< ၃ ဓမ္မရာဇဝင် 13 >
1 ၁ ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
Et ecce vir Dei venit de Iuda in sermone Domini in Bethel, Ieroboam stante super altare, et thus iaciente.
2 ၂ ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
Et exclamavit contra altare in sermone Domini, et ait: Altare, altare, hæc dicit Dominus: Ecce filius nascetur domui David, Iosias nomine, et immolabit super te sacerdotes excelsorum, qui nunc in te thura succendunt, et ossa hominum super te incendet.
3 ၃ ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
Deditque in illa die signum, dicens: Hoc erit signum quod locutus est Dominus: Ecce altare scindetur, et effundetur cinis qui in eo est.
4 ၄ ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
Cumque audisset rex sermonem hominis Dei, quem inclamaverat contra altare in Bethel, extendit manum suam de altari, dicens: Apprehendite eum. Et exaruit manus eius, quam extenderat contra eum: nec valuit retrahere eam ad se.
5 ၅ ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။-
Altare quoque scissum est, et effusus est cinis de altari, iuxta signum quod prædixerat vir Dei in sermone Domini.
6 ၆ ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
Et ait rex ad virum Dei: Deprecare faciem Domini Dei tui, et ora pro me, ut restituatur manus mea mihi. Oravitque vir Dei faciem Domini, et reversa est manus regis ad eum, et facta est sicut prius fuerat.
7 ၇ ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
Locutus est autem rex ad virum Dei: Veni mecum domum ut prandeas, et dabo tibi munera.
8 ၈ ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
Responditque vir Dei ad regem: Si dederis mihi mediam partem domus tuæ, non veniam tecum, nec comedam panem, neque bibam aquam in loco isto:
9 ၉ ထာဝရဘုရားကငါ့အားအဘယ်အစာ ရေစာကိုမျှမစားမသောက်ရန်နှင့် လာလမ်း အတိုင်းမပြန်ရန်ပညတ်တော်မူပြီ'' ဟု လျှောက်၏။-
sic enim mandatum est mihi in sermone Domini præcipientis: Non comedes panem, neque bibes aquam, nec reverteris per viam qua venisti.
10 ၁၀ ထို့နောက်သူသည်လာလမ်းဖြင့်မပြန်ဘဲ အခြားလမ်းဖြင့်ပြန်လေ၏။
Abiit ergo per aliam viam, et non est reversus per iter, quo venerat in Bethel.
11 ၁၁ ထိုအချိန်အခါ၌ဗေသလမြို့တွင်နေထိုင် သူပရောဖက်အိုကြီးတစ်ပါးရှိ၏။ သူ၏သား များသည်ထိုနေ့၌ဗေသလမြို့တွင်ယုဒ ပရောဖက်ပြုမူသွားပုံနှင့် မင်းကြီးအား ပြောကြားသောစကားများကိုဖခင်အား ပြန်ပြောကြ၏။-
Prophetes autem quidam senex habitabat in Bethel, ad quem venerunt filii sui, et narraverunt ei omnia opera, quæ fecerat vir Dei illa die in Bethel: et verba quæ locutus fuerat ad regem, narraverunt patri suo.
12 ၁၂ ပရောဖက်အိုကြီးက``ထိုသူသည်အဘယ် လမ်းဖြင့်ပြန်သနည်း'' ဟုသားတို့အားမေး လျှင်သားတို့သည်ယုဒပရောဖက်ပြန်သည့် လမ်းကိုညွှန်ပြကြ၏။-
Et dixit eis pater eorum: Per quam viam abiit? Ostenderunt ei filii sui viam, per quam abierat vir Dei, qui venerat de Iuda.
