< ၃ ဓမ္မရာဇဝင် 10 >
1 ၁ ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။-
Zvino mambokadzi weShebha akati anzwa nezvomukurumbira waSoromoni noukama hwake nezita raJehovha, akauya kuzomuedza nemibvunzo yakaoma.
2 ၂ ဘုရင်မသည်နံ့သာမျိုး၊ ကျောက်မျက်ရတနာ၊ ရွှေအမြောက်အများတင်ဆောင်ထားသည့် ကုလားအုတ်များနှင့်တကွ များစွာသော အခြံအရံလိုက်ပါလျက်ရောက်ရှိလာလေ သည်။ သူသည်မင်းကြီးရှေ့တော်သို့ရောက်သော အခါမိမိစဉ်းစားရသမျှသောပုစ္ဆာတို့ကို မေးတော်မူ၏။-
Akasvika paJerusarema navanhu vakawanda, nengamera dzakanga dzakatakura zvinonhuhwira, goridhe rakawanda kwazvo, namatombo anokosha, akauya kuna Soromoni akataura naye pamusoro pezvose zvaiva mupfungwa dzake.
3 ၃ မင်းကြီးကလည်းတစ်ခုမကျန်ဖြေကြား တော်မူသည်။ မင်းကြီးမဖြေရှင်းနိုင်လောက် အောင်ခက်ခဲသည့်ပုစ္ဆာဟူ၍မရှိ။-
Soromoni akapindura mibvunzo yake yose; hapana chakanga chakanyanya kuomera mambo kuti amutsanangurire.
4 ၄ ဘုရင်မသည်မင်းကြီးဉာဏ်ပညာရှိပုံ၊ မင်းကြီး ဆောက်လုပ်ထားသည့်နန်းတော်၊ သူကျွေးမွေးသည့် အစားအစာ၊ မှူးမတ်များနေထိုင်ရန်အဆောက် အအုံများ၊ နန်းတွင်းအရာရှိအစေခံများကို စီမံခန့်ခွဲပုံနှင့်သူတို့ဝတ်ဆင်ထားသောဆင် တူဝတ်စုံများ၊ စားသောက်ပွဲများတွင်မင်းကြီး အားလုပ်ကျွေးရသည့်အစေအပါးများ၊ ဗိမာန်တော်တွင်ပူဇော်ထားသည့်ယဇ်များကို မြင်သောအခါအံ့သြတွေဝေ၍သွားလေသည်။-
Mambokadzi weShebha akati aona uchenjeri hwose hwaSoromoni nomuzinda waakanga avaka,
zvokudya zvaiva patafura yake, urongwa hwokugara kwamachinda ake, varanda vake vaimushandira nezvipfeko zvavo, vadiri vake, nezvipiriso zvinopiswa zvaaiita patemberi yaJehovha, akapererwa.
6 ၆ သူသည်ရှောလမုန်အား``ကျွန်ုပ်သည်ရှေဘပြည် တွင်ရှိစဉ်အခါက အဆွေတော်နှင့်အဆွေတော် ၏ဉာဏ်ပညာတော်အကြောင်းကိုကြားသိခဲ့ရ သည့်သတင်းမှန်ပေ၏။-
Akati kuna mambo, “Zvose zvandakanzwa munyika mangu pamusoro pamabasa enyu nouchenjeri hwenyu zvaiva zvechokwadi.
7 ၇ သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။-
Asi handina kutenda zvinhu izvi kusvikira ndauya ndikazviona nameso angu chaiwo. Zvechokwadi, zvandakaudzwa hazvisviki pahafu yezviripo; muuchenjeri nomuupfumi mapfuura zvose zvandakanzwa.
