< ၃ ဓမ္မရာဇဝင် 16 >
1 ၁ ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
2 ၂
3 ၃ ငါသည်ယေရောဗောင်အားပြုသကဲ့သို့ သင် နှင့်သင့်အိမ်ထောင်စုသားများအားသုတ် သင်ပယ်ရှင်းပစ်မည်။-
4 ၄ မြို့တွင်သေသူသင်၏အိမ်ထောင်စုသားတို့ သည်ခွေးစာ၊ မြို့ပြင်တွင်သေသူသည်လင်း တစာဖြစ်ကြလိမ့်မည်။''
5 ၅ ဗာရှာဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ များရှိသမျှနှင့် သူ၏စွန့်စားခန်းများကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
6 ၆ ဗာရှာကွယ်လွန်သောအခါသူ့ကိုတိရဇ မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ဧလာသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
7 ၇ ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
8 ၈ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခြောက်နှစ် မြောက်၌ ဗာရှာ၏သားတော်ဧလာသည်ဣသ ရေလပြည်တွင်နန်းတက်ပြီးလျှင် တိရဇမြို့ ၌နှစ်နှစ်မျှနန်းစံလေသည်။-
9 ၉ ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
10 ၁၀ ဇိမရိသည်ထိုအိမ်သို့ဝင်၍ဧလာအားလုပ် ကြံကာ သူ၏အရိုက်အရာကိုဆက်ခံ၍မင်း ပြု၏။ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့် ခုနစ်နှစ်မြောက်၌ဧလာသည်လုပ်ကြံခြင်း ကိုခံရသတည်း။
11 ၁၁ ဇိမရိသည်ဘုရင်ဖြစ်လျှင်ဖြစ်ချင်း ဗာရှာ ၏အိမ်ထောင်စုသားအပေါင်းကိုသတ်ပြီး နောက် ဗာရှာ၏ဆွေမျိုးမိတ်သင်္ဂဟများ အနက်ယောကျာ်းမှန်သမျှကိုလည်းသတ် လေသည်။-
12 ၁၂ သို့ဖြစ်၍ပရောဖက်ယေဟုအားဖြင့်ဗာရှာ အား ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကား နှင့်အညီ ဇိမရိသည်ဗာရှာနှင့်အိမ်ထောင် စုသားအပေါင်းကိုသတ်လေသတည်း။-
13 ၁၃ ဗာရှာနှင့်သားတော်ဧလာသည်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်လည်း ကောင်း၊ ဣသရေလပြည်သူတို့အားအပြစ် ကူးရန်ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် လည်းကောင်း ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၏အမျက် တော်ကိုလှုံ့ဆော်ပေးကြ၏။-
14 ၁၄ ဧလာဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များကိုဣသရေလရာဇဝင်တွင်ရေးထား သတည်း။
15 ၁၅ ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခုနစ် နှစ်မြောက်၌ ဇိမရိသည်ဣသရေလဘုရင် အဖြစ်ဖြင့်တိရဇမြို့တွင်ခုနစ်ရက်မျှ နန်းစံရ၏။ ထိုအခါ၌ဣသရေလစစ် သည်တော်တို့သည် ဖိလိတ္တိပြည်ဂိဗေသုန် မြို့ကိုဝိုင်းရံထားကြ၏။-
16 ၁၆ သူတို့သည်မင်းကြီးအားဇိမရိလျှို့ဝှက် လုပ်ကြံသည့်သတင်းကိုကြားသောအခါ ချက်ချင်းထိုအရပ်၌ပင်မိမိတို့၏ဗိုလ်ချုပ် သြမရိကိုဣသရေလဘုရင်အဖြစ်မင်း မြှောက်ကြ၏။-
17 ၁၇ သြမရိနှင့်သူ၏စစ်သူရဲတို့သည်ဂိဗေသုန် မြို့မှထွက်ခွာ၍ တိရဇမြို့သို့သွားရောက်ဝိုင်း ရံထားကြ၏။-
18 ၁၈ မြို့တော်ကျဆုံးတော့မည်ဖြစ်ကြောင်းသိရှိရ သောအခါ ဇိမရိသည်နန်းအတွင်းရဲတိုက်ခန်း သို့ဝင်၍နန်းတော်ကိုမီးရှို့ကာမီးတောက်မီး လျှံထဲ၌သေဆုံးသွားလေသည်။-
