< ၃ ဓမ္မရာဇဝင် 16 >

1 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊-
ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကို အကြောင်းပြု၍၊ ဟာနန် ၏သား ယေဟု သို့ ရောက် လာသည် ကား၊
2
သင့် ကို မြေမှုန့် ထဲက ငါကြွ ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် သော်လည်း ၊ သင်သည် ယေရောဗောင် ၏လမ်း သို့ လိုက် လျက် ၊ ဣသရေလ အမျိုးသည် ပြစ်မှား ၍၊ ငါ့ အမျက် ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
3 ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။-
သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါ ပယ်ရှား ၍၊ သင် ၏အမျိုး ကို နေဗတ် ၏သား ယေရောဗောင် ၏ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
4 မြို့​တွင်​သေ​သူ​သင်​၏​အိမ်​ထောင်​စု​သား​တို့ သည်​ခွေး​စာ၊ မြို့​ပြင်​တွင်​သေ​သူ​သည်​လင်း တ​စာ​ဖြစ်​ကြ​လိမ့်​မည်။''
ဗာရှာ ၏ အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်၊ အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟုမိန့် တော်မူ၏။
5 ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
ဗာရှာ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် သူ၏တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
6 ဗာ​ရှာ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​တိ​ရ​ဇ မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ဧ​လာ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
ဗာရှာ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ တိရဇ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ဧလာ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
7 ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။
ဗာရှာသည် ယေရောဗောင် အမျိုး နှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံ သော အပြစ်၊ မိမိ ပြုမူ သောအားဖြင့် ၊ ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ရှေ့ တော်၌ ပြစ်မှား သမျှ သော အပြစ် ကြောင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကိုအကြောင်းပြု၍၊ ဟာနန် ၏ သား ယေဟု အားဖြင့် ရောက် လာသည်နှင့်အညီ၊
8 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခြောက်​နှစ် မြောက်​၌ ဗာ​ရှာ​၏​သား​တော်​ဧ​လာ​သည်​ဣ​သ ရေ​လ​ပြည်​တွင်​နန်း​တက်​ပြီး​လျှင် တိ​ရ​ဇ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခြောက် နှစ် တွင် ၊ ဗာရှာ သား ဧလာ သည် တိရဇ မြို့၌ နေ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ သည်ရှိသော်၊
9 ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-
ရထား စီးသူရဲတဝက် ကိုအုပ် သောသူ၊ မိမိ ကျွန် ဇိမရိ သည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇ မြို့တွင် နန်း တော်အုပ်အာဇ ၏ အိမ် ၌ယစ်မူး အောင် သောက် လျက်နေစဉ် အခါ၊
10 ၁၀ ဇိ​မ​ရိ​သည်​ထို​အိမ်​သို့​ဝင်​၍​ဧ​လာ​အား​လုပ် ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​မင်း ပြု​၏။ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့် ခု​နစ်​နှစ်​မြောက်​၌​ဧ​လာ​သည်​လုပ်​ကြံ​ခြင်း ကို​ခံ​ရ​သ​တည်း။
၁၀ဇိမရိ သည်ဝင် ၍ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဧလာကို သေ စေခြင်းငှါလုပ်ကြံ ၍ နန်း ထိုင်လေ၏။
11 ၁၁ ဇိ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လျှင်​ဖြစ်​ချင်း ဗာ​ရှာ ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​ပြီး နောက် ဗာ​ရှာ​၏​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ အ​နက်​ယောကျာ်း​မှန်​သ​မျှ​ကို​လည်း​သတ် လေ​သည်။-
၁၁နန်း ထိုင်စက ၊ ဗာရှာ အမျိုးသား အပေါင်း တို့ကိုသတ် ၏။ ဗာရှာနှင့် ပေါက်ဘော် တော်သော ယောက်ျား၊ အဆွေ ဖွဲ့သော ယောက်ျားတယောက်ကိုမျှမ ချန် မထား။
12 ၁၂ သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။-
၁၂ထာဝရဘုရား သည် ဗာရှာ ကို အကြောင်းပြု၍ ပရောဖက် ယေဟု အားဖြင့် မိန့် တော်မူသော စကား တော် နှင့်အညီ ၊ ဇိမရိ သည် ဗာရှာ အမျိုးသား အပေါင်း တို့ကို ဖျက်ဆီး ၏။
13 ၁၃ ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
၁၃အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။
14 ၁၄ ဧ​လာ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ​ကို​ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။
၁၄ဧလာ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
15 ၁၅ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
၁၅ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဇိမရိ သည် တိရဇ မြို့၌ ခုနစ် ရက် စိုးစံ ၏။
16 ၁၆ သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-
၁၆ထိုသို့ ဇိမရိ သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကိုသတ် သည်ဟု ဖိလိတ္တိ ပြည်ဂိဗေသုန် မြို့ရှေ့ မှာ တပ်ချ သော သူအပေါင်းတို့သည် သိတင်းကြား လျှင် ၊ ထို နေ့ခြင်းတွင် ဗိုလ်ချုပ် မင်းဩမရိ ကို ဣသရေလ ရှင် ဘုရင်အရာ၌ တပ် ထဲမှာ ချီးမြှောက်ကြ၏။