8 ၈ အဆွေတော်၏မိဖုရားများသည်အလွန်မင်္ဂ လာရှိကြပါသည်တကား။ အဆွေတော်၏ အပါးတော်တွင်အစဉ်ခစားလျက် အဆွေ တော်၏ထံမှဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုကြားရသူအဆွေတော်၏အစေခံ များသည်လည်း အလွန်မင်္ဂလာရှိကြပါသည် တကား။-
Vanhu venyu vanofanira kuva vanofara sei! Machinda enyu anofara sei, ivo vanomira pamberi penyu nguva dzose nokunzwa uchenjeri hwenyu!
9 ၉ အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
Jehovha Mwari wenyu ngaarumbidzwe, iye akafadzwa nemi akakuisai pachigaro choushe chaIsraeri. Jehovha akada Israeri nokusingaperi, nokuda kwaizvozvo akuitai mambo kuti muchengetedze kururamisira noutsvene.”
10 ၁၀ ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။
Akapa mambo matarenda zana namakumi maviri egoridhe, zvinonhuhwira kwazvo, namatombo anokosha. Hapana mumwe akazouya nezvinonhuhwira zvakawanda sezvakauyiwa nazvo namambokadzi weShebha kuna Mambo Soromoni.
11 ၁၁ သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-
Zvikepe zvaHiramu zvakauya negoridhe kubva kuOfiri; uyewo zvakauya nemiti yemiarumugi namatombo anokosha kubva ikoko.
12 ၁၂ ရှောလမုန်သည်စန္ဒကူးသားကိုဗိမာန်တော်နှင့် နန်းတော်တွင် လက်ရန်းများပြုလုပ်ရာတွင်လည်း ကောင်း၊ ဂီတဆရာများအတွက်စောင်းကြီး၊ စောင်းငယ်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတော်မူ၏။ ထိုမျှကောင်းသောစန္ဒကူး သားမျိုးကိုဣသရေလပြည်သို့ ယခင်အဘယ် အခါကမျှမသွင်းစဖူးချေ။ ယနေ့တိုင် အောင်လည်းမမြင်ဘူးချေ။
Mambo akashandisa miarumugi iyi kuita mbiru dzetemberi yaJehovha, nedzomuzinda wamambo, uye kugadzira mbira nemitengeranwa zvaishandiswa navaimbi. Miti yemiarumugi yakawanda kudai haina kuzombouyiswa munyika zvakare kana kuonekwa zvakare kubvira musi iwoyo.
13 ၁၃ ရှောလမုန်မင်းသည်အခါအားလျော်စွာ ပေးလေ့ ပေးထရှိသည့်လက်ဆောင်များကို ရှေဘဘုရင်မ အားရက်ရောစွာပေးတော်မူသည့်အပြင် ဘုရင်မ အလိုရှိသမျှသောအရာတို့ကိုလည်းပေးတော် မူ၏။ ထို့နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
Mambo Soromoni akapa mambokadzi weShebha zvaaida nezvaakakumbira, pamusoro pezvaakamupa zvaibva papfuma yake youmambo. Ipapo akabva asimuka navaranda vake akadzokera kunyika yake.
14 ၁၄ နှစ်စဉ်နှစ်တိုင်းရှောလမုန်သည်ရွှေချိန်နှစ်ဆယ့် ငါးတန်ရရှိ၏။-
Uremu hwegoridhe raitambirwa naSoromoni gore negore hwaisvika matarenda mazana matanhatu namakumi matanhatu namatanhatu,
15 ၁၅ ထို့အပြင်ကုန်သည်ကြီးများထံမှကောက်ခံရရှိ သည့်အခွန်အကောက်များ၊ ကုန်စည်ကူးသန်းရောင်း ဝယ်မှုမှထွက်ပေါ်လာသည့်အမြတ်အစွန်းများ၊ အာရပ်ဘုရင်များနှင့်နယ်မြေဘုရင်ခံများ ဆက်သသည့်အခွန်များရရှိသေး၏။
pasingaverengerwi mari yomutero yairipiswa vatengesi vakuru navatengesi vadiki, namadzimambo ose eArabhia navabati venyika.
