< ၃ ဓမ္မရာဇဝင် 18 >
1 ၁ ထို့နောက်ကာလအတန်ကြာ၍ မိုးခေါင်ချိန် သုံးနှစ်မျှရှိသောအခါ ထာဝရဘုရားသည် ဧလိယအား``သင်သည်သွား၍အာဟပ်မင်း ၏ရှေ့တော်သို့ဝင်လော့။ ငါသည်မိုးကိုရွာ စေတော်မူမည်'' ဟုမိန့်တော်မူသည့်အတိုင်း၊-
Ау трекут мулте зиле ши кувынтул Домнулуй а ворбит астфел луй Илие ын ал трейля ан: „Ду-те ши ынфэцишязэ-те ынаинтя луй Ахаб, ка сэ дау плоае пе фаца пэмынтулуй.”
2 ၂ ဧလိယသည်လည်းသွားလေ၏။ ထိုအချိန်အခါ၌ ရှမာရိပြည်မိုးခေါင်မှု သည် အဆိုးဆုံးအခြေအနေသို့ရောက် လျက်ရှိ၏။-
Ши Илие с-а дус сэ се ынфэцишезе ынаинтя луй Ахаб. Ера маре фоамете ын Самария.
3 ၃ ထို့ကြောင့်အာဟပ်သည်နန်းတော်အုပ်သြဗဒိ ကိုခေါ်တော်မူ၏။ (သြဗဒိသည်ထာဝရ ဘုရားအားအလွန်ကြည်ညိုလေးမြတ်သူ ဖြစ်သဖြင့်၊-
Ши Ахаб а тримис сэ кеме пе Обадия, май-мареле касей луй. Обадия се темя мулт де Домнул.
4 ၄ ထာဝရဘုရား၏ပရောဖက်များကိုယေဇဗေလ သတ်ဖြတ်နေချိန်၌ ပရောဖက်တစ်ရာကိုငါး ဆယ်စီနှစ်စုခွဲ၍ဂူများတွင်ဝှက်ထားပြီးလျှင် အစာရေစာကျွေးမွေးခဲ့၏။-)
Де ачея, кынд а нимичит Изабела пе пророчий Домнулуй, Обадия а луат о сутэ де пророчь, й-а аскунс кыте чинчзечь ынтр-о пештерэ ши й-а хрэнит ку пыне ши ку апэ.
5 ၅ အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
Ахаб а зис луй Обадия: „Хайдем прин царэ, пе ла тоате извоареле де апэ ши пе ла тоате пыраеле; поате кэ вом гэси ярбэ ка сэ пэстрэм вяца каилор ши катырилор ши сэ н-авем невое сэ оморым вителе.”
6 ၆ သူတို့နှစ်ဦးသွားရောက်ကြည့်ရမည့်အရပ် များကိုသဘောတူကြပြီးလျှင် တစ်ယောက် တစ်လမ်းစီထွက်သွားကြ၏။
Шь-ау ымпэрцит цара с-о кутреере. Ахаб а плекат сингур пе ун друм, ши Обадия а плекат сингур пе ун алт друм.
7 ၇ ယင်းသို့ထွက်ခွာသွားစဉ်သြဗဒိသည် ဧလိယ နှင့်ရုတ်တရက်တွေ့ဆုံမိလေသည်။ သူသည် ဧလိယကိုမှတ်မိသဖြင့်ဦးညွှတ်ပျပ်ဝပ် ၍``အရှင်သည်အကျွန်ုပ်သခင်ဧလိယပါ လော'' ဟုမေး၏။
Пе кынд ера Обадия пе друм, ятэ кэ л-а ынтылнит Илие. Обадия, куноскынду-л, а кэзут ку фаца ла пэмынт ши а зис: „Ту ешть, домнул меу Илие?”
8 ၈ ဧလိယကလည်း``ဟုတ်ပါသည်။ သင်သည်သင် ၏အရှင်ဘုရင်မင်းမြတ်ထံသို့သွား၍ ဤအရပ် တွင်ငါရှိကြောင်းလျှောက်ထားလော့'' ဟုဆို၏။
Ел й-а рэспунс: „Еу сунт; ду-те ши спуне стэпынулуй тэу: ‘Ятэ кэ а венит Илие!’”
