< ၃ ဓမ္မရာဇဝင် 14 >
1 ၁ ထိုအချိန်၌ယေရောဗောင်၏သားအဘိယ သည်ဖျားနာလျက်နေ၏။-
Toho času roznemohl se Abiáš, syn Jeroboámův.
2 ၂ ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
I řekl Jerobám ženě své: Vstaň medle a změň se, aby nepoznali, že jsi žena Jeroboámova, a jdi do Sílo. Hle, tam jest Achiáš prorok, kterýž mi byl předpověděl, že mám býti králem nad lidem tímto.
3 ၃ သူ့အတွက်မုန့်ဆယ်လုံး၊ မုန့်ပြားအချို့နှင့် ပျားရည်တစ်ဘူးကိုယူဆောင်သွားပြီးလျှင် ငါတို့၏သားအဘယ်သို့ဖြစ်မည်ကိုစုံစမ်း မေးမြန်းလော့။ သူသည်သင့်အားပြောပြ လိမ့်မည်'' ဟုဆို၏။
A vezma v ruce své deset chlebů a koláčů, a láhvici medu, jdi k němu; onť oznámí tobě, co se stane pacholeti tomuto.
4 ၄ သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။-
I učinila tak žena Jeroboámova; nebo vstavši, šla do Sílo, a přišla do domu Achiášova. Ale Achiáš nemohl již hleděti, nebo pošly mu byly oči pro starost jeho.
5 ၅ ထာဝရဘုရားက``ယေရောဗောင်၏မိဖုရား သည် ဖျားနာနေသောသားအကြောင်းကိုမေး မြန်းစုံစမ်းရန်လာလိမ့်မည်။ ထိုအခါသူ့ အားဤအတိုင်းပြောလော့'' ဟုမိန့်တော်မူ၏။ ယေရောဗောင်၏မိဖုရားသည်အဟိယထံသို့ ရောက်ရှိလာသောအခါ မိမိကိုယ်ကိုအခြား သူ၏အယောင်ကိုဆောင်၍လာ၏။-
Hospodin pak řekl Achiášovi: Aj, žena Jeroboámova jde, aby se tebe něco zeptala o synu svém, proto že jest nemocen. Toto a toto budeš jí mluviti. Budeť pak, že když přijde, činiti se bude jinou.
6 ၆ သို့ရာတွင်အဟိယသည်တံခါးဝမှသူ၏ ခြေသံကိုကြားသည်နှင့်``ဝင်ခဲ့လော့။ သင်သည် ယေရောဗောင်၏မိဖုရားဖြစ်ကြောင်းကိုငါ သိ၏။ အဘယ်ကြောင့်သင်သည် မိမိကိုယ်ကို အခြားသူ၏အယောင်ကိုဆောင်သနည်း။ သင်၏အတွက်ငါ့မှာသတင်းဆိုးရှိ၏။-
Protož uslyšev Achiáš šust noh jejích, když vcházela do dveří, řekl: Poď, ženo Jeroboámova, proč se jinou činíš? Já zajisté poslán jsem k tobě s řečí tvrdou.
7 ၇ ယေရောဗောင်အားဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည် ကားဤသို့တည်း။ ကိုယ်တော်က`ငါသည်သင့် အားပြည်သူများအထဲမှရွေးချယ်၍ ငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ အားအုပ်စိုးစေခဲ့၏။-
Jdi, pověz Jeroboámovi: Toto praví Hospodin Bůh Izraelský: Poněvadž jsem tě vyvýšil z prostředku lidu, a postavil jsem tě za vůdce nad lidem svým Izraelským,
8 ၈ ဒါဝိဒ်၏သားမြေးများလက်မှနိုင်ငံတော်ကို ယူ၍ သင့်အားပေးအပ်ခဲ့၏။ သို့ရာတွင်သင်သည် ငါ့အားအကြွင်းမဲ့သစ္စာစောင့်၍ငါ၏ပညတ် တို့ကိုစောင့်ထိန်းကာ ငါနှစ်သက်သည့်အမှု များကိုသာပြုသောငါ၏အစေခံဒါဝိဒ်နှင့် မတူ။-
A odtrhl jsem království od domu Davidova, a dal jsem je tobě, ty však nebyl jsi jako služebník můj David, kterýž ostříhal přikázaní mých, a následoval mne v celém srdci svém, čině toliko to, což jest pravého přede mnou,
9 ၉ သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
Ale zlost jsi páchal hojněji nade všecky, kteříž byli před tebou; nebo odšed, učinils sobě bohy cizí a slité, abys mne dráždil, mne pak zavrhl jsi za hřbet svůj:
10 ၁၀ ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
Protož aj, já uvedu zlé věci na dům Jeroboámův, a vyhladím z Jeroboáma, i toho, jenž močí na stěnu, i zajatého i zanechaného v Izraeli, a vyvrhu ostatky domu Jeroboámova, jako hnůj vymítán bývá až dočista.
11 ၁၁ သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Toho, kdož z domu Jeroboámova umře v městě, psi žráti budou, a toho, kdož umře na poli, ptáci nebeští jísti budou; neboť jest mluvil Hospodin.
12 ၁၂ ထို့နောက်အဟိယသည်ဆက်လက်၍ယေရော ဗောင်၏မိဖုရားအား``ယခုနန်းတော်သို့ပြန် လော့။ မြို့ကိုသင်ဝင်မိသည်နှင့်တစ်ပြိုင်နက် သင်၏သားသည်သေလိမ့်မည်။-
Ty pak vstana, jdi do domu svého, a když vcházeti budeš do města, tehdy umře pachole.