16 ၁၆ ရှောလမုန်သည်ဒိုင်းကြီးနှစ်ရာကိုပြုလုပ်ပြီး လျှင် တစ်ခုစီကိုရွှေချိန်တစ်ဆယ့်ငါးပေါင်ခန့် ဖြင့်မွမ်းမံထားစေ၏။-
Mambo Soromoni akaita mazana maviri enhoo huru dzegoridhe rakarohwa nenyundo; nhoo imwe neimwe yaiva yakagadzirwa namazana matanhatu amashekeri egoridhe.
17 ၁၇ ရွှေချိန်လေးပေါင်ခန့်စီဖြင့်မွမ်းမံထားသောဒိုင်း ငယ်သုံးရာကိုလည်းပြုလုပ်၍ ထိုဒိုင်းအားလုံး ကိုလေဗနုန်ခန်းမဆောင်တွင်ထားရှိစေ၏။
Akaitawo mazana matatu enhoo diki dzegoridhe rakarohwa nenyundo, nhoo imwe neimwe yakagadzirwa nemamina matatu egoridhe. Mambo akadziisa muMuzinda weSango reRebhanoni.
18 ၁၈ မင်းကြီးသည်ရွှေစင်ဖြင့်မွမ်းမံထားသည့် ဆင် စွယ်ရာဇပလ္လင်ကြီးကိုလည်းပြုလုပ်တော်မူ၏။-
Mambo akaitawo chigaro chikuru choushe chenyanga dzenzou akachifukidza negoridhe rakanakisisa.
19 ၁၉ ရာဇပလ္လင်ကိုတက်ရန်လှေကားထစ်ခြောက်ထစ်ရှိ၍ ယင်းတို့၏အစွန်းတစ်ဘက်တစ်ချက်တွင်ခြင်္သေ့ ရုပ်တစ်ကောင်စီရှိသဖြင့် စုစုပေါင်းခြင်္သေ့ရုပ် တစ်ဆယ့်နှစ်ကောင်ရှိလေသည်။ ရာဇပလ္လင်၏ ကျောဘက်တွင်နွားလားဥသဘ၏ခေါင်းရုပ် တစ်ခုရှိ၍ လက်တင်နှစ်ခု၏ဘေးတစ်ဘက် တစ်ချက်၌ခြင်္သေ့ရုပ်တစ်ခုစီရှိလေသည်။ အခြားအဘယ်နိုင်ငံတွင်မျှဤသို့သော ရာဇပလ္လင်မျိုးမရှိချေ။
Chigaro ichi chaiva namatanhiko matanhatu, uye musoro wechigaro wakanga uri wedenderedzwa shure kwacho. Kumativi maviri echigaro kwaiva nezvitsigiro zvamaoko zviviri, uye shumba mbiri dzakanga dzakamira pamativi ezvitsigiro zviviri izvi.
Shumba gumi nembiri dzakanga dzakamira pamatanhiko matanhatu, imwe chete kwaiperera danhiko rimwe nerimwe. Hakuna zvakadai zvakanga zvamboitirwa humwe umambo.
21 ၂၁ ရှောလမုန်၏သောက်တော်ရေဖလားမှန်သမျှ သည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခေါ်ခန်းမ ဆောင်တွင်ရှိသမျှသောအသုံးအဆောင်များ သည်လည်းရွှေစင်ဖြင့်ပြီးသတည်း။ ရှောလမုန် ၏လက်ထက်ကငွေကိုတန်ဖိုးမထားသဖြင့် ငွေအသုံးအဆောင်မထားချေ။-
Midziyo yose yaMambo Soromoni yokunwira yaiva yegoridhe rakanakisisa. Hapana chakanga chakagadzirwa nesirivha, nokuti sirivha yakanga isingakoshi zvikuru mumazuva aSoromoni.
22 ၂၂ မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
Mambo aiva nechitsama chezvikepe zveTashishi pagungwa izvo zvaiva pamwe chete nezvikepe zvaHiramu. Zvikepe zveTashishi izvi zvaiuya kamwe chete mumakore matatu zviine goridhe, sirivha, nyanga dzenzou, mapikoko namakudo.
