< ၃ ဓမ္မရာဇဝင် 19 >
1 ၁ အာဟပ်မင်းသည်ဧလိယပြုသည့်အမှုအလုံး စုံကိုလည်းကောင်း၊ ဗာလပရောဖက်တို့အသတ် ခံရကြပုံကိုလည်းကောင်းမိဖုရားယေဇ ဗေလအားပြောပြလေသည်။-
Ahab contou a Jezebel tudo o que Elias havia feito, e como ele havia matado todos os profetas com a espada.
2 ၂ ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
Então Jezebel enviou um mensageiro a Elias, dizendo: “Que os deuses me façam, e mais ainda, se eu não fizer de sua vida como a vida de um deles até amanhã por esta hora”!
3 ၃ ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
Quando viu isso, ele se levantou e correu por sua vida, e veio para Beersheba, que pertence a Judah, e deixou seu servo lá.
4 ၄ တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။
Mas ele mesmo foi um dia de viagem ao deserto, e veio e sentou-se debaixo de um zimbro. Então ele pediu para si mesmo que pudesse morrer, e disse: “Basta”. Agora, ó Javé, tire minha vida; pois não sou melhor que meus pais”.
5 ၅ သူသည်သစ်ပင်အောက်တွင်လှဲလျက်အိပ်ပျော် လေ၏။ ကောင်းကင်တမန်တစ်ပါးသည်သူ့ အားတို့ပြီးလျှင်``ထ၍စားလော့'' ဟုဆို၏။-
Ele deitou-se e dormiu sob um zimbro; e eis que um anjo o tocou, e lhe disse: “Levanta-te e come!
6 ၆ ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
Ele olhou, e eis que havia em sua cabeça um bolo assado no carvão, e um pote de água. Ele comeu e bebeu, e deitou-se novamente.
7 ၇ ကောင်းကင်တမန်သည်ဒုတိယအကြိမ်လာပြီး လျှင်``သင်သွားရမည့်ခရီးဝေးသောကြောင့် ထ၍စားဦးလော့'' ဟုဆို၏။-
O anjo de Yahweh veio novamente pela segunda vez, tocou-o e disse: “Levanta-te e come, porque a viagem é grande demais para ti”.
8 ၈ ထို့ကြောင့်ဧလိယသည်ထ၍စားပြီးနောက် သန့်ရှင်းမြင့်မြတ်သောသိနာတောင်သို့ ရက်ပေါင်း လေးဆယ်တိုင်တိုင်ခြေလျင်ခရီးပြုနိုင်သော ခွန်အားကိုရရှိလေသည်။-
Ele se levantou, comeu e bebeu, e foi na força dessa comida durante quarenta dias e quarenta noites para Horeb, a Montanha de Deus.
9 ၉ သူသည်ထိုတောင်သို့ရောက်သောအခါဂူထဲ သို့ဝင်၍အိပ်၏။ ထိုအခါထာဝရဘုရားကသူ့အား``ဧလိယ၊ သင်သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်လာ သနည်း'' ဟုမေးတော်မူ၏။
Ele chegou a uma caverna ali, e acampou ali; e eis que a palavra de Javé chegou até ele, e ele lhe disse: “O que você está fazendo aqui, Elias”?
10 ၁၀ ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
Ele disse: “Tenho sido muito zeloso por Javé, o Deus dos Exércitos; pois os filhos de Israel abandonaram seu pacto, derrubaram seus altares e mataram seus profetas com a espada. Eu, até mesmo eu só, fico; e eles procuram minha vida, para tirá-la”.
11 ၁၁ ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-
Ele disse: “Saia e fique na montanha antes de Yahweh”. Eis que Javé passou, e um grande e forte vento rasgou as montanhas e quebrou as rochas antes de Javé; mas Javé não estava no vento. Após o vento houve um terremoto; mas Javé não estava no terremoto.
12 ၁၂ မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။
Após o terremoto passou um incêndio; mas Iavé não estava no incêndio. Após o incêndio, havia uma voz ainda pequena.
