< ၃ ဓမ္မရာဇဝင် 1 >

1 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​အို​မင်း​သော​အ​ခါ အ​စေ​ခံ​တို့​က​စောင်​များ​ခြုံ​ပေး​သော်​လည်း မ​နွေး​နိုင်​အောင်​ရှိ​တတ်​၏။-
ဒါဝိဒ် မင်းကြီး သည် အသက် ကြီးရင့်၍ အို သောအခါ အဝတ် ခြုံ ၍ မ နွေး နိုင်။
2 သို့​ဖြစ်​၍​မှူး​မတ်​များ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ခ​စား​ပြု​စု​ရန်​အ​တွက်​အ​မျိုး သ​မီး​ပျို​တစ်​ဦး​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​ရ စေ။ ထို​အ​မျိုး​သ​မီး​သည်​အ​ရှင်​၏​အ​နီး တွင်​ကပ်​၍​အိပ်​ပြီး​လျှင် အ​ရှင့်​အား​နွေး​အောင် ပြု​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
သို့ဖြစ်၍ ကျွန် တို့က၊ အသက် ပျိုသော ကညာ ကို အရှင် မင်းကြီး အဘို့ ရှာ ပါရစေ။ သူသည်မင်းကြီး ကို ခစား ၍ ပြုစုပါစေ။ အရှင် မင်းကြီး ကို နွေး စေခြင်းငှါရင်ခွင် တော်၌ အိပ် ပါစေဟုလျှောက် ကြ၏။
3 သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။-
ထိုသို့နှင့်အညီအဆင်း လှသောအပျိုမ ကို ဣသရေလ ပြည် တရှောက်လုံး တွင် ရှာ ၍ ၊ ရှုနင် မြို့သူအဘိရှက် ကို တွေ့ သဖြင့် အထံတော်သို့ ဆောင် ခဲ့ကြ၏။
4 လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။
ထိုမိန်းမ သည် အလွန် အဆင်းလှ ၏။ ရှင်ဘုရင် ကို လည်း လုပ်ကျွေး ပြုစု လေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်း တော်မ မူ။
5 ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-
ထိုနောက် ဟဂ္ဂိတ် သား အဒေါနိယ သည် ရှင် ဘုရင် လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက် ၍ ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ ၌ပြေး ရသောလူ ငါး ဆယ်ကို၎င်း၊ ပြင်ဆင် လေ၏။
6
ခမည်းတော် က၊ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သူ့စိတ်နာ အောင် တခါမျှမ ပြောစဖူး။ ထိုသူ သည် အဆင်း လည်း အလွန် လှ၏။
7 သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-
အဗရှလုံ ညီ လည်း ဖြစ်၏။ သူသည်ဇေရုယာ သား ယွာဘ ၊ ယဇ်ပုရောဟိတ် အဗျာသာ နှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယ ဘက် မှာ နေကြ၏။
8 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။
ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ပရောဖက် နာသန် ၊ ရှိမိ ၊ ရေဣ အစရှိသော ဒါဝိဒ် ၏ မှူးကြီး မတ်ကြီးများမူကား ၊ အဒေါနိယ ဘက်သို့ မ ဝင်ကြ။
9 တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-
အဒေါနိယ သည် အင်္ရောဂေလ မြို့နယ်အတွင်း ၊ ဇောဟေလက်ကျောက်နား မှာ သိုး ၊ နွား မှစ၍ဆူဖြိုး သော အကောင်တို့ကိုသတ် ပြီးလျှင် ၊ ရှင်ဘုရင် သား မိမိ ညီ များနှင့် ရှင်ဘုရင် ၏ ကျွန် ယုဒ လူ များအပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
10 ၁၀ သို့​သော်​မိ​မိ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ တော်​သူ​ရှော​လ​မုန်​နှင့်​ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား များ​ကို​မ​ခေါ်​မ​ဖိတ်​ချေ။