17 ၁၇ သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-
၁၇ဩမရိ သည် ဣသရေလ အမျိုးသားအပေါင်း တို့ နှင့်တကွ ဂိဗေသုန် မြို့မှ ထွက် ၍ ၊ တိရဇ မြို့ကို ဝိုင်းထား ကြ၏။
18 ၁၈ မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-
၁၈မြို့ ကိုတိုက် ၍ ရမည်ဟုဇိမရိ သည် သိ သောအခါ ၊ နန်း တော်ထဲသို့ ဝင် ၍ မိမိ အပေါ် မှာ နန်း တော်ကို မီး ရှို့ သဖြင့် ကိုယ်တိုင်သေ လေ၏။
19 ၁၉ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-
၁၉အကြောင်းမူကား၊ ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သော အကြောင်းတည်း။
20 ၂၀ လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။
၂၀ဇိမရိ ပြုမူသောအမှုအရာ ကြွင်း သမျှတို့နှင့် ပုန်ကန် ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
21 ၂၁ ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-
၂၁ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။
22 ၂၂ နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-
၂၂ဩမရိ နောက် သို့လိုက်သော သူ တို့ သည် ဂိနတ် ၏ သား တိဗနိ နောက် သို့ လိုက်သော သူ တို့ကို နိုင် သဖြင့် ၊ တိဗနိ သေ ၍ ဩမရိ သည် နန်း ထိုင်လေ၏။
23 ၂၃ သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-
၂၃ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်တ နှစ် တွင် ၊ ဩမရိ သည် နန်း ထိုင်၍ ဣသရေလ နိုင်ငံကို တဆယ် နှစ် နှစ် စိုးစံ၏။ တိရဇ မြို့၌ ခြောက် နှစ် စိုးစံ ပြီးမှ၊
24 ၂၄ ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။
၂၄ရှမာရိ တောင် ကို တောင်ရှင်ရှမေရ ၌ ငွေ အခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင် ပေါ် မှာ မြို့ကိုတည် ၏။ ထိုမြို့ ကို တောင် ရှင် ရှမေရ အမည် ကို အစွဲပြုသဖြင့်၊ ရှမာရိ မြို့ ဟူ၍သမုတ် လေ၏။
25 ၂၅ သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-
၂၅ဩမရိ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သဖြင့် ၊ မိမိ ရှေ့ မှာ ဖြစ်ဘူးသော သူအပေါင်း ထက် သာ၍ဆိုးညစ် ၏။
26 ၂၆ သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-
၂၆နေဗတ် ၏သား ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးသည် မိစ္ဆာ ဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ပြစ်မှား စေသော ဒုစရိုက် အပြစ်လမ်းသို့ လိုက်လေ၏။
27 ၂၇ သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။-
၂၇ဩမရိ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
28 ၂၈ သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
၂၈ဩမရိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာဟပ် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏။
29 ၂၉ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
၂၉ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်ရှစ် နှစ် တွင် ၊ ဩမရိ သား အာဟပ် သည်ရှမာရိ မြို့၌ ဣသရေလ မင်းပြု ၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်နှစ် နှစ် စိုးစံ ၏။
30 ၃၀ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
၃၀ဩမရိ သား အာဟပ် သည် မိမိ ရှေ့ မှာ ဖြစ်ဘူးသောသူအပေါင်း တို့ထက် ထာဝရဘုရား ရှေ့ တော်၌သာ၍ ဒုစရိုက် ကိုပြု ၏။
31 ၃၁ သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-
၃၁နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ၍ ၊ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။
32 ၃၂ သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။-
၃၂ရှမာရိ မြို့တွင် ဗာလ ဘုရား၏ ဗိမာန် ၌ ဗာလ ဘုရားအဘို့ ယဇ် ပလ္လင်ကိုတည် ၏။
33 ၃၃ အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-
၃၃အာရှရ ပင်ကိုလည်းပြုစု ၍ ၊ မိမိ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင် ဘုရင်အပေါင်း တို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ သာ၍ ပြု ၏။
34 ၃၄ သူ​နန်း​စံ​နေ​စဉ်​အ​တွင်း​ဗေ​သ​လ​မြို့​သား ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​ပြန်​လည်​တည် ထောင်​လေ​သည်။ နုန်​၏​သား​ယော​ရှု​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​နှင့် အ​ညီ ဟိ​ဧ​လ​သည်​ယေ​ရိ​ခေါ​မြို့​ကို​အုတ် မြစ်​ချ​ချိန်​၌​မိ​မိ​၏​သား​ဦး​အ​ဘိ​ရံ​ကို လည်း​ကောင်း၊ မြို့​တံ​ခါး​များ​တည်​ဆောက် ချိန်​၌​သား​ထွေး​စေ​ဂုပ်​ကို​လည်း​ကောင်း ဆုံး​ရှုံး​ရ​လေ​သည်။
၃၄အာဟပ်လက်ထက် ၌ ဗေသလ မြို့သားဟိဧလ သည် ယေရိခေါ မြို့ကို တည် ၏။ ထာဝရဘုရား သည် နုန် ၏သား ယောရှု အားဖြင့် မိန့် တော်မူသော စကား နှင့်အညီ ၊ သားဦး အဘိရံ လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ ၊ သားထွေး စေဂုပ် လက်ထက်၌ မြို့တံခါး တို့ကို ထောင် ၏။

< ၃ ဓမ္မရာဇဝင် 16 >