< ၁ ယောဟန် 5 >
1 ၁ သခင်ယေရှုသည်မေရှိယဖြစ်တော်မူကြောင်းကို ယုံကြည်သောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ ဖခင်ကိုချစ်သောသူသည်ထိုဖခင်၏သား ကိုလည်းချစ်တတ်၏။-
Whoever trusts that Jesus is the Christ is born of God, and whoever loves the father also loves his child.
2 ၂ ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။-
How do we know that we love God's children? When we love God and follow his commands.
3 ၃ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။-
Loving God means that we follow his commands, and his commands are not hard to bear.
4 ၄ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သား သမီးဖြစ်သူသည် လောကကိုအောင်နိုင်သော ကြောင့်ဖြစ်၏။ ငါတို့သည်ယုံကြည်ခြင်းအား ဖြင့်လောကကိုအောင်ခြင်းဖြစ်ပေသည်။-
Everyone who is born of God defeats the world. The way we gain victory and defeat the world is by trusting God.
5 ၅ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းခံယူယုံကြည်သူမှတစ်ပါး အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။
Who can defeat the world? Only those who trust in Jesus, believing he is the Son of God.
6 ၆ ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
He is the one who came through water and blood, Jesus Christ. He did not only come by water, but by water and blood. The Spirit gives evidence to confirm this, for the Spirit is the truth.
7 ၇ သက်သေသုံးပါးရှိလေသည်။-
So there are three that give evidence:
8 ၈ ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။-
the Spirit, the water, and the blood, and all three agree as one.
9 ၉ ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။-
If we accept the evidence that human witnesses provide, then the evidence that God provides is much more important. The evidence that God provides is his testimony about his Son.
10 ၁၀ ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
Those trusting in the Son of God have accepted and hold on to this evidence. Those who don't trust God make God out to be a liar, because they don't believe the evidence God has given about his Son.
11 ၁၁ ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။- (aiōnios )
The evidence is this: God has given eternal life to us, and we have this life through his Son. (aiōnios )
12 ၁၂ သားတော်ကိုရရှိသူသည်ထိုအသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ ရှိသူမူကားထိုအသက်ကိုမရ။
Whoever has the Son has life; whoever doesn't have the Son of God doesn't have life.
13 ၁၃ ဘုရားသခင်၏သားတော်ကိုယုံကြည်သူသင် တို့သည် ထာဝရအသက်ကိုရရှိကြောင်းသိ ကြစေရန် ဤအကြောင်းအရာများကိုငါ ရေးလိုက်၏။- (aiōnios )
I'm writing to tell those of you who trust in the name of the Son of God so you can be certain you have eternal life. (aiōnios )
14 ၁၄ ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-
We can be confident that he will listen to us as long as we ask in accordance with his will.
15 ၁၅ ယင်းသို့ကိုယ်တော်နားညောင်းတော်မူသည်ကို သိကြသဖြင့် ငါတို့သည်မိမိတို့တောင်းလျှောက် သည့်ဆုများကိုချပေးတော်မူသည်ကိုလည်း သိကြ၏။
If we know that he hears our requests, we can be sure that we will receive what we've asked him for.
16 ၁၆ ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-
If you see your Christian brother or sister committing a sin that is not a deadly sin, you ought to pray and God will grant life to the one who's sinned. (But not for a deadly sin. There's a sin that is deadly, and I'm not saying people should pray about that.
17 ၁၇ ဒုစရိုက်ဟူသမျှသည်အပြစ်ဖြစ်၏။ သို့ရာ တွင်အပြစ်ဟူသမျှသည် အသက်ဝိညာဉ် ဆုံးရှုံးမည့်အပြစ်များမဟုတ်ပေ။
Yes, all that is not right is sin, but there's sin that is not deadly.)
18 ၁၈ ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။
We recognize that those who are born of God don't keep on sinning. The Son of God protects them and the devil cannot harm them.
19 ၁၉ ကမ္ဘာလောကတစ်ခုလုံးတွင်မာရ်နတ်၏တန်ခိုး လွှမ်းမိုးလျက်ရှိနေသော်လည်း ငါတို့သည် ဘုရားသခင်၏ဘက်တော်သားများဖြစ် ကြောင်းကိုငါတို့သိကြ၏။
We know that we belong to God, and that the world is under the power of the evil one.
20 ၂၀ ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။ (aiōnios )
We also know that the Son of God has come, and has helped us to understand so we can recognize the one who is true. We live in him who is true, in his Son Jesus Christ. He is the true God, and is eternal life. (aiōnios )
21 ၂၁ သားသမီးတို့၊ သင်တို့သည်ဘုရားအတု အယောင် များကိုရှောင်ကြလော့။ ရှင်ယောဟန်သြဝါဒစာပထမစောင်ပြီး၏။
Dear friends, stay away from idol worship.