၁၀ပရောဖက် နာသန် ၊ ဗေနာယ ၊ မှူးကြီး မတ်ကြီးမှစသောညီ ရှောလမုန် ကိုကား မ ခေါ် မဘိတ်။
11 ၁၁ ထို​အ​ခါ​နာ​သန်​သည် ရှော​လ​မုန်​၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား​၍``ဟ္ဂိတ်​၏​သား အ​ဒေါ​နိယ​သည် မိ​မိ​ကိုယ်​ကို​မိ​မိ​မင်း​မြှောက် လိုက်​ကြောင်း​သင်​ကြား​ပြီ​လော။ ဒါ​ဝိဒ်​မင်း​ပင် ထို​သ​တင်း​ကို​ကြား​တော်​မ​မူ​သေး​ပါ။-
၁၁ထိုအခါ နာသန် သည် ရှောလမုန် အမိ ဗာသရှေဘ ထံသို့ သွား၍၊ ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှင် ဘုရင်လုပ်ကြောင်း ကို ကြား ပြီ လော။ တို့ အရှင် ဒါဝိဒ် သည် မ သိ ပါတကား။
12 ၁၂ သင်​သည်​သင့်​အ​သက်​နှင့်​သား​တော်​ရှော​လ​မုန် ၏​အ​သက်​ကို​ကယ်​လို​လျှင် သင့်​အား​အ​ကျွန်ုပ် အ​ကြံ​ပေး​ပါ​မည်။-
၁၂ယခု မှာသင် ၏ အသက် နှင့် ရှောလမုန် ၏ အသက် ကို ချမ်းသာ စေခြင်းငှါကျွန်ုပ်သည် အကြံ ပေးပါရစေ။
13 ၁၃ သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။-
၁၃ဒါဝိဒ် မင်းကြီး ထံ တော်သို့ဝင် ၍ ၊ အိုအရှင် မင်းကြီး ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ကျွန် မအား ကျိန်ဆို တော်မူပြီမ ဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယ သည် အဘယ်ကြောင့် စိုးစံ ရပါသနည်းဟု လျှောက် လော့။
14 ၁၄ ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။
၁၄ထိုသို့အထံတော်၌ လျှောက် စဉ် တွင်၊ ကျွန်ုပ် ဝင် ၍ သင် ၏စကား ကိုထောက်မ မည်ဟု အကြံပေးသည် အတိုင်း၊
15 ၁၅ ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။-
၁၅ဗာသရှေဘ သည်ရှင်ဘုရင် ရှိ ရာ အခန်း ထဲသို့ ဝင် လေ၏။ ရှင် ဘုရင်သည်အလွန် အို ၍ ရှုနင် မြို့သူအဘိရှက် သည် လုပ်ကျွေး လျက်နေ၏။
16 ၁၆ ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။
၁၆ဗာသရှေဘ သည်ဦးချ ၍ ရှင်ဘုရင် အား ရှိခိုး လျှင် ၊ ရှင်ဘုရင် က အဘယ် အလိုရှိသနည်းဟုမေး တော်မူ၏။
17 ၁၇ ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-
၁၇ဗာသရှေဘကလည်း၊ ကျွန်မ သခင် ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည်ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည် ၍ ကိုယ်တော် ကျွန် မအား ကျိန်ဆိုတော်မူပြီ။
18 ၁၈ သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-
၁၈ယခု မှာ အဒေါနိယ သည်စိုးစံ ပါ၏။ ကိုယ်တော်အရှင် မင်းကြီး လည်း သိ တော်မ မူ။
19 ၁၉ သူ​သည်​နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ် များ​ကို​ယဇ်​ပူ​ဇော်​ကာ​အ​ရှင်​၏​သား​တော် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​ရှင့်​တပ်​မ တော်​ဗိုလ်​ချုပ်​ယွာ​ဘ​တို့​အား​ယဇ်​ပူ​ဇော်​ပွဲ သို့​ခေါ်​ဖိတ်​ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏ သား​တော်​ရှော​လ​မုန်​ကို​မူ​မ​ခေါ်​ဖိတ်​ပါ။-
၁၉အဒေါနိယသည် သိုး နွား မှစ၍ဆူဖြိုး သော အကောင်များ တို့ကို သတ် ပြီးလျှင် ၊ မင်းကြီး ၏ သား တော်အပေါင်း တို့နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ ၊ ဗိုလ်ချုပ် မင်းယွာဘ တို့ကို ခေါ်ဘိတ် ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန် ကို ကား မ ခေါ် မဘိတ်ပါ။
