< ၃ ဓမ္မရာဇဝင် 19 >

1 အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။-
Now Ahab told Jezebel everything that Elijah had done and how he had killed all the prophets with the sword.
2 ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-
So Jezebel sent a messenger to Elijah, saying, “May the gods deal with me, and ever so severely, if by this time tomorrow I do not make your life like the lives of those you killed!”
3 ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့် အ​သက်​ဘေး​မှ လွတ်​ရန်​ထွက်​ပြေး​လေ​၏။ သူ​သည်​မိ​မိ​၏ အ​စေ​ခံ​ကို​ခေါ်​၍​ယု​ဒ​ပြည်၊ ဗေ​ရ​ရှေ​ဘ မြို့​သို့​သွား​၏။ ထို​မြို့​တွင်​အ​စေ​ခံ​ကို​ထား​ခဲ့​ပြီး​လျှင်၊-
And Elijah was afraid and ran for his life. When he came to Beersheba in Judah, he left his servant there,
4 တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။
while he himself traveled on a day’s journey into the wilderness. He sat down under a broom tree and prayed that he might die. “I have had enough, LORD,” he said. “Take my life, for I am no better than my fathers.”
5 သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။-
Then he lay down under the broom tree and fell asleep. Suddenly an angel touched him and said, “Get up and eat.”
6 ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။-
And he looked around, and there by his head was a cake of bread baked over hot coals, and a jar of water. So he ate and drank and lay down again.
7 ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။-
A second time the angel of the LORD returned and touched him, saying, “Get up and eat, or the journey will be too much for you.”
8 ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။-
So he got up and ate and drank. And strengthened by that food, he walked forty days and forty nights until he reached Horeb, the mountain of God.
9 သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။
There Elijah entered a cave and spent the night. And the word of the LORD came to him, saying, “What are you doing here, Elijah?”
10 ၁၀ ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။
“I have been very zealous for the LORD, the God of Hosts,” he replied, “but the Israelites have forsaken Your covenant, torn down Your altars, and killed Your prophets with the sword. I am the only one left, and they are seeking my life as well.”
11 ၁၁ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။-
Then the LORD said, “Go out and stand on the mountain before the LORD. Behold, the LORD is about to pass by.” And a great and mighty wind tore into the mountains and shattered the rocks before the LORD, but the LORD was not in the wind. After the wind there was an earthquake, but the LORD was not in the earthquake.
12 ၁၂ မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။
After the earthquake there was a fire, but the LORD was not in the fire. And after the fire came a still, small voice.
13 ၁၃ ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။
When Elijah heard it, he wrapped his face in his cloak and went out and stood at the mouth of the cave. Suddenly a voice came to him and said, “What are you doing here, Elijah?”
14 ၁၄ ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။
“I have been very zealous for the LORD, the God of Hosts,” he replied, “but the Israelites have forsaken Your covenant, torn down Your altars, and killed Your prophets with the sword. I am the only one left, and they are seeking my life as well.”
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။-
Then the LORD said to him, “Go back by the way you came, and go to the Desert of Damascus. When you arrive, you are to anoint Hazael as king over Aram.
16 ၁၆ နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-
You are also to anoint Jehu son of Nimshi as king over Israel and Elisha son of Shaphat from Abel-meholah to succeed you as prophet.
17 ၁၇ ဟာ​ဇေ​လ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​လက်​မှ​လွတ် မြောက်​သူ​ကို​ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။-
Then Jehu will put to death whoever escapes the sword of Hazael, and Elisha will put to death whoever escapes the sword of Jehu.
18 ၁၈ သို့​ရာ​တွင်​ငါ့​အား​သစ္စာ​စောင့်​၍​ဗာ​လ​အား​ဦး မ​ညွှတ်​သူ၊ သူ​၏​ရုပ်​တု​ကို​မ​နမ်း​ရှုပ်​သူ​လူ ပေါင်း​ခု​နစ်​ထောင်​တို့​ကို ဣ​သ​ရေ​လ​ပြည်​တွင် ကျန်​ကြွင်း​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
Nevertheless, I have reserved seven thousand in Israel—all whose knees have not bowed to Baal and whose mouths have not kissed him.”
19 ၁၉ ဧ​လိ​ယ​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​သွား​သော အ​ခါ နွား​တစ်​ရှဉ်း​နှင့်​လယ်​ထွန်​နေ​သော ဧ​လိ​ရှဲ ကို​တွေ့​လေ​သည်။ သူ​၏​ရှေ့​တွင်​နွား​တစ်​ဆယ့် တစ်​ရှဉ်း​ရှိ​၍​သူ​သည်​နောက်​ဆုံး​နွား​တစ်​ရှဉ်း ဖြင့်​လယ်​ထွန်​၍​နေ​သ​တည်း။ ဧ​လိ​ယ​သည် မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ်​၍​ဧ​လိ​ရှဲ​၏​အ​ပေါ် တွင်​တင်​လေ​သည်။-
So Elijah departed and found Elisha son of Shaphat. He was plowing with twelve teams of oxen, and he was with the twelfth team. Elijah passed by him and threw his cloak around him.
20 ၂၀ ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။
So Elisha left the oxen, ran after Elijah, and said, “Please let me kiss my father and mother goodbye, and then I will follow you.” “Go on back,” Elijah replied, “for what have I done to you?”
21 ၂၁ ထို​အ​ခါ​ဧ​လိ​ရှဲ​သည် မိ​မိ​၏​နွား​နှစ်​ကောင်​ကို သတ်​ပြီး​လျှင် နွား​ထမ်း​ပိုး​ကို​ထင်း​လုပ်​၍​ချက်​၏။ ထို​နောက်​အ​မဲ​သား​ဟင်း​ကို​လူ​တို့​အား​ကျွေး မွေး​ပြီး​လျှင် ဧ​လိ​ယ​၏​နောက်​သို့​တ​ပည့် အ​ဖြစ်​လိုက်​သွား​လေ​သည်။
So Elisha turned back from him, took his pair of oxen, and slaughtered them. With the oxen’s equipment, he cooked the meat and gave it to the people, and they ate. Then he set out to follow and serve Elijah.

< ၃ ဓမ္မရာဇဝင် 19 >