< ၃ ဓမ္မရာဇဝင် 18 >

1 ထို့​နောက်​ကာ​လ​အ​တန်​ကြာ​၍ မိုး​ခေါင်​ချိန် သုံး​နှစ်​မျှ​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား``သင်​သည်​သွား​၍​အာ​ဟပ်​မင်း ၏​ရှေ့​တော်​သို့​ဝင်​လော့။ ငါ​သည်​မိုး​ကို​ရွာ စေ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း၊-
E MOLTO tempo appresso, la parola del Signore fu [indirizzata] ad Elia, nell'anno terzo, dicendo: Va', mostrati ad Achab, ed io manderò della pioggia sopra il paese.
2 ဧ​လိ​ယ​သည်​လည်း​သွား​လေ​၏။ ထို​အ​ချိန်​အ​ခါ​၌ ရှ​မာ​ရိ​ပြည်​မိုး​ခေါင်​မှု သည် အ​ဆိုး​ဆုံး​အ​ခြေ​အ​နေ​သို့​ရောက် လျက်​ရှိ​၏။-
Elia dunque andò per mostrarsi ad Achab.
3 ထို့​ကြောင့်​အာ​ဟပ်​သည်​နန်း​တော်​အုပ်​သြ​ဗ​ဒိ ကို​ခေါ်​တော်​မူ​၏။ (သြ​ဗ​ဒိ​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​လွန်​ကြည်​ညို​လေး​မြတ်​သူ ဖြစ်​သ​ဖြင့်၊-
Or la fame [era] grave in Samaria. Ed Achab chiamò Abdia, ch' [era suo] mastro di casa (or Abdia temeva grandemente il Signore;
4 ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-)
e quando Izebel distruggeva i profeti del Signore, Abdia prese cento profeti, e li nascose, cinquanta in una spelonca, e cinquanta in un'altra, e li nudrì di pane e d'acqua);
5 အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။-
ed Achab disse ad Abdia: Va' per lo paese, a tutte le fonti dell'acque, ed a tutti i torrenti; forse troveremo dell'erba, e conserveremo in vita i cavalli ed i muli; e non lasceremo che [il paese] divenga deserto di bestie.
6 သူ​တို့​နှစ်​ဦး​သွား​ရောက်​ကြည့်​ရ​မည့်​အ​ရပ် များ​ကို​သ​ဘော​တူ​ကြ​ပြီး​လျှင် တစ်​ယောက် တစ်​လမ်း​စီ​ထွက်​သွား​ကြ​၏။
Spartirono adunque fra loro il paese, per andare attorno per esso; Achab andò per un cammino da parte, e Abdia per un altro cammino da parte.
7 ယင်း​သို့​ထွက်​ခွာ​သွား​စဉ်​သြ​ဗ​ဒိ​သည် ဧ​လိ​ယ နှင့်​ရုတ်​တ​ရက်​တွေ့​ဆုံ​မိ​လေ​သည်။ သူ​သည် ဧ​လိ​ယ​ကို​မှတ်​မိ​သ​ဖြင့်​ဦး​ညွှတ်​ပျပ်​ဝပ် ၍``အ​ရှင်​သည်​အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ​ပါ လော'' ဟု​မေး​၏။
E mentre Abdia era per cammino, ecco, Elia [gli venne] incontro. E [Abdia], riconosciutolo, si gittò in terra sopra la sua faccia, e disse: [Sei] tu desso, Elia, mio signore?
8 ဧ​လိ​ယ​က​လည်း``ဟုတ်​ပါ​သည်။ သင်​သည်​သင် ၏​အ​ရှင်​ဘု​ရင်​မင်း​မြတ်​ထံ​သို့​သွား​၍ ဤ​အ​ရပ် တွင်​ငါ​ရှိ​ကြောင်း​လျှောက်​ထား​လော့'' ဟု​ဆို​၏။
Ed egli gli rispose: Sì, sono. Va', di' al tuo signore: Ecco Elia.
9 သြ​ဗ​ဒိ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​သည့်​အ​တွက် အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ် မင်း​၏​လက်​တွင်​အ​သတ်​ခံ​ရ​စေ​ရန် ဤ​သို့​ခိုင်း စေ​တော်​မူ​လို​ပါ​သ​နည်း။-
Ma egli disse: Qual peccato ho io commesso, che tu voglia dare il tuo servitore nelle mani di Achab, per farmi morire?