20 ၂၀ အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​မည့်​သူ​မှာ​အ​ဘယ်​သူ​ဖြစ်​ကြောင်း​မိန့် ကြား​တော်​မူ​ရန် ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ် လုံး​သည်​အ​ရှင့်​အား​စောင့်​မျှော်​လျက်​နေ​ကြ ပါ​၏။-
၂၀အိုအရှင် မင်းကြီး ၊ ကျွန်မ အရှင် မင်းကြီး ၏ အရာ ၌စိုးစံ၍ အဘယ်သူ သည် နန်း ထိုင် ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
21 ၂၁ အ​ရှင်​ဤ​သို့​မိန့်​တော်​မ​မူ​ပါ​လျှင်​ကျွန်​မ​နှင့် ကျွန်​မ​၏​သား​ရှော​လ​မုန်​သည် အ​ရှင်​မ​ရှိ​သည့် နောက်​သစ္စာ​ဖောက်​များ​အ​ဖြစ်​ဖြင့်​ရာ​ဇ​ဝတ် သင့်​သူ​များ​ဖြစ်​ကြ​တော့​မည်'' ဟု​လျှောက်​၏။
၂၁သို့မဟုတ် ကျွန်မ အရှင် မင်းကြီး သည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက် တော်မူသောအခါ ၊ ကျွန်တော်မ နှင့် သား ရှောလမုန် သည် ရာဇဝတ် ခံရသောသူဖြစ် ပါလိမ့်မည်ဟု လျှောက်လေ၏။
22 ၂၂ ယင်း​သို့​လျှောက်​ထား​နေ​ချိန်​၌ ပ​ရော​ဖက် နာ​သန်​ရောက်​ရှိ​လာ​သ​ဖြင့်၊-
၂၂ထိုသို့ အထံတော်၌ လျှောက် စဉ် တွင်၊ ပရောဖက် နာသန် သည် ဝင် လျှင် ပရောဖက် နာသန် လာပါသည်ဟု လျှောက် ကြ၏။
23 ၂၃ ပ​ရော​ဖက်​ရောက်​ရှိ​ကြောင်း​မင်း​ကြီး​အား​သံ တော်​ဦး​တင်​ကြ​၏။ နာ​သန်​သည်​လည်း​အ​ခန်း ထဲ​သို့​ဝင်​လာ​ပြီး​လျှင်​ရှေ့​တော်​၌​ဦး​ညွှတ် ပျပ်​ဝပ်​လျက်၊-
၂၃နာသန်သည်လည်း ရှေ့ တော်သို့ ရောက် သောအခါ ဦးချ ပြပ်ဝပ်လျက်၊
24 ၂၄ ``အ​ရှင်​မင်း​ကြီး၊ အ​ဒေါ​နိ​ယ​အား​အ​ရှင် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​မည် ဟု​အ​ရှင်​ကြေ​ငြာ​ပြီ​လော။-
၂၄အိုအရှင် မင်းကြီး ၊ ကိုယ်တော် က ငါ့ အရာ ၌ အဒေါနိယ စိုးစံ ၍ နန်း ထိုင် ရမည်ဟု မိန့် တော်မူသလော။
25 ၂၅ ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-
၂၅သူသည် ယနေ့ ဆင်း သွား၍ ၊ ဆူဖြိုး သော သိုး နွား များ တို့ကို သတ် ပြီးလျှင် မင်းကြီး ၏သား တော်အပေါင်း တို့ကို ၎င်း၊ ဗိုလ် များနှင့် ယဇ်ပုရောဟိတ် အဗျာသာ ကို ၎င်း ခေါ်ဘိတ် ပါပြီ။ သူ တို့သည် အဒေါနိယရှေ့ မှာ စား သောက် လျက် ၊ အဒေါနိယ မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် လျက် ယခုရှိကြပါ၏။
26 ၂၆ သို့​ရာ​တွင်​အ​ဒေါ​နိ​ယ​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ဗေ​နာ​ယ​နှင့်​ရှော​လ​မုန်​တို့​ကို​မ​ခေါ် မ​ဖိတ်​ပါ။-
၂၆ကိုယ်တော် ကျွန် အကျွန်ုပ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ကိုယ်တော် ကျွန် ရှောလမုန် တို့ကို ကား မ ခေါ် မဘိတ်ပါ။
27 ၂၇ ဤ​အ​မှု​အ​ရာ​တို့​ကို​အ​ရှင်​မင်း​ကြီး​နှစ်​သက် လက်​ခံ​တော်​မူ​ပါ​သ​လော။ အ​ရှင်​၏​အ​ရိုက် အ​ရာ​ကို​မည်​သူ​လက်​ခံ​၍​နန်း​တက်​ရ​မည် ကို​မှူး​မတ်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ​ဤ​အ​မှု ကို​အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​လေ​၏။
