< ၃ ဓမ္မရာဇဝင် 17 >

1 ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။
Et dixit Elias Thesbites de habitatoribus Galaad ad Achab: Vivit Dominus Deus Israel, in cuius conspectu sto, si erit annis his ros et pluvia, nisi iuxta oris mei verba.
2 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​အား၊-
Et factum est verbum Domini ad eum, dicens:
3 ``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။-
Recede hinc, et vade contra Orientem, et abscondere in Torrente carith, qui est contra Iordanem,
4 သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
et ibi de torrente bibes: corvisque praecepi ut pascant te ibi.
5 ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။-
Abiit ergo, et fecit iuxta verbum Domini: cumque abiisset, sedit in Torrente carith, qui est contra Iordanem.
6 သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။-
Corvi quoque deferebant ei panem et carnes mane, similiter panem et carnes vesperi, et bibebat de torrente.
7 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။
Post dies autem siccatus est torrens: non enim pluerat super terram.
8 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​က​ဧ​လိ​ယ​အား၊-
Factus est ergo sermo Domini ad eum, dicens:
9 ``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
Surge, et vade in Sarephta Sidoniorum, et manebis ibi: praecepi enim ibi mulieri viduae ut pascat te.
10 ၁၀ သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။-
Surrexit, et abiit in Sarephta. Cumque venisset ad portam civitatis, apparuit ei mulier vidua colligens ligna, et vocavit eam, dixitque ei: Da mihi paululum aquae in vase, ut bibam.
11 ၁၁ မု​ဆိုး​မ​သည်​ရေ​ခပ်​ရန်​ထွက်​သွား​သော​အ​ခါ ဧ​လိ​ယ​က``ငါ့​အ​တွက်​မုန့်​အ​နည်း​ငယ်​ကို လည်း​ယူ​လာ​ခဲ့​ပါ'' ဟု​ဟစ်​အော်​၍​ပြော​၏။
Cumque illa pergeret ut afferret, clamavit post tergum eius, dicens: Affer mihi, obsecro, et buccellam panis in manu tua.
12 ၁၂ မု​ဆိုး​မ​က``ကျွန်​မ​မှာ​မုန့်​တစ်​ချပ်​မျှ​မ​ရှိ ကြောင်း အ​သက်​ရှင်​တော်​မူ​သော​သင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​ပါ​၏။ မုန့်​ခွက် ထဲ​တွင်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​နှင့်​ဆီ​ဘူး တွင် သံ​လွင်​ဆီ​အ​နည်း​ငယ်​မျှ​သာ​ကျွန်​မ​မှာ ရှိ​ပါ​၏။ ဤ​ရှိ​စု​မဲ့​စု​က​လေး​ဖြင့်​ကျွန်​မ နှင့်​သား​ငယ်​အ​တွက်​မုန့်​လုပ်​၍​မီး​ဖုတ်​စား နိုင်​ရန် ဤ​နေ​ရာ​သို့​လာ​၍​ထင်း​အ​နည်း​ငယ် ခွေ​နေ​ခြင်း​ဖြစ်​ပါ​သည်။ ထို​မုန့်​သည်​ကျွန်​မ တို့​နောက်​ဆုံး​စား​ကြ​ရ​မည့်​အ​စား​အ​စာ​ပင် ဖြစ်​ပါ​သည်။ ထို့​နောက်​ကျွန်​မ​တို့​သည်​အ​စာ ငတ်​၍​သေ​ကြ​ရန်​ပင်​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​လေ​၏။
Quae respondit: Vivit Dominus Deus tuus, quia non habeo panem, nisi quantum pugillus capere potest farinae in hydria, et paululum olei in lecytho: en colligo duo ligna ut ingrediar et faciam illum mihi et filio meo, ut comedamus, et moriamur.
13 ၁၃ ဧ​လိ​ယ​က​လည်း``မ​စိုး​ရိမ်​နှင့်။ သင်​တို့​စား​ရန် အ​စား​အ​စာ​ကို​သာ​သွား​၍​ပြင်​ဆင်​ပါ​လော့။ သို့​ရာ​တွင်​ဦး​စွာ​ပ​ထ​မ​ငါ​၏​အ​တွက်​မုန့် ပြား​တစ်​ချပ်​ကို​လုပ်​၍​ယူ​ခဲ့​လော့။ နောက်​မှ ကျန်​ရှိ​သော​မုန့်​ညက်​ဖြင့်​သင်​တို့​သား​အ​မိ အ​တွက်​မုန့်​ကို​လုပ်​ပါ​လော့။-
Ad quam Elias ait: Noli timere, sed vade, et fac sicut dixisti: verumtamen mihi primum fac de ipsa farinula subcinericium panem parvulum, et affer ad me: tibi autem et filio tuo facies postea.
