< ၃ ဓမ္မရာဇဝင် 12 >
1 ၁ ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
Тада отиде Ровоам у Сихем; јер се онде скупи сав Израиљ да га зацаре.
2 ၂ ရှောလမုန်မင်း၏ဘေးမှလွတ်မြောက်ရန်ထွက် ပြေးသွားသူနေဗက်၏သားယေရောဗောင်သည် ထိုသတင်းကိုကြားသောအခါအီဂျစ်ပြည် မှပြန်လာလေသည်။-
А Јеровоам, син Наватов, који још беше у Мисиру побегавши онамо од цара Соломуна, кад чу, он још оста у Мисиру.
3 ၃ ဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊-
Али послаше и дозваше га. Тако Јеровоам и сав збор Израиљев дођоше и рекоше Ровоаму говорећи:
4 ၄ ``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
Твој је отац метнуо на нас тежак јарам; него ти сада олакшај љуту службу оца свог и тешки јарам који је метнуо на нас, пак ћемо ти служити.
5 ၅ ရောဗောင်ကလည်း``သုံးရက်ကြာလျှင်ငါ့ထံသို့ ပြန်ခဲ့ကြ။ ထိုအခါမှသင်တို့အားငါအဖြေ ပေးမည်'' ဟုဆို၏။
А он им рече: Идите, па до три дана дођите опет к мени. И народ отиде.
6 ၆ ထို့နောက်ရောဗောင်သည် ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များအား``ထို သူတို့ကိုငါအဘယ်သို့ဖြေကြားရပါမည်နည်း။ သင်တို့အဘယ်သို့အကြံပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
Тада цар Ровоам учини веће са старцима који стајаше пред Соломуном, оцем његовим док беше жив, и рече: Како саветујете да одговорим народу?
7 ၇ မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
А они му одговорише говорећи: Ако данас угодиш народу и послушаш их и одговориш им лепим речима, они ће ти бити слуге свагда.
8 ၈ သို့ရာတွင်ရောဗောင်သည်ထိုမှူးမတ်တို့ပေးသည့် အကြံကိုလျစ်လူရှု၍ အပါးတော်တွင်ခစား နေကျဖြစ်သောမိမိ၏ငယ်သူငယ်ချင်း လူငယ်လူရွယ်များထံသို့သွားပြီးလျှင်၊-
Али он остави савет што га саветоваше старци, и учини веће са младићима, који одрастоше с њим и који стајаху пред њим.
9 ၉ ``သင်တို့ကငါ့အားအဘယ်သို့အကြံပေးကြ ပါမည်နည်း။ သူတို့၏ဝန်ကိုပေါ့ပါးအောင်ပြု လုပ်ပေးရန် ငါ့ထံပန်ကြားလျှောက်ထားနေသူ တို့အားအဘယ်သို့ဖြေကြားရပါမည်နည်း'' ဟုမေးတော်မူ၏။
И рече им: Шта ви саветујете да одговоримо народу, који ми рекоше говорећи: Олакшај јарам који је метнуо на нас твој отац?
10 ၁၀ ထိုသူငယ်များက``အရှင်သည်သူတို့အား`ငါ၏ လက်သန်းသည်ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။-
Тада му одговорише младићи који одрастоше с њим, и рекоше: Овако кажи народу што ти рече: Твој је отац метнуо на нас тежак јарам, него нам ти олакшај; овако им реци: Мој је мали прст дебљи од бедара оца мог.
11 ၁၁ ငါ့ခမည်းတော်တင်သောဝန်လေးသည်မှန်၏။ ငါ တင်သောဝန်ကားထိုထက်ပင်ပို၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုဖြေကြားတော်မူပါ'' ဟုလျှောက်ကြ၏။
Отац је мој метнуо на вас тежак јарам, а ја ћу још дометнути на ваш јарам; отац вас је мој шибао бичевима, а ја ћу вас шибати бодљивим бичевима.
12 ၁၂ သုံးရက်မျှကြာသောအခါယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့သည် ရောဗောင်မင်း မှာကြားလိုက်သည့်အတိုင်းပြန်လာကြ၏။-
А трећи дан дође Јеровоам и сав народ к Ровоаму, како им беше казао цар рекавши: Дођите опет к мени до три дана.
13 ၁၃ ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
И цар одговори оштро народу оставивши савет што га саветоваше старци;
14 ၁၄ လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
И рече им како га саветоваше младићи говорећи: Мој је отац метнуо на вас тежак јарам, а ја ћу још дометнути на ваш јарам; отац вас је мој шибао бичевима, а ја ћу вас шибати бодљивим бичевима.
15 ၁၅ မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
И цар оглуши се народа, јер Господ беше тако уредио да би потврдио реч своју што је рекао преко Ахије Силомљанина Јеровоаму, сину Наватовом.