10 ၁၀ မင်း​ကြီး​သည်​အ​ရှင့်​အား​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ တွင်​ရှာ​ဖွေ​စေ​ကြောင်း​ကို အ​သက်​ရှင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​အ​ရှင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​အ​ကျွန်ုပ်​ကျိန်​ဆို​ပါ​၏။ ဤ မည်​သော​နိုင်​ငံ​တွင်​ဧ​လိ​ယ​မ​ရှိ​ပါ​ဟု​ဆို​သော မင်း​အား မင်း​ကြီး​က​အ​ကယ်​ပင်​ရှာ​၍​မ​တွေ့ ကြောင်း​ကို​သစ္စာ​ဆို​စေ​ပါ​၏။-
[Come] il Signore Iddio tuo vive, non v'è nazione, nè regno, dove il mio signore non abbia mandato a cercarti; ma è stato detto che [tu] non [v'eri]; anzi ha scongiurato il regno e la nazione, [per sapere] se niuno ti avea trovato.
11 ၁၁ ယ​ခု​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ်​မင်း ထံ​သို့​သွား​၍ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ​နေ ကြောင်း​လျှောက်​ထား​စေ​ပါ​၏။-
E ora tu dici: Va', di' al tuo signore: Ecco Elia.
12 ၁၂ အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည်​အ​ကျွန်ုပ်​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် အ​ရှင့်​အား​အ​ကျွန်ုပ်​မ​သိ​သည့်​အ​ရပ်​သို့ ခေါ်​ဆောင်​သွား​ခဲ့​သော် အ​ကျွန်ုပ်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ နေ​ကြောင်း​မင်း​ကြီး​အား​အကျွန်ုပ်​လျှောက်​ထား ပြီး​နောက် မင်း​ကြီး​သည်​အ​ရှင်​အား​မ​တွေ့ ရ​ပါ​က​အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​သူ​ငယ်​အ​ရွယ်​မှ​အ​စ​ပြု ၍​ထာ​ဝ​ရ​ဘု​ရား​အား​အ​လွန်​ကြည်​ညို လေး​မြတ်​ခဲ့​သူ​ဖြစ်​ကြောင်း​အောက်​မေ့ သ​တိ​ရ​တော်​မူ​ပါ။-
Ed avverrà che, [quando] io sarò partito d'appresso a te, lo Spirito del Signore ti trasporterà in qualche luogo che io non saprò, e quando io sarò venuto ad Achab, per rapportargli [questo], egli, non trovandoti, mi ucciderà; e pure il tuo servitore teme il Signore dalla sua giovanezza.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ ဗေ​လ​သတ်​နေ​သော​အ​ခါ​၌ အ​ကျွန်ုပ်​သည် ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး​ဆယ်​စီ​နှစ်​စု​ခွဲ​၍ ဂူ​များ​တွင်​ဝှက်​ထား​ကာ အ​စာ​ရေ​စာ​ကျွေး မွေး​ခဲ့​ကြောင်း​ကို​အ​ရှင်​ကြား​တော်​မ​မူ​ပါ သ​လော။-
Non è egli stato dichiarato al mio signore ciò che io feci, quando Izebel uccideva i profeti del Signore? come io ne nascosi cento, cinquanta in una spelonca, e cinquanta in un'altra, e li nudrii di pane e d'acqua?
14 ၁၄ သို့​ဖြစ်​၍​အ​ရှင်​သည်​အ​ဘယ်​သို့​လျှင် အ​ကျွန်ုပ် အား​မင်း​ကြီး​ထံ​သို့​စေ​လွှတ်​၍ ဤ​အ​ရပ်​တွင် အ​ရှင်​ရှိ​တော်​မူ​ကြောင်း​လျှောက်​ထား​စေ​နိုင် ပါ​မည်​နည်း။ သူ​သည်​အ​ကျွန်ုပ်​အား​သတ် ပါ​လိမ့်​မည်'' ဟု​ဆို​၏။
E ora tu dici: Va', di' al tuo signore: Ecco Elia; onde egli mi ucciderà.