13 ၁၃ ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
I budou ho plakati všecken lid Izraelský, a pochovají jej; nebo ten sám z domu Jeroboámova dostane se do hrobu, proto že o něm z domu Jeroboámova jest slovo dobré u Hospodina Boha Izraelského.
14 ၁၄ ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
Vyzdvihneť však sobě Hospodin krále nad Izraelem, kterýž vyhladí dům Jeroboámův toho dne. Ale co? Nýbrž již vyzdvihl.
15 ၁၅ ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
A zaklátí Hospodin Izraelem tak, jako se klátí třtina u vodách, a vykoření Izraele z země výborné této, kterouž dal otcům jejich, a rozptýlí je daleko za řeku, proto že sobě zdělali háje, popouzejíce Hospodina.
16 ၁၆ ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
A tak vydá Izraele pro hříchy Jeroboámovy, kterýž i sám hřešil, i v hřích uvodil Izraele.
17 ၁၇ ယေရောဗောင်၏မိဖုရားသည် တိရဇမြို့သို့ပြန် လည်ထွက်ခွာသွား၏။ သူသည်မိမိနန်းတော်သို့ ဝင်မိသည်နှင့်တစ်ပြိုင်နက်သူ၏သားသည်သေ လေ၏။-
Tedy vstavši žena Jeroboámova, odešla a přišla do Tersa, a když vstupovala na prah domu, umřelo pachole.
18 ၁၈ ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်အဟိယအားဖြင့်မိန့်တော်မူခဲ့သည့်အတိုင်း ဣသရေလပြည်သူတို့သည်ထိုသူငယ်၏အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်ကိုပြု၍ သူ၏အလောင်းကိုသင်္ဂြိုဟ်ကြ၏။
I pochovali je, a plakal ho všecken lid Izraelský vedlé řeči Hospodinovy, kterouž mluvil skrze služebníka svého, Achiáše proroka.
19 ၁၉ ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
Jiné pak věci Jeroboámovy, jaké boje vedl a kterak kraloval, aj, sepsány jsou v knize o králích Izraelských.
20 ၂၀ ယေရောဗောင်သည်နှစ်ဆယ့်နှစ်နှစ်တိုင်တိုင်နန်းစံ တော်မူခဲ့၏။ သူကွယ်လွန်သောအခါသားတော် နာဒဒ်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေ၏။
Všech dnů, v nichž kraloval Jeroboám, bylo dvamecítma let. I usnul s otci svými, a kraloval Nádab syn jeho místo něho.
21 ၂၁ ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
Roboám také syn Šalomounův kraloval nad Judou. V jednom a ve čtyřidcíti letech byl Roboám, když počal kralovati, a sedmnácte let kraloval v Jeruzalémě městě, kteréž vyvolil Hospodin ze všech pokolení Izraelských, aby tam přebývalo jméno jeho. Bylo pak jméno matky jeho Naama Ammonitská.
22 ၂၂ ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-
Èinil také lid Judský to, což zlého jest před Hospodinem, a k zůřivosti ho popudili hříchy svými, kterýmiž hřešili, více nežli otcové jejich všemi věcmi, kteréž činili.
23 ၂၃ သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
Nebo i oni vystavěli sobě výsosti a sloupy, i háje na každém pahrbku vysokém a pod každým stromem zeleným.
24 ၂၄ အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
Přesto byli ohyzdní sodomáři v zemi té, činíce vedlé všech ohavností pohanských, kteréž byl vyplénil Hospodin před tváří synů Izraelských.
25 ၂၅ ရောဗောင်နန်းစံငါးနှစ်မြောက်၌ အီဂျစ်ဘုရင် ရှိရှက်သည်ယေရုရှလင်မြို့ကိုတိုက်ခိုက်ပြီး လျှင်၊-
I stalo se léta pátého království Roboámova, že vytáhl Sesák král Egyptský proti Jeruzalému,
26 ၂၆ ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
A pobral poklady domu Hospodinova a poklady domu královského, všecko to pobral. Vzal také všecky pavézy zlaté, kterýchž byl nadělal Šalomoun.
27 ၂၇ ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။-
Místo kterýchž nadělal král Roboám pavéz měděných, a poručil je úředníkům nad drabanty, kteříž ostříhali brány domu královského.
28 ၂၈ ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်း အစောင့်တပ်သားတို့သည်ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြ၏။ ထိုနောက်ကင်း ခန်းထဲတွင်ပြန်၍ထားရကြ၏။
A když král chodíval do domu Hospodinova, nosili je drabanti, a zase je přinášeli do pokoje drabantů.
29 ၂၉ ရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားလျက်ရှိသတည်း။-
Jiné pak věci Roboámovy, a všecko, což činil, zdaliž není zapsáno v knize o králích Judských.
30 ၃၀ ရောဗောင်နှင့်ယေရောဗောင်တို့သည်အဆက် မပြတ်စစ်ဖြစ်လျက်နေခဲ့ကြ၏။-
Ano i válka, kteráž byla mezi Roboámem a Jeroboámem po všecky dny.
31 ၃၁ ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ (သူ၏မိခင် မှာအမ္မုန်ပြည်သူနေမဖြစ်၏။) သူ၏သားတော် အဘိယသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
I usnul Roboám s otci svými, a pochován jest s nimi v městě Davidově. A jméno matky jeho bylo Naama Ammonitská. I kraloval Abiam syn jeho místo něho.