9 ၉ သြဗဒိက``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိသည့်အတွက် အရှင်သည်အကျွန်ုပ်အားအာဟပ် မင်း၏လက်တွင်အသတ်ခံရစေရန် ဤသို့ခိုင်း စေတော်မူလိုပါသနည်း။-
Ши Обадия а зис: „Че пэкат ам сэвыршит еу ка сэ дай пе робул тэу ын мыниле луй Ахаб, ка сэ мэ омоаре?
10 ၁၀ မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-
Виу есте Домнул кэ н-а рэмас попор сау ымпэрэцие унде сэ ну фи тримис стэпынул меу сэ те кауте ши, кынд се спуня кэ ну ешть аколо, пуня пе ымпэрэция ши попорул ачела сэ журе кэ ну те-ау гэсит.
11 ၁၁ ယခုအရှင်သည်အကျွန်ုပ်အားအာဟပ်မင်း ထံသို့သွား၍ ဤအရပ်တွင်အရှင်ရှိနေ ကြောင်းလျှောက်ထားစေပါ၏။-
Ши акум зичь: ‘Ду-те ши спуне стэпынулуй тэу: «Ятэ кэ а венит Илие!»’
12 ၁၂ အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-
Ши апой, кынд вой плека де ла тине, Духул Домнулуй те ва дуче ну штиу унде. Дакэ м-аш дуче сэ дау де штире луй Ахаб ши ну те-ар гэси, мэ ва оморы. Ши тотушь робул тэу се теме де Домнул дин тинереця луй.
13 ၁၃ ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။-
Ну с-а спус оаре домнулуй меу че ам фэкут кынд а учис Изабела пе пророчий Домнулуй? Кум ам аскунс о сутэ де пророчь ай Домнулуй, кыте чинчзечь ынтр-о пештерэ, ши й-ам хрэнит ку пыне ши ку апэ?
14 ၁၄ သို့ဖြစ်၍အရှင်သည်အဘယ်သို့လျှင် အကျွန်ုပ် အားမင်းကြီးထံသို့စေလွှတ်၍ ဤအရပ်တွင် အရှင်ရှိတော်မူကြောင်းလျှောက်ထားစေနိုင် ပါမည်နည်း။ သူသည်အကျွန်ုပ်အားသတ် ပါလိမ့်မည်'' ဟုဆို၏။
Ши акум ту зичь: ‘Ду-те ши спуне стэпынулуй тэу: «Ятэ кэ а венит Илие!»’ Ел мэ ва учиде.”
15 ၁၅ ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
Дар Илие а зис: „Виу есте Домнул оштирилор, ал кэруй служитор сунт, кэ астэзь мэ вой ынфэциша ынаинтя луй Ахаб.”
16 ၁၆ ထို့ကြောင့်သြဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်ထားရာ အာဟပ်သည်ဧလိယနှင့်တွေ့ဆုံ ရန်ကြွလာတော်မူ၏။-
Обадия, дукынду-се ынаинтя луй Ахаб, л-а ынштиинцат деспре лукрул ачеста. Ши Ахаб с-а дус ынаинтя луй Илие.
17 ၁၇ ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
Абя л-а зэрит Ахаб пе Илие ши й-а зис: „Ту ешть ачела каре ненорочешть пе Исраел?”
18 ၁၈ ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။-
Илие а рэспунс: „Ну еу ненороческ пе Исраел, чи ту ши каса татэлуй тэу, фииндкэ аць пэрэсит порунчиле Домнулуй ши в-аць дус дупэ бааль.
19 ၁၉ ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
Стрынӂе акум пе тот Исраелул ла мине, ла мунтеле Кармел, пе чей патру суте чинчзечь де пророчь ай луй Баал ши пе чей патру суте де пророчь ай Астартеей, каре мэнынкэ ла маса Изабелей.”