15 ၁၅ ဧ​လိ​ယ​က``ငါ​သည်​ယ​နေ့​မင်း​ကြီး​၏​ရှေ့​တော် သို့​ဝင်​မည်​ဖြစ်​ကြောင်း ငါ​ကိုး​ကွယ်​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​၏'' ဟု​ဆို​၏။
Ma Elia disse: [Come] il Signore degli eserciti, al quale io ministro, vive, oggi io mi mostrerò ad Achab.
16 ၁၆ ထို့​ကြောင့်​သြ​ဗ​ဒိ​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍ လျှောက်​ထား​ရာ အာ​ဟပ်​သည်​ဧ​လိ​ယ​နှင့်​တွေ့​ဆုံ ရန်​ကြွ​လာ​တော်​မူ​၏။-
Abdia adunque andò ad incontrare Achab, e gli rapportò [la cosa]. Ed Achab andò ad incontrare Elia.
17 ၁၇ ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ​အာ​ဟပ်​က``ဣ​သ ရေ​လ​ပြည်​တွင်​ဒုက္ခ​ပေး​သူ​ကို​ယ​ခု​ငါ​တွေ့ ပြီ'' ဟု​ဆို​၏။
E come Achab ebbe veduto Elia, gli disse: [Sei] tu [qui], tu, che conturbi Israele?
18 ၁၈ ဧ​လိ​ယ​က``ဒုက္ခ​ပေး​သူ​မှာ​ငါ​မ​ဟုတ်။ ဒုက္ခ​ပေး သူ​များ​မှာ​သင်​နှင့်​သင်​၏​ခ​မည်း​တော်​သာ​လျှင် ဖြစ်​ပါ​သည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​တို့​ကို​လွန်​ဆန်​၍ ဗာ​လ​ဘု​ရား​၏​ရုပ်​တု များ​ကို​ရှိ​ခိုး​ဝတ်​ပြု​လျက်​နေ​ပေ​သည်။-
Ma egli disse: Io non ho conturbato Israele; anzi tu, e la casa di tuo padre, [l'avete conturbato], avendo voi lasciati i comandamenti del Signore, ed essendo tu andato dietro a' Baali.
19 ၁၉ ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​က​ရ မေ​လ​တောင်​ထိပ်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ကြ​ရန် အ​မိန့်​ပေး​ပါ​လော့။ ယေ​ဇ​ဗေ​လ​မိ​ဖု​ရား ထောက်​ပံ့​ကျွေး​မွေး​ထား​သည့်​ဗာ​လ​ပ​ရော​ဖက် လေး​ရာ့​ငါး​ဆယ်​နှင့်​အာ​ရှ​ရ​ဘု​ရား​မ​၏ ပ​ရော​ဖက်​လေး​ရာ​တို့​ကို​လည်း​ခေါ်​ဖိတ်​ပါ လော့'' ဟု​ပြန်​ပြော​၏။
Ma ora, manda a far adunare appresso di me, in sul monte Carmel, tutto Israele, insieme co' quattrocencinquanta profeti di Baal, e i quattrocento profeti del bosco, che mangiano alla tavola d'Izebel.
20 ၂၀ သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​နှင့် ဗာ​လ​ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ထိပ်​သို့​စု​ရုံး​စေ​တော်​မူ​၏။-
E Achab mandò a tutti i figliuoli d'Israele, e adunò que' profeti in sul monte Carmel.
21 ၂၁ ဧ​လိ​ယ​သည်​ထို​လူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍``သင် တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင်​စိတ်​ဇ​ဝေ​ဇ​ဝါ ရှိ​နေ​ကြ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​မှန်​ဖြစ်​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ ဗာ​လ​သည်​ဘု​ရား​အ​မှန် ဖြစ်​လျှင်​မူ​ကား​သူ့​အား​ဝတ်​ပြု​ကိုး​ကွယ် ကြ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည် မည်​သို့​မျှ​ပြန်​၍​မ​ပြော​ကြ။-
Allora Elia si accostò a tutto il popolo, e disse: Infino a quando zoppicherete de' due lati? Se il Signore [è Dio], seguitatelo; se [altresì] Baal [è Dio], seguitate lui. Ma il popolo non gli rispose nulla.