23 ၂၃ ရှောလမုန်မင်းသည်ဘုရင်တကာတို့ထက်ပို၍ စည်းစိမ်ချမ်းသာနှင့်ဉာဏ်ပညာရှိတော်မူ၏။-
Mambo Soromoni aikunda mamwe madzimambo ose panyika paupfumi napauchenjeri.
24 ၂၄ ထို့ကြောင့်ကမ္ဘာအရပ်ရပ်မှလူတို့သည်မင်းကြီး အား ထာဝရဘုရားပေးတော်မူသောဉာဏ်ပညာ ဖြင့် မြွက်ဆိုသည့်စကားများကိုကြားနာရန် လာရောက်ကြ၏။-
Nyika yose yakada kuzosangana naSoromoni kuti inzwe uchenjeri hwakanga waiswa mumwoyo make naMwari.
25 ၂၅ နှစ်စဉ်လာရောက်ကြသူအပေါင်းတို့သည်ကိုယ်စီ ကိုယ်ငှ ရွှေထည်၊ အဝတ်တန်ဆာ၊ လက်နက်၊ နံ့သာ မျိုး၊ မြင်း၊ လားတို့ကိုလက်ဆောင်ပဏ္ဏာအဖြစ် မင်းကြီးအားဆက်သကြလေသည်။
Gore negore munhu wose aiuya nechipo, zvinhu zvakagadzirwa nesirivha nezvegoridhe, mbatya, zvombo nezvinonhuhwira, namabhiza namanyurusi.
26 ၂၆ ရှောလမုန်သည်စစ်ရထားတစ်ထောင့်လေးရာနှင့် မြင်းကောင်ရေတစ်သောင်းနှစ်ထောင်ရှိသောတပ်ကို ဖွဲ့စည်းပြီးနောက် အချို့ကိုယေရုရှလင်မြို့တွင် လည်းကောင်း၊ အချို့ကိုအခြားမြို့တို့တွင်လည်း ကောင်းစခန်းချ၍ထားတော်မူ၏။-
Soromoni akaunganidza ngoro namabhiza; akanga ane ngoro dzinokwana chiuru namazana mana namabhiza anokwana zviuru gumi nezviviri, zvaaichengeta kumaguta engoro nomuJerusarema maaivawo.
27 ၂၇ သူ၏လက်ထက်တော်၌ယေရုရှလင်မြို့တွင်ငွေ သည်ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုး သားသည်ယုဒပြည်တောင်ခြေ၌အလေ့ကျ ပေါက်သောပိုးစာပင်ကဲ့သို့လည်းကောင်းပေါ များလေသည်။-
Mambo akaita kuti sirivha iwanikwe pose pose samatombo muJerusarema uye misidhari yakawanda kunge mionde yomuzasi mamakomo.
28 ၂၈ မူသရိပြည်နှင့်ကိလိကိပြည် မှမြင်းများ၊-
Mabhiza aSoromoni aitengwa kuIjipiti nokuKuwe vatengesi vamambo vainoatengera kuKuwe.
29 ၂၉ အီဂျစ်ပြည်မှရထားများတင်သွင်းမှုကိုမင်း ကြီး၏အဝယ်တော်များကချုပ်ကိုင်ထားကြ၏။ သူတို့သည်ဟိတ္တိနှင့်ရှုရိဘုရင်တို့အားမြင်း တစ်ကောင်လျှင် ငွေသားခြောက်ရာနှုန်းဖြင့်လည်း ကောင်း၊ ရထားတစ်စီးလျှင်ငွေသားတစ်ရာ့ငါး ဆယ်နှုန်းဖြင့်လည်းကောင်းရောင်းချကြလေ သည်။
Vakatenga imwe ngoro kuIjipiti namashekeri esirivha mazana matanhatu, rimwe bhiza rikaita zana namakumi mashanu. Vaitengeserawo kumadzimambo avaHiti navaAramu.