֽנִי׃
31 ၃၁ ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-
וַיֹּ֧אמֶר ל֣וֹ הַמֶּ֗לֶךְ עֲשֵׂה֙ כַּאֲשֶׁ֣ר דִּבֶּ֔ר וּפְגַע־בּ֖וֹ וּקְבַרְתּ֑וֹ וַהֲסִירֹ֣תָ ׀ דְּמֵ֣י חִנָּ֗ם אֲשֶׁר֙ שָׁפַ֣ךְ יוֹאָ֔ב מֵעָלַ֕י וּמֵעַ֖ל בֵּ֥ית אָבִֽי׃
32 ၃၂ ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-
וְהֵשִׁיב֩ יְהוָ֨ה אֶת־דָּמ֜וֹ עַל־רֹאשׁ֗וֹ אֲשֶׁ֣ר פָּגַ֣ע בִּשְׁנֵֽי־אֲ֠נָשִׁים צַדִּקִ֨ים וְטֹבִ֤ים מִמֶּ֙נּוּ֙ וַיַּהַרְגֵ֣ם בַּחֶ֔רֶב וְאָבִ֥י דָוִ֖ד לֹ֣א יָדָ֑ע אֶת־אַבְנֵ֤ר בֶּן־נֵר֙ שַׂר־צְבָ֣א יִשְׂרָאֵ֔ל וְאֶת־עֲמָשָׂ֥א בֶן־יֶ֖תֶר שַׂר־צְבָ֥א יְהוּדָֽה׃
33 ၃၃ ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
וְשָׁ֤בוּ דְמֵיהֶם֙ בְּרֹ֣אשׁ יוֹאָ֔ב וּבְרֹ֥אשׁ זַרְע֖וֹ לְעֹלָ֑ם וּלְדָוִ֡ד וּ֠לְזַרְעוֹ וּלְבֵית֨וֹ וּלְכִסְא֜וֹ יִהְיֶ֥ה שָׁל֛וֹם עַד־עוֹלָ֖ם מֵעִ֥ם יְהוָֽה׃
34 ၃၄ ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။-
וַיַּ֗עַל בְּנָיָ֙הוּ֙ בֶּן־יְה֣וֹיָדָ֔ע וַיִּפְגַּע־בּ֖וֹ וַיְמִתֵ֑הוּ וַיִּקָּבֵ֥ר בְּבֵית֖וֹ בַּמִּדְבָּֽר׃
35 ၃၅ မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။
וַיִּתֵּ֨ן הַמֶּ֜לֶךְ אֶת־בְּנָיָ֧הוּ בֶן־יְהוֹיָדָ֛ע תַּחְתָּ֖יו עַל־הַצָּבָ֑א וְאֶת־צָד֤וֹק הַכֹּהֵן֙ נָתַ֣ן הַמֶּ֔לֶךְ תַּ֖חַת אֶבְיָתָֽר׃
36 ၃၆ ထို့​နောက်​မင်း​ကြီး​သည် ရှိ​မိ​ကို​ဆင့်​ခေါ်​တော် မူ​ပြီး​လျှင်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် အိမ်​တစ်​လုံး​ဆောက်​၍​နေ​ထိုင်​လော့။ ဤ​မြို့ မှ​မ​ထွက်​မ​ခွာ​နှင့်။-
וַיִּשְׁלַ֤ח הַמֶּ֙לֶךְ֙ וַיִּקְרָ֣א לְשִׁמְעִ֔י וַיֹּ֣אמֶר ל֗וֹ בְּֽנֵה־לְךָ֥ בַ֙יִת֙ בִּיר֣וּשָׁלִַ֔ם וְיָשַׁבְתָּ֖ שָׁ֑ם וְלֹֽא־תֵצֵ֥א מִשָּׁ֖ם אָ֥נֶה וָאָֽנָה׃
37 ၃၇ အ​ကယ်​၍​ကေ​ဒြုန်​ချောင်း​လွန်​အောင်​ထွက်​လာ လျှင်​သင်​သည်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်။ ထို​အ​ခါ မိ​မိ​ကိုယ်​ကို​သာ​လျှင်​အ​ပြစ်​တင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