22 ၂၂ ထို​အ​ခါ​ဧ​လိ​ယ​က``ထာ​ဝရ​ဘု​ရား​၏ ပ​ရော​ဖက်​များ​အ​နက် ငါ​တစ်​ဦး​တည်း​ကျန် ရှိ​နေ​၏။ ဗာ​လ​ပ​ရော​ဖက်​များ​မူ​ကား​လေး ရာ​ငါး​ဆယ်​ရှိ​ပေ​သည်။-
Ed Elia disse al popolo: Io son restato solo profeta del Signore, ed i profeti di Baal [sono] quattrocencinquant'uomini.
23 ၂၃ နွား​လား​ဥ​သ​ဘ​နှစ်​ကောင်​ကို​ယူ​ပြီး​လျှင် တစ်​ကောင်​ကို​ထို​သူ​တို့​အား​ပေး​ကြ​လော့။ သူ​တို့​သည်​ထို​နွား​ကို​သတ်​၍​အ​ပိုင်း​ပိုင်း ခုတ်​ပြီး​လျှင်​ထင်း​များ​အ​ပေါ်​တွင်​တင်​ထား ကြ​ပါ​စေ။ သို့​ရာ​တွင်​မီး​မ​ညှိ​စေ​ကြ​နှင့်။ ငါ​သည်​အ​ခြား​နွား​တစ်​ကောင်​ကို​ထို​နည်း တူ​ပြု​မည်။-
Or sienci dati due giovenchi, ed eleggansene essi uno, e taglinlo a pezzi, e ponganlo sopra delle legne, senza metter[vi] fuoco; io altresì appresterò l'altro giovenco, e lo porrò sopra delle legne, e non [vi] metterò fuoco.
24 ၂၄ ထို့​နောက်​ဗာ​လ​ပ​ရော​ဖက်​တို့​သည်​မိ​မိ​တို့ ဘု​ရား​ထံ​သို့​ဆု​တောင်း​ကြ​စေ။ ငါ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​မည်။ ငါ​တို့​အ​သီး​သီး​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​၍ မီး​ကို​ချ​ပေး​တော် မူ​သော​အ​ရှင်​သည်​ဘု​ရား​အ​မှန်​ဖြစ်​၏'' ဟု ဆို​လေ​သည်။ လူ​အ​ပေါင်း​တို့​သည် ဧ​လိ​ယ​၏​ပြော​ကြား ချက်​ကို​သ​ဘော​တူ​ကြောင်း​ဟစ်​အော်​၍ ဖော်​ပြ​ကြ​၏။
Poi invocate il nome de' vostri dii; ed io invocherò il Nome del Signore. E quel dio che risponderà per fuoco, sia Iddio. E tutto il popolo rispose, e disse: Ben dici.
25 ၂၅ ထို​အ​ခါ​ဧ​လိ​ယ​သည် ဗာ​လ​ပ​ရော​ဖက်​တို့ အား``သင်​တို့​က​အ​ရေ​အ​တွက်​အား​ဖြင့်​များ သည်​ဖြစ်​သော​ကြောင့် နွား​တစ်​ကောင်​ကို​ဦး​စွာ ယူ​၍​ပြင်​ဆင်​ကြ​လော့။ သင်​တို့​၏​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ထင်း​များ ကို​မူ​မီး​မ​ညှိ​ကြ​နှင့်'' ဟု​ဆို​၏။
Ed Elia disse a' profeti di Baal: Sceglietevi uno de' giovenchi, e apprestate[lo] i primi; perciocchè voi [siete] in maggior numero; e invocate il nome de' vostri dii, ma non vi mettete fuoco.
26 ၂၆ သူ​တို့​သည်​လည်း​မိ​မိ​တို့​ထံ​သို့​ယူ​ဆောင် လာ​သော​နွား​ကို​ယဇ်​ပူ​ဇော်​ရန်​အ​တွက် ပြင် ဆင်​ကြ​ပြီး​လျှင်​ဗာ​လ​ဘု​ရား​ထံ​သို့​မွန်း တည့်​ချိန်​တိုင်​အောင်​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​၏။ သူ​တို့​က``အို ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ ပါ'' ဟု​ဟစ်​အော်​ကြ​ပြီး​လျှင် မိ​မိ​တို့​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​၏​ပတ်​လည်​တွင် က​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ဗာ​လ​ဘု​ရား ထံ​မှ​မည်​သို့​မျှ​အ​ဖြေ​မ​ရ​ကြ။
Essi adunque presero il giovenco ch'egli diede loro, e [l]'apprestarono; poi invocarono il nome di Baal, dalla mattina infino a mezzodì, dicendo: O Baal, rispondici. Ma non [v'era] nè voce, nè chi rispondesse; ed essi saltavano intorno all'altare che aveano fatto.