၂၇အရှင် မင်းကြီး ၏အရာ ၌ အဘယ်သူ နန်း ထိုင် ရမည်ကို ကိုယ်တော် ကျွန် အားပြ တော်မ မူဘဲ ဤ အမှု ကို အရှင် မင်းကြီး စီရင် တော်မူပြီလောဟု လျှောက်လေ၏။
28 ၂၈ ဒါ​ဝိဒ်​မင်း​က``ဗာ​သ​ရှေ​ဘ​အား အ​ခန်း​ထဲ​သို့ ပြန်​၍​ဝင်​စေ​လော့'' ဟု​ဆို​လျှင် ဗာ​သ​ရှေ​ဘ သည်​ဝင်​လာ​၍​ရှေ့​တော်​တွင်​ရပ်​လျက်​နေ​၏။-
၂၈ထိုအခါ ဒါဝိဒ် မင်းကြီး က၊ ဗာသရှေဘ ကို ခေါ် ခဲ့ ပါဟု မိန့် တော်မူသည်အတိုင်း ၊ ဗာသရှေဘသည်လာ ၍ ရှေ့ တော်၌ ရပ် နေ၏။
29 ၂၉ ထို​အ​ခါ​မင်း​ကြီး​က``ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း မှ​ငါ့​အား​ကယ်​ဆယ်​တော်​မူ​၍ အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကာ​သင့်​အား​ငါ​ကျိန်​ဆို​ပါ​၏။-
၂၉ရှင်ဘုရင် ကလည်း၊ ငါ့ အသက် ဝိညာဉ်ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊
30 ၃၀ ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။
၃၀သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌စိုးစံ ၍ ငါ့ ကိုယ်စား နန်း ထိုင် ရမည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား ကို ငါတိုင်တည် ၍ သင့် အား ကျိန်ဆိုသည် နှင့်အညီ ယနေ့ ငါပြု မည်ဟု တဖန်ကျိန်ဆို တော်မူ၏။
31 ၃၁ ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။
၃၁ဗာသရှေဘ သည် ဦးချ ပြပ်ဝပ်လျက် ၊ ရှင်ဘုရင် အား ရှိခိုး လျက် ၊ အရှင် ဒါဝိဒ် မင်းကြီး သည် အသက် တော် အစဉ်အမြဲ ရှင်စေသတည်းဟု မြွက်ဆို ၏။
32 ၃၂ ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊-
၃၂ဒါဝိဒ် မင်းကြီး ကလည်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ တို့ကို ခေါ် ခဲ့ပါဟု မိန့် တော်မူသည်အတိုင်း ၊ သူတို့သည် ရှေ့ တော်သို့ ဝင် လာကြ၏။
33 ၃၃ မင်း​ကြီး​က``ငါ​၏​မှူး​မတ်​တို့​ကို​အ​တူ​ခေါ်​ကာ သား​တော်​ရှော​လ​မုန်​အား ငါ​၏​မြည်း​တော်​ကို စီး​စေ​၍​ဂိ​ဟုန်​စမ်း​သို့​ပို့​ဆောင်​ကြ​လော့။-
၃၃ရှင်ဘုရင် ကလည်း ၊ သင် တို့အရှင် ၏ ကျွန် များကို ခေါ်၍ ငါ သား ရှောလမုန် ကို ငါ ၏မြင်းလား တော်ပေါ် မှာ စီး စေလျက် ၊ ဂိဟုန် မြို့သို့ ဆောင် သွားကြလော့။
34 ၃၄ ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-
၃၄ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် သည် ထို မြို့မှာ ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုး မှုတ် ၍ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြလော့။
35 ၃၅ သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
၃၅ထိုနောက် သင်တို့လိုက် လျက် ငါ့သားသည်လာ ၍ နန်း ထိုင် ရမည်။ ငါ့ ကိုယ်စား ရှင် ဘုရင်ဖြစ်ရမည်။ ထိုသူ ကို ဣသရေလ မင်း ၊ ယုဒ မင်းအရာ၌ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
36 ၃၆ ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။-
၃၆ယောယဒ သား ဗေနာယ က အာမင်။ အရှင် မင်းကြီး ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် လည်း ထိုသို့မိန့် တော်မူပါစေသော။
37 ၃၇ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။