13 ၁၃ ပရောဖက်အိုကြီးက``ငါ၏မြည်းကိုကုန်းနှီး တင်ကြလော့'' ဟုဆိုသည့်အတိုင်းသားတို့ သည်ကုန်းနှီးတင်၍ပေးကြ၏။-
Et ait filiis suis: Sternite mihi asinum. Qui cum stravissent, ascendit,
14 ၁၄ ထိုအခါသူသည်မြည်းကိုစီး၍ယုဒပရော ဖက်၏နောက်သို့လိုက်လေ၏။ ဝက်သစ်ချပင် တစ်ပင်အောက်တွင်ထိုပရောဖက်ထိုင်လျက် နေသည်ကိုတွေ့သောအခါ ပရောဖက်အို ကြီးက``သင်သည်ယုဒပြည်မှလာသော ပရောဖက်လော'' ဟုမေး၏။ ထိုသူကလည်း``ဟုတ်ပါသည်'' ဟုဖြေ၏။
et abiit post virum Dei, et invenit eum sedentem subtus terebinthum: et ait illi: Tune es vir Dei qui venisti de Iuda? Respondit ille: Ego sum.
15 ၁၅ ``ငါနှင့်အတူအိမ်သို့လိုက်၍အစားအစာကို စားသောက်ပါလော့'' ဟုပရောဖက်အိုကြီးက ခေါ်ဖိတ်၏။
Dixitque ad eum: Veni mecum domum, ut comedas panem.
16 ၁၆ သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။-
Qui ait: Non possum reverti, neque venire tecum, nec comedam panem, neque bibam aquam in loco isto:
17 ၁၇ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။
quia locutus est Dominus ad me in sermone Domini, dicens: Non comedes panem, et non bibes aquam ibi, nec reverteris per viam, qua ieris.
18 ၁၈ ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
Qui ait illi: Et ego propheta sum similis tui: et angelus locutus est mihi in sermone Domini, dicens: Reduc eum tecum in domum tuam, ut comedat panem, et bibat aquam. Fefellit eum,
19 ၁၉ ယုဒပရောဖက်သည်သူနှင့်အတူ အိမ်သို့ လိုက်၍အစားအစာကိုသုံးဆောင်လေသည်။-
et reduxit secum: comedit ergo panem in domo eius, et bibit aquam.
20 ၂၀ သူတို့သည်စားပွဲတွင်ထိုင်လျက်နေစဉ်ပရော ဖက်အိုကြီးသည် ထာဝရဘုရား၏ဗျာဒိတ် တော်ရောက်၍၊-
Cumque sederent ad mensam, factus est sermo Domini ad prophetam, qui reduxerat eum.
21 ၂၁ ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Et exclamavit ad virum Dei, qui venerat de Iuda, dicens: Hæc dicit Dominus: Quia non obediens fuisti ori Domini, et non custodisti mandatum, quod præcepit tibi Dominus Deus tuus,
et reversus es, et comedisti panem, et bibisti aquam in loco in quo præcepit tibi ne comederes panem, neque biberes aquam, non inferetur cadaver tuum in sepulchrum patrum tuorum.
23 ၂၃ သူတို့စားသောက်၍ပြီးသောအခါ ပရောဖက်အို ကြီးသည်မြည်းကိုကုန်းနှီးတင်၍ပေးသဖြင့်၊-
Cumque comedisset et bibisset, stravit asinum suum prophetæ, quem reduxerat.
24 ၂၄ ယုဒပရောဖက်သည်မြည်းကိုစီး၍ထွက်လာ ရာလမ်းတွင် ခြင်္သေ့ကိုက်၍သေလေ၏။-
Qui cum abiisset, invenit eum leo in via, et occidit, et erat cadaver eius proiectum in itinere: asinus autem stabat iuxta illum, et leo stabat iuxta cadaver.
25 ၂၅ သူ၏အလောင်းသည်လမ်းပေါ်တွင်လဲလျက် မြည်းနှင့်ခြင်္သေ့သည်လည်း ထိုအလောင်းအနီး ၌ပင်ရပ်လျက်နေကြ၏။ ယင်းသို့လမ်းပေါ် တွင်လဲနေသောအလောင်းကိုလည်းကောင်း၊ အနီးတွင်ရပ်လျက်နေသောမြည်းနှင့်ခြင်္သေ့ ကိုလည်းကောင်းခရီးသွားသူအချို့တို့ မြင်ကြ၏။ သူတို့သည်ဗေသလမြို့သို့ သွားပြီးလျှင်မိမိတို့တွေ့မြင်ခဲ့ရသည့် အဖြစ်အပျက်ကိုပြောကြားကြ၏။
Et ecce, viri transeuntes viderunt cadaver proiectum in via, et leonem stantem iuxta cadaver. Et venerunt et divulgaverunt in civitate, in qua prophetes ille senex habitabat.