27 ၂၇ မွန်း​တည့်​ချိန်​၌​ဧ​လိ​ယ​သည်​သူ​တို့​အား``သင် တို့​သည်​ပို​၍​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ကြ လော့။ ဗာ​လ​ကား​ဘု​ရား​ပေ​တည်း။ သူ​သည်​ဆင် ခြင်​စဉ်​စား​လျက်​သော်​လည်း​ကောင်း၊ တ​ပို​တ​ပါး သွား​လျက်​သော်​လည်း​ကောင်း၊ ခ​ရီး​လွန်​၍​သော် လည်း​ကောင်း​နေ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်​လည်း အိပ်​လျက်​နေ​ကောင်း​နေ​မည်​ဖြစ်​၍​သူ့​အား နှိုး​ရ​ကြ​မည်'' ဟု​ပြက်​ရယ်​ပြု​၍​ဆို​၏။-
E in sul mezzodì Elia li beffava, e diceva: Gridate con gran voce, poichè egli [è] dio; perciocchè egli è in alcun ragionamento, o in procaccio di qualche cosa, o in viaggio; forse [anche] dorme, e si risveglierà.
28 ၂၈ သို့​ဖြစ်​၍​ဗာ​လ​ပရော​ဖက်​တို့​သည်​ပို​၍​အ​သံ ကျယ်​စွာ​ဆု​တောင်း​လျက် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့် အ​တိုင်း​ဋ္ဌား​နှင့်​ဋ္ဌား​မြှောင်​များ​ဖြင့်​သွေး​ယို စီး​လာ​သည့်​တိုင်​အောင်​ကိုယ်​ကို​ရှ​စေ​ကြ လေ​သည်။-
Essi adunque gridavano con gran voce, e si facevano delle talgliature, secondo il lor costume, con coltelli, e con lancette, fino a spandersi il sangue addosso.
29 ၂၉ သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။
E quando il mezzodì fu passato, ed essi ebbero profetizzato fino [all'ora] che si offerisce l'offerta, non [essendovi] nè voce, nè chi rispondesse, nè chi attendesse [a ciò che facevano],
30 ၃၀ ထို့​နောက်​ဧ​လိ​ယ​က​လူ​တို့​အား``ငါ့​အ​နီး သို့​လာ​ကြ​လော့'' ဟု​ဆို​သ​ဖြင့် လူ​တို့​သည် သူ​၏​ပတ်​လည်​သို့​လာ​ရောက်​စု​ရုံး​ကြ​သော အ​ခါ ဧ​လိ​ယ​သည်​ဖြို​ချ​ထား​သည့်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ကို​ပြန်​၍​ပြု​ပြင်​၏။-
Elia disse a tutto il popolo: Accostatevi a me. E tutto il popolo si accostò a lui. Ed egli racconciò l'altare del Signore ch'era stato disfatto.
31 ၃၁ သူ​သည်​ဣ​သ​ရေ​လ​ဟူ​သော​နာ​မည်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သ​မုတ်​တော်​မူ​သူ ယာ​ကုပ်​မှ ဆင်း​သက်​လာ​သော​တစ်​ဆယ့်​နှစ်​နွယ်​ကို​ရည် စူး​၍​ကျောက်​ဆယ့်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင်၊-
Poi Elia prese dodici pietre, secondo il numero delle tribù dei figliuoli di Giacobbe, al quale il Signore avea detto: Il tuo nome sarà Israele.
32 ၃၂ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယဇ် ပလ္လင်​ကို​တည်​လေ​သည်။ ထို​ယဇ်​ပလ္လင်​၏​ပတ်​လည် ၌​ရေ​လေး​ဂါ​လံ​ခန့်​ဝင်​သည့်​မြောင်း​ကို​တူး​၏။-
E di quelle pietre edificò un altare al Nome del Signore, e fece d'intorno all'altare un condotto della capacità d'intorno a due staia di semenza.