၃၇ထာဝရဘုရား သည် အရှင် မင်းကြီး ဘက် မှာ ရှိ တော်မူသည်နည်းတူ ရှောလမုန် ဘက် မှာ ရှိ တော်မူပါစေသော။ အရှင် မင်းကြီး ဒါဝိဒ် ၏ ရာဇပလ္လင် ထက် သား တော်၏ ရာဇပလ္လင် သည်သာ၍ဘုန်းကြီး မည် အကြောင်းစီရင်တော်မူပါစေသောဟု ရှင်ဘုရင် ကို ပြန်လျှောက် လေ၏။
38 ၃၈ ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-
၃၈ထိုအခါ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့သည် ထွက် ၍ ရှောလမုန် ကို ဒါဝိဒ် မင်းကြီး ၏ မြင်းလား ပေါ် မှာ စီး စေလျက် ဂိဟုန် မြို့သို့ ဆောင် သွားကြ၏။
39 ၃၉ ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-
၃၉ယဇ်ပုရောဟိတ် ဇာဒုတ် သည် တဲ တော်ထဲက ဆီ ဘူး ကိုယူ ၍ ရှောလမုန် ကိုဘိသိက် ပေးပြီးမှ ၊ သူတို့သည် တံပိုး မှုတ် ၍ ၊ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင် စေသတည်းဟု လူ အပေါင်း တို့သည် ဟစ်ကြော် ကြ၏။
40 ၄၀ ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။
၄၀လူ အပေါင်း တို့သည် တီးမှုတ် လျက် နောက် တော်သို့လိုက် ၍၊ မြေကြီး ကွဲ မတတ်ရှိသည်တိုင်အောင် အလွန် ဝမ်းမြောက် သောအသံ ကို ပြုကြ၏။
41 ၄၁ အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။-
၄၁အဒေါနိယ နှင့် သူ ၏အပေါင်းအဘော်တို့သည် စားသောက် ပွဲ ပြီး သောအခါ ထိုအသံကို ကြား ကြ၏။ တံပိုး မှုတ်သံ ကိုယွာဘ ကြား လျှင် ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် ပြုသံ ကား၊ အဘယ်သို့ နည်းဟုမေး စဉ် ပင်၊
42 ၄၂ သူ​၏​စ​ကား​မ​ဆုံး​မီ​၌​ပင်​ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​၏​သား ယော​န​သန်​ရောက်​ရှိ​လာ​သ​ဖြင့် အ​ဒေါ​နိ​ယ​က``ဝင်​ခဲ့​လော့။ သင်​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​သ​တင်း​ကောင်း​ကို​ဆောင်​ယူ လာ​သူ​ဖြစ်​ရ​ပေ​မည်'' ဟု​ဆို​၏။
၄၂ယဇ်ပုရောဟိတ် အဗျာသာ ၏သား ယောနသန် သည်လာ လျှင် ၊ အဒေါနိယ ကဝင် ပါ။ သင် သည် လူ ကောင်းဖြစ်၍ ၊ ကောင်း သောသိတင်း ကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊
43 ၄၃ ယော​န​သန်​က``သ​တင်း​ကောင်း​ဖြစ်​မည်​မ ထင်​ပါ။ အ​ကျွန်ုပ်​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​သည် ရှော​လ​မုန်​အား​မင်း​မြှောက်​လိုက်​လေ​ပြီ။-
၄၃ယောနသန် က၊ အကယ်စင်စစ်ငါ တို့အရှင် ဒါဝိဒ် မင်းကြီး သည် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
44 ၄၄ မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။-
၄၄ရှင် ဘုရင်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ် တော်မူ၍ မြင်းလား တော်ပေါ် မှာ စီး စေကြပါပြီ။
45 ၄၅ ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-
၄၅ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် တို့သည် ရှောလမုန်ကို ဂိဟုန် မြို့၌ ရာဇ ဘိသိက်ပေးပါပြီ။ ထို မြို့မှ ဝမ်းမြောက် စွာ လာ ပြန်၍ ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် သောအသံ ကို ကိုယ်တော်ကြား ရပါ၏။
46 ၄၆ ရှော​လ​မုန်​သည်​ယ​ခု​ဘု​ရင်​ဖြစ်​လေ​ပြီ။
၄၆ရှောလမုန် သည်လည်း ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် ပါ၏။