26 ၂၆ ပရောဖက်အိုကြီးသည် ထိုသတင်းကိုကြား သောအခါ``ဤသူကားထာဝရဘုရား၏အမိန့် တော်ကိုလွန်ဆန်သည့်ပရောဖက်ပင်ဖြစ်ပါသည် တကား။ ထာဝရဘုရားသည်မိမိအမိန့်တော်ရှိ ခဲ့သည့်အတိုင်း ခြင်္သေ့ကိုစေလွှတ်၍ကိုက်သတ်စေ တော်မူလေပြီ'' ဟုဆို၏။-
Quod cum audisset propheta ille, qui reduxerat eum de via, ait: Vir Dei est, qui inobediens fuit ori Domini, et tradidit eum Dominus leoni, et confregit eum, et occidit iuxta verbum Domini, quod locutus est ei.
27 ၂၇ ထိုနောက်သူသည်မိမိ၏သားတို့အား``ငါ၏မြည်း ကိုကုန်းနှီးတင်ကြလော့'' ဟုဆိုသည်အတိုင်း သူတို့သည်ကုန်းနှီးတင်၍ပေးကြ၏။-
Dixitque ad filios suos: Sternite mihi asinum. Qui cum stravissent,
28 ၂၈ ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
et ille abiisset, invenit cadaver eius proiectum in via, et asinum et leonem stantem iuxta cadaver: non comedit leo de cadavere, nec læsit asinum.
29 ၂၉ ပရောဖက်အိုကြီးသည်ထိုအလောင်းကိုယူ၍ မြည်းပေါ်သို့တင်ပြီးလျှင် ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြရန်နှင့်သင်္ဂြိုဟ်ရန် ဗေသလမြို့သို့ယူဆောင်လာ၏။-
Tulit ergo prophetes cadaver viri Dei, et posuit illud super asinum, et reversus intulit in civitatem prophetæ senis ut plangeret eum.
30 ၃၀ သူသည်ထိုအလောင်းကိုမိမိ၏အိမ်ထောင်စု သင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီးနောက် မိမိ၏သားများ နှင့်အတူ``အို ငါ့ညီ၊ ငါ့ညီ'' ဟုဆို၍ငိုကြွေး မြည်းတမ်းလေသည်။-
Et posuit cadaver eius in sepulchro suo: et planxerunt eum: Heu heu mi frater.
31 ၃၁ ထိုနောက်ပရောဖက်အိုကြီးသည်မိမိ၏သား များအား``ငါသေသောအခါထိုသူ၏အနီး တွင်ကပ်၍ဤသင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလော့။-
Cumque planxissent eum, dixit ad filios suos: Cum mortuus fuero, sepelite me in sepulchro, in quo vir Dei sepultus est: iuxta ossa eius ponite ossa mea.
32 ၃၂ ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။
Profecto enim veniet sermo, quem prædixit in sermone Domini contra altare quod est in Bethel, et contra omnia fana excelsorum, quæ sunt in urbibus Samariæ.
33 ၃၃ ဣသရေလဘုရင်ယေရောဗောင်သည်ယခုတိုင် အောင်ပင် မိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်သေး ဘဲ မိမိတည်ဆောက်ထားသည့်ယဇ်ပလ္လင်များတွင် အမှုထမ်းရန် ယဇ်ပုရောဟိတ်များအဖြစ်သာမန် အိမ်ထောင်စုများမှရွေးချယ်ခန့်ထားလေ့ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်လုပ်လိုသူမှန်သမျှကို ခန့်ထားလေသည်။-
Post verba hæc non est reversus Ieroboam de via sua pessima, sed econtrario fecit de novissimis populi sacerdotes excelsorum: quicumque volebat, implebat manum suam, et fiebat sacerdos excelsorum.
34 ၃၄ ဤသို့သူကူးလွန်သည့်အပြစ်ကြောင့်သူ၏ မင်းဆက်သည်လုံးဝပျက်သုဉ်း၍သွားလေ၏။
Et propter hanc causam peccavit domus Ieroboam, et eversa est, et deleta de superficie terræ.