33 ၃၃ ထို့​နောက်​ထင်း​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စီ​၍​တင် ပြီး​နောက် နွား​ကို​အ​ပိုင်း​ပိုင်း​ခုတ်​၍​ထင်း​ပေါ်​တွင် တင်​ထား​လေ​သည်။ သူ​က``အိုး​လေး​လုံး​ကို​ရေ အ​ပြည့်​ခပ်​၍​ပူ​ဇော်​သကာ​နှင့်​ထင်း​ပေါ်​သို့ လောင်း​လော့'' ဟု​ဆို​သည့်​အ​တိုင်း​လူ​တို့ လောင်း​ပြီး​သော​အ​ခါ၊-
Poi ordinò le legne, e tagliò il giovenco a pezzi, e lo mise sopra le legne.
34 ၃၄ ဧ​လိ​ယ​က``တစ်​ဖန်​လောင်း​ဦး​လော့'' ဟု​ဆို​၏။ လူ​တို့​သည်​နောက်​တစ်​ကြိမ်​လောင်း​ပြီး​သော​အ​ခါ ဧ​လိ​ယ​က``ထပ်​မံ​၍​လောင်း​ဦး​လော့'' ဟု​ဆို ပြန်​၏။ လူ​တို့​သည်​လည်း​ထပ်​မံ​၍​လောင်း​ကြ သ​ဖြင့်၊-
E disse: empiete quattro vasi d'acqua, e spandetela sopra l'olocausto, e sopra le legne. Poi disse: Fatelo la seconda volta. Ed essi lo fecero la seconda volta. Poi disse: Fatelo la terza volta. Ed essi lo fecero la terza volta;
35 ၃၅ ရေ​သည်​ယဇ်​ပလ္လင်​ပတ်​လည်​သို့​စီး​၍​မြောင်း သည်​ရေ​ပြည့်​လေ​၏။
talchè l'acqua andava intorno all'altare, ed anche empiè il condotto.
36 ၃၆ ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-
E in [su l'ora] che si offerisce l'offerta, il profeta Elia si accostò, e disse: Signore Iddio d'Abrahamo, d'Isacco, e d'Israele, conoscasi oggi che tu [sei] Dio in Israele, e che io [son] tuo servitore, e che per la tua parola io ho fatte tutte queste cose.
37 ၃၇ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ထာ​ဝ​ရ​အ​ရှင် သည် ဘု​ရား​အ​မှန်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ဤ​သူ​တို့​အား​အ​ထံ​တော်​သို့​ပြန် လည်​ခေါ်​ယူ​လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း ကောင်း ဤ​လူ​တို့​သိ​စေ​ခြင်း​ငှာ​အ​ကျွန်ုပ်​အား ဖြေ​ကြား​တော်​မူ​ပါ။ ဖြေ​ကြား​တော်​မူ​ပါ'' ဟု ဆု​တောင်း​လေ​၏။
Rispondimi, Signore, rispondimi; acciocchè questo popolo conosca che tu, Signore, [sei] l'Iddio, e che tu hai rivolto il cuor loro indietro.
38 ၃၈ ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။-
Allora cadde fuoco del Signore, e consumò l'olocausto, e le legne, e le pietre, e la polvere, e lambì l'acqua che [era] nel condotto.
39 ၃၉ ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ လူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​မြေ​ပေါ်​တွင်​လှဲ​ချ​ကာ``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​အ​မှန်​ပင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​အ​မှန်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။
E tutto il popolo, avendo [ciò] veduto, cadde sopra la sua faccia, e disse: Il Signore è l'Iddio, il Signore è l'Iddio.
40 ၄၀ ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။
Ed Elia disse loro: Prendete i profeti di Baal, non iscampine alcuno. Ed essi li presero. Ed Elia li fece scendere al torrente Chison, e quivi li scannò.