20 ၂၀ သို့ဖြစ်၍အာဟပ်သည်ဣသရေလအမျိုး သားအပေါင်းနှင့် ဗာလပရောဖက်တို့ကို ကရမေလတောင်ထိပ်သို့စုရုံးစေတော်မူ၏။-
Ахаб а тримис соль ла тоць копиий луй Исраел ши а стрынс пе пророчь ла мунтеле Кармел.
21 ၂၁ ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
Атунч, Илие с-а апропият де тот попорул ши а зис: „Пынэ кынд врець сэ шкьопэтаць де амындоуэ пичоареле? Дакэ Домнул есте Думнезеу, мерӂець дупэ Ел, яр дакэ есте Баал, мерӂець дупэ Баал!” Попорул ну й-а рэспунс нимик.
22 ၂၂ ထိုအခါဧလိယက``ထာဝရဘုရား၏ ပရောဖက်များအနက် ငါတစ်ဦးတည်းကျန် ရှိနေ၏။ ဗာလပရောဖက်များမူကားလေး ရာငါးဆယ်ရှိပေသည်။-
Ши Илие а зис попорулуй: „Еу сингур ам рэмас дин пророчий Домнулуй, пе кынд пророчь ай луй Баал сунт патру суте чинчзечь.
23 ၂၃ နွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။-
Сэ ни се дя дой жунчь. Ей сэ-шь алягэ ун жунк, пе каре сэ-л тае ын букэць ши сэ-л пунэ пе лемне фэрэ сэ пунэ фок. Ши еу вой прегэти челэлалт жунк ши-л вой пуне пе лемне фэрэ сэ пун фок.
24 ၂၄ ထို့နောက်ဗာလပရောဖက်တို့သည်မိမိတို့ ဘုရားထံသို့ဆုတောင်းကြစေ။ ငါသည်လည်း ထာဝရဘုရားထံတော်သို့ဆုတောင်းမည်။ ငါတို့အသီးသီးပြုသည့်ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူ၍ မီးကိုချပေးတော် မူသောအရှင်သည်ဘုရားအမှန်ဖြစ်၏'' ဟု ဆိုလေသည်။ လူအပေါင်းတို့သည် ဧလိယ၏ပြောကြား ချက်ကိုသဘောတူကြောင်းဟစ်အော်၍ ဖော်ပြကြ၏။
Апой, вой сэ кемаць нумеле думнезеулуй востру, ши еу вой кема Нумеле Домнулуй. Думнезеул каре ва рэспунде прин фок, ачела сэ фие адевэратул Думнезеу.” Ши тот попорул а рэспунс ши а зис: „Бине!”
25 ၂၅ ထိုအခါဧလိယသည် ဗာလပရောဖက်တို့ အား``သင်တို့ကအရေအတွက်အားဖြင့်များ သည်ဖြစ်သောကြောင့် နွားတစ်ကောင်ကိုဦးစွာ ယူ၍ပြင်ဆင်ကြလော့။ သင်တို့၏ဘုရားထံ သို့ဆုတောင်းပတ္ထနာပြုကြလော့။ ထင်းများ ကိုမူမီးမညှိကြနှင့်'' ဟုဆို၏။
Илие а зис пророчилор луй Баал: „Алеӂеци-вэ ун жунк дин чей дой, прегэтици-л вой ынтый, кэч сунтець май мулць, ши кемаць нумеле думнезеулуй востру, дар сэ ну пунець фок.”
26 ၂၆ သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
Ей ау луат жункул пе каре ли л-ау дат ши л-ау прегэтит. Ши ау кемат нумеле луй Баал де диминяцэ пынэ ла амязэ, зикынд: „Баале, аузи-не!” Дар ну с-а аузит нич глас, нич рэспунс. Ши сэряу ымпрежурул алтарулуй пе каре-л фэкусерэ.
27 ၂၇ မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။-
Ла амязэ, Илие шь-а бэтут жок де ей ши а зис: „Стригаць таре, фииндкэ есте думнезеу; се гындеште ла чева сау аре трябэ сау есте ын кэлэторие сау поате кэ доарме ши се ва трези.”