19 ၁၉ ဤသို့ဖြစ်ရခြင်းမှာ ထာဝရဘုရားအားသူ ပြစ်မှားသည့်အပြစ်များကြောင့်ဖြစ်၏။ သူသည် ဘုရင်ယေရောဗောင်ကဲ့သို့ကိုယ်တိုင်အပြစ်ကူး ၍ ဣသရေလပြည်သူတို့အားအပြစ်ကူးရန်ရှေ့ ဆောင်လမ်းပြခြင်းအားဖြင့် ထာဝရဘုရား မနှစ်သက်သောအမှုကိုပြုလေသည်။-
20 ၂၀ လျှို့ဝှက်လုပ်ကြံမှုအပါအဝင်ဇိမရိဆောင် ရွက်ခဲ့သည့် အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။
21 ၂၁ ဣသရေလပြည်သူတို့သည် စိတ်ဝမ်းကွဲ ပြားလျက်နေကြ၏။ အချို့တို့သည်ဂိနက် ၏သားတိဗနိကိုမင်းမြှောက်လိုကြ၏။ အချို့ကမူသြမရိကိုလိုလားကြ၏။-
22 ၂၂ နောက်ဆုံး၌သြမရိကိုလိုလားသူတို့ ကအနိုင်ရလေသည်။ တိဗနိသေ၍ သြမရိသည်ဘုရင်ဖြစ်လာလေသည်။-
23 ၂၃ သို့ဖြစ်၍သူသည်ယုဒဘုရင်အာသနန်း စံသုံးဆယ့်တစ်နှစ်မြောက်၌ ဣသရေလပြည် တွင်နန်းတက်၍တစ်ဆယ့်နှစ်နှစ်နန်းစံရလေ သည်။ သူသည်တိရဇမြို့တွင်ပထမခြောက် နှစ်နန်းစံပြီးလျှင်၊-
24 ၂၄ ရှမာရိတောင်ကိုရှမေရဆိုသူထံမှငွေ သားခြောက်ထောင်နှင့်ဝယ်ယူတော်မူ၏။ သြမရိ သည်ထိုတောင်ကိုတံတိုင်းကာရံကာမြို့တည် ပြီးမှ တောင်ပိုင်ရှင်ဟောင်းရှမေရ၏နာမည် ကိုအစွဲပြု၍ရှမာရိမြို့ဟုသမုတ်တော် မူ၏။
25 ၂၅ သြမရိသည် မိမိ၏နောင်တော့်နောင်တော် ဘုရင်အပေါင်းတို့ထက်ပင် ပိုမိုဆိုးရွားစွာ ထာဝရဘုရားအားပြစ်မှားလေသည်။-
26 ၂၆ သူသည်မိမိ၏နောင်တော်ဘုရင်ယေရောဗောင် ကဲ့သို့ မိမိ၏အပြစ်များအားဖြင့်လည်းကောင်း၊ ပြည်သူတို့အားအပြစ်ကူးရန်နှင့်ရုပ်တု များကိုဝတ်ပြုကိုးကွယ်ကြရန်ရှေ့ဆောင်လမ်း ပြပေးခြင်းအားဖြင့်လည်းကောင်း ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး၏။-
27 ၂၇ သြမရိဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှနှင့် သူ၏စွန့်စားခန်းများ ကိုဣသရေလရာဇဝင်တွင်ရေးသားထား သတည်း။-
28 ၂၈ သြမရိကွယ်လွန်သောအခါရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်အာဟပ်သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
29 ၂၉ ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။-
30 ၃၀ သူသည်မိမိ၏နောင်တော့်နောင်တော်ဘုရင် အပေါင်းတို့ထက် ပိုမိုဆိုးရွားစွာထာဝရ ဘုရားအားပြစ်မှားလေသည်။-
31 ၃၁ သူသည်ယေရောဗောင်ကဲ့သို့အပြစ်ကူးရရုံ ဖြင့်မကျေနပ်ဘဲ ထိုထက်တစ်ဆင့်တက်ပြီး လျှင်ဇိဒုန်မင်းဧသဗာလ၏သမီးတော် ယေဇဗေလကိုမိဖုရားမြှောက်၍ဗာလ ဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။-
32 ၃၂ သူသည်ရှမာရိမြို့တွင်ဗာလဘုရားအတွက် ဗိမာန်တော်ကိုတည်ဆောက်ကာထိုဗိမာန်တွင် ယဇ်ပလ္လင်ကိုတည်၏။-
33 ၃၃ အာရှရဘုရားမကိုဝတ်ပြုကိုးကွယ်ရန် အတွက် တံခွန်တိုင်ကိုလည်းစိုက်ထူလေသည်။ သူသည်မိမိ၏နောင်တော့်နောင်တော်ဣသရေ လဘုရင်အပေါင်းတို့ထက်ပင် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၏အမျက်တော်ကိုပို၍လှုံ့ဆော် ပေး၏။-
34 ၃၄ သူနန်းစံနေစဉ်အတွင်းဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုပြန်လည်တည် ထောင်လေသည်။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကားနှင့် အညီ ဟိဧလသည်ယေရိခေါမြို့ကိုအုတ် မြစ်ချချိန်၌မိမိ၏သားဦးအဘိရံကို လည်းကောင်း၊ မြို့တံခါးများတည်ဆောက် ချိန်၌သားထွေးစေဂုပ်ကိုလည်းကောင်း ဆုံးရှုံးရလေသည်။