47 ၄၇ မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-
၄၇ရှင်ဘုရင် ၏ ကျွန် တို့သည်လည်း တို့ အရှင် ဒါဝိဒ် မင်းကြီး ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ ဘုရား သခင် သည် ရှောလမုန် ၏နာမ ကိုခမည်းတော်၏နာမ ထက် သာ၍ချီးမြှောက် တော်မူပါစေသော။ သူ ၏ရာဇ ပလ္လင် ကို ခမည်းတော်၏ ရာဇ ပလ္လင်ထက် သာ၍ဘုန်းကြီး မည်အကြောင်းစီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင် ဘုရင်သည် သာလွန် တော်ပေါ် မှာ ဦးချ လျက်၊
48 ၄၈ `ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။
၄၈ငါသည် ကိုယ် မျက်စိ နှင့်မြင် စေခြင်းငှါ၊ ငါ့ နန်း ပေါ် မှာ ထိုင် ရသောသူကို ယနေ့ ပေး သနားတော်မူသော ဣသရေလ အမျိုး၏ရှင်ဘုရင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယ အား ပြန်လျှောက် လေ၏။
49 ၄၉ ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-
၄၉ထိုအခါ အဒေါနိယ နှင့် ပေါင်းဘော် သော သူအပေါင်း တို့သည် ကြောက်ရွံ့ သဖြင့် ထ ၍ တယောက် တခြားစီ သွား ကြ၏။
50 ၅၀ အ​ဒေါ​နိ​ယ​သည်​ရှော​လ​မုန်​ကို​လွန်​စွာ ကြောက်​သော​ကြောင့် ထာ​ဝရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​သို့​သွား​၍​ယဇ်​ပလ္လင်​ထောင့် စွယ်​များ ကို​ဆုပ်​ကိုင်​ထား​ပြီး​လျှင်၊-
၅၀အဒေါနိယ သည်လည်း ရှောလမုန် ကို ကြောက် သဖြင့် ထ သွား ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။
51 ၅၁ ``ရှော​လ​မုန်​မင်း​သည်​ကျွန်​တော်​အား​ကွပ်​မျက် တော်​မူ​မည်​မ​ဟုတ်​ဟု ဦး​စွာ​ကျိန်​ဆို​မိန့်​မြွက် တော်​မူ​ပါ​စေ'' ဟု​ဆို​၏။ ဤ​အ​ချင်း​အ​ရာ ကို​ရှော​လ​မုန်​မင်း​အား​လျှောက်​ထား​ကြ​၏။-
၅၁အဒေါနိယ သည် ရှောလမုန် မင်းကြီး ကို ကြောက် ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်၊ ရှောလမုန် မင်းကြီး သည် ကျွန်တော် ကို မ ကွပ်မျက် မည်အကြောင်းယနေ့ ကျိန်ဆို တော်မူပါစေဟုဆို ကြောင်းကို ရှောလမုန် အား လျှောက် လေသော်၊
52 ၅၂ ရှော​လ​မုန်​က``သူ​သည်​သစ္စာ​ရှိ​သူ​ဖြစ်​ပါ လျှင် သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​ကို မျှ​လက်​ဖျား​နှင့်​ထိ​လိမ့်​မည်​မ​ဟုတ်။ သစ္စာ မဲ့​သူ​ဖြစ်​လျှင်​မူ​ကား​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​ဆို​၏။-
၅၂ရှောလမုန် က၊ သူသည်လူ ကောင်း ဖြစ် လျှင် ၊ ဆံခြည် တပင်မျှ မြေ သို့ မ ကျ ရ။ အပြစ် ရှိ လျှင် အသေခံ ရမည် ဟု အမိန့် တော်ရှိ၍၊
53 ၅၃ ထို့​နောက်​ရှော​လ​မုန်​မင်း​သည်​လူ​လွှတ်​၍ အ​ဒေါ​နိ​ယ​အား​ယဇ်​ပလ္လင်​မှ​ခေါ်​ခဲ့​စေ​၏။ အ​ဒေါ​နိ​ယ​သည်​မင်း​ကြီး​ထံ​လာ​ရောက် ၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``သင့်​အိမ် သို့​ပြန်​နိုင်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
၅၃လူကိုစေလွှတ် သဖြင့် ၊ အဒေါနိယကို ယဇ် ပလ္လင်မှ ခေါ် ခဲ့သည်အတိုင်း ၊ သူသည်လာ ၍ ရှောလမုန် မင်းကြီး ရှေ့ မှာ ဦးချ လေ၏။ ရှောလမုန် ကလည်း ၊ သင့် အိမ် သို့ သွား လော့ဟု မိန့် တော်မူ၏။

< ၃ ဓမ္မရာဇဝင် 1 >