13 ၁၃ ထိုအသံကိုကြားသောအခါ ဧလိယသည် မိမိ၏မျက်နှာကိုဝတ်လုံဖြင့်အုပ်၍ထွက်သွား ပြီးလျှင်ဂူဝတွင်ရပ်နေ၏။ ထိုအခါ``ဧလိယ၊ သင်သည်အဘယ်ကြောင့်ဤအရပ်သို့ရောက်ရှိ လာသနည်း'' ဟုမေးသံကိုကြားရ၏။
Quando Elias a ouviu, envolveu seu rosto em seu manto, saiu e ficou de pé na entrada da caverna. Eis que uma voz veio até ele e disse: “O que você está fazendo aqui, Elijah”?
14 ၁၄ ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။
Ele disse: “Tenho sido muito zeloso por Javé, o Deus dos Exércitos; pois os filhos de Israel abandonaram seu pacto, derrubaram seus altares e mataram seus profetas com a espada. Eu, até mesmo eu só, fico; e eles procuram minha vida, para tirá-la”.
15 ၁၅ ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
Yahweh disse-lhe: “Vá, volte a caminho do deserto de Damasco”. Quando chegar, ungir Hazael para ser rei sobre a Síria”.
16 ၁၆ နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။-
Ungir Jeú, filho de Ninshi, para ser rei sobre Israel; e ungir Eliseu, filho de Safate, de Abel-Meolá, para ser profeta em seu lugar.
17 ၁၇ ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
Aquele que escapar da espada de Hazael, Jeú matará; e aquele que escapar da espada de Jeú, Eliseu matará.
18 ၁၈ သို့ရာတွင်ငါ့အားသစ္စာစောင့်၍ဗာလအားဦး မညွှတ်သူ၊ သူ၏ရုပ်တုကိုမနမ်းရှုပ်သူလူ ပေါင်းခုနစ်ထောင်တို့ကို ဣသရေလပြည်တွင် ကျန်ကြွင်းစေမည်'' ဟုမိန့်တော်မူ၏။
Contudo, reservei sete mil em Israel, todos os joelhos dos quais não se curvaram diante de Baal, e toda boca que não o beijou”.
19 ၁၉ ဧလိယသည်ထိုအရပ်မှထွက်ခွာသွားသော အခါ နွားတစ်ရှဉ်းနှင့်လယ်ထွန်နေသော ဧလိရှဲ ကိုတွေ့လေသည်။ သူ၏ရှေ့တွင်နွားတစ်ဆယ့် တစ်ရှဉ်းရှိ၍သူသည်နောက်ဆုံးနွားတစ်ရှဉ်း ဖြင့်လယ်ထွန်၍နေသတည်း။ ဧလိယသည် မိမိ၏ဝတ်လုံကိုချွတ်၍ဧလိရှဲ၏အပေါ် တွင်တင်လေသည်။-
Então ele partiu de lá e encontrou Elisha, o filho de Shaphat, que estava lavrando com doze juizes de bois antes dele, e ele com a décima segunda. Elias foi até ele e colocou seu manto sobre ele.
20 ၂၀ ထိုအခါဧလိရှဲသည်မိမိ၏နွားများကို ထားခဲ့၍ ဧလိယ၏နောက်သို့လိုက်ပြီး လျှင်``အကျွန်ုပ်၏မိဘထံသို့သွား၍နှုတ် ဆက်ခွင့်ပြုပါ။ ထို့နောက်အရှင်နှင့်အတူ လိုက်ပါမည်'' ဟုပြော၏။ ဧလိယက``ကောင်းပြီ၊ သွားလော့။ သင့်အား ငါမဆီးတားပါ'' ဟုဆို၏။
Elisha deixou os bois e correu atrás de Elias, e disse: “Deixe-me por favor beijar meu pai e minha mãe, e então eu o seguirei”. Ele lhe disse: “Volte novamente; pelo que eu fiz a você”?
21 ၂၁ ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။
Ele voltou de segui-lo, pegou o jugo dos bois, matou-os e cozinhou sua carne com o equipamento dos bois, e deu ao povo; e eles comeram. Então ele se levantou, e foi atrás de Elias, e o serviu.