28 ၂၈ သို့ဖြစ်၍ဗာလပရောဖက်တို့သည်ပို၍အသံ ကျယ်စွာဆုတောင်းလျက် ဋ္ဌလေ့ထုံးစံရှိသည့် အတိုင်းဋ္ဌားနှင့်ဋ္ဌားမြှောင်များဖြင့်သွေးယို စီးလာသည့်တိုင်အောင်ကိုယ်ကိုရှစေကြ လေသည်။-
Ей ау стригат таре ши, дупэ обичеюл лор, шь-ау фэкут тэетурь ку сэбииле ши ку сулицеле, пынэ че а курс сынӂе пе ей.
29 ၂၉ သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
Кынд а трекут амяза, ау аюрат пынэ ын клипа кынд се адучя жертфа де сярэ. Дар ну с-а аузит нич глас, нич рэспунс, нич семн де луаре аминте.
30 ၃၀ ထို့နောက်ဧလိယကလူတို့အား``ငါ့အနီး သို့လာကြလော့'' ဟုဆိုသဖြင့် လူတို့သည် သူ၏ပတ်လည်သို့လာရောက်စုရုံးကြသော အခါ ဧလိယသည်ဖြိုချထားသည့်ထာဝရ ဘုရား၏ယဇ်ပလ္လင်ကိုပြန်၍ပြုပြင်၏။-
Илие а зис атунч ынтрегулуй попор: „Апропияци-вэ де мине!” Тот попорул с-а апропият де ел. Ши Илие а дрес алтарул Домнулуй, каре фусесе сфэрымат.
31 ၃၁ သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
А луат доуэспрезече петре, дупэ нумэрул семинциилор фиилор луй Иаков, кэруя Домнул ый зисесе: „Исраел ыць ва фи нумеле”,
32 ၃၂ ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။-
ши а зидит ку петреле ачестя ун алтар ын Нумеле Домнулуй. А фэкут ымпрежурул алтарулуй ун шанц, ын каре ынкэпяу доуэ мэсурь де сэмынцэ.
33 ၃၃ ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊-
А ашезат апой лемнеле, а тэят жункул ын букэць ши л-а пус пе лемне. Апой а зис: „Умплець патру ведре ку апэ ши вэрсаци-ле пе ардеря-де-тот ши пе лемне.” Ши ау фэкут аша.
34 ၃၄ ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊-
Апой а зис: „Май фачець лукрул ачеста о датэ.” Ши л-ау фэкут ынкэ о датэ. Апой а зис: „Май фачеци-л ши а трея оарэ.” Ши л-ау фэкут ши а трея оарэ.
35 ၃၅ ရေသည်ယဇ်ပလ္လင်ပတ်လည်သို့စီး၍မြောင်း သည်ရေပြည့်လေ၏။
Апа курӂя ын журул алтарулуй ши ау умплут ку апэ ши шанцул.
36 ၃၆ ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
Ын клипа кынд се адучя жертфа де сярэ, пророкул Илие с-а апропият ши а зис: „Доамне, Думнезеул луй Авраам, Исаак ши Исраел! Фэ сэ се штие астэзь кэ Ту ешть Думнезеу ын Исраел, кэ еу сунт служиторул Тэу ши кэ тоате ачесте лукрурь ле-ам фэкут дупэ порунка Та.
37 ၃၇ အို ထာဝရဘုရား၊ ကိုယ်တော်ထာဝရအရှင် သည် ဘုရားအမှန်ပင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ဤသူတို့အားအထံတော်သို့ပြန် လည်ခေါ်ယူလျက်နေတော်မူကြောင်းကိုလည်း ကောင်း ဤလူတို့သိစေခြင်းငှာအကျွန်ုပ်အား ဖြေကြားတော်မူပါ။ ဖြေကြားတော်မူပါ'' ဟု ဆုတောင်းလေ၏။
Аскултэ-мэ, Доамне, аскултэ-мэ, пентру ка сэ куноаскэ попорул ачеста кэ Ту, Доамне, ешть адевэратул Думнезеу ши сэ ле ынторчь астфел инима спре бине!”