וְהָיָ֣ה ׀ בְּי֣וֹם צֵאתְךָ֗ וְעָֽבַרְתָּ֙ אֶת־נַ֣חַל קִדְר֔וֹן יָדֹ֥עַ תֵּדַ֖ע כִּ֣י מ֣וֹת תָּמ֑וּת דָּמְךָ֖ יִהְיֶ֥ה בְרֹאשֶֽׁךָ׃
38 ၃၈ ရှိ​မိ​က​လည်း``ကောင်း​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး။ အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ် လိုက်​နာ​ပါ​မည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​တွင်​ကာ​လ​ကြာ မြင့်​စွာ​နေ​ထိုင်​လေ​၏။
וַיֹּ֨אמֶר שִׁמְעִ֤י לַמֶּ֙לֶךְ֙ ט֣וֹב הַדָּבָ֔ר כַּאֲשֶׁ֤ר דִּבֶּר֙ אֲדֹנִ֣י הַמֶּ֔לֶךְ כֵּ֖ן יַעֲשֶׂ֣ה עַבְדֶּ֑ךָ וַיֵּ֧שֶׁב שִׁמְעִ֛י בִּירוּשָׁלִַ֖ם יָמִ֥ים רַבִּֽים׃ ס
39 ၃၉ သို့​ရာ​တွင်​သုံး​နှစ်​ကြာ​သော​အ​ခါ​ရှိ​မိ​၏ ကျွန်​နှစ်​ယောက်​သည်​မာ​ခါ​၏​သား၊ ဂါ​သ ဘု​ရင်​အာ​ခိတ်​ထံ​သို့​ထွက်​ပြေး​ကြ​၏။ ရှိ​မိ သည်​ဂါ​သ​မြို့​တွင်​ထို​သူ​တို့​ရှိ​နေ​ကြောင်း သ​တင်း​ကြား​သော​အ​ခါ၊-
וַיְהִ֗י מִקֵּץ֙ שָׁלֹ֣שׁ שָׁנִ֔ים וַיִּבְרְח֤וּ שְׁנֵֽי־עֲבָדִים֙ לְשִׁמְעִ֔י אֶל־אָכִ֥ישׁ בֶּֽן־מַעֲכָ֖ה מֶ֣לֶךְ גַּ֑ת וַיַּגִּ֤ידוּ לְשִׁמְעִי֙ לֵאמֹ֔ר הִנֵּ֥ה עֲבָדֶ֖יךָ בְּגַֽת׃
40 ၄၀ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်​ကျွန်​များ​ကို ရှာ​ရန်​အာ​ခိတ်​မင်း​ထံ​သို့​သွား​လေ​သည်။ သူ သည်​မိ​မိ​၏​ကျွန်​တို့​ကို​တွေ့​ရှိ​သ​ဖြင့်​အိမ် သို့​ပြန်​၍​ခေါ်​ခဲ့​၏။-
וַיָּ֣קָם שִׁמְעִ֗י וַֽיַּחֲבֹשׁ֙ אֶת־חֲמֹר֔וֹ וַיֵּ֤לֶךְ גַּ֙תָה֙ אֶל־אָכִ֔ישׁ לְבַקֵּ֖שׁ אֶת־עֲבָדָ֑יו וַיֵּ֣לֶךְ שִׁמְעִ֔י וַיָּבֵ֥א אֶת־עֲבָדָ֖יו מִגַּֽת׃
41 ၄၁ ရှိ​မိ​ပြု​သော​အ​မှု​ကို​ရှော​လ​မုန်​မင်း​ကြား တော်​မူ​လျှင်​သူ့​အား​ဆင့်​ခေါ်​တော်​မူ​၍``ငါ သည်​သင့်​အား​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​ခွာ ရန် ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​လျက်​က​တိ ပြု​စေ​ခဲ့​၏။ အ​ကယ်​၍​ထွက်​ခွာ​ခဲ့​သော်​သင် သည်​ဧ​ကန်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်​ဟု​လည်း ကြို​တင်​သ​တိ​ပေး​ခဲ့​၏။ သင်​က​လည်း​ဤ အ​တိုင်း​သ​ဘော​တူ​သ​ဖြင့် ငါ​၏​စ​ကား ကို​နား​ထောင်​ပါ​မည်​ဟု​ဝန်​ခံ​ခဲ့​သည် မ​ဟုတ်​လော။-