41 ၄၁ ထို့​နောက်​ဧ​လိ​ယ​သည် အာ​ဟပ်​မင်း​အား``ယ​ခု သင်​သွား​၍​အ​စား​အ​စာ​ကို​စား​သောက်​ပါ​လော့။ မိုး​လာ​နေ​သည့်​အ​သံ​ကို​ငါ​ကြား​၏'' ဟု​ဆို သ​ဖြင့်၊-
Allora Elia disse ad Achab: Sali, mangia, e bevi; perciocchè, [ecco] il suon d'un romor di pioggia. Ed Achab salì per mangiare e per bere.
42 ၄၂ အာ​ဟပ်​သည်​စား​သောက်​ရန်​ထွက်​ခွာ​သွား​စဉ် ဧ​လိ​ယ​သည်​က​ရ​မေ​လ​တောင်​ထိပ်​သို့​တက် ပြီး​လျှင် မိ​မိ​၏​ဒူး​နှစ်​ခု​အ​ကြား​တွင်​မြေ သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
Ed Elia salì in su la sommità di Carmel; ed inchinatosi a terra, mise la faccia fra le ginocchia;
43 ၄၃ မိ​မိ​၏​အ​စေ​ခံ​အား``သင်​သွား​၍​ပင်​လယ်​သို့ မျှော်​ကြည့်​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​သွား​၍​ကြည့်​ရာ​မှ​ပြန်​လာ​ပြီး နောက်``အ​ဘယ်​အ​ရာ​ကို​မျှ​ကျွန်​တော်​မ​မြင် ပါ'' ဟု​ပြော​၏။ ဧ​လိ​ယ​သည်​မိ​မိ​၏​အ​စေ​ခံ အား ဤ​နည်း​အ​တိုင်း​ခု​နစ်​ကြိမ်​တိုင်​တိုင်​သွား ၍​ကြည့်​စေ​၏။-
e disse al suo servitore: Deh! sali, [e] riguarda verso il mare. Ed egli salì, e riguardò, e disse: Ei non [vi è] nulla. Ed [Elia] disse: Ritornavi fino a sette volte.
44 ၄၄ သတ္တ​မ​အ​ကြိမ်​၌​အ​စေ​ခံ​သည်​ယင်း​သို့​သွား ၍​ကြည့်​ရာ​မှ​ပြန်​လာ​ကာ``လူ​၏​လက်​သ​ဖွယ် သေး​ငယ်​သော​မိုး​တိမ်​ကို​ကျွန်​တော်​မြင်​ပါ​သည်'' ဟု​လျှောက်​၏။ ဧ​လိ​ယ​က​မိ​မိ​၏​အ​စေ​ခံ​အား``သင်​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်​မိုး​မ​ဆီး တား​မီ​ရ​ထား​ပေါ်​သို့​တက်​၍ နန်း​တော်​သို့ ပြန်​တော်​မူ​ရန်​လျှောက်​ထား​လော့'' ဟု​အ​မိန့် ပေး​၏။
Ed alla settima volta il servitore disse: Ecco, una piccola nuvola, come la palma della mano d'un uomo, sale dal mare. Ed [Elia] disse: Va', di' ad Achab: Metti i cavalli [al carro], e scendi, chè la pioggia non ti arresti.
45 ၄၅ အ​ချိန်​အ​နည်း​ငယ်​အ​တွင်း​၌​ပင်​ကောင်း​ကင် ပြင်​တွင် တိမ်​မည်း​များ​အုပ်​ဆိုင်း​လာ​ပြီး​လျှင် လေ​တိုက်​လျက်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​လေ​၏။ အာ​ဟပ်​သည်​လည်း​ရ​ထား​ပေါ်​သို့​တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​၏။-
Ed a poco a poco il cielo si oscurò di nuvoli e di vento, e vi fu una gran pioggia. E Achab montò sopra il suo carro, e se ne andò in Izreel.
46 ၄၆ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ဧ​လိ​ယ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည်​မိ​မိ​၏ ဝတ်​လုံ​ကို​ခါး​တွင်​စည်း​၍​ယေ​ဇ​ရေ​လ​မြို့ သို့​ရောက်​သည့်​တိုင်​အောင်​အာ​ဟပ်​၏​ရှေ့​က ပြေး​လေ​၏။
E la mano del Signore fu sopra Elia; ed egli si cinse i lombi, e corse davanti ad Achab, fino all'entrata d'Izreel.

< ၃ ဓမ္မရာဇဝင် 18 >