38 ၃၈ ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။-
Атунч а кэзут фок де ла Домнул ши а мистуит ардеря-де-тот, лемнеле, петреле ши пэмынтул ши а супт ши апа каре ера ын шанц.
39 ၃၉ ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
Кынд а вэзут тот попорул лукрул ачеста, ау кэзут ку фаца ла пэмынт ши ау зис: „Домнул есте адевэратул Думнезеу! Домнул есте адевэратул Думнезеу!”
40 ၄၀ ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
„Пунець мына пе пророчий луй Баал”, ле-а зис Илие, „ничунул сэ ну скапе!” Ши ау пус мына пе ей. Илие й-а коборыт ла пырыул Кисон ши й-а ынжунгият аколо.
41 ၄၁ ထို့နောက်ဧလိယသည် အာဟပ်မင်းအား``ယခု သင်သွား၍အစားအစာကိုစားသောက်ပါလော့။ မိုးလာနေသည့်အသံကိုငါကြား၏'' ဟုဆို သဖြင့်၊-
Апой Илие а зис луй Ахаб: „Суе-те де мэнынкэ ши бя, кэч се ауде вует де плоае.”
42 ၄၂ အာဟပ်သည်စားသောက်ရန်ထွက်ခွာသွားစဉ် ဧလိယသည်ကရမေလတောင်ထိပ်သို့တက် ပြီးလျှင် မိမိ၏ဒူးနှစ်ခုအကြားတွင်မြေ သို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
Ахаб с-а суит сэ мэнынче ши сэ бя. Дар Илие с-а суит пе вырфул Кармелулуй ши, плекынду-се ла пэмынт, с-а ашезат ку фаца ынтре ӂенункь
43 ၄၃ မိမိ၏အစေခံအား``သင်သွား၍ပင်လယ်သို့ မျှော်ကြည့်လော့'' ဟုဆို၏။ အစေခံသည်သွား၍ကြည့်ရာမှပြန်လာပြီး နောက်``အဘယ်အရာကိုမျှကျွန်တော်မမြင် ပါ'' ဟုပြော၏။ ဧလိယသည်မိမိ၏အစေခံ အား ဤနည်းအတိုင်းခုနစ်ကြိမ်တိုင်တိုင်သွား ၍ကြည့်စေ၏။-
ши а зис служиторулуй сэу: „Суе-те ши уйтэ-те ынспре маре.” Служиторул с-а суит, с-а уйтат ши а зис: „Ну есте нимик!” Илие а зис де шапте орь: „Ду-те ярэшь.”
44 ၄၄ သတ္တမအကြိမ်၌အစေခံသည်ယင်းသို့သွား ၍ကြည့်ရာမှပြန်လာကာ``လူ၏လက်သဖွယ် သေးငယ်သောမိုးတိမ်ကိုကျွန်တော်မြင်ပါသည်'' ဟုလျှောက်၏။ ဧလိယကမိမိ၏အစေခံအား``သင်သည် အာဟပ်မင်းထံသို့သွားပြီးလျှင်မိုးမဆီး တားမီရထားပေါ်သို့တက်၍ နန်းတော်သို့ ပြန်တော်မူရန်လျှောက်ထားလော့'' ဟုအမိန့် ပေး၏။
А шаптя оарэ, служиторул а зис: „Ятэ кэ се ридикэ ун мик нор дин маре, ка о палмэ де ом.” Илие а зис: „Суе-те ши спуне луй Ахаб: ‘Ынхамэ ши кобоарэ-те, ка сэ ну те опряскэ плоая.’”
45 ၄၅ အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-
Песте кытева клипе, черул с-а ыннегрит де норь, а ынчепут вынтул ши а венит о плоае маре. Ахаб с-а суит ын кар ши а плекат ла Изреел.
46 ၄၆ ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။
Ши мына Домнулуй а венит песте Илие, каре шь-а ынчинс мижлокул ши а алергат ынаинтя луй Ахаб пынэ ла интраря ын Изреел.