14 ၁၄ အ​ဘယ်​ကြောင့်​ဆို​သော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​မ​ရွာ​စေ​မီ​ကာ​လ အ​တွင်း မုန့်​ခွက်​တွင်​မုန့်​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်'' ဟု မု​ဆိုး​မ​အား​ပြော​လေ​၏။
Haec autem dicit Dominus Deus Israel: Hydria farinae non deficiet, nec lecythus olei minuetur usque ad diem, in qua Dominus daturus est pluviam super faciem terrae.
15 ၁၅ မု​ဆိုး​မ​သည်​ဧ​လိ​ယ​ပြော​သည့်​အ​တိုင်း​ပြု သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ရက်​ပေါင်း​များ​စွာ စား​ရန်​အ​တွက် အ​စား​အ​စာ​ကို​အ​လုံ အ​လောက်​ရ​ရှိ​ကြ​လေ​သည်။-
Quae abiit, et fecit iuxta verbum Eliae: et comedit ipse, et illa, et domus eius: et ex illa die
16 ၁၆ ဧ​လိ​ယ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​က​တိ ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း မုန့်​ခွက်​တွင်​မုန့် ညက်​မ​ပြတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​မ​ပြတ်။
hydria farinae non defecit, et lecythus olei non est imminutus, iuxta verbum Domini, quod locutus fuerat in manu Eliae.
17 ၁၇ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ မု​ဆိုး​မ ၏​သား​သည်​ဖျား​နာ​၍ သူ​၏​ရော​ဂါ​အ​ခြေ အ​နေ​မှာ​ဆိုး​သည်​ထက်​ဆိုး​၍​လာ​ပြီး​လျှင် နောက်​ဆုံး​၌​သူ​ငယ်​သည်​သေ​ဆုံး​သွား​တော့ ၏။-
Factum est autem post haec, aegrotavit filius mulieris matris familias, et erat languor fortissimus ita ut non remaneret in eo halitus.
18 ၁၈ မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။
Dixit ergo ad Eliam: Quid mihi et tibi vir Dei? ingressus es ad me, ut rememorarentur iniquitates meae, et interficeres filium meum?
19 ၁၉ ဧ​လိ​ယ​က``သင်​၏​သား​ကို​ငါ့​အား​ပေး​လော့'' ဟု​ဆို​ကာ​မု​ဆိုး​မ​၏​လက်​မှ​သူ​ငယ်​ကို​ယူ​၍ မိ​မိ​တည်း​ခို​ရာ​အ​ထက်​ခန်း​သို့​ပွေ့​ချီ​သွား ပြီး​လျှင် အိပ်​ရာ​ပေါ်​တွင်​ချ​ထား​လိုက်​၏။-
Et ait ad eam Elias: Da mihi filium tuum. Tulitque eum de sinu eius, et portavit in caenaculum ubi ipse manebat, et posuit super lectulum suum.
20 ၂၀ ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-
Et clamavit ad Dominum, et dixit: Domine Deus meus, etiam ne viduam, apud quam ego utcumque sustentor, afflixisti ut interficeres filium eius?
21 ၂၁ ထို့​နောက်​ဧ​လိ​ယ​သည်​သူ​ငယ်​၏​အ​ပေါ်​တွင် သုံး​ကြိမ်​တိုင်​တိုင်​ဝမ်း​လျား​မှောက်​ပြီး​လျှင်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​က​လေး​ကို​အ​သက်​ပြန်​၍​ရှင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​၏။-
Et expandit se, atque mensus est super puerum tribus vicibus, et clamavit ad Dominum, et ait: Domine Deus meus, revertatur obsecro anima pueri huius in viscera eius.
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​၏​ပန်​ကြား ချက်​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် က​လေး သည်​ထွက်​သက်​ဝင်​သက်​ကို​ပြန်​လည်​ရ​ရှိ ကာ​အ​သက်​ပြန်​၍​ရှင်​လာ​လေ​သည်။
Et exaudivit Dominus vocem Eliae: et reversa est anima pueri intra eum, et revixit.
23 ၂၃ ဧ​လိ​ယ​သည်​သူ​ငယ်​ကို​အိမ်​အောက်​ထပ်​သို့ ချီ​ဆောင်​သွား​ပြီး​လျှင် မိ​ခင်​ဖြစ်​သူ​အား``ကြည့် လော့။ သင်​၏​သား​သည်​အ​သက်​ရှင်​လျက်​ရှိ ပါ​၏'' ဟု​ဆို​၏။
Tulitque Elias puerum, et deposuit eum de caenaculo in inferiorem domum, et tradidit matri suae, et ait illi: En vivit filius tuus.
24 ၂၄ ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။
Dixitque mulier ad Eliam: Nunc, in isto cognovi quoniam vir Dei es tu, et verbum Domini in ore tuo verum est.

< ၃ ဓမ္မရာဇဝင် 17 >