16 ၁၆ မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
А кад виде сав Израиљ где их се цар оглуши, одговори народ цару говорећи: Какав део ми имамо с Давидом? Немамо наследство са сином Јесејевим. У шаторе своје, Израиљу! А ти Давиде, сад гледај своју кућу. Тако отиде Израиљ у шаторе своје.
17 ၁၇ ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
Само над синовима Израиљевим, који живљаху по градовима Јудиним, зацари се Ровоам.
18 ၁၈ ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။-
И цар Ровоам посла Адорама који беше над данком; али га сав Израиљ засу камењем, те погибе; а цар Ровоам брже седе на кола, те побеже у Јерусалим.
19 ၁၉ ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။
Тако отпаде Израиљ од дома Давидовог до данашњег дана.
20 ၂၀ ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
И кад чу сав Израиљ да се вратио Јеровоам, пославши дозваше га на скупштину, и поставише га царем над свим Израиљем. Не приста за домом Давидовим ни једно племе осим самог племена Јудиног.
21 ၂၁ ရောဗောင်သည်ယေရုရှလင်မြို့သို့ရောက်ရှိလာ သောအခါ ဣသရေလပြည်မြောက်ပိုင်းကိုပြန် လည်သိမ်းပိုက်ရန်ကြံစည်လျက် ယုဒနှင့်ဗင်္ယာ မိန်အနွယ်များမှလက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းကိုစုရုံးစေတော်မူ၏။
А Ровоам дошав у Јерусалим сазва сав дом Јудин и племе Венијаминово, сто и осамдесет хиљада одабраних војника, да завојште на дом Израиљев да поврате царство Ровоаму, сину Соломуновом.
22 ၂၂ သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
Али дође реч Божја Семеју, човеку Божијем, говорећи:
23 ၂၃ ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-
Кажи Ровоаму сину Соломуновом цару Јудином и свему дому Јудином и Венијаминовом и осталом народу, и реци:
24 ၂၄ ``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
Овако вели Господ: Не идите, и не бијте се с браћом својом, синовима Израиљевим; вратите се свак својој кући, јер сам ја наредио тако да буде. И они послушаше реч Господњу и вративши се отидоше како Господ рече.
25 ၂၅ ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
Потом сазида Јеровоам Сихем у гори Јефремовој и насели се у њему; а после отиде оданде и сазида Фануил.
26 ၂၆ ``ငါ၏ပြည်သူတို့သည်ယခုအတိုင်းယေရု ရှလင်မြို့ရှိဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြလျှင် သူတို့ သည်ယုဒဘုရင်ရောဗောင်၏ကျေးဇူးသစ္စာ ကိုပြောင်းလဲခံယူကာငါ့အားလုပ်ကြံ ကြပေလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
И рече Јеровоам у срцу свом: Може се царство повратити дому Давидовом.
Ако овај народ стане ићи у Јерусалим да приноси жртве у дому Господњем, срце ће се народу обратити ка господару његовом Ровоаму, цару Јудином, те ће ме убити, и повратиће се к Ровоаму цару Јудином.
28 ၂၈ ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
Зато цар смисли, те начини два телета од злата, па рече народу: Не треба више да идете у Јерусалим; ево богова твојих, Израиљу, који су те извели из земље мисирске.
29 ၂၉ ထို့နောက်ရွှေနွားလားဥသဘရုပ်တစ်ကောင် ကိုဗေသလမြို့၌လည်းကောင်း၊ အခြားတစ် ကောင်ကိုဒန်မြို့၌လည်းကောင်းထားတော်မူ၏။-
И намести једно у Ветиљу, а друго намести у Дану.
30 ၃၀ ထို့ကြောင့်ပြည်သူတို့သည်ထိုမြို့များသို့သွား ရောက်ကာ ကိုးကွယ်ဝတ်ပြုလျက်အပြစ်ကူး လွန်ကြကုန်၏။-
И то би на грех, јер народ иђаше к једноме до Дана.
31 ၃၁ ယေရောဗောင်သည်တောင်ထိပ်များတွင်ကိုးကွယ် ဝတ်ပြုရာဌာနများကိုလည်းတည်ဆောက်ပြီး လျှင် လေဝိအနွယ်ဝင်မဟုတ်သောသူတို့အား ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူလေ သည်။
И начини кућу на висини, и постави свештенике од простог народа који не беху од синова Левијевих.
32 ၃၂ ယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။-
И учини Јеровоам празник осмог месеца петнаестог дана, као што је празник у земљи Јудиној, и принесе жртве на олтару; тако учини и у Ветиљу приносећи жртве теоцима које начини; и постави у Ветиљу свештенике висинама које начини.
33 ၃၃ မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။
И петнаестог дана осмог месеца, који беше смислио у срцу свом, приношаше жртве на олтару који начини у Ветиљу, и празноваше празник са синовима Израиљевим, и приступи ка олтару да кади.