וַיֻּגַּ֖ד לִשְׁלֹמֹ֑ה כִּי־הָלַ֨ךְ שִׁמְעִ֧י מִירוּשָׁלִַ֛ם גַּ֖ת וַיָּשֹֽׁב׃
42 ၄၂
וַיִּשְׁלַ֨ח הַמֶּ֜לֶךְ וַיִּקְרָ֣א לְשִׁמְעִ֗י וַיֹּ֨אמֶר אֵלָ֜יו הֲל֧וֹא הִשְׁבַּעְתִּ֣יךָ בַֽיהוָ֗ה וָאָעִ֤ד בְּךָ֙ לֵאמֹ֔ר בְּי֣וֹם צֵאתְךָ֗ וְהָֽלַכְתָּ֙ אָ֣נֶה וָאָ֔נָה יָדֹ֥עַ תֵּדַ֖ע כִּ֣י מ֣וֹת תָּמ֑וּת וַתֹּ֧אמֶר אֵלַ֛י ט֥וֹב הַדָּבָ֖ר שָׁמָֽעְתִּי׃
43 ၄၃ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်​မိ​မိ​၏​က​တိ ကို​ဖျက်​၍ ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန်​ပါ သ​နည်း။-
וּמַדּ֕וּעַ לֹ֣א שָׁמַ֔רְתָּ אֵ֖ת שְׁבֻעַ֣ת יְהוָ֑ה וְאֶת־הַמִּצְוָ֖ה אֲשֶׁר־צִוִּ֥יתִי עָלֶֽיךָ׃
44 ၄၄ သင်​သည်​ခ​မည်း​တော်​အား​ပြစ်​မှား​ခဲ့​သည့် အ​မှု​အ​ပေါင်း​ကို​ကောင်း​စွာ​သိ​ပေ​သည်။ ထို အ​မှု​များ​အ​တွက်​သင့်​အား​ထာ​ဝ​ရ​ဘု​ရား သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။-
וַיֹּ֨אמֶר הַמֶּ֜לֶךְ אֶל־שִׁמְעִ֗י אַתָּ֤ה יָדַ֙עְתָּ֙ אֵ֣ת כָּל־הָרָעָ֗ה אֲשֶׁ֤ר יָדַע֙ לְבָ֣בְךָ֔ אֲשֶׁ֥ר עָשִׂ֖יתָ לְדָוִ֣ד אָבִ֑י וְהֵשִׁ֧יב יְהוָ֛ה אֶת־רָעָתְךָ֖ בְּרֹאשֶֽׁךָ׃
45 ၄၅ ငါ့​ကို​မူ​ကား​ကောင်း​ချီး​ပေး​၍​ဒါ​ဝိဒ်​၏ နိုင်​ငံ​တော်​ကို​ထာ​ဝ​စဉ်​တည်​တံ့​ခိုင်​မြဲ​စေ တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
וְהַמֶּ֥לֶךְ שְׁלֹמֹ֖ה בָּר֑וּךְ וְכִסֵּ֣א דָוִ֗ד יִהְיֶ֥ה נָכ֛וֹן לִפְנֵ֥י יְהוָ֖ה עַד־עוֹלָֽם׃
46 ၄၆ ထို​နောက်​ဗေ​နာ​ယ​သည် မင်း​ကြီး​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း အ​ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​ကွပ်​မျက်​လေ​၏။ ရှော​လ​မုန်​မင်း​သည် ယ​ခု​အ​ခါ​၌​မိ​မိ​၏​နိုင်​ငံ​တော်​ကို​ပိုင်​နိုင် စွာ​အုပ်​စိုး​တော်​မူ​ရ​၏။
וַיְצַ֣ו הַמֶּ֗לֶךְ אֶת־בְּנָיָ֙הוּ֙ בֶּן־יְה֣וֹיָדָ֔ע וַיֵּצֵ֕א וַיִּפְגַּע־בּ֖וֹ וַיָּמֹ֑ת וְהַמַּמְלָכָ֥ה נָכ֖וֹנָה בְּיַד־שְׁלֹמֹֽה׃

< ၃ ဓမ္မရာဇဝင် 2 >